🔥 Burn Fat Fast. Discover How! 💪

ခုမှမွေးစားတာမဟုတ် *********** ၁၈၇၈ခုနှစ် မန္တလေးမှာ ထီးနန်းလ | Online News Channel

ခုမှမွေးစားတာမဟုတ်
***********
၁၈၇၈ခုနှစ် မန္တလေးမှာ ထီးနန်းလုကျတော့
မင်းသားတွေအကုန်အဖမ်းခံခဲ့ရပါတယ်။

မက္ခရာမင်းသားကြီးကတော့ ဖမ်းဆီးစဉ်
ကျဆုံးသွားခဲ့တာပါ။

အင်္ဂလိပ်သံအရာရှိရှော ဆီမှာ ခိုလုံလို့
လွတ်သွားတာကညောင်ရမ်းနဲ့ ညောင်အုပ်
မင်းသားညီအကိုပါ။

အဲ့ဒီချိန်ကစပြီး အင်္ဂလိပ်တွေရဲ့လက်ထဲမှာ
သေတဲ့အထိထိမ်းသိမ်းခံခဲ့ရတာပါ။

ညောင်ရမ်းက သီပေါကိုတိုက်ပြီး
ဘုရင်ဖြစ်ချင်ပါတယ်။ ကင်းဝန်က သီပေါဆီမှာ
ရှိနေပေမယ့် မျှော်နေတာက ညောင်ရမ်းပါ။

အထက်မြန်မာပြည်ကို အင်္ဂလိပ်က မသိမ်းမီမှာ
မြန်မာ့ထီးနန်းကို မင်းသားအချင်းချင်းပြန်သိမ်းပြီး
အုပ်ချုပ်ခံနိုင်ငံအဖြစ် ဖန်တီးဖို့ အရင်စဉ်းစားပါတယ်။

အဲ့ဒီမှာ ညောင်ရမ်းနဲ့ညှိတာလေးသိစေချင်တာပါ။

အဓိက အချက်က ညောင်ရမ်းဘုရင်ဖြစ်ရင်
အင်္ဂလိပ်သံအရာရှိကို မြန်မာဘုရင့်လွှတ်တော်မှာ
အဖွဲ့ဝင်အဖြစ်ထားရှိပေးရမှာပါ။ ဒီနည်းနဲ့ ထိန်းချုပ်ဖို့
ရည်ရွယ်ထားခဲ့တာပါ။

ဒါကို ညောင်ရမ်းရော ကင်းဝန်ကပါ
သဘောတူခဲ့ကြပါတယ်။

ခုခေတ်မှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀
လောက်ကတည်းက မြန်မာကိုလွှမ်းမိုးချင်ခဲ့တာ
မဟုတ်လား။

မြန်မာတွေ မအ ကြပါနဲ့။ စည်းလုံးကြပါ။

ဝင်းနိုင်သောင်း
၂၉ ၀၉ ၂၀၂၁။