🔥 Burn Fat Fast. Discover How! 💪

လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ Mytel တာဝါတိုင် မီးရှ | Online News Channel

လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးသူများ အား ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ - ၁၆

စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ ပြည်သာအေးတိုးချဲ့(၂)လမ်းရှိ Mytel တာဝါတိုင်အား ဓာတ်ဆီလောင်၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းလိုက်လံ စုံစမ်းဖော်ထုတ် ခဲ့ရာ အဆိုပါတာဝါတိုင်အား မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအနက် လှည်းကူးမြို့နယ်၊ ခိုင်ရွှေဝါလမ်း၊ ရိပ်သာရပ်ကွက်နေ ကိုကိုချစ် (ခ)ဝေဖြိုး(၂၄)နှစ် (ဘ)ဦးစောထွေးနှင့် ပြည်တော်သာ(၄)လမ်း၊ ပြည်တော်သာရပ်ကွက်နေ သဲအိဖြူ (၃၂)နှစ်(ဘ)ဦးသန်းဝင်းတို့အား စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ကနဦးဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် Mytel တာဝါတိုင် မီးရှို့မှု ဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး NLD ပါတီဝင်တစ်ဦးဖြစ်သည့် စည်သူ နှင့် သိန်းတန် (လှည်းကူးမြိုနယ်၊ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဟောင်း)တိုက စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရ။