Get Mystery Box with random crypto!
Mizzima
Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.37K
Description from channel
Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews
Ratings & Reviews
3.00
2 reviews
Reviews can be left only by registered users. All reviews are moderated by admins.
5 stars
1
4 stars
0
3 stars
0
2 stars
0
1 stars
1
The latest Messages 7
2023-05-20 14:12:58 ​​ယူကရိန်းမှ တပ်ဖွဲ့ဝင်များဆုတ်ခွာရေး ရုရှားကို ဖိအားပေးရန် ဂျီ-၇ ခေါင်းဆောင်များက တရုတ်ကို တိုက်တွန်း
ယူကရိန်းနိုင်ငံအား ကျူးကျော်ဝင်ရောက်မှုကိုအဆုံးသတ်စေရေးနှင့် ယူကရိန်းပိုင်နက်မှ တပ်ဖွဲ့များဆုတ်ခွာရေး ရုရှားကို ဖိအားပေးရန် ဂျီ-၇ အဖွဲ့ ခေါင်းဆောင်များက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်သည်။
http://www.mizzimaburmese.com/article/128549
------------------------
153 views11:12
Open / Comment
2023-05-20 14:12:57 ​​လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၏ ဗဟိုချက်အဖြစ် မြန်မာနိုင်ငံက နာမည်ဆိုး ထွက်လာ
ယခုလအတွင်း၌ အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် အင်ဒိုနီးရှားမှ မြန်မာသို့ လူကုန်ကူးမှု၏ နောက်ကွယ်မှ သံသယရှိသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိသည်။
http://www.mizzimaburmese.com/article/128547
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
153 views11:12
Open / Comment
2023-05-20 14:09:21 စစ်ကောင်စီကန့်သတ်ထား၍ မတူပီ မုန်တိုင်းဘေးသင့်ပြည်သူများ အိမ်ဆောက်ပစ္စည်းဝယ်ရန် အခက်ကြုံနေဟုဆို
(မဇ္ဈိမ)။ ။ မိုခါမုန်တိုင်း‌ကြောင့် လေပြင်းတိုက်ခိုက်ခဲ့ပြီး အပျက်အစီးများခဲ့သည့် ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီက လမ်းကြောင်းများ ပိတ်ဆို့ထား၍ အိမ်ဆောက်ပစ္စည်းများ ပြတ်လပ်နေသလို ဝယ်ယူရန်လည်း အခက်ကြုံတွေ့နေကြောင်း ဒေသခံများကပြောသည်။
" အိမ်ဆောက်ပစ္စည်းတွေကလည်းမြို့ပေါ်ဆိုင်တွေမှာဝယ်မရတော့ဘူး။ ကုန်ကားတွေလည်းမဝင်တော့ ဒီတိုင်းပဲ နေနေကြတယ်။အကယ်လို့ မိုးသာထပ်ရွာလာရင်ဘယ်လိုနေရမလဲမသိတော့ဘူး’’ဟု ပလက်ဝမြို့နယ် ဖနိုင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ဖနိုင်ကျေးရွာသည် မိုခါမုန်တိုင်းအရှိန်‌လေပြင်း ကြောင့် အပျက်အစီးအလွန်များခဲ့ပြီး အိမ်ခြေပေါင်း၂၅၀ ကျော်ရှိသည့်အနက် ၂၃၀ ကျော်ပျက်စီးခဲ့သည်ဟု သိရသည်။
လက်ရှိတွင် မတူပီမြို့ပေါ်၌ ဖုန်းလိုင်းတချို့သာအသုံးပြု၍ရပြီး အင်တာနက်လိုင်းဖြတ်တောက်ခံထားရ၍ ငွေလွှဲလုပ်ငန်းများလည်းရပ်ဆိုင်းနေသည်ဟု သိရသည်။ ထို့ကြောင့် ဘေးသင့်ဒေသခံများထံသို့ ပြည်တွင်းပြည်ပမှအလှူရှင်များက ငွေလှူ ဒါန်း၍ မရသည့် အခက်အခဲကြုံနေသည်ဟု ဒေသခံများကပြောသည်။
‘’မတူပီမြို့ပေါ်မှာက ငွေလွှဲလုပ်ငန်းတွေနားထားကြတယ်။အခုလည်းတချို့ကပြင်ဆင်ရေးတွေအတွက်ငွေလှူချင်တယ်ပြောထားတာတွေရှိတယ်။ဒါပေမယ့်မတူပီမှာက ပိုက်ဆံရှိရင်လည်း အိမ်ဆောက်ပစ္စည်းဝယ်ဖို့ဘာမှမရှိတော့ဘူးလေ။နောက်ပြီးအရင်ကငွေလွှဲလုပ်ငန်းလုပ်တဲ့သူတွေကိုCDFတွေထောက်ပံ့တယ်ဆိုပြီးဖမ်းဆီးထားတာတွေရှိနေတော့ ငွေလွှဲလုပ်ငန်းလည်းမလုပ်ရဲကြတော့ဘူးဖြစ်နေတယ်’’ဟုလည်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကလည်းဆိုသည်။
မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က မိုခါ မုန်တိုင်း‌ဘေး ကြိုတင်ကာကွယ်ရေး လုံလောက်အောင်မလုပ်ခဲ့သလို မုန်တိုင်းအလွန်ကာလ၌လည်းမြို့အဝင်အထွက်ကို ဆက်လက်ပိတ်ပင်ထားဆဲဟု ဒေသခံများပြောသည်။
" အခုလိုသာ ဆက်ပိတ်ထားရင် မိုးထဲလေထဲပဲ ‌နေရမယ့် ပုံစံရှိတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။
“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့က ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ဝင်ရောက်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ်
ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းကို ဝင်ရောက်ခဲ့သည်။ မုန်တိုင်းဘေးကြောင့် ချင်းပြည်နယ်တွင် လူနေအိမ် ၁,၇၇၄လုံး၊ ဘာသာရေးအဆောက်အဦ၂၉လုံး၊ ကျန်းမာရေးအဆောက်အဦငါးလုံး၊ စာသင်ကျောင်း ၃၀နှင့် စပါးကျီ၁၉လုံးပျက်စီးခဲ့သည်ဟုကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က မေ ၁၇ရက်က ရရှိသော စာရင်းကို ထုတ်ပြန်ထားသည်။ ထို့အပြင် မုန်းတိုင်းဘေးသင့်ပြည်သူများအတွက် အကူအညီများ လိုအပ်နေသည်ဟု ICNCCက အသိပေးထားသည်။
စာတည်း - မောင်ကြီး
#mizzima
#မိုခါမုန်တိုင်း‌
#မတူပီမြို့နယ်
#လမ်းပိတ်ဆို့
#အိမ်ဆောက်ပစ္စည်းပြတ်လပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
162 views11:09
Open / Comment
2023-05-20 14:09:05
164 views11:09
Open / Comment
2023-05-20 14:05:43 ခင်ဦးမြို့နယ် ကံသစ်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ် ၁၇၂ လုံး ပြာကျ
KMN
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်က မေလ ၁၉ ရက်နေ့ ညနေပိုင်းနှင့် ယနေ့ မေလ ၂၀ ရက်နေ့ မနက်ပိုင်းအထိ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၇၂လုံး ပြာကျပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
၎င်း စစ်ကြောင်းသည်မေလ ၁၉ ရက်နေ့တွင် ရွှေဘိုနယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းမှ ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ရွှေဘို မြို့နယ်ရှိ ကံသာကုန်း၊ လိပ်ရကုန်း စသည့်ကျေးရွာများကိုမီးရှို့ခဲ့ပြီး မေလ ၁၉ရက်နေ့ ညနေပိုင်းတွင် အောင်ချမ်းသာရွာ(မကျီးတုံကုန်း) တွင် သုံး အိမ် ၊ ကံသစ်ကျေးရွာတွင် ၁၇၂အိမ် အား မီးရှို့ခဲ့ကြပြီး ယနေ့ မေလ ၂၀ ရက် နေ့လယ်၂နာရီ ၃၀အချိန်တွင် ရေဦးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
"ကံသစ်ကျေးရွာပြည်သူအများစုဟာ မထင်မှတ်ဘဲ နံနက်စာတောင် မစားရခင် ထွက်ပြေးရတာပါ။ အဝတ်အစားနဲ့ စားသောက်စရာတွေ ဘာတစ်မှမသယ်ဆောင်နိုင်ဘဲ အသက်ဘေးလွတ်အောင်ပြေးရတယ်။ အကုန်ပါသွားတယ်လို့သိရတယ်" ဟုခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။
ကံသစ်ကျေးရွာသည် တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ရွာရှိ နေအိမ်ပေါင်း ၅၀၀ အနက် ၃၀၀ ဝန်းကျင် ပြာကျပျက်စီးခဲ့သည်။
၎င်းစစ်ကြောင်းမှ တပ်သားများသည် မေလ ၁၉ ရက်နေ့တွင် ကံသစ်ရွာအရှေ့ဘက် ဆီဆိုင်အနီး သစ်ပင်အောက်တွင် ဝင်ရောက်နေစဉ် ကာကွယ်ရေးတပ်များ၏ မိုင်းနင်းမိခဲ့ပြီး အနည်းဆုံး လေး ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်သားများ၏ အလောင်းများကို ကံသစ်ရွာ ကတ္တရာလမ်းတောင်ဘက် လူနေအိမ်အတွင်းထည့်ကာ သစ်သားများ၊ ထင်းများ ၊တာရာများဖြင့် စနစ်တကျ မီးရှို့ထားခဲ့သည်ကို တွေ့ရကြောင်းဒေသခံတစ်ဦးက ပြောကြားသည်။
ခင်ဦးမြို့နယ်တွင် မေလ ၂၀ ရက်နေ့အထိအကြမ်းဖက် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၇၄ ရွာအထိ ရှိနေပြီဖြစ်သည်။ စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမူကြောင့်
အိမ်ခြေ ၅,၀၀၀ ကျော် ပြာကျပျက်စီး၍ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိလာကာ အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
#Mizzima
#ခင်ဦးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
227 views11:05
Open / Comment
2023-05-20 14:05:38
188 views11:05
Open / Comment
2023-05-20 14:00:00
ထိုင်းဝက်သားခေါက်ဆွဲကြော် | Chef Eve's Easy Thai Cooking Show | Ep - 15
Watch more detail-
#Mizzima #reels #shorts #ခေါက်ဆွဲကြော်
#ChefEve’s
224 views11:00
Open / Comment
2023-05-20 13:45:00
Global Brand Ambassador အားလုံးတက်ရောက်ခဲ့တဲ့ Bulgari ပွဲ
Full Video Link -
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
348 views10:45
Open / Comment
2023-05-20 13:30:44 Global Brand Ambassador အားလုံးတက်ရောက်ခဲ့တဲ့ Bulgari ပွဲ Cele City - Episode 19
BTS အဖွဲ့ဝင် JUNGKOOK နှင့် Calvin Klein Brand
Global Brand Ambassador အားလုံးတက်ရောက်ခဲ့တဲ့ Bulgari ပွဲ
ထိုင်းလူငယ်တွေကြား ပြန်လည်ရေပန်းစားနေတဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကသီချင်း အကြောင်း
433 views10:30
Open / Comment
2023-05-20 13:22:29 မင်းအောင်လှိုင်၏ လက်နက်နဲ့ ငွေလဲလှယ်မှုအစီအစဉ်ကို KIA တပ်ရင်း (၅၁၂) ပြတ်ပြတ်သားသား ပယ်ချ
503 views10:22
Open / Comment