Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.65K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 522

2021-11-24 13:59:43 ဒိန်းမတ်လေတပ်မှာ လျှပ်စစ်လေယာဉ်တွေကို စတင်သုံးစွဲ

992 views10:59
Open / Comment
2021-11-24 13:59:25 ဘူလ်ဂေရီးယားနိုင်ငံက ဘက်စ်ကားတစ်စီးမီးစွဲလောင်ပြီး လမ်းဘေးလက်ရန်းကိုဝင်တိုက် ခရီးသည် ၄၆ ဦးသေဆုံး

983 views10:59
Open / Comment
2021-11-24 13:00:55 နိုဝင်ဘာလ၂၄ရက်နေ့၊ ညနေ ၄ နာရီအထိနောက်ဆုံးရသတင်းများ

-မုံရွာ - မန္တလေး ကားလမ်းကိုဖြတ်ပြီး ခရီးမသွားကြရန် ပြည်သူ့ကာကွယ်ရေးတပ် သတိပေး

- ဗိုလ်တထောင်တွင် အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းမြင့်အောင်ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်

- မြိုင်တွင် စစ်ကောင်စီယာဉ်တန်းများကို ရှော့ခ်တိုက်ဒုံးဖြင့် ပစ်ပြီး မိုင်းခွဲတိုက်ခိုက်

- ပေါင်က ပြည်သူ နှစ်ဆယ်နီးပါး (၁၀)ရက်ကျော်အကြာ အဖမ်းခံထားရလို့ မိသားစုဝင်တွေ စိတ်ပူနေ

112 views10:00
Open / Comment
2021-11-24 12:00:45 နိုဝင်ဘာလ ၂၄ ရက် နေ့လယ် ၃ နာရီထိနောက်ဆုံးရသတင်းများ

- အရာတော်-မုံရွာကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ ၄ ကြိမ်မိုင်းဆွဲခံရ၍ သေဆုံးသူအများအပြားရှိဟုဆို

- ခင်ဦးနယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်သတင်းပေးများ ၆၂ ဦးထိ အသတ်ခံရ

- စလင်းမြို့ မြို့မစျေးမီးလောင်ချိန်မှာ ပစ္စည်းလုယက်သူများရှိခဲ့

- ဘိုင်ဒင်နဲ့ရှီ ထိပ်သီးအစည်းအဝေးအပြီး ပထမဆုံးအဖြစ် အမေရိကန်စစ်သင်္ဘောတစင်း
ထိုင်ဝမ်ရေလက်ကြားကို ရောက်ရှိ

327 views09:00
Open / Comment
2021-11-24 11:31:38 ရခိုင်တောင်ပိုင်းမှာ လက်နက်နဲ့အတူ PDF တွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေ
-------------------
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်။
ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲ ငပလီ PDF အယောက် ၃၀ ကို လပြည့်နေ့က AA က ထောက်ပံ့ထားတဲ့ လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းတစ်ခုကို Aung Ba Nyo ဆိုသူ Facebook Account ပိုင်ရှင်က သိမ်းဆည်းရမိထားတယ်လို့ဆိုတဲ့ လက်နက်ဓာတ်ပုံနဲ့တကွ နိုဝင်ဘာလ ၂၀ ရက်နေ့က ရေးတင်ထားပါတယ်။
အဲဒီ သတင်းကို Aung Ba Nyo က “USDP {ပြည်ခိုင်ဖြိုး} တပ်မတော် .. ရဲ .. ချစ်မြတ်နိုးရာ Facebook Group” နဲ့ “တပ်မတော် အမှန်တကယ် ချစ်သူများ” Facebook Group တို့မှာ ဖြန့်ဝေထားပြီး ကြိုက်နှစ်သက်သူ၊ သဘောထား မှတ်ချက်ပေးသူနဲ့ ပြန်လည်ဖြန့်ဝေသူ တော်တော်များများရှိနေတယ် ဆိုတာကိုလည်း တွေ့ရပါ တယ်။
NMG က ဒီသတင်းကို စီစစ်တဲ့ အခါမှာ အဲ့ဒီသတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။
ပထမအချက်အနေနဲ့ Aung Ba Nyo ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ သံတွဲက ဓာတ်ပုံ မဟုတ်သလို မြန်မာ နိုင်ငံထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို အခြေခံထားတဲ့ ဓာတ်ပုံလည်း ဟုတ်မနေပါဘူး။
အဲဒီ ဓာတ်ပုံဟာ တာလီဘန်တွေက အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းယူပြီးတဲ့ နောက်မှာ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဗီဒီယို ရိုက်ယူထားတဲ့ ရုပ်သံဖိုင်ထဲက ပုံကို screenshot ရိုက်ပြီး အသုံးပြုထားတာကို တွေ့ရပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ရုံးချုပ်တည်ရှိတဲ့ ALARABAYA NEWS က ရေးသား ထားတဲ့ သတင်းနှင့် ရုပ်သံကို ဒီလင့် https://bit.ly/3FLdzMd မှာ ဝင်ကြည့်လို့ရပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်က အာဏာသိမ်းယူဖို့ ကြိုးစားတဲ့နောက်ပိုင်း တိုင်းနဲ့ ပြည်နယ် တော်တော်များများမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ဖွဲ့စည်းထား ပေမယ့် လည်း ရခိုင်ပြည်နယ်မှာ PDF ဖွဲ့စည်းထားတာကို မကြားရသလို သတင်းဌာနတွေနဲ့ ဒေသခံတွေဖက်ကလည်း ရေးသားပြောဆိုမှုတွေလည်း မရှိခဲ့ပါဘူး။
ဒါကြောင့် အချက်အလက် စစ်ဆေးချက်တွေအရ တခြားနိုင်ငံက ဓာတ်ပုံကို စာနဲ့တွဲပြီးတော့ ရေးတင်ထား တာ ကတစ်ကြောင်း၊ နောက်ပြီး ဒေသခံတွေနဲ့ သတင်းဌာနတွေက အခုအဖြစ်အပျက်ကို ပြောဆိုရေးသားမှုတွေ မရှိ တဲ့အတွက် သတင်းအမှားလို့ သတ်မှတ်နိုင်ပါတယ်။
ယခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းဌာနတွေက တင်တဲ့ သတင်းတွေနဲ့ အချက်အလက် တူညီ သယောင် ရေးသားမှုတွေရှိနေသလို ဓာတ်ပုံက ပြောချင်တဲ့ အကြောင်းအရာနဲ့ မကိုက်ညီတဲ့ ရေးသားမှုတွေနဲ့ လည်း ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။
ဒီလိုအခြေအနေမျိုးတွေ ရှိနေတဲ့အတွက် လူမှုကွန်ရက် သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အခုလိုမျိုး ကာ လမှာ သတင်းတွေကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် ကိုယ့်ဖြန့်ဝေမယ့် သတင်းဟာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ရှိ/မရှိ တင်/မတင် သေချာစီစစ်ပြီးမှ ထပ်ဆင့်ဖြန့် ဝေပေးဖို့ လိုအပ်ပါတယ်။
435 views08:31
Open / Comment
2021-11-24 11:31:29 ရခိုင်တောင်ပိုင်းမှာ လက်နက်နဲ့အတူ PDF တွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေ
333 views08:31
Open / Comment
2021-11-24 11:24:52 ဂြိုလ်တုဖမ်းစက်တွေ PSI စက်တွေနဲ့မှ
Mizzima TV နဲ့ Mizzima+ channel ကို ကြည့်လိုရတာမဟုတ်ဘူးနော်. ပရိသတ်ကြီးရဲ့ ဖုန်းထဲမှာတင်
အချိန်မရွေးကြည့်နိုင်ပါတယ်.
လိုင်းနှေးခြင်း ထစ်ခြင်းအတွက်မပူရဘူးနော်.
Mizzima TV နှင့် Mizzima + Channel တွေရဲ့
တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုအိမ်က TV မှာကြည့်နေရလို
ခံစားကြည့်ရှုရမှာဖြစ်ပါတယ်.

အဲဒီအတွက် Mizzima TV App တစ်ခုပဲလိုပါတယ်.

နောက်ပြီး ‌သတင်းတွေကို video နဲ့သာမက
အသံနှင့်ပါနားဆင်နိုင်မယ့်
Mizzima 108 Radio Podcast, ‌
အပတ်စဉ်ထုတ်ဝေနေတဲ့
Mizzima English Magazine,
ကိုယ်တိုင် ရေးသားတင်ပိုနိုင်တဲ့
CJ News နဲ့ CJ Blog စတဲ့
လုပ်ဆောင်ချက်များစွာကို
ပေါင်းစပ်ဖန်တီးထားတာမို
ကိုယ်တိုင်သုံးကြည့်ဖို တိုက်တွန်းလိုက်ရပါတယ်.


App ဒေါင်းလုတ်ရယူရန်
http://onelink.to/jnuwak



#Mizzimatvapp
388 viewsedited  08:24
Open / Comment
2021-11-24 11:14:02 နိုဝင်ဘာလ ၂၄ ရက် နေ့လယ် ၂ နာရီအထိ နောက်ဆုံးရသတင်းများ

ဒေါ်လာ ၁၀၀ တန်၊ ၅၀၀ တန် အထူးငွေတိုက်စာချုပ်အတွက် အွန်လိုင်းငွေပေးချေမှုပုံစံကို ပြောင်းလဲကျင့်သုံးမည်

ဟားခါးမြို့ရှိ ပြောင်းရွှေ့ ဝန်ထမ်းများ ရဟတ်ယာဉ်အခက်အခဲကြောင့် တာဝန်ကျရာနေရာများသို့ သွားရောက်နိုင်ခြင်းမရှိ

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားသည့် အမှုနှစ်မှု နိုဝင်ဘာ ၃၀ တွင် အပြီးသတ်အမိန့်ချမည်

ရခိုင်တောင်ပိုင်းမှာ လက်နက်နဲ့အတူ PDF တွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေ

391 views08:14
Open / Comment
2021-11-24 11:13:37 မြင်းမူမြို့နယ်ရှိ Mytel တာဝါတိုင် ဖြိုချဖျက်ဆီးခံရ
------------
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ခွက်ခွင်းကျေးရွာမှ Mytel Tower တိုင်အား နိုဝင်ဘာလ၂၃ရက်နေ့တွင် GTR MMU , MMU PDF နှင့် ဗိုလ်သံခဲ အဖွဲ့တို့ ညီနောင်များပူးပေါင်း၍ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

386 views08:13
Open / Comment
2021-11-24 11:13:21 ဆွီဒင်မှာ စစ်ရာဇဝတ်မှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ အီရန်အရာရှိဟောင်း

355 views08:13
Open / Comment