Get Mystery Box with random crypto!

NLDပါတီ အာဏာရအစိုးရဖြစ်ဖြစ်ချင်း စတင်ပြောင်းလဲလိုက်တာက နိုင်ငံ | Online News Channel

NLDပါတီ အာဏာရအစိုးရဖြစ်ဖြစ်ချင်း စတင်ပြောင်းလဲလိုက်တာက နိုင်ငံပိုင်သတင်းစာများမှာနေ့စဉ်ဖော်ပြနေတဲ့ ဗုဒ္ဓအဆုံးအမသြဝါဒများကို မဖော်ပြတော့ဘဲဖြုတ်ချလိုက်ခြင်းနဲ့နှစ်စဉ် ကြီးကျယ်ခန်းနားစွာကျင်းပလေ့ရှိတဲ့မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပခွင့်မပြုတော့ဘဲ သေးသိမ်သွားအောင် ပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်။

NLDအစိုးရဖြစ်လာရင် အမျိုးဘာသာသာသနာယဉ်ကျေးမှုဓလေ့ထုံးစံတွေ နှိမ်ချခံရမယ်လို့ စိုးရိမ်ပူပန်သူတွေအတွက် စ စချင်းဆောက်နဲ့ထွှင်းဆိုသလို ထိတ်လန့်တုန်လှုပ်စရာ ဖြစ်သွားရပါတယ်။အာဏာနဲ့ ဘာသာသာသနာယဉ်ကျေးမှုကိုစတင်ဖြိုဖျက်ခြင်းလို့ ခံစားမိကြပါတယ်။

တဆက်တည်းမှာပဲ ယခင်အစိုးရလက်ထက်ကတရားဝင်ဖွဲ့စည်းခွင့်ပေးခဲ့တဲ့ "အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအသင်း"ကြီးကို လည်းဖျက်သိမ်းလိုက်ပြန်ပါတယ်။

အကြောင်းပြချက်က ဥပဒေနဲ့မညီလို့ လို့ ဆိုပါတယ်။ဘယ်ဥပဒေလည်းဆိုတော့ နဝတအစိုးရလက်ထက်၁၉၉၀ပြည့်အောက်တိုဘာလက ဗိုလ်ချုပ်မှုးကြီးစောမောင်လက်မှတ်ရေးထိုးထုတ်ပြန်ထားတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၂၀/၉၀ပါ ဂိုဏ်း(၉)ဂိုဏ်းကလွဲပြီးအသစ်ထပ်မံဖွဲ့စည်းခြင်းမပြုရဆိုတဲ့ ဥပဒေနဲ့မညီလို့ပါတဲ့။

စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ရှေ့တန်းကပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေဦးဆောင်တဲ့ မဘသ အဖွဲ့ကို ဒီမိုကရေစီအစိုးရက စစ်အာဏာရှင်ဆိုတဲ့သူတွေလက်ထက်ကလက်မှတ်ရေးထိုးခဲ့တဲ့ ဥပဒေနဲ့နှိပ်ကွပ်လိုက်ခြင်းဖြစ်ပါတယ်။

မဟန ရှိပြီးဖြစ်လို့ မဘသ မလိုတော့ဘူးလို့ ပြောတဲ့ဝန်ကြီးချုပ်ရှိသလို ဂိုဏ်းကြီးကိုးဂိုဏ်းဆိုတာကတော့ လယ်တီဂိုဏ်းမိုးကုတ်ဂိုဏ်း လို့ ပေါက်ကရလျှောက် ပြောတဲ့ဝန်ကြီးလည်းရှိပါတယ်။

NLDအတိုက်အခံဘဝက သံဃာတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုကိုအားပေးထောက်ခံခဲ့တာ မေ့သွားပြီးအာဏာရလာမှ ရဟန်းသံဃာတွေဟာစာသင်စာအံစာဖတ်ခြင်းနဲ့ ဝိပဿနာကျင့်ကြံခြင်းတာဝန်နှစ်ရပ်ပဲလုပ်ဆောင်ရမယ်၊လောကီကိစ္စတွေနိုင်ငံရေးကိစ္စတွေပါတီနိုင်ငံရေးကိစ္စတွေ မလုပ်ရဘူးလို့လည်း ဆိုပြန်ပါတယ်။(NLDအလံနဖူးစီးပတ်ထားတဲ့သံဃာကျတော့ ဒီမိုကရေစီသူရဲကောင်းအဖြစ်ချီးမြှောက်ပြန်ပါတယ်)

#သောင်းလွင်ဟိန်း