Get Mystery Box with random crypto!

နေပြည်တော်က မြသွဲ့သွဲ့ခိုင် ဦးခေါင်းကို ကျည်ဆံမှန်တဲ့ ဖြစ်စဉ်က | Online News Channel

နေပြည်တော်က မြသွဲ့သွဲ့ခိုင် ဦးခေါင်းကို ကျည်ဆံမှန်တဲ့ ဖြစ်စဉ်ကို ကြည့်ကတည်းက လုံခြုံရေးတွေပစ်တာ မဖြစ်နိုင်ဘူးလို့ ရေးခဲ့တော့ ဝိုင်းဆဲခဲ့ကြတယ်။
.
ဘာကြောင့်လည်းဆိုတော့ ၁ အချက်က လုံခြုံရေးတွေ ကိုင်တဲ့သေနတ်၊ ၂ အချက်က အကွာအဝေး၊ ၃ အချက်က ကျည်ဆံမှန်တဲ့ ဒေါင့်။ ပီးတော့ ကျည်ဆံဟာ ဆိုင်ကယ်ဦးထုတ်ကို ပေါက်ပီးမှ ခေါင်းထဲကိုရောက်တာ။
.
လုံခြုံရေးတွေကိုင်တဲ့ သေနတ်ကျည်ဆံအရ 9mm ဖြစ်တဲ့အတွက် အဲ့ဒိအကွာအဝေးမှာ ခေါင်းကိုမှန်အောင်ပစ်ဖို့ မဖြစ်နိုင်ဘူး။ အခု အုပ်ကြီးတွေ၊ ဒလန်ဆို စွတ်စွဲ သတ်နေတာမှာ သုံးတာလည်း 9mm ပဲ။
.
အဝေးကပစ်ရင် လူကိုထိဖို့ ခက်လို့ ကပ်ပစ်ကြရတယ်။ 9mm ကျည်ဆံတွေ သေနတ်တွေဟာ ပြည်မထဲကို ရောက်နေတာ ကြာခဲ့ပြီ။ NLD မဲဆွယ်ပွဲတစ်ခုမှ NLD ထောက်ခံတဲ့ မာမူတစ်ယောက် သေနတ်ကိုင်ရိုက်လို့ ပွ ခဲ့သေးတယ်။
.
အနားက ကပ်ပစ်တာ ခေါင်းထဲမှာ ကျည်ညပ်ရင် ဆရာဝန်တွေက သိရမယ်။ ဒါပေမယ့် ဖြစ်စဉ်ဖြစ်တုန်းက ဆရာဝန်တွေက လုံခြုံရေးတွေကို လက်လွှဲမပေးဘူး၊ ကိုမာဖြစ်နေတယ်ပြောပီး နောက်တော့ သေတယ်ဆို ဖြစ်သွားခဲ့တယ်။
.
မန်းလေးက ကြယ်စင်ဖြစ်စဉ်လည်း အတူတူပဲ။ အဲ့ဒိလောက် အကွာအဝေးမှာ 9mm က ခေါင်းကို မှန်ဖို့ဆိုတာ အတော့်ကို မဖြစ်နိုင်တဲ့အခြေအနေ။ MA မှန်တာဆိုလျင်လည်း စိန်ပန်းမှာဖြစ်သလို ခေါင်းက ပွင့်ထွက်မှာ။
.
နောက်တော့ CDM လှုပ်ရှားမှုတွေ စ လာတော့ သတိထား စောင့်ကြည့်ရင်းနဲ့ တစ်နေ့က ဘာသွားတွေ့လဲဆိုတော့ နပတ PDF အကြမ်းဖက်မှုတွေမှာ အဓိက ကျတဲ့ သူတစ်ယောက်က ခုတင် ၁ ထောင်က လက်ထောက် ဆာဂျင်ဖြစ်နေတယ်။
.
ဆိုတော့ မြသွဲ့သွဲ့ခိုင်ကေ့စ်ကို ပြန်သတိရတယ်။ ဒါတွေ ခုနေပြောလို့ ဘာထူးမှာလဲ လူတွေ အများကြီး သေထားတယ်ဆိုလျင်က ဒါဟာ မီးတောက်ဖြစ်အောင် အစ ပျိုးခဲ့တဲ့ မီးပွားဖြစ်လို့။
.
ပိးတော့ ဒီ Same Plot ပဲ ထိုင်းမှာ လုပ်လာတယ်။ ဆန္ဒပြတဲ့ ၂၀ ကျော် ကောင်မလေး၊ ခေါင်းကို သေနတ်ကျည်ဆံမှန်တယ် ဆေးရုံရောက်လာတယ်။ ဒါပေမယ့် ထိုင်းတွေက နိုင်ငံရေး ရေချိန်မြင့်တော့ အဲ့ဒါကို အကြောင်းပြ တိုင်းပြည်ကို အပျက်ဆီးခံပြီး ဆွဲ မချသွားဘူး။
.
တစ်ချို့ ဖြစ်စဉ် ဖြစ်ရပ်တွေဟာ လေ့လာပြီး သင်ခန်းစာယူဖို့ပဲ။ ခက်တာက မြန်မာလူမျိုးက Emotion များတော့ ၈၈ မှာကတည်းက လုံထိမ်းတွေ မုဒိမ်းကျင့်လို့ဆိုတဲ့ ပလော့နဲ့ ဆန္ဒပြမှုတွေကို လောင်စာမြှင့်ခဲ့တယ်။ အခုလည်းပဲ ဒီ Emotion ကိုပဲ အသုံးချနေကြတာကိုတွေ့ရတယ်။
#MMT