Get Mystery Box with random crypto!

သာမန်အားဖြင့် သတ်ဖြတ်ရလွယ်သူတွေကိုသူလျိုဒလန် ဆိုပြီး(ဟုတ်ဟုတ်မ | Online News Channel

သာမန်အားဖြင့် သတ်ဖြတ်ရလွယ်သူတွေကိုသူလျိုဒလန် ဆိုပြီး(ဟုတ်ဟုတ်မဟုတ်ဟုတ် သတ်ပြီးရင် ဒလန်ပဲ) ဆိုက္ကားဆရာ၊စျေးသည်၊ကလေးငယ်ကနေ သံဃာအထိ သတ်ဖြတ်နေခြင်းဟာ PDFတွေစိတ်ရူးထ သတ်နေကြတာလို့ ထင်ရပေမယ့် အုပ်ချုပ်ရေးပျက်ပြားနေပြီ၊အစိုးရက ပြည်သူလူထုအသက်အိုးအိမ်လုံခြုံမှုမကာကွယ်ပေးနိုင်တော့ဘူး လို့မြင်လာအောင် NUGရဲ့စနစ်တကျစီမံ မှု ဖြစ်ပါတယ်။

နေ့စဉ်နဲ့အမျှ ပေါ်ပေါက်နေတဲ့ လူသတ်မှုတွေဟာ တရားဥပဒေစိုးမိုးရေးပျက်ပြားနေမှုကိုပြနေတယ်လို့ သာမြင်လာကြမှာဖြစ်ပါတယ်။မြန်မြန်ဆန်ဆန်တည်ငြိမ်အေးချမ်းအောင် မထိန်းနိုင်တာနဲ့အမျှ ပြည်သူလူထုဟာ နေ့တထိတ်ထိတ်ညတထိတ်ထိတ်နဲ့ ကျီးလန့်စာစားဖြစ်နေကြရပြီး အချိန်ကြာလာတာနဲ့အမျှ အုပ်ချုပ်သူအစိုးရအပေါ် ငြိုငြင်လာကြမှာ ဖြစ်ပါတယ်။

ဟိန္ဒက (အင်္ဂုလိမာလ)ကိုမွေးတဲ့နေ့မှာ ကောသလဘုရင်နန်းတော်ထဲက ဓားလှံလက်နက်တွေ ဝင်းဝင်းတောက် အရောင်တွေ လက်လို့ဘုရင်က ပုဏ္ဏားကြီးကိုမေးတော့ ဟိန္ဒက ရဲ့ဖခင်ပုဏ္ဏကြီးက ဒီကလေးကြီးလာရင် တိုင်းသူပြည်သားတွေကိုသတ် ဖြတ်ပြီး တိုင်းပြည်လူထုတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လုပ်မှာဖြစ်ပါတယ်။ဒီကလေးကို ဖျောက်ဖျက်ပစ်ပါမယ် လို့ဖြေတယ်။ကောသလဘုရင်က ငါ့ထီးနန်းစည်းစိမ်ကို ထိခိုက်လာနိုင်သလားပြန်မေးတော့ ထီးနန်းကိုတော့အန္တရယ်ပြုနိုင်မယ့် အခြေအနေမရှိပါဘူး လို့ဖြေတဲ့အတွက် ငါ့ထီးနန်းအန္တရယ်မရှိရင် ရှင်သန်ခွင့်ပေးလိုက်ပါ ဆိုပြီးလူရာချီအသတ်ခံလာရချိန်ကျမှ ပြည်သူလူထုကမခံနိုင်တော့လို့ ဟစ်တိုင်ကနေ အော်ဟစ်တိုင်ကြားမှ ကောသလဘုရင်ကိုယ်တိုင် ဟိန္ဒကကို နှိမ်နှင်းဖို့ စစ်ထွက်ခဲ့ရတဲ့သာဓကရှိခဲ့ပါတယ်။

နစက အစိုးရအနေနဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေကို မနှိမ်နှင်းနိုင်စရာအကြောင်းမရှိဘဲနဲ့အကြမ်းဖက်လူသတ်မှုတွေကိုရက်ရက်စက်စက်ပြတ်ပြတ်သားသား မြန် မြန်ဆန်ဆန် မချေမှုန်းနိုင်ခြင်းဟာ နိုင်ငံတကာအမြင်မှာ အမြင်ကြည်လင်မှုရအောင်ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေတယ်လို့ပဲ အများစုက ယူဆကြပါတယ်။

အိမ်စောင့်အစိုးရဟာ ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရမဟုတ်သလိုကြာရှည် အာဏာရယူမယ့်အဖွဲ့လည်း မဟုတ်ဘဲ လိုအပ်ချက်အရ ခေတ္တခန အာဏာဝင်ထိန်း ပေးတဲ့အစိုးရသာဖြစ်တဲ့အတွက် နိုင်ငံတကာ အသိအမှတ်ပြု ခံရဖို့ထက် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်လုပ်ပြီးရွေးကောက်ပွဲအမြန်ပြန်လုပ်အာဏာအမြန်ပြန်လွှဲနိုင်ဖို့ကသာ ပိုအရေးကြီးပါတယ်။

"အသိအမှတ်မပြုဘူးသာပြောတယ်၊ဘယ်သံရုံးမှလည်းပြန်သွားတာ မတွေ့ရဘူး"လို့ နဝတ ဥက္ကဋ္ဌပြောခဲ့သလိုပဲ အသိအမှတ်ပြု/မပြု ပြောနေကြတာကို အာရုံစိုက်နေမယ့်အစား လက်တွေ့မြေပြင်မှာအာဏာသုံးရပ်ကို ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားနိုင်သူသာ တရားဝင်အစိုးရဖြစ်ပြီး အသိအမှတ်မပြုလည်းမဆက်ဆံလို့မရတဲ့အတွက် ပြည်ပက အမြင်ကြည်မကြည်ထက်ပြည်တွင်းလူထုရဲ့အမြင်ကြည်လင်မှုကပိုအရေးကြီးတာကို သတိပြုဖို့သင့်ပါတယ်။
#ThaungLwinHein