Get Mystery Box with random crypto!

တန်ပြန်ပျောက်ကြားနှိမ်နှင်ရေးဆိုပြီး ယူနီဖောင်းကြီးတွေ တကားကား | Online News Channel

တန်ပြန်ပျောက်ကြားနှိမ်နှင်ရေးဆိုပြီး
ယူနီဖောင်းကြီးတွေ တကားကား ၊
စစ်ကားကြီးတွေ တဝီဝီနဲ့.. မြို့ထဲ ရှင်လောင်း
လှည့်သလို လုပ်နေလို့ ဘာထူးမှာလဲ

မြို့မြောက်ဖက်မှာ ကိုယ်က ရှိနေရင်
မြောက်ဖက်ကို ရှောင်ပြီး ၊ ကိုယ်မရှိတဲ့
တောင်ဖက်ပိုင်းမှာ လှုပ်ရှားသွားမှာပဲလေ ။

ယူနီဖောင်းကြီးနဲ့ဆို ကိုယ်ဘယ်နေရာမှာ
ရှိနေတယ်က.. ခလေးအစ ခွေးအဆုံး
သိနေမှာပဲ ၊ အရပ်ဝတ်နဲ့ဆို သူလား ကိုယ်လား
ဘယ်သူခွဲခြားနိုင်မလဲ..။ သာမန်လူတွေထဲ
သာမန်လူလို ဝတ်စားသွားလာရောနှော ပုံဖျက်
ထားမှ.. ကိုယ့်တပ်တည်ပျောက်ပြီး ၊ စိတ်ကြိုက်
ကစားနိုင်မှာပေါ့

ရှေ့မှာ... ဒလန်ဆိုပြီး ကိုယ်က သေနတ်နဲ့တေ့ပစ်
နေတုန်း..ဘယ်ကထွက်လာမှန်းမသိတဲ့ အရပ်ဝတ်နဲ့
သေနတ်သမားတစ်ယောက်က.. ကိုယ့်နောက်ကျော
မှာ ဘွားကနဲ ပေါ်လာပြီး ၊ နောက်စေ့တေ့ဖြုတ်
ခံရမှာကိုတော့... ကြောက်ကြတဲ့ ကောင်တွေချည်းပဲ။
အဲ့လို ပေါ်မလာလို့သာ.. လက်ရဲဇက်ရဲ စိမ်ပြေနပြေ
လုပ်နေကြတာ

စစ်နည်းဗျူဟာမှာတောင် ရှိတယ် ။

တင့်ကားကို ချေမှုန်းဖို့အကောင်းဆုံးလက်နက်က
တင့်ကားပဲ.. တဲ့ ။။။

#LinnThuPaing