Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.37K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 3

2023-06-12 19:42:29 National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်ထုတ်လွှင့်မှုများ
=======================





#PVTV
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
904 views16:42
Open / Comment
2023-06-12 18:42:34
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
================

မင်းထက်
(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

"မလုပ်ရဲတာ ဘာမှမရှိဘူးလို့ပြောတဲ့ မောင်သာဝ၊ မင်းရဲ့အဆုံးသတ်က နီးလာပြီ၊ မင်းသေရဲလား အခုမေးပြီ၊ သာဓု ခေါ်ဖို့ ငါတို့စောင့်နေတယ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေ ရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၀)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
1.1K views15:42
Open / Comment
2023-06-12 18:41:00 ​​မိုးဗြဲတိုက်ပွဲတွင် လက်နက်ကြီးကျည်အချို့ စစ်ကောင်စီတပ်သားများကိုပြန်မှန်ပြီး သေဆုံးမှုများရှိ
================

001
မဇ္စျိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှပစ်ခတ်သည့်လက်နက်ကြီးကျည်အချို့ ၎င်းတို့တပ်သားများကိုပြန်မှန်ပြီး သေဆုံးမှုများရှိခဲ့ကြောင်း MBPDF ၊ သိမ်းငှက်တပ်ခွဲထံမှ သိရသည်။

“သူတို့လက်နက်ကြီးက သူတို့ကို ပြန်မှန်သွားတာလည်းရှိသွားတာပေါ့။ သူတို့က ကျွန်တော်တို့ တော်လှန်ရေးသမားရှိတဲ့နေရာပဲ ပစ်တာမဟုတ်ဘူး။ သူတို့လူရှိတဲ့နေရာလည်း အကုန်ပစ်ထည့်လိုက်တာပေါ့။ ဒါကြောင့်သူတို့လူကလည်း အကျအရှုံးကရှိတာများတာပေါ့နော်။ အဲ့ဒီလိုမျိုးရှိတယ် ”ဟု သိမ်းငှက်တပ်ခွဲ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇွန်လ ၁၁ ရက်နေ့တွင် မိုးဗြဲမြို့၊ ပွဲကုန်း (၃) ရပ်ကွက်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်မှ လေးဦး ကျဆုံးခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း အမှတ် (၁၀၀၁) မှ ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်မှ ကျဆုံးခဲ့သူများမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း (၃) မှ ရဲဘော်နှစ်ဦး၊ MBPDF လင်းယုန်တပ်ခွဲမှ ရဲဘော်တစ်ဦးနှင့် မြို့ပြတော်လှန်ရေးတပ်ဦး URF မှ ရဲဘော်တစ်ဦးတို့ ဖြစ်သည်။
မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်မှ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံနှင့် စက်တော်ရာတောင်ပေါ် စသည့်နေရာများမှ လက်နက်ကြီးပစ်ကူခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က တိုက်ပွဲတွင် တာဝေးပစ်လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှအကျအဆုံးများခဲ့သည့်အတွက် ဇွန်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် မိုးဗြဲမြို့အနောက်ဘက်ရှိ လူနေကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိမ်းငှက်တပ်ခွဲထံမှသိရသည်။

မိုးဗြဲမြို့နယ်တွင် ယခု ဇွန်လ အစပိုင်းမှစတင်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကာ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ သေနတ်ဖြင့်ပစ်သတ်မှုတို့ကြောင့် ကလေးသူငယ်အပါအဝင် အရပ်သားသေဆုံးမှုများလည်းရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း
စာတည်း ။။ Alden

#MPDF
#KNDF
#URF
#မိုးဗြဲတိုက်ပွဲ
#လက်နက်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
970 views15:41
Open / Comment
2023-06-12 18:37:30 ​​ထိုင်းဝန်ကြီးချုပ်လောင်း ပီတာကို ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးမည်
=======================

ထိုင်းဝန်ကြီးချုပ်နေရာအတွက် တစ်ပြေးနေသူဖြစ်သည့် ဝန်ကြီးချုပ်လောင်း ပီတာ လင်ဂျရွန်ရတ်အနေဖြင့် ပြီးခဲ့သည့်လ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီခဲ့ခြင်း ရှိ မရှိ ဆိုသည်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် အဆင့်မြင့်အရာရှိတစ်ဦးက ဇွန်လ ၁၂ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
947 views15:37
Open / Comment
2023-06-12 18:35:29 ရခိုင်ဒေသ မုန်တိုင်းဘေးကယ်ဆယ်ရေး စစ်ကောင်စီ၏ မူဝါဒများ အစီအစဉ်မကျဟုဆို
======================

ရောင်နီ
(မဇ္စျိမ)။ ။ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာနှင့်အရပ်ဖက်ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများကို ခရီးသွားလာခွင့်ပိတ်ပင်ပြီး ၅ရက်အကြာတွင် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများအနေဖြင့် ယခင်အတိုင်း ပြန်လည်ခွင့်ပြုကြောင်း စစ်ကောင်စီက ထပ်မံအကြောင်းကြားလာသည်ဟု သတင်းရရှိသည်။

" ပထမ ပိတ်ပင်တယ်။နိုင်ငံတကာကပါ ဝေဖန်လာတော့ ပြန်ဖွင့်ပေးတယ်။ ဒါပေမယ့် ရှင်းရှင်းလင်း လင်းမရှိဘူး။ မူဝါဒတွေက သူတို့ လုပ်ချင်သလို လုပ်နေတာမို့ အဆင်မပြေလှဘူး"ဟု ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ခံတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကူညီရေးအဖွဲ့အစည်းများသို့ ဆောင်ရွက်ခွင့်ပြုထားသည့် ခရီးသွားလာခွင့်များအား ဇွန်လ ၇ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက အကြောင်းကြားခဲ့သည်။ ထို့နောက် ယမန်နေ့ ဇွန်လ ၁၁ရက်တွင် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လိပ်မူပါ NGO အဖွဲ့အစည်းများကို ယခင်ခွင့်ပြုထားသည့် ခွင့်ပြုစာအတိုင်း လုပ်ငန်းများဆောင်ရွက်ခွင့်ပြုကြောင်း ပြန်လည်အကြောင်းကြားလာခြင်းဟု သိရသည်။

အကြောင်းကြားစာ နှစ်စောင်လုံးတွင် စစ်ကောင်စီ ၏ ရခိုင်ပြည််နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လက်မှတ်ထိုးထားသည်။ စာနှစ်စောင်လုံးသည် ရှင်းလင်းမှုမရှိသလို တိကျသည့် မူဝါဒမရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်သည်။

" ဘယ်အဖွဲ့တွေကို ခွင့်ပြုတာလဲဆိုတာလည်း မသိရဘူး။ နောက်ပြီး ပထမစာမှာ ခရီးသွားလာခွင့်ပိတ်တယ်တဲ့။ ဒုတိယစာကျတော့ ဒေသဖွဲ့ဖြိုးရေးတွေအရင်လို လုပ်လို့ရပြီတဲ့။ ဒါဆို အခု ခွင့်ပြုတာက ဟိုယခင်က လုပ်လက်စ ဒေသဖွဲ့ဖြိုးရေးတွေလုပ်ရမှာလား။ မုန်တိုင်းသင့်ပြည်သူတွေကို ထောက်ပံ့တာတွေ ပါလား၊ မပါဘူးလား။ လုံးဝရှင်းရှင်းလင်းလင်းရှိမနေပါဘူး"ဟု ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ခံတစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီက မည်သည့် NGO အဖွဲ့အစည်းများကို ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မုန်တိုင်းသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက်ကူညီထောက်ပံ့ရန် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA နှင့်မိတ်ဖက်အဖွဲ့အစည်း ၁၁ ခုက စစ်ကောင်စီနှင့်ဆွေးနွေးနေသည်ဟု သိရသည်။

ဇွန်လ ၁၁ရက်က အကြောင်းကြားစာပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခွင့်ပြုသည်ဆိုသည်မှာ မုန်တိုင်းသင့်ပြည်သူများအား လက်ရှိ အရေးပေါ်ကယ်ဆယ်ရေး ကူညီမှုများကို ခွင့်ပြုခြင်းမျိုးမဟုတ်ဘဲ ယခင်က လုပ်လက်စ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကိုသာ ခွင့်ပြုပေးခြင်းဖြစ်နိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

" သူတို့ ထုတ်ပြန်ချက်တွေက ရှေ့နောက်မညီတော့ တော်တော်လေး သတိထားနေရတဲ့ အခြေအနေပါ။ လပ်သိပ်ထိုးလှူနေရတဲ့အနေအထားဖြစ်နေပါတယ်"ဟု ရခိုင်ပြည်နယ်၊ကျောက်တော်မြို့မှ အရပ်ဖက်အရေးဆောင်ရွက်သူတစ်ဦးကပြောသည်။
စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မှ အဖွဲ့အစည်းအားလုံးကို ခွင့်ပြုပေးခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့ လိပ်မူသည့် အဖွဲ့အစည်းများသာ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူလူထုသည် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ဖော်ပြောကြားထားသည်။ UNOCHAကလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များအားရခိုင်ပြည် နယ် အတွင်း ခရီးသွားလာခွင့်နှင့်လူ သားချင်းစာနာမှုကူအညီ‌ ပေးပို့မှုပိတ်ပင်ခြင်း‌ကြောင့် အခြေအနေများပိုမိုဆိုးရွားလာနိုင်သည်ဟုဇွန်လ ၉ ရက်တွင်ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများသည် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေး၀ါးများ အရေးပေါ် လိုအပ်နေကြောင်း ဒေသအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။​

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း သေဆုံးသူ ၁၄၆ ဦး၊ ဒဏ်ရာရရှိသူ ၁၀ ဦးနှင့် ပျောက်ဆုံးသူ သုံးဦးရှိကာ လူ ၁၂သိန်းကျော် ဘေးသင့်ခဲ့ပြီး နေအိမ် နှစ်သိန်းကျော် ပျက်စီးခဲ့သည်ဟု ရက္ခိုင့်တပ်တော်AA က သတင်းထုတ်ပြန်ထားသည်။
လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်သိရှ်ိနိုင်ရန် မဇ္ဈိမအနေဖြင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ယနေ့ ဇွန်လ ၁‌၂ရက်ည ၈နာရီခန့်အထိ အဆက်အသွယ် မရရှိသေးပေ။

စာတည်း - မောင်ကြီး

#mizzima
#ရခိုင်ပြည်နယ်
#NGO အဖွဲ့အစည်းများ
#အရေးပေါ်အကူအညီများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
976 views15:35
Open / Comment
2023-06-12 18:35:28
ရခိုင်ဒေသ မုန်တိုင်းဘေးကယ်ဆယ်ရေး စစ်ကောင်စီ၏ မူဝါဒများ အစီအစဉ်မကျဟုဆို
951 views15:35
Open / Comment
2023-06-12 17:41:07 ​​မတ္တရာမြို့နယ်က ကားလမ်းဘေးအနီး ဦးခေါင်းကို ပစ်သတ်ခံထားရသော ရုပ်အလောင်း ၂ လောင်း တွေ့ရှိ
=================

007
(မဇ္စျိမ) ။ ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့မြောက်ဘက် ယက္ကန်းစင်တောင် သွား ကားလမ်းအနီးတွင် လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဖြင့် ပစ်သတ်ခံထား ရသည့် အမျိုးသားရုပ်အလောင်း နှစ်လောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာ ယက္ကန်းစင်တောင်သွား ကားလမ်းအနီးတွင် ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“အလောင်းတွေမှာ မျက်နှာကိုလည်း အ၀တ်နဲ့ စည်းထားတယ်၊ လက်ပြန် ကြိုး လည်း တုပ်ထားတယ်၊ ခေါင်းမှာကျည်ဆန်ရာ တစ်ချက်စီနဲ့ ပစ်သတ်ခံထားရ တာပါ၊ အသက်သုံးဆယ်၀န်းကျင်အရွယ်တွေလို့ ဆေးရုံကနေ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသူနှစ်ဦးစလုံးသည် အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသားများ ဖြစ်ပြီး အနီးအနားကျေးရွာက နယ်ခံများ မဟုတ်ကြောင်း ဒေသခံများက ပြောသည်။

ထိုအမျိုးသား နှစ်ဦးသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်းတို့ကို မည်သူတို့က ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။
လက်ရှိတွင် ရုပ်အလောင်းနှစ်လောင်းစလုံးကို ပိုင်ရှင်မဲ့အလောင်းများအဖြစ် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံကြီး(ရင်ခွဲရုံ) သို့ ပို့ဆောင်ထားကြောင်း သိရသည်။

မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းကလည်း ဘိုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုး၀င်းသည် ၎င်း၏ နေအိမ်ခြံ၀င်းအတွင်း ပစ်သတ်ခံခဲ့ရသည်။

၎င်းပစ်သတ်ခံရပြီးနောက် နာရီပိုင်းအကြာတွင် သလွန်ဖြူကျေးရွာ အရှေ့ဘက် မန္တလေး-မတ္တရာ မီးရထားလမ်းဘေးတွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသော အသက် (၆၀) ၀န်းကျင်အရွယ် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့သေးသည်။

အဆိုပါအလောင်းတွေ့ရှိမှု ဖြစ်စဉ်တွင်လည်း ယခုကဲ့သို့ အလောင်းအား မျက်နှာကို လုံချည်ဖြင့်စည်းထားပြီး ပါးစပ်တွင်အ၀တ်စ ဆို့ထားကာ နားထင်ကို သေနတ်ဖြင့် တေ့ပစ်ခံထားရသည့် အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်

#မတ္တရာ
#အမျိုးသားနှစ်ဦးပစ်သတ်ခံရ
#စစ်ကောင်စီ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
1.3K views14:41
Open / Comment
2023-06-10 22:16:49 ဇွန်လ (၁၀) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================

ဒီကနေ့ညမှာတော့ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင် မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တိတ်တဆိတ်တွေ့ဆုံနေတဲ့သတင်းနဲ့အတူ

ပထမဆုံး အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ် ပါဝင်မယ့်သတင်းတွေအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကို နားဆင်ရမှာပါ။

ဒီတစ်ပတ်မှာတော့ သံစဉ်နဲ့တော်လှန်ရေးညီအကိုမောင်နှမတွေက အထူးအစီအစဉ်တစ်ခုအနေနဲ့ ပရိတ်သတ်တွေအတွက် ဇာတ်လမ်းလေးတစ်ပုဒ်တင်ဆက်ပေးထားပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။





#Mizzimaradio
#Eveningradio

-----------------------------------------

@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
46 views19:16
Open / Comment
2023-06-10 19:03:35
"မြန်မာ့တပ်မတော်လို့ မပြောနဲ့ မုဒိမ်းကျင့်၊လူသတ်၊မီးရှို့နေတဲ့ ပြည်သူရွံတဲ့အကြမ်းဖက်အဖွဲ့"စာတန်းကိုင်စွဲပြီး ကြံခင်းမှာဆန္ဒပြ
===================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။

"မြန်မာ့တပ်မတော်လို့မပြောနဲ့ မုဒိမ်းကျင့်/လူသတ်/မီးရှို့နေတဲ့ ပြည်သူရွံတဲ့ အကြမ်းဖက်အဖွဲ့"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြော သည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၀၈)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#mizzima
700 views16:03
Open / Comment
2023-06-10 19:00:55 National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၀ ရက်ထုတ်လွှင့်မှုများ
===================





#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
595 views16:00
Open / Comment