Get Mystery Box with random crypto!

မဲမသမာမှု လုပ်ရပ်တွေကျူးလွန်ခဲ့ကြတဲ့ NLD အစိုးရကို မဲကိစ္စတွေဖ | Online News Channel

မဲမသမာမှု လုပ်ရပ်တွေကျူးလွန်ခဲ့ကြတဲ့ NLD အစိုးရကို မဲကိစ္စတွေဖြေရှင်းပေးဖို့ တပ်မတော်နဲ့ နိုင်ငံရေးပါတီအသီးသီးက အကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြပေမယ့် NLD အစိုးရဟာ မဲခိုးထားတာတွေကို ဖြေရှင်းမပေးတဲ့အပြင် လွှတ်တော်ကို ဇွတ်ခေါ်ပြီး အစိုးရသစ်ဖွဲ့ကာ အာဏာကို မသမာတဲ့နည်းနဲ့ ရယူဖို့ကြိုးစားခဲ့တာကြောင့် တပ်မတော်က မလွဲမရှောင်သာပဲ နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူခဲ့တာ (၉)လတိုင်တိုင်ရှိခဲ့ပါပြီ။

အာဏာထိန်းခဲ့ရတဲ့တပ်မတော်ဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းရင် (၆)လအတွင်း ရွေးကောက်ပွဲကျင်းပပေးမှာပါ၊ သို့ပေမယ့် NLD ပါတီဝင်များနဲ့ သူတို့ကို ထောက်ခံအားပေးသူတွေဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်ခဲ့ကြတာ ပြည်သူအများ သိရှိကြပြီးဖြစ်ပါတယ်။

NLD ပါတီဝင်တွေနဲ့ အပေါင်းအပါတို့ရဲ့လုပ်ရပ်ဟာ အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူလူထုကို များစွာထိခိုက်နစ်နာစေခဲ့ပါတယ်။

ပြည်သူအပေါ်ထားတဲ့ စေတနာမမှန်ဘူးလို့လည်း သုံးသပ်ရတာပေါ့၊ NLD ပါတီဝင်တွေနဲ့ အပေါင်းအပါတို့ဟာ တည်ဆဲ နစက အစိုးရပြုတ်ကျစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားမဝင်အဖွဲ့အစည်းတွေဖြစ်တဲ့ CRPH , NUG တို့ကိုဖွဲ့စည်းပြီး လူငယ်အများစုကို တောခိုစေကာ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတွေကို တက်ရောက်စေခဲ့ပါတယ်။

သက်တန်းဆင်းပြီးသည်နှင့် မြို့/ရွာ များမှာရှိတဲ့ စာသင်ကျောင်း၊ ရဲစခန်း၊ စက်ရုံ အလုပ်ရုံ၊ ဆေးရုံနှင့် ဌာနဆိုင်ရာ အဆောက်အဦးများကို ဗုံးခွဲခြင်း၊ မီးရှို့ခြင်း၊ ယင်းတို့နှင့်အမြင်မတူသည့် ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အဲ့ဒီလိုလုပ်ရပ်တွေလုပ်ခြင်းဖြင့် တည်ဆဲ အစိုးရ ​ြ့ုတ်ကျသွားမယ်လို့ သူတို့ဟာ မိုက်မဲစွာခံယူထားကြပါတယ်။

သို့ပေမယ့် တည်ဆဲ နစက အစိုးရ ပြုတ်ကျမသွားတဲ့အပြင် သက်တမ်း (၉)လအထိ ရောက်ရှိသွားပါပြီ။

သူတို့အတွက် ရလာဒ်ကောင်း တစ်ခုမှထွက်ပေါ်မလာပဲ ပြည်သူလူထုရဲ့ အကျိုးစီးပွားတွေသာ ထိခိုက်နစ်နာခဲ့တာကို တွေ့ရပါတယ်၊ ပြည်သူလူထု အကျိုးစီးပွားထိခိုက်လာပြီဆိုရင် အဲ့ဒီအဖွဲ့အစည်းတွေ မကြာခင်ကျဆုံးသွားတော့မှာပဲဖြစ်ပါတယ်။

နစက အစိုးရအနေနဲ့ကတော့ NLD အပေါင်းအပါတွေရဲ့ အကြမ်းဖက် အဖျက်လုပ်ရပ်တွေရှိနေတဲ့ကြားက ပြည်သူလူထုအတွက် လုပ်ဆောင်သင့်တာတွေ ကြိုးစားလုပ်ဆောင်နေတာတွေ့ရသလို အကြမ်းနှိန်နှင်းရေးကိုလည် ဆက်တိုက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

မနေ့က နစက ၉နှစ်ပြည့် မိန့်ခွန်းမှာ "ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်" လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်၊ အေးချမ်းစွာနေထိုင်လိုကြတဲ့ ပြည်သူများအနေနဲ့ စည်းလုံးညီညွတ်စွာ အကြမ်းဖက်နှိမ်နှင်းရေးတွေမှာ ပူးပေါင်းပါဝင်ကြမယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုတွေ အမြန်ဆုံး ရရရှိလာမှာပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ မိမိတို့ ပတ်ဝန်းကျင်မှာ အကြမ်းဖက်သမားလို့ ယူဆရသူတွေ ရှိနေတယ်ဆိုရင် သက်ဆိုင်ရာကို သတင်းပေးပို့ကြပါ၊ အကြမ်းဖက်သမားဆိုတာ တိုင်းပြည်ရဲ့ ဆူးညှောင့်အန္တရာယ်တွေလို့ သဘောထားပြီး အားပေးခြင်းမပြုပဲ ဝိုင်းဝန်းချေမှုန်းကြပါလို့ တိုက်တွန်းလိုက်ရပါသည်။
#MMT