Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.37K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 2

2023-07-24 13:23:42 ​​ပုလဲ ကန့်ဒေါင့်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်
==================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ကန့်ဒေါင့်ရဲစခန်းကို ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးကိုးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ် Cross က ပြောသည်။

“ ဘန်ကာထဲကို ငါးလုံးချတယ်။နောက်ပြီး ဘန်ကာဘေးက သူတို့ နားနေဆောင်တွေပေါ်ကို လေးလုံးကြဲချခဲ့တယ်။ရဲသုံးဦးထိတယ်လို့ သိရတယ်” ဟု၎င်းက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ Jammer များကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ဒရုန်းနှစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ကန့်ဒေါင့်ရဲစခန်းတွင် ရဲနှင့်ပျူစောထီး ပူးပေါင်းအင်အား ၃၀ ခန့် ရှိပြီး ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် ခရီးသွားပြည်သူများအား စစ်ဆေးမှုများပြုလုပ်ခြင်း၊ မတရားငွေတောင်းခံခြင်းများ ပြုလုပ်လေ့ ရှိ ကြောင်း ဗိုလ်Crossက ဆိုသည်။

ယခုတိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ် Drone တပ်ဖွဲ့၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တပ်ခွဲ (၂)၊ ပုလဲနယ်မြေခံတပ်ဖွဲ့ နှင့် Earthquake People's Defense Force တို့ ပူး ပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် ပုလဲမြို့နယ်အတွင်း၌ စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းရှိနေပြီး ဒေသခံပြည်သူများစစ်ရေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ပုလဲမြို့နယ်
#ကန့်ဒေါင့်ရဲစခန်း
#မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
728 views10:23
Open / Comment
2023-07-24 13:22:46
“သူရဲကောင်းတို့မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်” ဟူသည့် ကျေးရွာပေါင်းစုံသပိတ်
========================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာများစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၂၄ ရက် ယနေ့တွင် “သူရဲကောင်းတို့မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်” ဟူသည် စာတမ်းကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများအတွင်းကျဆုံးခဲ့သည့် အာဇာ နည်များ၏ မျှော်လင့်ချက်များ၊ တောင့်တချက်များကို ပြည်သူများအနေဖြင့် ၎င်းတို့ကိုယ်စား စုစည်း တော်လှန်တိုက်ပွဲဝင်ပေးကြပါရန် တောင်းဆိုသည့်အနေဖြင့် ချီတက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးမြို့နယ်များအတွင်း ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် သပိတ်စစ် ကြောင်း၏ (၈၅၄) ရက်နေ့မြောက်ဖြစ်ကြောင်းသိရသည်။

#ကျေးရွာပေါင်းစုံသပိတ်
#သူရဲကောင်း
#ဆန္ဒပြ

Website Link - http://www.mizzimaburmese.com/article/131213
724 views10:22
Open / Comment
2023-07-24 13:22:13 နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်ဖွင့်လှစ် | Business Roundup (24.7.2023)
=====================

- နှစ်သောင်းတန်ငွေစက္ကူကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု စစ်ကောင်စီ ဗဟိုဘဏ်ပြော

- နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်ဖွင့်လှစ်

- အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းသူများ မှတ်ပုံမတင်ပါက အရေးယူမယ်လို့ စစ်ကောင်စီပြော

- မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးခွင့် ဆင်ဆာတင်ရမယ်လို့ စစ်ကောင်စီထုတ်ပြန်

- အိန္ဒိယအစိုးရက မြန်မာနိုင်ငံကိုဖြတ်ကျော်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို လျှပ်စစ်ရောင်းချဖို့ စိတ်ဝင်စားနေ





#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
697 views10:22
Open / Comment
2023-07-24 13:16:19
မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေ

Watch more detail -



#PoliticalNews #reels #shorts #MizzimaTV
740 views10:16
Open / Comment
2023-07-24 13:13:23
ဇူလိုင်လ (၂၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

July - 24 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
742 views10:13
Open / Comment
2023-07-24 13:12:02
မုဒုံ-သံဖြူဇရပ်လမ်းပိုင်းမှာ ရေကြီးပြီး ကားလမ်းပိတ်နေတဲ့အချိန်မှာ PDFတွေက ခရီးသည်တွေကို ဓားပြတိုက်တယ်ဆိုတဲ့သတင်းမှား ပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်
https://www.mizzimaburmese.com/article/131037

#Misinformation_Buster #Fake_News #Shorts #Reels #PDF #ရေကြီး #ဓါးပြတိုက်
738 views10:12
Open / Comment
2023-06-13 04:56:02
တတိုင်းမွှေးပင်ရဲ့အကျိုးကျေးဇူးများ | Nature Article

Watch more detail -



#naturearticle
#reels
#shorts
#တတိုင်းမွှေးပင်
284 views01:56
Open / Comment
2023-06-13 04:50:56 တတိုင်းမွှေးပင်ရဲ့အကျိုးကျေးဇူးများ
============

-တတိုင်းမွှေးပင်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-တတိုင်းမွှေးပင်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-တတိုင်းမွှေးပင်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......





#naturearticle
#videonews
#တတိုင်းမွှေးပင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
308 views01:50
Open / Comment
2023-06-12 19:47:09 အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် ရေပြန်ကျ
==============

အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ချောင်းရေများ ဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော်လည်း ညနေပိုင်းတွင် ရေပြန်ကျသွားပြီဖြစ်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

နန့်မွန်းမြို့တွင် ဇွန်လ ၁၁ ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့တွင်း ရပ်ကွက်များသို့ အင်းတော်ကြီး ကပ်ကျော်တောင်မှ စီးဆင်းလာသည့်ရေများ ချောင်းအတွင်း ပြည့်လျှံရာမှ ရေဝင်ရောက်မှုနှင့် အင်ကြင်းတောမှ စီးလာသည့် ရေဝင်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"မနက်တုန်းကပါ့၊ ခါတိုင်းလိုတော့ မများဘူး၊ ညတုန်းက မိုးရွာတယ်လေ၊ အင်း တော်ကြီး ကပ်ကျော်တောင်ကနေ စီးလာတဲ့‌ ရေတွေက ချောင်းထဲပြည့်ပြီး ရပ်ကွက်တွေထဲ ဝင်လာတော့တာပဲ၊ ကားလမ်းပေါ် တွေလည်း ရောက်တယ်၊ တစ်ရွာလုံးပဲပေါ့၊ ငါတို့ချောင်းအတိုင်းပါ့လေ၊ ဒီနှစ်ရေကြီးတာက ဇွန်လလယ်တောင် မရှိသေးဘူးဆိုတော့ စောတယ်လို့ပြောလို့ရတယ်၊ ခုတော့ ရေတွေက ငြိမ်နေပြီ၊ ကျသွားပြီ" ဟု ဒေသခံတစ်ဦးက ပြောသည်။

နန့်မွန်းမြို့၏ လူနေရပ်ကွက်ထဲကို ချောင်းရေဝင်ရောက်မှုသည် ယမန်နှစ်ကစတင်၍ ဖြစ်ပေါ်ကြုံတွေ့လာရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း နန့်မွန်းမြို့၌ ရေကြီးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ဇူလိုင်လတွင် တစ်ကြိမ်နှင့် ဩဂုတ်လတွင် တစ်ကြိမ် ရေကြီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုရေကြီးမှုအတွင်း တံတားတစ်စင်း အပါအဝင် ဒေသခံများ၏ လယ်ယာထွက်ကုန်များနှင့် ပစ္စည်းအချို့လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသတွင် စည်းကမ်းမဲ့ ရွှေအလွန်အကျွံ့ တူးဖော်မှုများကြောင့် ဒေသတွင်း ချောင်းရေလျှံကာ လမ်းမပေါ်နှင့် လူနေရပ်ကွက်များတွင် ရေကြီးပြီး စိုက်ပျိုးခင်းများလည်း ထိခိုက်ပျက်စီးမှု ရှိလာနေခြင်းဖြစ်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ - ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရသည့် နန့်မွန်းမြို့၌ ချောင်းရေ ဝင်ရောက်နေမှု မြင်ကွင်းများ (ပေးပို့)

#အင်းတော်ကြီး
#နန့်မွန်းမြို့
#ချောင်းရေဝင်ရောက်
#Mizzima
1.3K views16:47
Open / Comment
2023-06-12 19:47:02
အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် ရေပြန်ကျ
980 views16:47
Open / Comment