🔥 Burn Fat Fast. Discover How! 💪

သံတော်ဆင့် 2

Logo of telegram channel nan7tele — သံတော်ဆင့် 2
Logo of telegram channel nan7tele — သံတော်ဆင့် 2
Channel address: @nan7tele
Categories: Telegram
Language: English
Subscribers: 6.87K
Description from channel

နိုင်ငံရေး/စစ်ရေး သတင်းစုံ

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


The latest Messages 12

2022-06-12 17:44:36
အမျိုးသမီး ဗိုလ်လောင်းသင်တန်းနှင့် တပ်စုမှူးသင်တန်းမှ အမျိုးသမီးအရာရှိများအား တွေ့ဆုံ အမှာစကားပြောကြား
#TatmadawDailyActivity
221 views14:44
Open / Comment
2022-06-12 17:42:52
ငြိမ်းချမ်းရေးဆွေးနွေးရန်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှဒုတိယဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းဦးဆောင်သည့်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲနေပြည်တော်သိုရောက်ရှိ
နေပြည်တော်ဇွန်၁၂
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို အတွက်ရည်ရွယ်၍ ဧပြီလ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများနှင့်တွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ရာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒုတိယဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းဦးဆောင်သည့်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲသည်ယနေ့နံနက်ပိုင်းတွင်ရခိုင်ပြည်နယ်၊ စစ်တွေမြိုမှ နေပြည်တော်သို တပ်မတော်လေယာဉ်ဖြင့် ထွက်ခွာသည်။
ထာဝရငြိမ်းချမ်းရေးကိုရရှိရေးသည်ပြည်သူတစ်ရပ်လုံး၏ဆန္ဒအစစ်အမှန်ဖြစ်သည်၊ငြိမ်းချမ်းရေးရရှိရေးသည်နိုင်ငံသားအားလုံး၏ဆန္ဒအမှန်ဖြစ်သည်၊ပြည်ထောင်စုကြီးငြိမ်းချမ်းဖိုတွေ့ဆုံဆွေးနွေးကြပါစို၊တိုင်းရင်းသားတွေစည်းလုံးမှငြိမ်းချမ်းတည်ငြိမ်အေးချမ်းရစသည့်စာသားပါဆိုင်းဘုတ်များကိုင်ဆောင်၍ နေပြည်တော်လေဆိပ်၌ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
#TatmadawDailyActvity
219 views14:42
Open / Comment
2022-06-12 16:33:38 ကရင်တိုင်းရင်းသား၂ ယောက်ကို
သတ်ပြလိုက်သော ​ကျောက်ကြီး Pdf

ပဲခူးတိုင်းဒေသကြီးကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်သမားများက ကျေးရွာနေ ပြည်သူနှစ်ဦးကို သတ်ဖြတ်

News Of Myanmar ဇွန်လ ၁၁၊ ၂၀၂၂

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကျေးရွာနေ အမျိုးသားနှစ်ဦးကို အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ငဗျက်အင်း ကျေးရွာအတွင်းသို့ အကြမ်းဖက်ပူးပေါင်းအဖွဲ့အင်အား ၈၀ ဦးခန့် ရောက်ရှိလာပြီး အစည်းအဝေးပြုလုပ်ကာ ပြန်လည်ထွက်ခွာစဉ် ငဗျက်အင်းကျေးရွာအနီး အင်းဇောင်းအရောက်၌ ကြိမ်တောမြောင်ကျေးရွာနေသူများဖြစ်သည့် စောစေးလဲမူး (၃၉) နှစ် နှင့် နော်အယ်ဒိုဖော (၁၈) နှစ် တို့ ၂ ဦးအား သေနတ်များဖြင့် ပစ်ခတ်သတ်ကာ မြေမြုပ်သွားခဲ့ကြောင်းသိရသည်။

News Of Myanmar
258 views13:33
Open / Comment
2022-06-12 16:26:08 ရှာနေတဲ့သူတွေသိကြပါစေ

9.6.222နေ့ညနေရွှေဘိုအမှတ်သုံးခရိုင်ချင်းဆက်လမ်းပေါ်ရှင်းလင်းသုတ်သင်ရာ
ရွှေဘို ဗိုလ်သံမဏိ၊ဆရာစိုးပိုင်၊
ဗိုလ်မြောက်ကြီး(ခ)ဇွဲဇွဲ အပါအဝင်
တောပီဒက်၂၆ကင်
လက်လုပ်သေနတ်၁၆
လက်လုပ်စိန်ပြောင်း ၃ လက်
AK47. ၅ လက်
လက်လုပ်ဗုံးသီး၁၁ လုံး
ဒဏ်ရာရအရှင်(၁၃)ကောင်ရရှိ
ကြောင်းသတင်းရ...

Truth Media
257 views13:26
Open / Comment
2022-06-12 15:59:33 အမေရိကန်ကတော့ ထိုင်ဝမ်ကို
စစ်မီးတောက်အောင် မီးထိုးပေးနေပြန်ပြီ

တရုတ်ကို စူပါပါဝါ အဖြစ် မရောက်
ရှိဖို့က စစ်ပွဲ တစ်ခု ဖန်တီးရမယ်ဆိုတဲ့
အမြင်မျိုး အမေရိကန်မှာ ရှိနေတာပါ။

စစ်ဖြစ်လာရင် ထိုင်ဝမ်ကို ကူညီမယ်
ဘာညာကို တကယ်ဖြစ်လာရင်တော့
ဝေးဝေးနေပြီး လက်နက်အစုတ်အပြတ်
လေးတွေ လောက်ပဲ ထောက်ပံ့တာက
ယနေ့ ယူကရိန်း အရေးကို ကြည့်ပါ။

သူ့အနေနဲ့ စူပါပါဝါ အဖြစ်ဆက်လက်
ရပ်တည် ဖို့က သူမပါ သော ကြားခံ
စစ်ပွဲ တွေ လိုနေတာပါ။

ဒါကြောင့် ရုရှားကို ယူကရိန်းနဲ့ မီးမွှေးပေး
လိုက် သလို တရုတ်ကိုလည်း ထိုင်ဝမ်နဲ့
မီးမွှေးနေတာပါ။

​စစ်ရေးအရ ကြည့်ရင်တော့ ကြားခံနဲ့
အင်အားစမ်းသလိုပါပဲ။

စီးပွားရေးအရ ကြည့်ရင်လည်း
စစ်ဖြစ်တဲ့အခါ အင်အားချိနဲ့ နိုင်တာပါ။

အမှန်တော့ ထိုင်ဝမ်လည်း လွတ်လပ်
ရေး မ​ကြော်င​ြာပဲနေရင် အေးဆေးနေလို့
ရတဲ့ အနေအထား မျိုးပါ။

ဒါ ကို မြှောက်ထိုးပင့် ကော်နဲ့ မီးရှို့နေ
တာက ပုလိပ်ကြီးပါပဲ။

ပုလိပ်ကြီး အနေအထားက ကိုယ်တိုင်
ဝင်တိုက်တော့လည်း အာဖဂန်နစ္စတန်ကိုတောင်မနိုင် ခဲ့တဲ့ အနေအထားဆိုတော့
ဒီလိုကာလမှာ ကြားခံစစ်တလင်း တွေကို
သာ အသုံးချ တော့မည့်ပုံပါ။

မြောက်ကိုရီးဟား ကိုကြတော့ မီးမမွှေး
ရဲဘူး ဟို ဝက်ပုက အနူမြူနဲ့ အမေရိကန်
အထိ ဂင်မယ်လို့ ပြောထားတာကို

တောင်ကိုရီးယားဆိုရင် အရမ်းပါးနပ်
သွားကြပြီ အမေရိကန်က ဘိုင်ဒင် လာ
မယ်ဆိုတာနဲ့ ပြည်သူတွေကလေဆိပ်မှာ ဆန္ဒ ပြကြတော့တာပဲ။

ဘာကြောင့်လည်းဆိုရင် ဒီပုလိပ် က
တောင်နဲ့ မြောက်ကို မီးမွှေးဖို့ လာတာ
​ကောင်းကျိုးပေးဖို့ မရှိဘူးဆိုတာ
တောင်ကိုရီးယားပြည်သူတွေက သိနေ
ကြလို့ပါ။

ဂျပန်မှာ လည်း ဆန္ဒ ပြတာပဲ လေ။

ဒုတိယကမ္ဘာစစ်စာချုပ် အရ အမေရိကန်
စစ်တပ်သည် ဂျပန်နိုင်ငံကို စစ်ရေး အရ
အကာအကွယ်ပေးရမယ်ဆိုတာပါပြီး
သားပါ။

ရုရှားက ဂျပန်ပိုင်ပါတယ်ဆိုတဲ့ ကျွန်းလေး
ကျွန်းကို ဒဲ့သိမ်းယူ လိုက်တယ်။

အမေရိကန် ကာကွယ်ဖို့နေနေသာသာ
အီးအီးတောင်ဝင် မပေါက်ရဲသော အနေ
အထား ဖြစ် လေတော့ ဂျပန်တွေလည်း
ဘိုင်ဒင်ကို လာကို မလာဖို့ ဆန္ဒ ပြရ
တော့တာပေါ့။

နေတိုးတစ်အုပ်စုလုံး ဝိုင်းဝန်းထောက်ပံ့
နေတဲ့ ယူကရိန်းနိုင်ငံ တစ်အိအိနဲ့
ကုန်ပါတော့မယ်။

နိုင်ငံရေးမှာက ခေါင်းဆောင် တွေ အရမ်း
အရေးကြီးပါတယ်။ တစ်ချက်မှားတာနဲ့
မိမိ နိုင်ငံရဲ့ နယ်နိမိတ် က နာရီပိုင်းအတွင်း
ဆုံးရှူံးသွားနိုင်ပါတယ်။

Kyaw Swar
241 views12:59
Open / Comment
2022-06-12 15:38:11
Sittway Thitsar

မြန်မာ့တပ်မတော်မပါဘဲ..မည်သည့်လုပ်ငန်းမှမဉ်ားးဘဲမလုပ်ဘို့.
ထိုင်း..သံတမန်ကပြောလိုက်ပါတယ်
Jun 12

တပ်မတော်မပါတဲ့ စဉ်းစားမှုမျိုးမလုပ်ဖို့
ထိုင်းသံတမန်ပြော -

ဘန်ကောက် - ဇွန် - ၁၂

မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေကို စဉ်းစားတဲ့နေရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍမပါတဲ့ စဉ်းစားချက်မျိုး
မဖြစ်သင့်ဘူးလို့

ထိုင်းသံတမန်တစ်ဦးဖြစ်တဲ့ pornpimol က စင်ကာပူ
မှာ ကျင်းပခဲ့တဲ့ ရှန်ဂရီးလာ ဆွေးနွေးပွဲမှာပြောကြား
ခဲ့ပါတယ်.

ဖယ်ကျဉ်တဲ့လုပ်ရပ်တွေ နဲ့ ပိတ်ဆို့အရေးယူမှုတွေ
ဟာ ရလဒ်ကို ထိရောက်မှု နည်းပါးလာတယ်လို့
သူကဆိုပါတယ်.

ရှန်ဂရီလာဆွေးနွေးပွဲမှာ သူ့အနေ နဲ့ အမေရိကန် နိုင်ငံခြားရေး အကြံပေးရဲ့ မြန်မာ့တပ်မတော်အပေါ် ဝေဖန်မှုတွေကို တုန့်ပြန်ချေပတာတွေ လုပ်ခဲ့တယ်
လို့လည်း သိရပါတယ်.

Sittway Thitsar .@.ကရင်ပြည်နယ်
205 views12:38
Open / Comment
2022-06-08 13:07:36
တန့်ကြည်တောင် ဘုရားဖူးယာဉ်အား
ပစ်ခတ်ခဲ့သည့်

အကြမ်းဖက် pdf များ
အား တပ်မတော်မှ လိုက်လံချေမှုန်းရာ
၄ ယောက် အသေ ရရှိပြီး ဒဏ်ရာ
အများအပြားရရှိသွားကာ

ဒဏ်ရာရရှိသွားသူများကို ဂုန်းပိုးလျက်
ပခုက္ကူ မြစ်ခြေဘက်သို့ လက်နက်များကိုပင်
မသယ်ဆောင်နိုင်တော့ပဲ ကစဉ့်ကလျား
ထွက်ပြေးလျက်ရှိပြီး

တပ်မတော်စစ်ကြောင်းများကလည်း
လေကြောင်းပစ်
ကူများနှင့်တရစပ် လိုက်လံ ချေမှုန်းနေ
ကြောင်း သိရ ။
267 views10:07
Open / Comment
2022-06-08 12:59:43
ထူးကြီးမြို့၊ အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လာရောက်လုပ်ကြံခဲ့သည့် PDF အဖွဲ့ဝင် နှစ်ဦးကို လုံခြုံရေး အဖွဲ့က အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့
……………………………

ပုသိမ်၊ ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းထွန်းကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် PDF အဖွဲ့ဝင်နှစ်ဦးကို လုံခြုံရေးအဖွဲ့က အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးဖြစ်သူသည် ရုံးအတွင်း၌ ရုံးလုပ်ငန်းများ ဆောင်ရွက်နေစဉ် PDF အဖွဲ့ဝင် နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် လုပ်ကြံခဲ့သည်။

PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သူကို တာဝန်ရှိသူများက ထူးကြီး ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ခဲ့ပြီး လက်ရှိအချိန်၌ ဒဏ်ရာအခြေအနေကြောင့် တာဝန်ရှိသူများက ဆက်လက်ပြီး ဟင်္သာတဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့သည်။
257 views09:59
Open / Comment
2022-06-08 09:52:10
နိုင်ငံရေးတော့မဆိုင်ပါဘူး
သို့ပေမယ့် တရားမျှတမှုအရေးနဲ့
ဆိုင်လို့ တင်ပေးတာ

ပြည်သူအသံ

ကျောက်တံခါးမြို့နယ်အတွင်းပဲခူးတိုင်းဒေသကြီးအစိုးရမှ စုံစမ်းစစ်ဆေးရေးခုံရုံးပြုလုပ်၍ ဝန်ကြီးချုပ်ထံ တင်ပြထားသော
ကျောက်တံခါးမြို့နယ် အသဝိအင်းကို
ဒေသခံမဟုတ် ပုံစံ ၇ မရှိသကဲ့သို့ ဒေသခံ
အစုအဖွဲ့ မအောင်မြင် သော အဖွဲ့မှ
ဝင်ရောက်လုပ်ကိုင်နေကြောင်း သိရသည်။

အစုအဖွဲ့ မပြည့်မှီသော ဦးစောပူတလူ
အဖွဲ့ က ​ငါးလုပ်ငန်းသို့ ကြေးတိုင်လိမ်လည်
လျှောက်ထားပြီး ခွင့်ပြုချက် ရရှိပြီး ဟု
လည်းသိရသည်။

ဒေသခံလည်းမဟုတ်သကဲ့သို့ အစုအဖွဲ့လည်း မအောင်သောအဖွဲ့ကို ငါးလုပ်ငန်း
အဖွဲ့မှ အစုအဖွဲ့အသစ် ပြန်ဖွဲ့ပေး နေကြောင်း ကိုလည်း ပြည်သူများက ကန့်ကွက်လျှက်ရှိ ပါ ကြောင်းသတင်းရရှိ

နစ်နာသူ ပြည်သူတစ်ဦး
#banyunt
287 views06:52
Open / Comment
2022-06-08 09:44:33
တမူးမြို့သို့ ကျောင်းသုံးစာအုပ်များသွားရောက်ပို့ဆောင်သည့် ယာဉ်တန်းအား PDF အကြမ်းဖက်များမှ ချောင်းမြောင်းပစ်ခတ်
======================
၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက် #FiftyTwoNews
မနေ့က နေ့လယ် ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ ဒေသခံ ပြည်သူလူထု၏ ရင်သွေးငယ်များဖြစ်သော ကျောင်းသား/သူများ ပညာသင်ကြား နိုင်ရန်အတွက် ကျောင်းသုံးစာအုပ်များများ ကလေးမြို့မှ တမူးမြို့သို့ လုံခြုံရေးအဖွဲ့များမှ သွားရောက်ပို့ဆောင်ရာကလေး-တမူးကားလမ်းမကြီး ရန်လင်းဖိုင်ကျေးရွာနှင့်နန့်မွတ်တား ကျေးရွာသို့ ရောက်ရှိစဉ် PDF အကြမ်းဖက်များမှလက်နက်ငယ်၊ လက်လုပ်သေနတ်များဖြင့် (၂)ကြိမ်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ပြီး ထွက်ပြေးသွားကြောင်းဒေသခံများ၏ ပြောကြား ချက်အရ သိရပါသည်။
221 views06:44
Open / Comment