Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.37K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 10

2023-05-13 05:21:14 ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”(MOCHA)ကို အနီရောင်အဆင့် သတ်မှတ်၊ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်နိုင်
====================

KMN
(မဇ္ဈိမ) ။ ။ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော် နိုင်သည့်အတွက် အနီရောင်အဆင့်သတ်မှတ်ကြောင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့၊ မေလ ၁၃ ရက်၊နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေလ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်။

ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ”(MOCHA)အနေဖြင့် ဆက်လက်ရွေ့ လျားနိုင်သည်ဟု
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်၂၆၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့်အကွာတွင် ယနေ့ မနက်ပိုင်း၌ တည်ရှိနေသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”(MOCHA)၏အရှိန်ကြောင့် ယနေ့နံနက်မှ မေလ ၁၅ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်။

စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။

ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”၏အရှိန်ကြောင့် ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင်စသည့် မြို့နယ် ခုနစ်ခုကို အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ယမန်နေ့၊ မေလ ၁၂ ရက်နေ့ ညနေပိုင်းက သတိပေးထုတ်ပြန်ထားသည်။

စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ တောင်ကုတ်မြို့၊ မအီစသည့်မြို့များတွင် Storm Surge လို့ ခေါ်သည့် မုန်တိုင်းဒီလှိုင်းအမြင့်ကို သတိပြုသင့်ကြောင်း မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ယနေ့ နံနက်ပိုင်းတွင် ပြောကြားထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိုးလေဝသ
#MOCHA
#ဘင်္ဂလားပင်လယ်အော်
#ဆိုင်ကလုန်းမုန်တိုင်း
#စစ်တွေမြို့
557 views02:21
Open / Comment
2023-05-13 05:21:13
ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”(MOCHA)ကို အနီရောင်အဆင့် သတ်မှတ်၊ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်နိုင်
537 views02:21
Open / Comment
2023-05-13 05:11:12 ​​စစ်တွေတွင် မုန်တိုင်းဘေးလွတ်ရာ တိမ်းရှောင်မှုများ ပြုလုပ်
==================.

ကီရာ
စစ်တွေတွင် မုန်တိုင်းဘေးလွတ်ရာ တိမ်းရှောင်ရန်အတွက် ကျောက်တော်မြို့နယ် နှင့် မြောက်ဦးမြို့နယ်များသို့ ပြောင်းရွေ့သူများနှင့် ရေမတက်နိုင်သည့် အဆောက်အဦများသို့ ပြောင်းရွေ့နေထိုင်မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။
တခြားမြို့နယ်များသို့ ပြောင်းရွေ့ရန် အဝေးပြေးယာဉ်လိုင်းများမှ အခမဲ့ ကူညီပေးကြကြောင်းနှင့် လူမှုရေးအဖွဲ့အစည်းများမှလည်း သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်များအတွက် ဘုန်းကြီးကျောင်းများတွင် နေရာထိုင်ခင်းနှင့် အစားအသောက်များ စီမံ ပြင်ဆင်ပေးလျက်ရှိသည်ဟု သိရသည်။

"လူမှုရေးအဖွဲ့အစည်းတွေက ဘုန်းကြီးတွေမှာသွားပြီးတော့ အဓိက ကတော့ အဘိုးအဘွားတွေ ကိုယ်ဝန်ဆောင်တွေအတွက် နေရာထိုင်ခင်းတွေ အစားအစာတွေ စီစဉ်ပေးတာရှိတယ်။ နောက်တစ်ခုက တချို့ အဝေးပြေးယာဉ်လိုင်းတွေကနေပြီးတော့ အခမဲ့ ကူညီပေးတာမျိုးတွေလဲရှိတယ် ။မုန်တိုင်းရှောင်ချင်တဲ့သူတွေ ကျောက်တော် မြောက်ဦး သွားချင်တဲ့သူတွေကို သူတို့ ကားတွေနဲ့ ပို့ပေးတာတွေ လုပ်တယ်။ ကျောက်တော် ‌မြောက်ဦးကတော့ မုန်တိုင်းဖြတ်မဲ့အထဲ သိပ်မပါတာဆိုတော့ တချို့တွေက ရေတက်မှာလဲ ကြောက်ကြတော့ အဲ့ဘက်တွေကို သူတို့သွားပြီးတော့ မုန်တိုင်းရှောင်ကြတယ်"ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရေတက်မည်ကို ကြောက်ကြသည့်အတွက် စစ်တွေ ကျောက်တော် ‌မြောက်ဦး မြို့နယ်များရှိ ဟိုတယ် ၊တည်းခိုခန်းများတွင် မုန်တိုင်းကာလအတွက် အခန်းကြိုတင် ဌားယူမှုများရှိပြီး မေလ ၁၄ရက်အထိ ဟိုတယ် ၊တည်းခိုခန်း ဘိုကင် များ အပြည့် ဖြစ်နေသည်ဟုလည်း သိရသည်။

"ကုန်းနိမ့်ပိုင်းက လူတွေကတော့ နေရာပြောင်းရွေ့တာတွေ လုပ်‌ကြတယ်။ ဟိုတယ်တွေ တည်းခိုခန်းတွေက လွန်ခဲ့တဲ့ ၂ရက်ကတည်းက ဘိုကင်တွေပြည့်နေပြီ။ မေလ၁၄ရက်ဆိုရင် လုံးဝ ဌားမရတော့ဘူး။အိမ်မှာလဲ ပစ္စည်းတွေဘာ‌တွေ ထုတ်ပိုးထားတယ်။ ဒါပေမယ့် အိမ်က ကုန်းမြင့်ပိုင်းဆိုတော့ အိမ်ခေါင်မိုးတွေ လှန်သွားမှာတို့ ဘာတို့တော့ နည်းနည်းစိုးရိမ်တယ်။ ရေတက်လာမှာကိုတော့ စိုးရိမ်ပေမယ့် ဘယ်လိုမျိုး ဖြစ်မလဲ မသိသေးတော့ ‌အခြေအနေကြည့်ရမှာပေါ့လေ။ စိုးတော့ စိုးရိမ်တာပေါ့။ ပင်လယ်ကမ်းစပ်နားနီးတဲ့သူတွေနဲ့ ကုန်းနိမ့်ပိုင်းမှာ ရှိတဲ့သူတွေကိုတော့ ပိုစိုးရိမ်တယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်တွေတွင် ဆိုင်ခန်းများ အားလုံးလည်း ပိတ်သိမ်းထားကြပြီး ဆိုင်ခန်းရှိ ပစ္စည်းများကိုလည်း နေရာပြောင်းရွေ့မှုများ လုပ်ဆောင်နေကြသည်ဟုလည်း ‌အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။
"စစ်တွေမှာက ဆိုင်တွေအားလုံးလဲ ပိတ်ထားကြတယ်။ ဆိုင်တွေက ပစ္စည်းတွေကိုလဲ ထုတ်ပိုးပြီး လုံခြုံ‌တဲ့နေရာတွေကို ပြောင်းထားကြတာတွေလဲရှိတယ်။ သူတို့ဆိုင်တွေမှာ မထားကြတော့ဘူး။ လမ်းဘေးနားက ဆိုင်တွေဆိုရင်လဲ တချို့တွေက သူတို့ပစ္စည်းကို အိမ်ကို ပြောင်းရွေ့တာမျိုး ဂိုထောင်ကို ပြောင်းရွေ့တာမျိုးတွေ လုပ်ကြတယ်"ဟု ၎င်းကပြောသည်။

စစ်အစိုးရဘက်မှလည်း ယနေ့တွင် ရဲကားများဖြင့် ကမ်းနားလမ်းများကို လိုက်လံ ကြည့်ရှုမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောကြသည်။

ထို့အပြင် ဆန်ဆီ စားသောက်ကုန် ပစ္စည်းများ ဈေး အဆမတန် မြင့်တက်လာမှုများနှင့် (Life Jacket )အသက်ကယ် အကျီ များသည်လည်း တစ်ထည်လျှင် ကျပ်၅သောင်းမှ ကျပ်၁သိန်းအထိ ဈေးမြင့်တက်လျှက်ရှိသည်ဟု သိရသည်။

လက်ရှိ မြန်မာစံတော်ချိန် ည ၁၁ နာရီ ဝန်းကျင်တွင် စစ်တွေမှာ မိုးရွာသွန်းနေပြီး လေတိုက်ခတ်မှု အနည်းငယ် ရှိနေကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီဌာနမှ ယနေ့မြန်မာစံတော်ချိန် ၉နာရီ၃၀ မိနစ် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၄၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်မြောက် ဘက် ရေမိုင်(၃၀၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၅၀)မိုင်ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေကြောင်း ဖော်ပြထားသည်။
600 views02:11
Open / Comment
2023-05-13 05:07:51 National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်ထုတ်လွှင့်မှုများ
=================





#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
669 views02:07
Open / Comment
2023-05-12 17:43:40
"တောင်းလည်းယူမယ်၊ တိုက်၍လည်းယူမယ် ပြည်သူ့အာဏာပြည်သူ့ပြန်ပေး" စာတန်းကိုင်ဆွဲပြီး ကြံခင်းမှာ ဆန္ဒပြ
==================

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၂ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

"တောင်းလည်းယူမယ် တိုက်၍လည်းယူမယ် ပြည်သူ့အာဏာပြည်သူ့ပြန်ပေး"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြော သည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်
ကော်မတီ၏ (၇၉)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#Mizzima
1.7K views14:43
Open / Comment
2023-05-12 17:38:23
May - 12 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
1.4K views14:38
Open / Comment
2023-05-12 17:20:31 ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကျရောက်လာနိုင်၍ လိုက်နာသင့်သည့်အချက်များ
======================

သဘာဝဘေးအန္တရာယ်တွေထဲမှာ မုန်တိုင်းဟာ အသက် အိုးအိမ်များစွာပျက်စီးစေတာကြောင့် သတိကြီးစွာထားဖို့လိုပါတယ်။

လတ်တလောမှာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ကျရောက်လာနိုင်တာကြောင့် အရေးတကြီး လိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။





#PSA
#Mocha
#Storm
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
1.4K views14:20
Open / Comment
2023-05-12 16:49:07 စစ်ပွဲများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန် အရပ်သားပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များကိုအသိပေး
==================

သွင်းထူးဈာန် (ကော်သူးလေ)
(မဇ္ဈိမ) ။ ။ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း ဒေသခံပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များကို ပြည်သူ့ကာကွယ်ရေးနှင့် ထောက်ပံ့ရေး တပ်ဖွဲ့နှင့် NUG တို့ ပူးပေါင်းကာ အသိပေးထုတ်ပြန်သည်။

ယင်းဆောင်ရန် ရှောင်ရန်အချက်အလက်များတွင် စစ်ကြောင်းထိုးမည်ဟု သတင်းကြားရသည်နှင့် ကြိုတင် ရှောင်ရှားပါ၊ စစ်ပွဲဖြစ်ပွားရာအရပ်မှ ရှောင်ရှားပါ၊ စစ်ပွဲနှင့်ပတ်သက်သော သတင်းများအား ခိုင်လုံသောရင်းမြစ်များမှရယူပါ စသည့် အချက် ၁၉ ချက်ကိုဖော်ပြထားသည်။

“ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် ပြည်သူတွေဆုံးရှုံးမှုနည်းအောင်ပေါ့နော်။ အသက်တွေ၊ ဘဝတွေ၊ ပိုင်ဆိုင်မှု အဓိကတော့ ပြည်သူတွေရဲ့အသက်တွေပေါ့ဗျာ။ အခုဟာကလဲ တစ်နိုင်ငံလုံးတိုက်ပွဲဖြစ်နေလို့ ပြည်သူတွေကို အသိပညာပေးတစ်ရပ်အနေနဲ့ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဦးဆောင်မှုအောက်ကနေ အခုလို စီစဉ်ပြုလုပ်ခဲ့တာပါ” ဟု ပြည်သူ့ကာကွယ်ရေးနှင့် ထောက်ပံ့ရေးတပ်ဖွဲ့မှ နွေဦးအောင်မှ ပြောသည်။

စစ်ပွဲများဖြင့်အဓိက ရင်ဆိုင်နေရသည့် စစ်ကိုင်းတိုင်းတို့တွင် NUG ၏ ဝန်ကြီးဌာနများမှတစ်ဆင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ယခုထက်ပိုမို၍ တစ်နိုင်ငံလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်ကြောင်းလည်း ၎င်းကဆိုသည်။

စစ်ပွဲများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန် အရပ်သားပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် တိုက်ပွဲများစွာပိုမို ဖြစ်ပွားလာနေသည့်အတွက် ထုတ်ပြန်ချက်ကို ယနေ့ မေလ ၁၂ ရက်နေ့တွင် ထပ်မံပေးပို့ အသိပေးရခြင်းဟု နွေဦးအောင်မှ ပြောသည်။

ယင်းအသိပညာပေးအစီစဉ်ကို အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MoWYCA)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) နှင့် ပြည်သူ့ကာကွယ်ရေးနှင့် ထောက်ပံ့ရေးတပ်ဖွဲ့ (PDSF) တို့မှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#အရပ်သား
#ပြည်သူ
#အသိပညာပေး
#စစ်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
1.5K views13:49
Open / Comment
2023-05-12 16:49:02
စစ်ပွဲများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန် အရပ်သားပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များကိုအသိပေး
1.2K views13:49
Open / Comment
2023-05-11 10:51:10 ​​Exhibition: Portrait of Detention: Drawings of Insein Prison by Maung Phoe

May 19 @ 11:00 am - May 31 @ 7:00 pm
Opening event: 20 May at 5:30 PM

Location – Suite 408, BACC, 939 Rama 1 Rd, Pathum Wan, Bangkok 10330, Thailand.

For information/reservation for events please email infor@seajunction.org or phone/WhatsApp: +66970024140

Facebook Event: https://fb.me/e/2BiVuGfmP

The exhibition will be officially launched with a panel discussion titled “Transcending Prison Walls with Art”
44 views07:51
Open / Comment