Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.37K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 4

2023-06-10 17:20:36 ကြာအင်းဆိပ်ကြီးတွင် မြို့နယ်ခန်းမနှင့် လဝက ရုံးတို့အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း SOF တာဝန်ခံပြော
===================

YT
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့နယ်ခန်းမ( ဇမိခန်းမ)နှင့် လူဝင်မှုကြီးကြပ်ရေးရုံးတို့အား ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) တာဝန်ရှိသူထံက သိရသည်။

" ၇ ရက်နေ့တုန်းကတော့ လဝက ရုံးကို အဓိက ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးပစ်ချပါတယ်။ ၈ ရက်နေ့မှာတော့ မြို့နယ်ခန်းမပေါ့နော် ဇမိခန်းမကို တိုက်တာပါ။ ဇမိခန်းမမှာ လုပ်တဲ့အချိန်မှာ သူတို့အထိအခိုက်များတယ်" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ဇွန်လ ၈ ရက်နေ့တွင် မြို့နယ်ခန်းမ (ခ) ဇမိခန်းမအား KNU တပ်မဟာ (၆) KNLA၊ SOF၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က ဒရုန်းများဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇမိခန်းမအား တိုက်ခိုက်ချိန်တွင် အထိအခိုက်များခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်နေ့ ဇမိခန်းမအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်အချိန်က ခန်းမဆောင်အတွင်းတွင် စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်ရှိနေပြီး ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးနှင့်အထက် သေဆုံး၍ ထိခိုက်ဒဏ်ရာရသူများခဲ့ကာ ဇမိခန်းမ​၏ အဆောက်အဦများ ကြေမွပျက်စီးခဲ့ရကြောင်း သိရသည်။

" ပစ်မှတ်ကို တိတိကျကျ ထိတဲ့အခါကျတော့ အထဲမှာရှိတဲ့ အဆောက်အဦ အတွင်းပိုင်း၊ အုတ်နံရံတွေကအစ တစ်စစီဖြစ်သွားတယ်။ အနည်းဆုံး နှစ်ယောက်သေတယ်။ လေး၊ ငါး၊ ခြောက်ဦး ဒဏ်ရာရတယ်လို့ သိရတယ်။ တကယ်တော့ အဲ့ဒီထဲမှာက စစ်ကောင်စီတပ်သား ၁၀ ဦးလောက်ပဲရှိတာ" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက ဆက်လက်ပြောဆိုသည်။

တပ်မဟာ (၆) KNLA၊ SOF ပူးပေါင်းတပ်ဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် စစ်ကောင်စီအနေဖြင့် အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်အောင် အုပ်ချုပ်ရေးဒေါက်တိုင်များအား အဓိကပစ်မှတ်ထား တိုက်ခိုက်မှုပြုလုပ်နေပြီး ထိရောက်မှုအများကြီးရှိကြောင်း ဆိုသည်။

" အဓိက ကတော့ အုပ်ချုပ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးဒေါက်တိုင်တွေ၊ ကြာအင်းဆိပ်ကြီးက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား၊ စစ်ရေးပစ်မှတ်ဆိုတာထက် အုပ်ချုပ်ရေးပစ်မှတ်ကို အဓိကထားပြီး လုပ်တာပေါ့။ ထိရောက်မှုအများကြီးရှိတယ်။ အခုဆို သူတို့ရဲ့ ရုံးတွေက ကြေမွပျက်စီးကုန်ပြီ။ ဘာမှမရှိတော့ဘူး ဝန်ထမ်းတွေလည်း မရှိတော့ဘူး။ သူတို့ရဲ့ စာရွက်စာတမ်းတွေလည်း ဖျက်ဆီးတဲ့အတွက် သူတို့လည်း ရုံးထိုင်ပြီး လုပ်နိုင်တဲ့အင်အား လုံးဝမရှိတော့ဘူး"ဟု ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် စစ်ကောင်စီအနေဖြင့် နယ်မြေစိုးမိုးမှု လုပ်နိုင်ခြင်းမရှိတော့ဘဲ မြို့အတွင်း နေရာအချို့ကိုသာ အုပ်ချုပ်ထားနိုင်ကြောင်းနှင့် ယခုကဲ့သို့ အုပ်ချုပ်ရေးဒေါက်တိုင်များအား တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီအနေဖြင့် အုပ်ချုပ်ရေးယန္တရား လုံးဝပျက်စီးကာ မြို့နယ် အခြေစိုက် တပ်ရင်းများ၊ စခန်းများသာ ကျန်ရှိတော့မည်ဖြစ်ကြောင်း SOF တာဝန်ခံက ပြောသည်။
" တစ်မြို့နယ်လုံးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဆိုတာ လုံးဝမရှိဘူး။ နယ်မြေစိုးမိုးရေးဆိုတာ လုံးဝမရှိဘူး။ မြို့ပေါ်လေးမှာပဲ အနည်းအကျဉ်းရှိတာ။ အခုတော့ မြို့ပေါ် အုပ်ချုပ်ရေးပါ ပြုတ်သွားပြီဆိုရင် နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း၊ အုပ်ချုပ်ရေးအရသော်လည်းကောင်း သူတို့ဘာမှလုပ်လို့ရတော့မှာမဟုတ်ဘူး"

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊ ခလရ(၂၈၄)ဌာနချုပ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံးတို့အား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့( SOF)၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲစခန်းနှင့် ရုံးအဆောက်အဦများကြေမွပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ရဲနှင့်စစ်သား ၁၀ ဦးခန့်သေဆုံး၍ ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ တပ်မဟာ (၆) KNLA၊ SOF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ရဲဘော်နှစ်ဦး ခြေထောက်တွင် ဒဏ်ရာရခဲ့ပြီး တစ်ဦး၏ ရင်ဘတ်သို့ လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရဲစခန်း
#ရုံးအဆောက်အဦများ
#ကြာအင်းဆိပ်ကြီးမြို့နယ်
#ဇမိခန်းမ #လူဝင်မှုကြီးကြပ်ရေးရုံး
#ဒရုန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
1.1K views14:20
Open / Comment
2023-06-10 17:20:31
ကြာအင်းဆိပ်ကြီးတွင် မြို့နယ်ခန်းမနှင့် လဝက ရုံးတို့အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း SOF တာဝန်ခံပြော
903 views14:20
Open / Comment
2023-06-10 16:17:09
ဝက်နံရိုးမုန့်ညှင်းချဉ်စွပ်ပြုတ် | Chef Eve's Easy Thai Cooking Show | Ep - 18

Watch more detail-



#reels #shorts #ဝက်နံရိုး #မုန့်ညှင်းချဉ်စွပ်ပြုတ် #ChefEve’s #Mizzima
1.1K views13:17
Open / Comment
2023-06-10 16:14:54 “အညာသူ အညာသားများနှင့် စိတ်ဒဏ်ရာ” | ချစ်သောအညာမြေ Episode-17
===================

စစ်တပ်က အညှိုးတကြီး ရက်ရက်စက်စက် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ အညာဒေသက အညာသူ အညာသားတွေကြားမှာ ဘယ်လို စိတ်ဒဏ်ရာတွေ သင့်နေကြပါသလဲ၊ ရထားတဲ့ စိတ်ဒဏ်ရာတွေ လျော့ပါးသက်သာစေဖို့ ဘယ်လို ကူညီ ကုသမှုတွေ ရနေကြပါသလဲ၊ စိတ်ဒဏ်ရာသင့်သူတွေကို ဘယ်လို ကူညီ ဖေးမသင့်ပါသလဲ၊ ဘယ်လို စောင့်ရှောက် ကုသမှုတွေ ပေးသင့်ပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ကြရမှာပါ။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာဒေသခံ ကိုမောင်မျိုး၊ မကွေး နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဝင် အမိုးနဲ့ အမေရိကန်ပြည်ထောင် စု၊ အိုးဟိုင်းယိုးပြည်နယ်၊ Toledo တက္ကသိုလ်မှာ Lincoln ပညာတော်သင်အစီအစဥ်နဲ့ ကုသရေးစိတ်ပညာအထူးပြု ဘွဲ့လွန်တန်း သင်ကြားထားသူဖြစ်သလို စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ပေးနေသူလည်းဖြစ်တဲ့ မမြင့်မြင့်ခိုင်တို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။





#ချစ်သောအညာမြေ
#စကားဝိုင်း
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
1.0K views13:14
Open / Comment
2023-06-10 16:03:00
ဂျုံကြာဇံသုတ် | Chef Eve's Easy Thai Cooking Show | Ep - 18

Watch more detail-



#reels #shorts ##ChefEve’s #Mizzima
977 views13:03
Open / Comment
2023-06-10 15:34:15 Weekend News Roundup
============

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖြေရှင်းဆောင်ရွက်မှုကင်းမဲ့ခြင်းက ပိုမိုခက်ခဲဆိုးရွားစေခဲ့ကြောင်း နိုလင်းဟေဇာပြောတဲ့သတင်း

-စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တွေ့ဆုံဆွေးနွေးမှု မည်သည့် သဘောတူညီချက်မှရရှိခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့တဲ့ သတင်း

-ယူကရိန်းစစ်ပွဲဟာ ရုရှားအတွက် မဟာဗျူဟာကျဆုံးခန်းဖြစ်ကြောင်း ဘလင်ကင်ပြောတဲ့သတင်း

-အမေရိကန်နဲ့ကနေဒါ စစ်သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်း တဲ့သတင်း

-မြန်မာနိုင်ငံထုတ် မူးယစ်ဆေးဝါးများ လမ်းကြောင်းသစ်များဖြင့် ရောင်းဝယ်မှုတိုးလာနေ တဲ့ သတင်း

-စပါးဈေး ဆက်တိုက်မြင့်တက်လာသလို ပြည်တွင်း ဆန်ဈေးနှုန်းလည်း အမြင့်ပိုင်းမှာသာဆက်ရှိနေတဲ့သတင်း





#weekendnewsroundup
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
1.0K views12:34
Open / Comment
2023-06-10 15:31:16
စစ်တပ်က အညှိုးတကြီး ရက်ရက်စက်စက် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ အညာဒေသက အညာသူ အညာသားတွေကြားမှာ ဘယ်လို စိတ်ဒဏ်ရာတွေ သင့်နေကြပါသလဲ

Watch more detail -



#ချစ်သောအညာမြေ #စကားဝိုင်း #shorts #Reels
940 views12:31
Open / Comment
2023-06-10 15:17:28 ခင်ဦးမြို့နယ် ရေအေးကုန်းရွာ ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
=====================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေအေးကုန်းရွာရှိ ပြည်သူပိုင်နေအိမ်လေးလုံးနှင့် စာသင်ကျောင်းဆောင်ကို စစ်ကောင်စီတပ်က ယမန်နေ့ ဇွန်လ ၉ ရက် မနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

စစ်ကောင်စီ စစ်ကြောင်းသည် ရေအေးကုန်းရွာတွင် နွားခုနစ်ကောင်ကို ပစ်သတ်ကာ ညအိပ်တပ်စွဲခဲ့ပြီးနောက် နွား နှင့် သိုး အကောင်ရေ ၇၀ ကျော် ခိုးယူပြီး ဖိုလ်ကုန်းပျူရွာသို့ ထွက်ခွာသွားကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ယမန်နေ့ မနက်ပိုင်း ရေအေးကုန်းရွာ မရောက်ခင် သံဘိုရွာတောင်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ် ထောင်ထားသည့် မိုင်းများ နင်းမိတာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ ထို့နောက် အပြန်အလှန်တိုက်ပွဲအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူကပြောကြားသည်။

"PDF တွေကို မိုင်းမထောင်ဖို့နဲ့ သေနတ်ချင်းယှဉ်ပစ်မယ်ဆိုပြီး ဆဲတဲ့ စာတွေ ရေအေးကုန်း ကျေးရွာအတွင်းမှာ ရေးထားခဲ့ကြတယ်" ဟု၎င်းကဆိုသည်။

ထို့ကြောင့် ယမန်နေ့က စ၍ သံဘို၊ ချောင်းဆုံ၊ ရေအေးကုန်းနှင့် ကျီးကန် စသည့်ကျေးရွာများမှ ဒေသခံ ဦးရေ ၃,၀၀၀ ဝန်းကျင်ခမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ခင်ဦးမြို့နယ်ကို ထိုစစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ခန့်ဖြင့် ဇွန်လ ၁ ရက်နေ့ကတည်းက တစ်ကျော့ပြန် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဇွန်လ ၆ ရက်က မိုးနတ်ကျေးရွာမှ နေအိမ်ခုနစ်
လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်ကြစဉ် မရမ်းအင်းကျေးရွာမှ အသက် ၆၆ နှစ်အရွယ် အဖွားအိုတစ်ဦး အမောဖောက် သေဆုံးခဲ့ပြီး စစ်ရှောင်သည့်နေရာမှာပင် သင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် မူးသာကျေးရွာ၌ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို ထိုစစ်ကြောင်းက မီးရှို့သတ်ဖြတ်ခဲ့သည်ဟု‌ ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ် အတွင်း ဇွန်လ ၉ ရက်နေ့အထိ ကျေးရွာ ၄၆ ရွာမှ နေအိမ်ပေါင်း ၆,၀၀၀ ဝန်းကျင်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးဘေးသင့်ပြည်သူပေါင်း ၃၀,၀၀၀ ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
စာတည်း။ ။အောင်ကျော်ဖြိုး
# ရေအေးကုန်းရွာ

#Mizzima
#ခင်ဦးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
959 views12:17
Open / Comment
2023-06-10 15:17:23
ခင်ဦးမြို့နယ် ရေအေးကုန်းရွာ ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
905 views12:17
Open / Comment
2023-06-10 15:15:08 ​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ ဇွန် ၂၀၂၃) 
=========================

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံကို မတရားလုယူထားသော်လည်း ကိုယ်ပိုင်အုပ်ချုပ်နိုင်သည့် အရည်အချင်းမရှိဘဲ တစ်ရွာထုတ်ကုန်တစ်မျိုးတို့ကဲ့သို့ ယခင်စစ်အစိုးရ၏ နိုင်ငံရေး စီးပွားရေးတို့တွင် မအောင်မြင်ခဲ့သည့် နည်းလမ်းများကိုလည်းပြန်လည်း အသုံးပြုနေသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
941 views12:15
Open / Comment