Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.37K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 9

2023-05-17 05:32:11 မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မေလ ၁၇ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

အမေရိကန်စိုက်ပျိုးမြေတွေ တရုတ် ပိုင်ဆိုင်မှု များနေတဲ့အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံသားတွေ ပိုလန်နိုင်ငံထဲ ထွက်ပြေးပြီး စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေကြပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။





#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
682 views02:32
Open / Comment
2023-05-17 04:32:35 “မိုခါ” မုန်တိုင်းကြောင့် စစ်တွေမြို့က ရိုဟင်ဂျာ ၅၇ ဦး သေဆုံးမှုကို အတည်ပြုနိုင်
=========================

နောင်နောင် (မဇ္ဈိမ) ။ ။ ရခိုင်ကမ်းရိုးတန်းကို အလွန့်အလွန် အားပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုပြည်နယ်၊ စစ်တွေမြို့နယ်၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်း နေရာနှစ်ခုက ရိုဟင်ဂျာ ၅၇ ဦး သေဆုံးတာကို ဒီကနေ့ မေလ ၁၆ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့တယ်လို့ မြေပြင်ကွင်းဆင်း လေ့လာပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးခဲ့သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

ဒီသေဆုံးသူ ရိုဟင်ဂျာ ၅၇ ဦး အရေအတွက်ဟာ သဲချောင်းကျေးရွာအနီးမှာရှိတဲ့ ဗေဒါကျေးရွာနဲ့ ဒါးပိုင်ကျေးရွာ နှစ်ခုမှာ ဒီကနေ့ မေလ ၁၆ ရက်နေ့အထိ တွေ့ရှိထားတဲ့ အရေအတွက် ဖြစ်ပါတယ်။
တခြားနေရာတွေမှာလည်း သေဆုံးသူတွေ ရှိနေတာ ကြားသိရပေမယ့် အဲဒီကျေးရွာတွေဘက်ကို ကိုယ်တိုင် မြေပြင်ကွင်းမဆင်းရသေးတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရိုဟင်ဂျာ ၄၀၀ နီးပါး သေဆုံးနိုင်ပြီး ဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းတွေ ပြတ်တောက်နေမှုကြောင့် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူ ရိုဟင်ဂျာ ၁,၀၀၀ နီးပါး ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် အနီးမှာ တည်ရှိတဲ့ ဗေဒါကျေးရွာနဲ့ ဒါးပိုင်ကျေးရွာမှာ မုန်တိုင်းတိုက်ခတ်နေစဉ် ဒီလှိုင်းရေ အမြင့်ပေ ၃၀ အထိ တက်ရောက်ခဲ့တာကြောင့် အခုလို ရေနစ်ပြီး သေဆုံးကြတာလို့ ဆိုပါတယ်။

လတ်တလော အတည်ပြုထားတဲ့ ရိုဟင်ဂျာ ၅၇ ဦး သေဆုံးမှု အခြေအနေ၊ ပျက်စီးဆုံးရှုံးမှုအခြေအနေနဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေမှုတွေအပေါ် ဗေဒါကျေးရွာနဲ့ ဒါးပိုင်ကျေးရွာ နှစ်ခုကို ဒီကနေ့ ရောက်ရှိခဲ့သူတစ်ဦးကို မဇ္ဈိမသတင်းခန်း အယ်ဒီတာ နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။





#ရိုဟင်ဂျာ
#မိုခါကြောင့်ရိုဟင်ဂျာတွေသေဆုံး
#စစ်တွေ
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
850 views01:32
Open / Comment
2023-05-17 04:30:52 မေလ (၁၇) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်များ
======================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့

မုန်တိုင်းအကြောင်းပြကာ တာမွေမြို့နယ်တွင် အလှူကောက်ခံမှုများရှိနေတဲ့သတင်းနဲ့အတူ အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင်အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ULA/AA ဥက္ကဌ သတိပေးလိုက်တဲ့သတင်းတွေအပါအဝင် အခြားစိတ်၀င်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကိုနားဆင်ရမှာပါ။





#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
793 views01:30
Open / Comment
2023-05-16 18:35:44
ကြံခင်းမြို့နယ်တွင် "ကျက်သရေထိုင်ယုတ်နေတဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်"စာတန်းကိုင်စွဲ ဆန္ဒပြ
==============

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၆ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

"ကျက်သရေထိုင်ယုတ်နေတဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၈၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#Mizzima
1.5K views15:35
Open / Comment
2023-05-16 18:34:18 မိုခါမုန်တိုင်းအရှိန်ကြောင့် ချောင်းရေကြီး၍ ထီးလင်းမြို့နယ် အိုင်းမပြင်စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်
==================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် ချောင်းရေကြီး၍ အိုင်းမပြင်စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာ ၃၀ ခန့်မှ ကျွဲ၊ နွားများအပါအဝင် ဆန်စပါး၊ မြေပဲများစွာ ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။

မေလ ၁၅ ရက်မှစတင်ကာ မောချောင်းနှင့် သံသေချောင်းဟူသော ချောင်းနှစ်ခုမှ ချောင်းရေကြီး၍ ရေမြုပ်ခြင်းဖြစ်ပြီး ရေမကျသေးသည့်အတွက် အပျက်အစီးဆုံးရှုံးမှု အတိအကျကိုမသိရသေးကြောင်း Yaw Revolution Army - ထီးလင်း တာဝန်ခံ ကိုကောင်းမှ မဇ္ဈိမသို့ပြောသည်။

“ ထန်းပင်ကုန်းတစ်ရွာလုံး ပြောင်းရွေ့နေထိုင်ကြတဲ့ အိုင်းမပြင်ဆိုတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုလုံး မိသားစု ၁၂၀ လောက်နေတဲ့ ရေလွှမ်းသွားပါတယ်ဗျ။ ရေမြုပ်သွားပါတယ်။ ပြီးတော့ တခြား ၃၀ ရွာလောက်က ဆန်စပါးတွေ ၊ မြေပဲတွေ၊ ဆီတွေ ရေနဲ့မြောပါသွားကြပါတယ်ဗျ” ဟု ၎င်းက ဆိုသည်။

ကျေးရွာများမှဒေသခံများ၏ ဆန်စပါး၊ မြေပဲ တင်းတစ်ရာကျော်၊ စားဆီပိဿာချိန်များစွာ ရေထဲမျှောပါသွားခဲ့ပြီး ကျွဲနွားများလည်း အကောင်ရေမြောက်မြားစွာ သေဆုံးခဲ့ရသည်ဟု ကိုကောင်းက ပြောသည်။

လေပြင်းမုန်တိုင်း တိုက်ခတ်မည်ကို အဓိကဦးစားပေး ပြင်ဆင်ထားခဲ့မိခြင်းကြောင့် မုန်တိုင်းကာလအတွင်း အဆမတန်ရေကြီးလာသည့်အခါ ယခုကဲ့သို့ အများအပြား ပျက်ဆီးဆုံးရှုံးခဲ့ကြရခြင်းဟု သိရသည်။

အိုင်းမပြင်စစ်ဘေးရှောင်စခန်းမှ ဒေသခံများနှင့် အခြားကျေးရွားများမှ ရေဘေးသင့် ဒေသခံများသည် ယခုလက်ရှိအချိန်တွင် ရေဘေးလွတ်ရာကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင် ရေဘေးရှောင်နေရကြောင်း သိရသည်။

“ရေဘေးသင့်တာက မောချောင်းနဲ့သံသေချောင်းနံဘေးကျေးရွာ ၃၀ လောက်က လူဦးရေ ၉,၀၀၀ လောက် ရေဘေးသင့်ပြီးတော့ ဆုံးရှုံးနစ်နာမှုအများဆုံး ၁၀ ရွာလောက်ကလူဦးရေ ၃,၀၀၀ ကျော်လောက် ရှိပါတယ်ဗျ” ဟု ကိုကောင်းက ဆက်ပြောသည်။

မောချောင်းနဘေးရှိ ကျေးရွာများဖြစ်သော အောင်မြင်၊ သရခါအနောက်ဘက်၊ ထလင်း၊ ထန်းပင်ကုန်း၊ တောရောင်း၊ ဝက်သက်၊ ဝါးဘင်း၊ ညောင်ကန်၊ ဟင်းခွပ်ကုန်း၊ ကင်းဘန်း၊ အင်းနား၊ ကန်ဇွန်းထောင့်နှင့် သံသေချောင်းဘေးရှိ ဆွဲလည်း၊ ယုန်ဆင်း၊ မင်းလည်၊ လုံးပေါင်၊ လက်ပံ၊ အုံးတွဲ၊ ကွမ်းဇဲ၊ ဝါးရင်းချိုင်၊ ပုဏ္ဏားရွာ အစရှိသည့်ကျေးရွာများတွင် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး အခြားရွာများတွင်လည်း ပျက်စီးမှုများရှိကြောင်း သိရသည်။

ထို့ကြောင့် ထီးလင်းမြို့နယ်အတွင်းမှ စစ်ဘေးသင့်၊ မီးဘေးသင့်၊ ရေဘေးသင့်ပြည်သူများအတွက် တတ်နိုင်သမျှအကူအညီပေးကြရန်၊ သတင်းဖြန့်ပေးကြရန် Yaw Revolution Army-ထီးလင်း မှ တာဝန်ခံ ကိုကောင်းက မေတ္တာရပ်ခံတောင်းဆိုထားသည်။

အိုင်းမပြင်စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ထန်းပင်ကုန်းရွာကို မီးရှို့သောကြောင့် တစ်ရွာလုံးနီးပါး ပြာကျကာ ရွာထဲတွင် မနေရဲကြ၍ အိုင်းမပြင်တွင် ယာယီတဲများတည်ဆောက်ပြီး ပြောင်းရွေ့နေထိုင်သူများဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#အိုင်းမပြင်စစ်ရှောင်စခန်း
#ထီးလင်းမြို့
#ချောင်းရေကြီး
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
1.1K views15:34
Open / Comment
2023-05-16 18:34:11
မိုခါမုန်တိုင်းအရှိန်ကြောင့် ချောင်းရေကြီး၍ ထီးလင်းမြို့နယ် အိုင်းမပြင်စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်
895 views15:34
Open / Comment
2023-05-13 06:45:14 My India အစီအစဉ်
==========

ဒီတပတ်ရဲ့My india အစီအစဉ်မှာတော့

-အိန္ဒိယနိုင်ငံမှာ အိုဒီရှာ တိုင်းရင်းသားယဉ်ကျေးမှုနဲ့ ဘဝနေထိုင်မှုပုံစံတွေမြှင့်တင်ပေးဖို့အတွက် ၁၀ရက်ကြာတဲ့ တိုင်းရင်းသားပွဲတော်တစ်ခုကို ဘူဘာနေရှဝါမြို့ရဲ့ အဒီဗာဆာပြပွဲကွင်းပြင်ထက်မှာကျင်းပ

-မကြာခင်ထွက်ရှိလာတော့မယ့် ဘောလိဝုဒ် မိသားစုဒရာမာဇာတ်ကား ‘Gulmihar’အတွက် အထူးမိတ်ဆက်ပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲကို နယူးဒေလီမှာကျင်းပ

-အိန္ဒိယနိုင်ငံ အလယ်ပိုင်းမြို့ဖြစ်တဲ့ မက်ဒ်ရာပရာဒေ့ရှ်ပြည်နယ်အတွင်းက အင်ဒိုးရေးမြို့မှာဖွင့်လှစ်လိုက်တဲ့တိရစ္ဆာန်စားသောက်ဆိုင်မှ အဓိကစားသုံးသူဖြစ်တဲ့ Pooch ခွေးများအတွက်အဓိကထားရောင်းချ

-အိန္ဒိယရဲ့ ရုပ်ရှင်မြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမှာ ရုပ်ရှင်ကြယ်ပွင့်များစုံလင်တဲ့ ဘောလိဝုဒ်အကျော်အမော်များက Zee Cine ဆုပေးပွဲကိုတက်ရောက်ခဲ့

-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။





#myindia 
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
284 views03:45
Open / Comment
2023-05-13 05:24:21 ဖမ်းဆီးခံထားရသည့် ပြည်သူ ၂ ဦး၏ နေအိမ်နှင့် ဆိုင်ခန်းများ ချိပ်ပိတ်ခံရ
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်နှင့် စစ်တောင်းကျေးရွာမှ ပြည်သူနှစ်ဦး၏ နေအိမ်နှင့် ဆိုင်ခန်းများအား စစ်ကောင်စီတပ်မှ မေလ ၁၀ ရက်နေ့တွင် လာရောက် ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်နေ ကိုဥက္ကာထက်လင်း(ခ) ဥက္ကာ ၏ နေအိမ်၊ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်နှင့် ကျိုက်ထိုမြို့ စစ်တောင်းကျေးရွာမှ ကိုနေလင်းထက်(ခ) အာမီ ၏ နေအိမ်နှင့် ကုန်စုံဆိုင်တို့အား မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၊ ရဲနှင့် အရပ်ဝတ်များမှ လာရောက်ချိပ်ပိတ်သွားကြောင်း သိရသည်။

“ဟုတ်ပါတယ်၊ ချိပ်ပိတ်ခံလိုက်ရတယ်၊ ဥက္ကာတို့ အိမ်ကိုပေါ့။ ဥက္ကာက သူ့မိဘတွေနဲ့ ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်လေး ဖွင့်ထားတာပေါ့။ သူ့ကိုလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုရှိတယ်။ ထောက်ပို့လုပ်တယ်လို့ စွပ်စွဲပြီး ဖမ်းထားတယ်။ ခု တရားစွဲတင်ထားတယ်။ အဲ့ဒါပြီးတော့ အိမ်ချိပ်ပိတ်လိုက်တယ်။ နေလင်းထိုက် ကလည်း တူတူပဲ။ ဥက္ကာနဲ့တူတူပဲ မတ်လထဲမှာပဲ ဖမ်းခံလိုက်ရတယ်။ သူလည်း အိမ် ချိပ်ပိတ်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကိုထက်ဥက္ကာလင်း နှင့် ကိုနေလင်းထိုက် တို့နှစ်ဦးကို မတ်လ ၂၀ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်နေကြောင်း စွပ်စွဲချက်ဖြင့် လာရောက်ဖမ်းဆီးခဲ့ပြီး မေလ ၁၀ ရက်နေ့တွင် ထိုသူနှစ်ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများအား ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ကိုထက်ဥက္ကာလင်းနှင့် ကိုနေလင်းထိုက် တို့အား ကျိုက်ထိုရဲစခန်းမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများဖြစ်သည့် ပုဒ်မ ၅၀(ည)အပါအဝင် ၅၀(ဈ)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုထားကာ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် NLD လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများ၏ နေအိမ် ၁၀ လုံးထက်မနည်း ချိပ်ပိတ်ခံခဲ့ရကြောင်း ကျိုက်ထိုမြို့တွင် နေအိမ်ချိပ်ပိတ်ခံထားရသည့် သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းထံမှ သိရသည်။

“ကျိုက်ထိုမြို့ထဲမှာတော့ အိမ်ချိပ်ပိတ်တာ ကျနော့်အိမ်အပါအဝင် နေအိမ် ၁၀လုံးနဲ့အထက် ရှိပြီ။ ကျနော်တို့ကတော့ တော်လှန်ရေးနိုင်အောင်လုပ်မှာပဲ။ သူတို့ကတော့ သူတို့အလုပ် သူတို့ လုပ်မှာပဲလေ။ သူတို့ လုပ်တဲ့အလုပ်တွေက ဘယ်တုန်းကများ ကောင်းတာရှိခဲ့ဖူးလို့လဲ။ ကျနော်တို့ကိုမရတော့ ကျနော်တို့ မိသားစုကိုဖမ်းတယ် ထောင်ချတယ်။ ဒီလိုပဲ တခြားသူတွေကိုလည်း ဖမ်းတယ်၊ အိမ်ကိုချိပ်ပိတ်တယ်။ ဒါပြည်သူရဲ့ ပစ္စည်းကို မတရားလုပ်တာပဲလေ” ဟု ကိုအေးမင်းထွန်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံအဝန်း ပြည်သူများ၏ နေအိမ် ၆၄၁ လုံး၊ ဆိုင်ခန်း ၄၂ ဆိုင် အပါအဝင် အကြီးစားပိုင်ဆိုင်မှုစုစုပေါင်း ၇၅၁ ခုအား စစ်ကောင်စီတပ်မှ ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး ချိပ်ပိတ်ခံရသူအများစုမှာ လွှတ်တော်အမတ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်ကြောင်း AAPP မှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျိုက်ထိုမြို့နယ်
#ချိပ်ပိတ်
#AAPP
#လွှတ်တော်အမတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
768 views02:24
Open / Comment
2023-05-13 05:24:16
ဖမ်းဆီးခံထားရသည့် ပြည်သူ ၂ ဦး၏ နေအိမ်နှင့် ဆိုင်ခန်းများ ချိပ်ပိတ်ခံရ
663 views02:24
Open / Comment
2023-05-13 05:22:07 မေလ (၁၃) ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
Federal Wings ဒရုန်းတပ်ဖွဲ့အတွက် လိုအပ်တဲ့ငွေကြေးတွေကို အမျိုးသားညီညွတ်ရေး အစိုးရက အားဖြည့်ကူညီပေးမယ်ဆိုတဲ့ သတင်းနဲ့အတူ မြန်မာ့အရေးတိုးတက်မှုမရှိတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းတဲ့နေရာမှာ ကြားဝင် မစွက်ဖက်ရေးမူကို ကိုင်စွဲထားလို့ မရတော့ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောလိုက်ဆိုလိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ မုန်တိုင်းဘေးအန္တရာယ်၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကပြင်ဆင် နေမှုတွေနဲ့ အာဆီယံရဲ့လူသားချင်းစာနာထောက်ထားရေးဌာနနဲ့ပူးပေါင်းဆောင်ရွက်နိုင်ခြေအလားအလာတွေကို မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက တွေ့ဆုံမေးမြန်းထားတဲ့ အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။





#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
603 views02:22
Open / Comment