Get Mystery Box with random crypto!

ရခိုင်အမျိုးသား ဗကပ(UG)ဟောင်း (ဦးကျော်မြ)၏ သမီး(၂)ဦးအား PDF | Online News Channel

ရခိုင်အမျိုးသား ဗကပ(UG)ဟောင်း
(ဦးကျော်မြ)၏ သမီး(၂)ဦးအား
PDF တို့ ဗုံးဖြင့်လုပ်ကြံခြင်း
****************************
ရခိုင်အမျိုးသား ဗကပ(UG)ဟောင်း
ဦးကျော်မြ(ကွယ်လွန်)၏ သမီး(၂)
ဦး အား CDM မပြုလုပ်ဟုဆိုကာ
ဒလန်အဖြစ်သတ်မှတ်ပြီး မန္တလေး
PDF အဖွဲ့များ ဦးကျော်မြ၏သမီး
(၂)ဦးနေထိုင်ရာ မန္တလေးမြို့ရှိ
နေအိမ်ခြံဝန်းအတွင်းသို့ ဗုံးဖြင့်ပစ်
ကာ တိုက်ခိုက်ခဲ့​ကြသည်၊ ဦးကျော်မြ
၏သမီး(၂)ဦး ထိုင်နေရာသို့ ဗုံးကျ
ရောက်သွားသော်လည်း ဗုံးမှာ မီးခိုး
များထွက်ပြီး ပေါက်ကွဲသွားခြင်းမရှိ
သောကြောင့် ဦးကျော်မြ၏ သမီး
(၂)ဦး အသက်ဘေးမှ လွတ်မြောက်
သွားခဲ့ရသည်။

PDF အဖွဲ့များသည် ဗုံးပေါက်ကွဲမှု
မရှိသဖြင့် ဦးကျော်မြ၏ သမီး(၂)ဦး
မသေဆုံးကြောင်း သိရှိကြပြီး
သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရန်
ဆက်လက်စီစဥ်နေကြောင်း သိရှိရ
သည်။

အဆိုပါဖြစ်စဥ်ကြောင့် မန္တလေးတိုင်း
အတွင်းမှ ရခိုင်တိုင်းရင်းသားများ
အနေဖြင့် PDF အဖွဲ့များအား လက်တုံ့
ပြန်ရန် လုပ်ဆောင်ကြတော့မှာဖြစ်ပြီး
AA ဌာနချုပ်၏ ညွှန်ကြားချက်ကို
စောင့်ဆိုင်းနေကြသည်ဟု သိရသည်။

ထို့အပြင် မြန်မာပြည်တဝှမ်းမှာရှိကြ
သည့် ရခိုင်တိုင်းရင်းသားများ အနေ
ဖြင့် PDF အဖွဲ့ဝင်တို့၏ သတင်းများ
ကို ကြိုတင် စုဆောင်းရယူခြင်းများ
အား ရခိုင်အမျိုးသားများ စတင်
လုပ်ဆောင်နေကြကြောင်းလည်းသိရ
သည်။

ရခိုင်အမျိုးသားဦးကျော်မြကို ၁၉၁၅
ခုနှစ်တွင် ပလက်ဝမြို့၌ မွေးဖွားခဲ့ပြီး
၁၉၃၃ တွင် စစ်တွေမြို့၌ (၁၀)တန်း
အောင်မြင်ကာ ၁၉၄၀ တွင် ရန်ကုန်
တက္ကသိုလ်မှ အင်္ဂလိပ်စာဖြင့် ဘွဲ့ရရှိ
ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့်
ဗကသ တွင်ပါဝင်ခဲ့ပြီး စစ်တွေဗကသ
ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၄တွင် ရခိုင်ဒေသ ဗမာပြည်ကွန်မြူနစ်ပါတီ ဖွဲ့စည်းရာတွင်ပါဝင်ခဲ့သည်။

၁၉၄၈ တွင် ရခိုင်ဒေသ ခုခံရေးစစ်ပွဲ
ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၁၉၅၈ တွင်
ဗက(ဗဟို)အရံကော်မတီဝင်၊ ၁၉၆၂
တွင် တင်းပြည့်ဗဟိုကော်မတီဝင်၊
၁၉၇၅ တွင် ဗကပ(ဗဟို)နိုင်ငံရေး
ဦးဆောင်အဖွဲ့ဝင်ဖြစ်လာသည်။

၁၉၉၁ တွင် စစ်ထောက်လှမ်းရေးက
ဖမ်းဆီးရမိပြီး နှစ်ရှည်ထောင်ကျသွား
ခဲ့ကာ ထောင်မှလွတ်ပြီး တရုတ်ပြည်
တွင်သွားရောက်နေထိုင်ခဲ့သည်။

အသက်(၉၀)အရွယ်တွင် တရုတ်ပြည်
၌ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်
တွင် ဇနီး ဒေါ်ဦးစိန်နှင့် သား(၁)ဦး၊
သမီး(၄)ဦး ကျန်ရှိခဲ့သည်။

မူရင်းရေးသားသူ-
#MinnThetNaing