Get Mystery Box with random crypto!

လုပ်ကြံသတ်ဖြတ်သူတွေကိုဖမ်းမိတာနဲ့သက်သေခိုင်လုံပြီဆိုရင်ဥပဒေအရတ | Online News Channel

လုပ်ကြံသတ်ဖြတ်သူတွေကိုဖမ်းမိတာနဲ့သက်သေခိုင်လုံပြီဆိုရင်ဥပဒေအရတစ်ခါတည်းစစ်ခုံရုံတင်စစ်ဆေးသေဒဏ်ပေးသေဒဏ်စီရင်ပြီးသည့်ရက်ကိုလည်းပြည်သူသိအောင်ချပြခြင်း၊မိသားစုကိုလည်းပြင်းထန်စွာသတိပေးခြင်းတို့အားထိထိမိမိလုပ်လိုက်ပါ အကြမ်းဖက်တွေငြိမ်းသွားပါလိမ့်မယ်
ခုဟာကဖမ်းမိသူတွေတော့ကြေငြာတယ်ပြစ်ဒဏ်ချမှတ်တာကိုမကြေငြာဘူး၊ပြစ်ဒဏ်စီရင်တာကိုမကြေငြာဘူး
ပိုဆိုးတာကလွှတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်တာတွေကများနေတော့အကြမ်းဖက်လုပ်တဲ့သူတွေကမကြောက်တော့ဘူးတပ်ကမကြမ်းမှန်းသိတော့အေးဆေးပဲကျူးလွန်ဆဲကျူးလွန်မြဲပဲပေါ့
နောက်တစ်ချက်ကအသက်မပြည့်သေးတဲ့ကလေးဆိုရင်ပြစ်ဒဏ်ပေါ့မှန်းသိတော့အသက်မပြည့်တဲ့ကလေးတွေကိုစည်းရုံးသိမိးသွင်းစေခိုင်းလာတယ်
တပ်ကထိထိမိမိစစ်ခုံရုံနဲ့သေဒဏ်ပေးပြပါသေဒဏ်ကိုဘယ်နေ့ကစီရင်ပြီးကြောင်းကိုလည်းပြည်သူကိုပြန်ချပြပါ၊ အကြမ်းဖက်သူတွေရဲ့ပြစ်ဒဏ်မှန်သမျှကိုဘယ်အစိုးရတက်တက်ဘယ်လိုအခြေအနေတွေပဲဖစ်ပါစေလွှတ်ငြိမ်းချမ်းသာခွင့်မရရှိစေရဟုဥပဒေတစ်ခုထုတ်ပြန်အရေးယူလိုက်ပါအကြမ်းဖက်တွေငြိမ်သွားပါလိမ့်မယ်
ထွေအုပ်နဲ့ရဲက အကြမ်းဖက်သမားကိုအကာကွယ်ပေးထားတော့မကြာခဏလာတဲ့စစ်တပ်ကိုဂရုမစိုက်တော့ဘူးစစ်တပ်ကလည်းမြို့နယ်တွေမကျွမ်းတော့ရဲနဲ့ထွေအုပ်ကိုပဲအားကိုးရတယ်ဒီတော့အကြမ်းဖက်သမားကိုမနှိမ်နှင်းနိုင်ပဲအကြမ်းဖက်သတင်းပေးတဲ့ပြည်သူတွေကိုရဲနဲ့ထွေအုပ်ကအကြမ်းဖက်သမားထံပြန်သတင်းပေးပြီးအကြမ်းဖက်သမားကသတင်းပေးသူကိုဒလန်ဆိုပြီးပြန်သတ်လို့အပြစ်မဲ့ပြည်သူတွေသေရတယ်
တစ်ကယ်တမ်းမြို့နယ်တစ်ခုမှာဘယ်သူကိုသတ်တော့မယ်ဘယ်နေရာကိုဘာလုပ်တော့မယ်ဆိုတာမလုပ်ခင်ကတည်းကရဲနဲ့ထွေအုပ်ကသတင်းရပြီးသာဒါပေမဲ့မသိချင်ယောင်ဆောင်နေတယ်ဖြစ်ပြီးတော့လည်းစစ်တပ်ကပဲလိုအပ်တာလုပ်ဖို့သူတို့ရှောင်ပေးတယ်
အခုရပ်ကွက်လမ်းတွေထဲမှာ PDF တွေရှိနေပြီကျည်ဆံတွေနဲ့စာတွေပို့ပြီးခြိမ်းခြောက်တာတွေသတိပေးတာတွေကိုပေါ်တင်ပဲလုပ်တယ်ရဲနဲ့ထွေအုပ်သိတယ်ငြိမ်နေတယ်နောက်တော့သတ်တယ်
ဒီတော့တစ်ခုအကြံပေးလိုတာက
မြို့နယ်အလိုက်ထွေအုပ်နဲ့ရဲတွေကိုကိုယ်တာဝန်ယူရတဲ့မြို့နယ်အတွင်းအကြမ်းဖက်ဖြစ်စဥ်မဖြစ်ဖို့ပြည့်ပြည့်ဝဝတာဝန်ယူခိုင်းလိုက်ပါ
အကြမ်းဖက်ဖြစ်စဥ်ဖြစ်တာနဲ့ထွေအုပ်နဲ့ရဲတစ်ဖွဲ့လုံးကိုသတိပေးပါနောက်တစ်ကြိမ်ဖြစ်တာနဲ့အားလုံးကိုနယ်ပို့တာထုတ်ပစ်တာရာထူးလျှော့တာတွေကိုပြတ်ပြတ်သားသားလုပ်ကြည့်ပါ
မြို့နယ်အလိုက်အကြမ်းဖက်သမားတွေမိလာပါလိမ့်မယ်
လုပ်ကြည့်ပါနေရာတကာစစ်တပ်ကမဝင်ပါနဲ့ထွေအုပ်နဲ့ရဲတွေကိုသာသေချာကိုင်ပါငြိမ်သွားမှာပါ
မြို့နယ် နဲ့ ခရိုင်တွေမှာတွဲထားတဲ့တပ်ကအရာရှိတွေကိုပါရဲနဲ့ထွေအုပ်လို့ပြတ်ပြတ်သားသားကိုင်တွယ်သင့်ပါပြီ
အကြမ်းဖက်သမားတွေရဲ့အားသာချက်ကငွေပါငွေကိုလိုသလောက်စိတ်ကြိုက်ပေးထားပြီးစည်းရုံးထားတာပါ
ဒါကြောင့်ထွေအုပ်နဲ့ရဲအဖွဲ့တွေသူတို့ဆီတွဲထားတဲ့တပ်ကအရာရှိတွေအားလုံးကိုငွေနဲ့ပေါက်ထားပြီးဖြစ်ပါတယ်
မယုံရင်တစ်မြို့နယ်လောက်ကိုရှောင်တခင်ဝင်ရောက်စစ်ဆေးကြည့်ပါ
ပြည်သူတွေကိုယ်တိုင်ကစစ်တပ်ကိုမယုံရဲတော့ပါဘူး
ပြတ်ပြတ်သားသားလုပ်သင့်ပါပြီတပ်ချုပ်ကြီးခင်ဗျာ။

ပြည်သူတစ်ဦး