Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.37K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 5

2023-06-05 19:24:11 National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ခုနှစ် ဇွန်လ ၅ ရက်ထုတ်လွှင့်မှုများ
=====================





#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
428 views16:24
Open / Comment
2023-06-05 18:02:37 ဂျွန်လ (၅) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖြေရှင်းဆောင်ရွက်မှုကင်းမဲ့တာဟာ ပိုမိုခက်ခဲဆိုးရွားစေခဲ့ကြောင်း နိုလင်းဟေဇာပြောကြားလိုက်တဲ့သတင်း နဲ့အတူ

ခင်ဦးမြို့နယ် ကံသစ်ကျေးရွာ ၄ ကြိမ်မြောက် မီးရှို့ခံရပြီး ဒေသခံ ထောင်နှင့်ချီထွက်ပြေးနေရတဲ့သတင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွာရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ ဒီကနေ့ညနေ ၅ နာရီထိ နောက်ဆုံးရငွေလဲနှုန်း ရွှေစျေးနဲ့ တခြားအရေးကြီးကုန်စျေးနှုန်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်ကိုနားဆင်ရမှာဖြစ်ပြီး

အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်တွေကို နားဆင်ကြရမှာပါ။

နောက်ဆုံးမှာတော့ BNI က စီစဉ်တင်ဆက်တဲ့ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ၊တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ထားတဲ့ အစီအစဉ်ကို နာဆင်ရမှာပါ။





#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
781 views15:02
Open / Comment
2023-06-05 17:45:15
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၁၀၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်
========================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။

"ဖက်ဆစ်ဝါဒကိုဖြိုချ ပြည်သူ့အာဏာတည်ဆောက်ကြ အာဏာရှင်ကျရှုံးနေပြီ"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၀၃)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
735 views14:45
Open / Comment
2023-06-05 17:36:03 ​​တီအန်နန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၄ နှစ်မြောက်အထိမ်းအမှတ်ပွဲများ ကမ္ဘာတစ်ဝန်းတွင် ကျင်းပ  
=====================

သွေးထွက်သံယိုအဖြစ်မျ တီအန်နန်မင်ရင်ပြင် အကြမ်းဖက်ဖြိုးခွင်းမှု နှစ်ပတ်လည်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် လူပေါင်းသောင်းနှင့်ချီ စုဝေးလေ့ရှိခဲ့သည့် ဟောင်ကောင်ရှိ ပန်းခြံတစ်ခု အနီးအနားတွင် ဇွန်လ ၄ရက်က လုံခြုံရေးတိုးမြှင့်ချထားသဖြင့် ဝမ်းနည်းစရာ ၃၄ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲများ မပြုလုပ်နိုင်ခဲ့ပေ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
725 views14:36
Open / Comment
2023-06-05 16:51:17 ​​တန့်ဆည်မြို့ရှိ စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များတိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံးဟုဆို
=====================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ကဘဲဘေရင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို ဇွန်လ ၄ ရက်နေ့နံနက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်းMDF -TazeTiger အဖွဲ့ တပ်ရင်းမှူး ဗိုလ်ကျားက ပြောသည်။

စစ်ကောင်စီနှင့် ပျူစောထီး အင်းအား ၄၀ခန့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၄ရက် နံနက် ၄နာရီမှာ နံနက် ၅နာရီခန့်အထိ တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

" မနက်မလင်းခင် ဝင်တိုက်တာပါ။ သူတို့ ဘက်က ကျဆုံး ခုနှစ်ယောက်လောက်ရှိမယ်။ အားလုံးအထိအခိုက်ရောဆိုရင်တော့ ၁၅ ၊ ၂၀ မကဘူး “ဟု ဗိုလ်ကျားက ပြောသည်။

စစ်ကောင်စီကင်းစခန်းကို MDF -Special Force(ဗဟိုတပ်ရင်း)၊ MDF-Taze Tiger ၊ KPK၊ Taze Silent Rangers TSR၊ Nine Star အဖွဲ့ နှင့် တန့်ဆည်မြို့နယ်မြောက်ပိုင်း ပကဖ အဖွဲ့များအပါအဝင် မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲတွင် ဒီပဲယင်းမြို့မှ လာရောက်ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး အသေးစားဒဏ်ရာရခဲ့ကြောင်း သတင်းရရှ်ိသည်။ တိုက်ပွဲဝင်ပြည်သူ့ကာကွယ်‌ရေးရဲဘော်များသည် ယခုအခါ မိခင်တပ်ရင်းများဆီသို့ ပြန်လည်ရောက်ရှိ‌‌‌နေပြီဟု သိရှိရသည်။

စာတည်း - မောင်ကြီး

#mizzima
#တန့်ဆည်
#ကဘဲဘေရင်းကျေးရွာ
#စစ်ကောင်စီကင်းစခန်း
#ပူးပေါင်းတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
946 views13:51
Open / Comment
2023-06-05 16:49:41 ​​လားရှိုးမြို့မှ စစ်ကောင်စီ၏ ခမရ (၅၀၇)နှင့် အမှတ် (၂) ရဲစခန်း တိုက်ခိုက်ခံရ
====================

001
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့၊ ရပ်ကွက် (၅) မန်အိုင်ကုန်းရှိ စစ်ကောင်စီတပ်၏ ခမရ (၅၀၇)နှင့် ရပ်ကွက်(၁၂)ရှိ အမှတ် (၂) ရဲစခန်းတို့ ဇွန်လ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် တပြိုင်တည်း တိုက်ခိုက်ခံရကြောင်း လားရှိုးဒေသခံများကပြောသည်။

“ ဆူညံနေတာပေါ့။ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ဆက်တိုက်ပဲ။ ထိခိုက်မှုတော့ မကြား ဘူး။ (၅၀၇) စစ်တပ်ရဲ့ ခြံစည်းရိုးဘက် အထဲကို ရောက်မသွားဘူး။ ဘယ်အဖွဲ့တွေဆိုတာတော့ မသိရဘူး။ အခုကတော့ အခြေအနေကပုံမှန်ပါပဲ။ ဖြစ်တုန်းကတော့ အကုန်လန့်နိုးကြတာပေါ့” ဟု ဒေသခံတဦးက ပြောသည်။
မန်အိုင်ကုန်းရှိ စစ်ကောင်စီတပ်၏ ခမရ (၅၀၇)တွင် နံနက် ၃ နာရီခွဲဝန်းကျင်၌ ပစ်ခတ်မှု စတင်ဖြစ်ပွားပြီး နံနက် ၄ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ပြန်ငြိမ်သွားကြောင်း သိရသည်။

“ဖြစ်တာကနှစ်နေရာဖြစ်တာ။ နောက်တစ်ခုက မြို့ထဲမှာ၊ ရပ်ကွက်(၁၂)အမှတ်(၂)ရဲစခန်း။ မြို့လယ်ခေါင် ပဲပေါ့။ တပြိုင်တည်းပဲဖြစ်တာ။ ၅၀၇ ဘက်မှာ ဖြစ်နေတဲ့အချိန် အဲဒီဘက်လည်း တခါပြန်ဖြစ်တာ။ အဲဒီမှာ တော့ အုတ်တံတိုင်းတွေ ဘာတွေပေါက်သွားတယ်။ လူထိတယ်တော့ မကြားဘူး”ဟု အဆိုပါ ဒေသခံက ပြောသည်။

တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်က လားရှိုးမြို့ပေါ်တွင် အချိန် အနည်းငယ်ပျံဝဲ စစ်ဆေးသွားကြောင်း ဒေသခံများကပြောသည်။

ယင်းတိုက်ခိုက်မှုအား ကိုးကန့်တပ်ဖွဲ့(MNDAA)ကလုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေ သော်လည်း မဇ္စျိမအနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ စစ်ကောင်စီဘက်မှလည်း တစုံ တရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့် တပ်ဖွဲ့(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်(TNLA)နှင့် အာဏာသိမ်း စစ်ကောင်စီ တို့အကြား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားတွင် ဇွန်လ ၁ ရက်မှ ၃ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဆွေးနွေးပွဲမှာ ရလဒ်ထွက်ပေါ်ခြင်းမရှိဘဲ ဇွန်လ ၂ ရက်နေ့မှာပင် ရပ်ဆိုင်းခဲ့သည်။

ယခုဇွန်လဆန်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ(၁)မူပန်ဒေသနှင့် ကိုးကန့်ဒေသတို့တွင် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့်တိုက်ပွဲများဖြစ်ကြောင်းနေကြောင်း MNDAA မှ ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#MNDAA
#ကိုးကန့်
#လားရှိုး
#ခမရ(၅၀၇)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
835 views13:49
Open / Comment
2023-06-05 16:47:44 တော်လှန်ရေးအင်အားစုတို့ရဲ့ နိုင်ငံရေးဆုံချက် စစ်ကိုင်းဖိုရမ်
===============

မေ ၃၀ နဲ့ ၃၁ ရက်နေ့များကကျင်းပခဲ့သော စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတွင်းအတွင်းရှိ မြို့နယ် ၃၇မြို့နယ်အနက် ၂၈မြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့ပေါင်း ၁၇၃ဖွဲ့နဲ့ လေ့လာသူ ၃၁ ဦး ပါဝင်တက်ရောက်ခဲ့ပါတယ်။

တော်လှန်ရေးအရွေ့ပိုရှိလာဖို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကိစ္စရပ်တွေကို ထိရောက်စွာဖြေရှင်းဆောင်ရွက်နိုင်ဖို့ စစ်ကိုင်းဖိုရမ်ကို ကျင်းပခဲ့တာလို့ ဆိုပါတယ်။ ဖိုရမ်မှာ နိုင်ငံရေး၊ စစ်ရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေး နဲ့ အထွေထွေကဏ္ဍဆိုပြီး အဓိက ကဏ္ဍ လေးရပ်ကို စုပေါင်းဆွေးနွေးခဲ့ကြောင်း ဇွန် ၁ရက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိများအနက် ကိုစိုးဝင်းဆွေနှင့် မချောစုစံတို့ကို မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။





#စစ်ကိုင်းဖိုရမ်
#စိုးဝင်းဆွေ
#ချောစုစံ
#MizzimaExclusiveInterview
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
722 views13:47
Open / Comment
2023-06-05 16:46:21 ရန်ကုန်တွင် "ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်" ကြွေးကြော်ပြီး ဆန္ဒပြ
==================

ဂန္ဒမာ
(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ တစ်နေရာ၌ မြေပြင်သပိတ်အင်အားစုများက ယနေ့ ဇွန်လ ၅ ရက်နေ့တွင် "ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်" ဗီနိုင်းကို ကိုင်စွဲပြီး ပြောက်ကျားသပိတ် ဆင်နွှဲခဲ့ကြောင်း သိရသည်။
"ရန်ကုန်ကနေ ထွက်ခွာသွားတဲ့ တော်လှန်ပြည်သူတွေနဲ့ ချစ်ရတဲ့မိသားစုတွေ ရန်ကုန်မှာ ပြန်ဆုံမယ့်နိမိတ်၊ အကျဥ်းထောင်ထဲက ရဲဘော်တွေနဲ့ မြို့ပြက လမ်းတွေဟာ ပြန်ဆုံမယ့်နိမိတ်၊ မြေပေါ်မြေအောက်အင်အားစုတွေ ပြန်ဆုံစည်းမယ့် နိမိတ်ကို ယူဆောင်လာမယ့် ရန်ကုန်သပိတ်တွေအဖြစ် ရည်ရွယ်ပြီး အကြမ်းမဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်သပိတ်တိုက်ပွဲတွေ ဆင်နွှဲလျက်ရှိပါတယ်" ဟု ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။

သပိတ်ထွက်ရန်အတွက် လုံခြုံရေးအရ အခက်အခဲများရှိသော်လည်း တော်လှန်ရေးယုံကြည်ချက်၊ နိုင်ငံရေးခံယူချက်များကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ နားရွက်အား ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်၏ အင်အားဖြင့် အကြိမ်ကြိမ်အောင်မြင်စွာ တံတွေးစွတ်နိုင်ခဲ့ကြောင်းလည်း ရေဘဝဲ ဥက္ကဋ္ဌက ပြောသည်။
အဆိုပါ သပိတ်အား ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းနှင့် မဟာမိတ်အဖွဲ့အစည်းများ ဖြစ်သော အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်) ၊ Labour Alliance အဖွဲ့ဝင် (CTUM) ၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးတင်းကျပ်မှုများအကြားတွင် ရေဘဝဲနှင့် မဟာမိတ်အဖွဲ့အစည်းများ၏ ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်ကို ကိုးကြိမ်မြောက် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကိုင် အစောင့်စစ်သားများ စောင့်ကြည့်နေသည့်ကြားက ရန်ကုန်တွင် ယခုကဲ့သို့ ပြောက်ကျားသပိတ်ထွက်နိုင်ရန် Youth Scout for Democracy (Y.S.D) မှ မြေပြင်ကင်းထောက်ပံ့ပိုးမှုပေးခဲ့ကြောင်း သိရသည်။





စာတည်း။ ။ နောင်နောင်

#ရေဘဝဲ
#ရန်ကုန်
#စစ်အာဏာရှင်ဆန္ဒပြ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
721 views13:46
Open / Comment
2023-06-05 16:44:26 မိုင်းလားဆွေးနွေးပွဲ တင်းမာမှု ဘာကြောင့် ဖြစ်ခဲ့တာလဲ (Editorial Talk)
===================

အာဏာသိမ်း စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့မှာ ဇွန်လ ၁ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ နှစ်ဘက်တင်းမာမှုဖြစ်ကာ ရေရာတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

နှစ်ဘက် တင်းမာတဲ့ အခြေအနေထိ ဘာကြောင့် ဖြစ်ခဲ့တာပါလဲ၊ ဒီအကြောင်း အမြင်နဲ့ သုံးသပ်ချက်တွေကို သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးတင်ဆက်ထားပါတယ်။





#mizzima
#Editorialtalk
#မြောက်ပိုင်းသုံးဖွဲ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
724 views13:44
Open / Comment
2023-06-05 16:17:08
June - 5 [ 7 PM ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
838 views13:17
Open / Comment