🔥 Burn Fat Fast. Discover How! 💪

လာမည့်ရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဝင်ရောက် | Online News Channel

လာမည့်ရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက်အလားအလာသိပ်မရှိတော့သည်ကိုတွေ့ရပါသည်၊
ဘာဖြစ်လိုလဲဆိုတော့တစ်နိုင်ငံလုံးရှိမြို့/ရွာ/ရပ်ကွက် များတွင် နေထိုင်သည့်ပြည်ခိုင် ဖြိုးပါတီဝင်တော်တော်များများသည်အသတ်ခံရခြင်း၊ မိမိနေအိမ်များမှရှောင်ပြေးနေရခြင်း နှင့် ပုန်းအောင်းနေရခြင်းများကြောင့် ပြည်ခိုင်ဖြိုးပါတီဝင် အချို့သည်ပါတီဝင်အဖြစ်ရပ် တည်နိုင်ရန်အခြေအနေနည်းပါးနေရသဖြင့် NLD ပါတီဝင်အကြမ်းဖက်သမားများလက် ချက်ဖြင့် အားကိုးစရာမရှိပဲ ပြည်ခိုင်ဖြိုးပါတီဝင်များလည်းအခြေအနေတွေပျက်ခဲ့ရပြီးဒုက္ခ မျိုးစုံကြုံတွေ့ခဲ့ရသဖြင့် မြို့/ရွာ/ရပ်ကွက် များအတွင်းပြည်ခိုင်ဖြိုးပါတီ မှာ ဖြည်းဖြည်းချင်း ဖျက်ဆီးနေခဲ့ပြီးဖြစ်သောကြောင့် လာမည့်ရွေးကောက်ပွဲတွင်လည်းဝင်ရောက်ယှဉ်ပြိုင်ရန် အခြေအနေတော်တော်ဝေးနေပါသည်
အကယ်၍ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါကလည်း အဆိုပါ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအားသေနတ်ဖြင့်ခြိမ်းခြောက်ခံရခြင်း၊ ပစ် သတ် ခံရခြင်းများဖြစ်လာမှာသေချာသည့်အတွက် ရွေးကောက်ပွဲဝင်ရန်အတွက်ကိုယ်စား လှယ်လောင်းများရှိမည်မဟုတ်ပါ၊ မဲပေးမည်ဆိုပါကလည်း ယခင်က NLD ပါတီသည်ငွေ ပေး၍စည်းရုံခဲ့သလို ယခုလာမည့်ရွေးကောက်ပွဲတွင် NLD ပါတီအကြမ်းဖက်များသည်ငွေ ဖြင့်စည်းရုံးခြင်းမဟုတ်တော့ပဲသေနတ်ဖြင့်ပြ၍မိမိတို့ပေးစေလိုသည့် ပါတီကိုသာမဲပေးရန် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ပစ်သတ်ခြင်းများကိုလုပ်လာမှာဖြစ်သောကြောင့်ရွေးကောက် ပွဲလည်းအောင်မြင်ဖြစ်လာမည်လုံးဝမထင်ပါ၊ ဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများသည် လည်းအသက်အန္တရာယ် ရှိနိုင်သဖြင့် ဝင်ပြိုင်မဲ့သူမရှိ၍ ရွေးကောက်ပွဲမအောင်မြင်နိုင်ပါ၊ထို့ အတွက် ယခုဖြစ်နေသည့် ပစ်ခတ်မှုများ/အကြမ်းဖက်မှုများ ကိုအမြန်ဆုံးထိန်းနိုင်ပါမှ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မည်ဖြစ်ပါသည်။