Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.37K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 6

2023-06-05 16:10:53 ​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ ဇွန် ၂၀၂၃) 
=======================

အမျိုးသားညီညွတ်ရေးအစိုးရမှ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းဖွဲ့ စည်းလိုက် ကြောင်း ကြေညာပြီးနောက် ရန်ကုန်တွင်တော်လှန်ရေးလှုပ်ရှားမှုများ ခပ်စိတ်စိတ်တွေ့လာရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
831 views13:10
Open / Comment
2023-06-05 16:08:57 ​​မုန်တိုင်းဒဏ်သင့် ဒေသများထံ အကူအညီများ ဝင်ခွင့်ရရေး စာနာမှုအကူအညီ အလှူရှင်များ တောင်းဆိုနေချိန် စစ်အုပ်စုက လူ့အသက်များနှင့် ကစားနေ
=====================

မုတ်သုံရာသီ၏ တိမ်ညိုတိမ်မည်းများ ဘွားခနဲ ပေါ်လာစဉ် များမကြာမီက မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံထားရသော မြန်မာနိုင်ငံအနောက်ပိုင်းရှိ ပြည်သူအများအပြားမှာ လက်ရှိတွင် သေရေးရှင်ရေးတမျှ အကျပ်အတည်း အခြေအနေများအောက်တွင် နေထိုင်နေရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
841 views13:08
Open / Comment
2023-06-05 15:34:39 ​​ကလေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်၍ အရပ်သား ၄ ဦး ဒဏ်ရာရ
==================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ ရှုခင်းသာကျေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လေကြောင်းမှပစ်ခတ်တိုက်ခိုက်သောကြောင့် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ပံချောင်းနှင့် ရာဇဂြိုလ်ကားလမ်းဘေး၊ ရှုခင်သာကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်မှ ဇွန်လ ၅ ရက်နေ့ ၉ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် သုံးကြိမ် လာရောက်ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။

“ ကလေးတွေအတွက် ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ကျောင်းက ဆရာ၊ ဆရာမလေးတွေ တွေ့ဆုံကြတာလို့ ကြားတယ်။ အဲဒါကို ဘေးနားက ကံကြီးပျူစောထီးရွာက စစ်ကောင်စီကို သတင်းပေးလို့ လာပစ်တာလို့ ကြားရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံက မဇ္စျိမသို့ပြောသည်။

ရှုခင်းသာတွင် PDF ကာကွယ်ရေးတပ်ဖွဲ့များစုဝေးနေကြပြီး လက်နက်ကြီးများလည်း တပ်ဆင်နေ ကြောင်း ကံကြီးကုန်းပျူစောထီးရွာမှ စစ်ကောင်စီတပ်သို့ သတင်းပို့သည့်အတွက် ယခုကဲ့သို့ ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရှုခင်းသာကျေးရွာတွင် ကာကွယ်ရေးတပ်သားများလည်း ရှိမနေကြောင်းနှင့် ပစ်ခတ်မှုကြောင့် ဒေသခံ လေးဦး လက်နက်ကြီးကျည်ဆံအစများထိမှန်၍ မစိုးရိမ်ရသောဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

တဆက်တည်းပင် နံနက် ၁၁ နာရီခန့်ကလည်း စခန်းကြီးရွာဖက်မှ စစ်ကောင်စီတပ်သားးများက လက်ပံ ချောင်းရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း အဆိုပါဒေသခံကပြောသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် ရွာအလယ်ခေါင်တွင်ကျရောက်ပေါက်ကွဲပြီး ဒေသခံတစ်ဦး ခြေထောက်ပြတ် သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ကလေးမြို့
#ရှုခင်းသာကျေးရွာ
#လေကြောင်း
#လက်နက်ကြီး
#စာသင်ကျောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
912 views12:34
Open / Comment
2023-06-05 15:33:02 ဇွန်လ (၅) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
==================

- မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်သွားပေမယ့် ဒေသအချို့မှာ ဇွန် ၈ ရက်နေ့ကနေ ၁၅ ရက်အတွင်း မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တဲ့သတင်း

- မြန်မာနိုင်ငံထုတ် မူးယစ်ဆေးဝါးတွေ လမ်းကြောင်းသစ်တွေနဲ့ ရောင်းဝယ်မှု တိုးလာနေတဲ့သတင်း

- မုန်တိုင်းဘေးဒဏ်သင့်ရခိုင်ပြည်သူတွေ အမိုးအကာအောက်ရောက်ရှိစေရေး AA ကြိုးပမ်းနေတဲ့သတင်း

- ကြားကာလ ပညာရေးစတင်ခဲ့ရာ ဝက်လက်မြို့နယ်ထဲက နပဲလင်လှရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ ဖျက်စီးသွားတဲ့သတင်း

- သွင်းကုန်တွေကို ဘဏ်ငွေလွှဲပြောင်းစနစ်နဲ့သာ ငွေပေးချေဖို့ စစ်ကောင်စီ ညွှန်ကြားလိုက်တဲ့သတင်းနဲ့

- ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဟန့်တားနေတဲ့ အခက်အခဲတွေများစွာရှိကြောင်း တရုတ်သံတမန် ပြောကြားလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/mrqCTGmHB5w?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
839 views12:33
Open / Comment
2023-06-05 15:30:53 “လိုင်ဇာမြို့က ပလပ်စတစ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးလှုပ်ရှားမှု” (ရုပ်၊သံ)
=====================

KMN (မဇ္ဈိမ)။ ။ဒီကနေ့ ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ပါ။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ Beat Plastic Pollution ပလပ်စတစ်အသုံးပြုမှုကို ငြင်းဆန်လျှော့ချပါလို့ အမည်ရပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာပါဝင်တဲ့အနေနဲ့ KIO/KIA ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ လိုင်ဇာ မြို့မှာ ပလပ်စတစ်အသုံးပြုမှုလျှော့ချဖို့ အသိပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အသိပညာပေးလူပ်ရှားမှုဟောပြောပွဲနှင့်အတူ အမှိုက်ကောက်ခြင်း အစီအစဉ်ကို KIO/KIA စည်ပင်သာယာဌာန၊ နောင်အေခူး သာသနာကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ လိုင်ဇာအခြေစိုက်လူငယ်တွေက ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြပါတယ်။





တင်ဆက်၊တည်းဖြတ် - KMN

#Mizzima
#WorldEnvironmentDay2023
#လိုင်ဇာမြို့
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
773 views12:30
Open / Comment
2023-06-05 15:29:02
ရာထူးသက်တမ်းအသစ်ကိုဆက်ခံခဲ့တဲ့ တူရကီသမ္မတအာဒိုဂန်က အစိုးရအဖွဲ့သစ်ကို ထုတ်ဖော်ပြသ

https://www.facebook.com/reel/1296303304652291

#internationalnews
#mizzima
#reels
#shorts
844 views12:29
Open / Comment
2023-06-05 14:22:37 မင်းကွန်းပုထိုးတော်ကြီးအနီး စစ်ကောင်စီတပ်စွဲပြီးနောက် ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးနေရ
==========================

007
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်၏စစ်ကြောင်းတခု ဇွန်လ ၅ ရက်နေ့ညက မင်းကွန်းပုထိုးတော်ကြီးအနီးတပ်စွဲလိုက်သဖြင့် အနီးအနားရှိကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးရှောင် ထွက်ပြေးနေကြရကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“အင်အား ၅၀ လောက်ရှိမယ်ထင်တာပဲ၊ အဲဒီစစ်ကြောင်းက မင်းကွန်းပုထိုးတော်ကြီးတောင်ဘက်က ရွှေပန်းမြိုင်(ဘုန်းကြီး)ကျောင်းမှာ တပ်စွဲလိုက်တယ်။ အဲဒီကနေ ရွာတွေကို စစ်ကြောင်းထိုးမယ့်ပုံစံမြင်လို့ ရွာနီးချုပ်စပ် အကုန်ထွက်ပြေးနေကြရတယ်၊ အားလုံးပေါင်း ၁၀ ရွာ လောက်ရှိမယ်”ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဇွန်လ ၃ ရက်နေ့က ၀က်လက်မြို့နယ် နပဲပင်လှကျေးရွာတွင် အိမ်ခြေ ၈၀ ဝန်း ကျင်နှင့်ဘုန်းကြီးကျောင်း၊ စာသင်းကျောင်းများအား မီးရှို့ဖျက်ဆီးကာ လူတဦးကိုလည်း သတ်ဖြတ်သွား ကြောင်း ဒေသခံတဦးက ပြောသည်။

“အဲဒီစစ်ကြောင်းပဲ မွှေနေတာ၊ တမာကန်(ကျေးရွာ)မှာ တညအိပ်ပြီး မနေ့ကမနက်ပိုင်းမှာ စစ်ကိုင်းထဲ ၀င်လာတဲ့စစ်ကြောင်းပေါ့၊ ညနေပိုင်းမှာ မင်းကွန်းဘက်ရောက်လာပြီး ညအိပ်တပ်စွဲတယ်၊ အခုထိတော့ ဆိုးဆိုးရွားရွား ဘာမှမကြားသေးဘူး” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါစစ်ကြောင်းသည် စစ်ကိုင်း-မင်းကွန်းလမ်းရှိ ပယ်ငါးဆယ်ကျေးရွာ မြစ်ဆိပ်မှ ရေယာဉ်တစီးဖြင့် မင်းကွန်းရှေးဟောင်းနယ်မြေသို့စစ်ကြောင်းချီလာပြီးနောက် မင်းကွန်းပုထိုးကြီးတောင်ဘက်ရှိ ရွှေပန်း မြိုင်ဘုန်းကြီးကျောင်းအတွင်း စခန်းချတပ်စွဲလိုက်ခြင်း ဖြစ်သည်။

ယင်းကြောင့် လက်ရှိတွင် မင်းကွန်းရှေးဟောင်း သာသနာ့နယ်မြေအနီးရှိ ကျေးရွာများမှ ဒေသခံ ၁,၀၀၀ ခန့် ဘေးလွတ်ရာသို့ထွက် ပြေးနေကြရကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်း မေလ ၁၉ ရက်နေ့ကစပြီးစစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းများ သည် အိမ်ခြေ ၁,၅၀၀ ခန့်ရှိသော ပဒူကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#မင်းကွန်းပုထိုးတော်ကြီး
#စစ်ကိုင်း
#စစ်ကောင်စီတပ်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
1.1K views11:22
Open / Comment
2023-06-05 14:22:32
မင်းကွန်းပုထိုးတော်ကြီးအနီး စစ်ကောင်စီတပ်စွဲပြီးနောက် ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးနေရ
961 views11:22
Open / Comment
2023-05-20 14:16:09 အစိမ်းရောင် လူမျိုးစု [ TRAILER -4] | Green Tribe



153 views11:16
Open / Comment
2023-05-20 14:15:00
သင်္ဘောသီးထောင်းကြော် | Chef Eve's Easy Thai Cooking Show | Ep - 15

Watch more detail-



#Mizzima #reels #shorts #သင်္ဘောသီးထောင်းကြေ #ChefEve’s
153 views11:15
Open / Comment