🔥 Burn Fat Fast. Discover How! 💪

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 54.06K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 520

2021-11-25 08:57:55 မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၁)

မြန်မာ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းကြီး ဖြစ်ပြီး အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် MEHL က မြန်မာဘီယာ ထုတ်လုပ်ငန်း မြန်မာဘရူဝါရီ လိမိတက်ကို စာရင်းရှင်းလင်း ဖျက်သိမ်းရေး ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က လျှောက်ထားကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ကြော်ငြာထားပါတယ်။ ကပ်ရောဂါ၊ ငွေကြေးဖောင်းပွမှုနဲ့ ကုန်စည်စီးဆင်းမှုပြဿနာတွေကြောင့် ဒီနှစ်အားလပ်ရက်ရာသီမှာ အရင်နှစ်တွေကနဲ့မတူ ဈေးဝယ်သူတွေအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ပညာရှင်တွေက ပြောနေကြပါတယ်။ ဒီလို နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေကို နိုဝင်ဘာလ ၂၅ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

274 views05:57
Open / Comment
2021-11-25 08:57:08 နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ထိ နောက်ဆုံးရ သတင်းများ

280 views05:57
Open / Comment
2021-11-25 08:55:57 လူထုနဲ့ တော်လှန်ရေး မဇ္စျိမပဋိပဒါ(ဆောင်းပါး)
တော်လှန်ရေးဆိုတဲ့ နေရာမှာ လူမှုရေးနဲ့ ဆက်စပ်တာ ရှိသလို စီးပွားရေးနဲ့ ဆက်စပ်တာလည်း ရှိပါတယ်။ နောက်ပြီး နိုင်ငံရေးသဘောတွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ ဒီကနေ့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ နွေဦးတော်လှန်ရေးကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာ အားလုံးနဲ့ ဆက်စပ်နေပါတယ်။ဒီကနေ့ နွေဦးတော်လှန်ရေးဟာ နိုင်ငံရေးသမားချင်း အာဏာအဝေမတည့်တာကနေ ဖြစ်လာတဲ့ တော်လှန်ရေး မဟုတ်ပါဘူး။ နိုင်ငံတော်အာဏာကို လက်နက်နဲ့ မတရားသိမ်းယူထားတဲ့အတွက် ဖြစ်လာတဲ့ အာဏာရူး စစ်အုပ်စုနဲ့ လူထုအကြား ဖြစ်ပွားတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။တစ်နည်းပြောရရင် ခေတ်အဆက်ဆက် နိုင်ငံကို နိုင်လိုမင်းထက် အုပ်ချုပ်ပြီး လူထုကို အလေးမထားတဲ့ လူဟောင်း၊ စနစ်ဟောင်းကို ဖြိုဖျက်ပြီး လူသစ်၊ စနစ်သစ်နဲ့ အစားထိုးဖို ဖြစ်လာတဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပါတယ်။တော်လှန်ရေးမှာ လူထုက အဓိက အခရာကျတယ်ဆိုတာ အထူးပြောပြနေစရာကို မလိုတာပါ။ လူထုပါဝင်တာကြောင့်သာ တော်လှန် ရေးဆိုတာ ဖြစ်တည်လာရတာ ဖြစ်ပါတယ်။ လူထု လိုလားချက်ကို အကောင်အထည်ဖော်ဖိုသာ တော်လှန်ရေး ရှိလာတာ ဖြစ်တယ်။ တော်လှန်ရေးဆိုတာက အစုအဖွဲ တစ်ခုတည်းက ဖော်ဆောင်လို မရပါဘူး။ ဒါကြောင့် တော်လှန်ရေးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နေသူတွေဟာ လူထုလိုလားချက်ကို ဖြည့်ဆည်းပေးဖိုသာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ဖြစ်စဉ်တိုင်း၊ နေရာတိုင်းမှာ လူထုနောက်ချည်း လိုက်ဖို မလိုသလို လူထုကို ဆန့်ကျင်နေလိုချည်းလည်း မဖြစ်ပါဘူး။ ဘယ်အချိန်မှာ လူထုနောက်ကိုတော့ လိုက်မယ်၊ ဘယ်အခါမှာတော့ လူထုနဲ့ ဆန့်ကျင်သင့်ရင် ဆန့်ကျင်ပြီး လုပ်ကိုင်ရမယ်ဆိုရင်လည်း စည်းရုံးသိမ်း သွင်းခြင်းနည်းနဲ့ တော်လှန်ရေးကို ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ် ဦးဆောင်သွားဖို လိုပါတယ်။ ဒါဟာ တော်လှန်ရေးမှာ ကျင့်သုံးရမယ့် မဇ္စျိမပဋိပဒါလမ်းစဉ် ဖြစ်ပါတယ်။

279 viewsedited  05:55
Open / Comment
2021-11-24 18:19:53 သန်လျင်မြို့မဈေးအနီး ပေါက်ကွဲမှုဖြစ်ပွား
--------------------

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့မဈေးအနီးတွင် ယနေ့ နိုဝင်ဘာလ ၂၄ ရက် ညနေ ၃ နာရီ မိနစ် ၂၀ က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြဝတီဘဏ်နှင့် စာတိုက်ရုံးအနီးရှိ ခြုံပုတ်ထဲတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုဘဏ်နှင့်ရုံးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုံမှန် လာရောက် စစ်ဆေး‌ လေ့ရှိကြောင်း သိရသည်။

“ဖောက်ခွဲခဲ့တဲ့ နေရာက မြဝတီဘဏ်အနီးက အကြမ်းဖက် စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ ပုံမှန် စောင့်တဲ့နေရာ ဖြစ်ပါတယ်။ အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲခဲ့တာပါ” ဟု သန်လျင်မြို့ပြ ပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရှိရသေးကြောင်းနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောက်လန့်တကြား ထွက်ပြေးသွားကြကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်ဟု ၎င်းက ပြောသည်။

“ဗုံးပေါက်‌တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြောက်ပြီး ထွက်ပြေးကြတယ်။ အခုတော့ အင်အားဖြည့်ပြီး ပြန်ရောက်လာပြီ။ လမ်းပိတ်ပြီး အဲ့နားက ပြည်သူတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိအချိန်အထိ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်က လမ်းပိတ်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
1.1K views15:19
Open / Comment
2021-11-24 18:19:50
သန်လျင်မြို့မဈေးအနီး ပေါက်ကွဲမှုဖြစ်ပွား
926 views15:19
Open / Comment
2021-11-24 18:18:36 ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် ဆောင်ရွက်မည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်

Thai PBS World ၊နိုဝင်ဘာ ၂၄

ကမ္ဘောဒီးယားသည် ယခုအပတ်ထဲ ၁၃ ကြိမ်မြောက် အာရှ-ဥရောပ (ASEM) ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် ဆောင်ရွက်ကျင်းပမည်ဖြစ်ပြီး အဆိုပါနှစ်ရက်တာ အစည်းအဝေးတွင် COVID-19 အလွန်ကာလ လူမှု-စီးပွားဆိုင်ရာ ပြန်လည်နာလန်ထူမှုနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးမူကို အားကောင်းစေရေးတို့တွင် အာရုံစိုက်ဆွေးနွေးသွားမည် ဖြစ်သည်။

ထို ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ASEM အစည်းအဝေး သဘာပတိက ဖိတ်ကြားထားခြင်း မရှိပေ။ ယင်းမတိုင်မီက အာဆီယံထိပ်သီးအစည်းအဝေးတစ်ခုတွင် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဘဲ နိုင်ငံရေးပိုင်းက မဟုတ်သူတစ်ဦးကိုသာ တက်ရောက်စေရန် ဆုံးဖြတ်ချက်တစ်ခုကို အောက်တိုဘာ ၁၅ ရက်တွင် အာဆီယံက ချမှတ်ထားခဲ့သည်။ ယင်းအတွက် မြန်မာစစ်ကောင်စီဘက်က ထိုအာဆီယံအစည်းအဝေးတွင် ကိုယ်စားပြုတက်ရောက်ခြင်း မရှိခဲ့ပေ။ ထို့ပြင် နိုဝင်ဘာ ၂၂ ရက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတစ်ခုတွင်လည်း မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့် မရရှိခဲ့ပေ။

ယခု နိုဝင်ဘာ ၂၅ ၊ ၂၆ ရက်တို့တွင် ဖနွမ်းပင်က အိမ်ရှင်အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အွန်လိုင်းကနေ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၅၀ မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည်ဖြစ်သည်။ ထိုအစည်းအဝေးတွင် COVID-19 အကျပ်အတည်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစနစ်တို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးသွားကြမည်ဖြစ်သည်။ ဥရောပကောင်စီ ဥက္ကဋ္ဌ နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့လည်း ထိုထိပ်သီးအစည်းအဝေးတွင် ပါဝင်တက်ရောက်ကြမည်ဖြစ်သည်။

နှစ်ရက်တာ အစည်းအဝေးများအတွင်း ထုတ်ပြန်ချက်နှစ်ခု ထုတ်ပြန်မည်ဖြစ်ပြီး ယင်းတို့သည် အမြင်ရည်မှန်းချက်ချင်းတူညီသည့် တိုးတက်ဖွံ့ဖြိုးမှုအတွက် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးမူကို အားကောင်းစေရေးဆိုင်ရာ အစည်းအဝေး သဘာပတိ၏ ထုတ်ပြန်ချက်နှင့် ဒုတိယတစ်ခုက COVID-19 ဆိုင်ရာ ပြန်လည်နာလန်ထူရေး အားထုတ်မှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တို့ ဖြစ်သည်။

Thai PBS World က ကြည့်ရှုခွင့်ရခဲ့သည့် သဘာပတိ၏ ထုတ်ပြန်ချက်တွင် ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြီး အကျပ်အတည်း အရှိန်လျော့စဲစေရေး အာဆီယံ၏ အားထုတ်မှုများကို အခိုင်အမာ ထောက်ခံကြောင်း အတည်ပြုထားမှု ပါဝင်သည်ဟု သိရသည်။ ထို့ပြင် ၎င်းတို့သည် မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံး ညှိနှိုင်းဆွေးနွေးမှုတွင် ပါဝင်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လမ်းကြောင်းဆီ ပြန်သွားရေးကို တောင်းဆိုထားခဲ့သည်ဟု သိရသည်။

http://www.mizzimaburmese.com/article/92160
907 views15:18
Open / Comment
2021-11-24 18:15:45 “ ၁၀၁ နှစ်ပြည့် အမျိုးသားနေ့ အကြို လူထုဟောပြောပွဲ”
=======================

၁၀၁ နှစ်ပြည့် အမျိုးသားနေ့တွင် “ စစ်ကျွန်မခံ ဘူးငြင်းဆန် အမျိုးသားနေ့ အဓိဌာန်” ခေါင်းစဥ်ဖြင့် သပိတ်အင်အားစုများမှ လူထုကြီးတစ်ရပ်လုံး ဘူးသပိတ်တွင် ပါဝင်ကြရန်လှုံဆော်နေမှုများနှင့်
နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၄ အထိ ပါရမီနှင့် Omni Focus ယာဥ်လိုင်းများကို တစ်ပတ်တိတိ သပိတ် မှောက်မည့် “ရန်ကုန်လူထုလှုပ်ရှား ရက်သတ္တပတ်” လှုပ်ရှားမှုများကို ဦးတည်ဟောပြောမည့်
“ ၁၀၁ နှစ်ပြည့် အမျိုးသားနေ့လူထုဟောပြောပွဲ”
ကို စီစဥ်ကျင်းပသွားမည်ဖြစ်ပါသည်။

၄င်းလူထုဟောပြောပွဲကို နိုဝင်ဘာ ၂၅ နှင့် ၂၆ ရက်တို့တွင် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး မြို့အသီးသီးမှ လူငယ်သပိတ်ခေါင်းဆောင်းများပါဝင် ဟောပြောကြမည် ဖြစ်ပါသည်။

ကျင်းပမည့်အချိန် - ည ၈ နာရီ - ၉ နာရီ
ကျင်းပမည့်နေ့ရက် - နိုဝင်ဘာ ၂၅ (ပထမနေ့)

တွင်ပါဝင်မည့်သူများ -

မအေးမြင့်အောင်အောင် - Women Alliance (WA)

မချောစု - မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ဒုဥက္ကဌ

ကိုမြင့်မြတ် - LGBT Alliance - မုံရွာ

ကိုမင်းဟန်ထက်-ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ASU)

ကိုဗိုက်ပူ-ကလေးမြို့မသပိတ်ကော်မတီ

ကိုနန်းလင်း - တကသကျောင်းသားဟောင်းများအင်အားစု (USUAF)

ကိုချစ်ဝင်းမောင်- မကွေးလူထုတိုက်ပွဲကော်မတီ

ကိုထက်မြက်အောင် - ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ
619 views15:15
Open / Comment
2021-11-24 18:15:41
“ ၁၀၁ နှစ်ပြည့် အမျိုးသားနေ့ အကြို လူထုဟောပြောပွဲ”
=======================

၁၀၁ နှစ်ပြည့် အမျိုးသားနေ့တွင် “ စစ်ကျွန်မခံ ဘူးငြင်းဆန် အမျိုးသားနေ့ အဓိဌာန်” ခေါင်းစဥ်ဖြင့် သပိတ်အင်အားစုများမှ လူထုကြီးတစ်ရပ်လုံး ဘူးသပိတ်တွင် ပါဝင်ကြရန်လှုံဆော်နေမှုများနှင့်
နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၄ အထိ ပါရမီနှင့် Omni Focus ယာဥ်လိုင်းများကို တစ်ပတ်တိတိ သပိတ် မှောက်မည့် “ရန်ကုန်လူထုလှုပ်ရှား ရက်သတ္တပတ်” လှုပ်ရှားမှုများကို ဦးတည်ဟောပြောမည့်
“ ၁၀၁ နှစ်ပြည့် အမျိုးသားနေ့လူထုဟောပြောပွဲ”
ကို စီစဥ်ကျင်းပသွားမည်ဖြစ်ပါသည်။

၄င်းလူထုဟောပြောပွဲကို နိုဝင်ဘာ ၂၅ နှင့် ၂၆ ရက်တို့တွင် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး မြို့အသီးသီးမှ လူငယ်သပိတ်ခေါင်းဆောင်းများပါဝင် ဟောပြောကြမည် ဖြစ်ပါသည်။

ကျင်းပမည့်အချိန် - ည ၈ နာရီ - ၉ နာရီ
ကျင်းပမည့်နေ့ရက် - နိုဝင်ဘာ ၂၅
571 views15:15
Open / Comment
2021-11-24 18:13:41
ထန်တလန်တွင် မီးလောင်မှုကြီးဖြစ်ပွားနေပြန်
-----------------------
ချင်းပြည်နယ် ထန်တလန်မြို့တွင် ယနေ့နေ့လည် ၂ နာရီခန့်က စတင်လောင်ကျွမ်းခဲ့သော မီးလောင်မှုကြီးသည် ည ၇ နာရီအထိလောင်ကျွမ်းနေဆဲဖြစ်သည်ဟု ဒေသခံများကပြောသည်။

'' နေအိမ်ဘယ်လောက်ထိပါသွားလဲဆိုတာတော့အတိအကျမသိရသေးဘူး''ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုအကြိမ်ပါထဲ့ရေတွက်လျှင် ထန်တလန်တွင် နှစ်လအတွင်း လူနေအိမ်များမီးလောင်ကျွမ်းမှု ငါးကြိမ်ရှိပြီဖြစ်သည်။

အောက်တိုဘာ ၂၉ ရက်နေ့လောင်ကျွမ်းမှုမှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ရာကဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားခဲ့ကြသည်။ စစ်ကောင်စီတပ်ကတော့ ငြင်းဆိုခဲ့ပြီး ဒေသခံချင်းတော်လှန်ရေးတပ်များကိုပင်အပြစ်ဖို့ခဲ့သည်။

စက်တင်ဘာလ ၁၈ရက်နေ့တွင်နေအိမ် ၁၉ လုံး၊ အောက်တိုဘာလ ၂၉ရက်နေ့တွင် နေအိမ်၁၆၄လုံး၊နိုဝင်ဘာ ၆ရက်နေ့တွင်နေအိမ် ရှစ်လုံး၊နိုဝင်ဘာ၉ရက်နေ့တွင်နေအိမ် လေးလုံးဆုံးရှုံးခဲ့ရသည်။

ဓာတ်ပုံ- CNJ
586 views15:13
Open / Comment
2021-11-24 18:12:07
လွိုင်ကော် ကရုဏာ ဆေးခန်း ဖြစ်ရပ် မြဝတီသတင်းမှားယွင်း၊
ဖမ်းဆီးခံရသူများ ပြန်လွတ်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်။

လွိုင်ကော်မြို့ ကရုဏာ ဆေးခန်းကိစ္စနှင့် ပတ်သက်၍ မြဝတီ ရုပ်သံမှ ကြေညာချက်များ မှားယွင်းနေပြီး ဖမ်းဆီးခံရသူများ နိုဝင်ဘာလ ၂၃ ရက်နေ့က ပြန်လွတ်လာခဲ့သည်ဟု လွိုင်ကော်မြို့ခံများက ပြောသည်။
581 views15:12
Open / Comment