🔥 Burn Fat Fast. Discover How! 💪

Online News Channel

Logo of telegram channel nmt812 — Online News Channel O
Logo of telegram channel nmt812 — Online News Channel
Channel address: @nmt812
Categories: News
Language: English
Subscribers: 3.18K
Description from channel

up to date news channel

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 15

2021-12-13 07:24:17
မုံရွာမြို့၊ အလုံရပ်ကွက်၊ မြို့ဦးရပ်ရှိချမ်းသာကြီးဘုန်းကြီး ကျောင်းအတွင်း ကျောင်းထိုင်ဆရာတော် ဥူးသြဘာသ အပါအဝင် သံဃာ ၄ ပါးနှင့် လူ ၈ ဦးအား လက်လုပ်သေနတ်များ၊ လက်လုပ်ဗုံးများ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
1.1K viewsMinn Thet Naing, 04:24
Open / Comment
2021-12-13 05:59:47
မန္တလေးမြို့၌ ကပ္ပိယ တစ်ဦး၊အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ကုတင် ၃၀၀ ဆေးရုံသူနာပြု ဆရာမ နှင့် ၎င်း၏ ခင်ပွန်းတို့ကို လုပ်ကြံခဲ့သည့် PDF အကြမ်းဖက်အဖွဲ့၏ နေအိမ်အား ရှင်းလင်းရာ PDF အဖွဲ့မှ အဖွဲ့ဝင် အချို့ အား အသေ/အရှင် ဖမ်းဆီး
ရမိပြီး ဖောက်ခွဲရေးပစ္စည်းများ သိမ်း
ဆည်းရမိခဲ့ကြောင်းသိရသည်။
1.3K viewsMinn Thet Naing, 02:59
Open / Comment
2021-12-13 04:36:32 မန္တလေးမြို့တွင် လိုက်လံလုပ်ကြံ သတ် ဖြတ်နေသည့် PDFအကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်ဖမ်းဆီးလျှက်ရှိရာ ယမန်နေ့ညက PDFအသေ(၈)ဦး အရှင်(၃) ဦးဖမ်းဆီးရမိထားပြီး ဆက်လက်ဖော်ထုတ်နေဆဲဖြစ်ကြောင်းသိရသည်။
1.0K viewsMinn Thet Naing, 01:36
Open / Comment
2021-12-12 05:44:14 ကိုပေါက်က မြို့ပေါ်ပြန်နေချင်တယ်၊ ညီနန္ဒကလည်း ထောပတ်ထမင်းဆိုင်မှာ မိသားစုနဲ့အတူ ပြန်နေချင်တယ်၊ မင်းမော်ကွန်းကျတော့ အမေဒီးကားကို မိသားစုနဲ့ သွားချင်နေတယ်၊သူတို့အားလုံးမှာ တူညီတဲ့အချက်က ဖောက်ခွဲရေးတွေမှာမပါဝင်ကြဘူး၊ လုံခြုံရေးတပ်ဖွဲ့တွေကို ချောင်းမြောင်းပစ်ခတ်မှုတွေမှာမပါဝင်ကြဘူး။

နစက အစိုးရကို ဆန့်ကျင်ကြပေမယ့် ရာဇဝတ်မှုကျူးလွန်တဲ့အထဲ ထဲထဲဝင်ဝင်ပတ်သက်မှုမရှိကြဘူး။

သူတို့ရဲ့အဓိကအလုပ်က တောထဲမလာတဲ့သူတွေ လာချင်အောင်၊ အစိုးရကို မဆန့်ကျင်သူတွေ ဆန့်ကျင်လာအောင် တောထဲရောက်နေတဲ့သူတွေ မြို့ပေါ်ပြန်မသွားအောင် အွန်လိုင်းပေါ်မှာ မြှောက်ပင့်ရေးသားကြရတဲ့အပိုင်း။

တစ်ချိန်ချိန်မှာ ဖမ်းဆီးခြင်းခံရရင်လည်း ကြီးလေးတဲ့ ပြစ်ဒဏ်ကျခံရဖွယ်မရှိဘူး၊ ဒါက သူတို့ရဲ့ ပါးနပ်မှုပေါ့။

သူတို့သဘောနဲ့ အလင်းဝင်ခဲ့ရင်လည်း အစိုးရက သက်ညှာစွာ စဥ်းစားပေးမှာပဲ၊ သူတို့ကိုယ်တိုင် လုပ်ကြံခြင်း၊ ပစ်ခတ်ခြင်းတွေမရှိခဲ့လို့ပဲဖြစ်တယ်။

သူတို့ရဲ့မြှောက်ပင့်ရေးသားမှုတွေကြောင့် ကိုယ်တိုင် ဖောက်ခွဲရေးလုပ်ဆောင်သူတွေ ပစ်ခတ်ခြင်းတွေလုပ်ဆောင်ကြသူတွေ အနေနဲ့တော့ သူတို့လို အခွင့်အရေး ရရှိမှာမဟုတ်ပါဘူး၊ ကိုယ်ဖြစ်ကိုယ်ခံပဲ၊ စံစရာအကြောင်းကတော့မရှိဘူး။

အမေဒီးကားကို အရောက်ပြေးကြသူတွေကတော့ တောထဲရောက်သူတွေနဲ့ ဘဝခြင်းက မိုးနဲ့မြေလို ကွာခြားသွားပြီ၊ တော်လှန်ရေးကာလမှာလဲ ပြည်ပရောက်သွားသူတွေက အေးဆေးဆေးဆေးပဲ၊ တော်လှန်ရေးမအောင်မြင်လည်း အေးအေးဆေးဆေးပဲ။

တော်လှန်ရေး မစခင်ကတည်းက ပြည်ပကိုထွက်ပြေးကြတယ်ဆိုကတည်းက တော်လှန်ရေးအပေါ် ယုံကြည်ချက်အားနည်းတယ်ဆိုတာ ပေါ်လွင်နေတယ်။

တော်လှန်ရေးဆိုတာက အခုမှရှိလာတာမဟုတ်ဘူး၊ လွတ်လပ်ရေးရပြီးကတည်းက အယူဝါဒတွေကွဲပြားပြီး တော်လှန်ရေးတွေပေါ်ပေါက်ခဲ့တာပဲ။

တော်လှန်ရေးတိုင်းမှာ မိမိအကျိုးစီးပွားအတွက် အသုံးချသွားသူတွေ ဟိုးယခင်ကတည်းက ရှိခဲ့ကြတယ်။

လည်တဲ့သူတွေ စံမယ်၊ အ တဲ့သူတွေ ခံရမယ်၊ ဒါ နိယာမပါပဲ။

#ကာနယ်ကျော်သောင်း
1.2K viewsMinn Thet Naing, 02:44
Open / Comment
2021-12-11 10:20:46 ရန်ကုန်တိုင်းအတွင်းမှာ ဖောက်ခွဲဖျက်ဆီးရေးတွေကို အဓိကကြိုးကိုင်တဲ့ ဖြိုးဇေယျာသော်ကို စစ်ဖက်က ဖမ်းဆီးရမိပြီးတဲ့နောက်ပိုင်း ရန်ကုန်ကပြည်သူတွေ အတော်လေးစိတ်ချမ်းသာသွားကြတယ်၊ အဓိကခေါင်းဆောင်ကို မိသွားတော့ PDF တွေလည်း အတော်လေးငြိမ်သွားကြတာပေါ့ ။

နယ်ဘက်တွေမှာလည်း တပ်က ဖိဖိစီးစီး တွယ်နေတော့ PDF တွေ အင်အားချိနဲ့သွားတာတော့ အမှန်ပဲ။

ကရင်ပြည်နယ်ထဲက PDF တွေကိုလည်း ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး ကရင်ပြည်နယ်ထဲက ထွက်ခွာကြဖို့နဲ့ မထွက်ခွာရင် KNU ဗဟိုကဦးစီးပြီး တွယ်တော့မယ်။

ကရင်ပြည်နယ်ထဲကအဖွဲ့တွေ ကယားနဲ့ချင်းပြည်နယ်ဘက်ကို သွားပေါင်းကြမယ်ဆိုတဲ့အတွင်းသတင်းတွေရထားပြီးပြီ၊ စစ်ကိုင်းတိုင်းက မြေပြန့်ဆိုတော့ သွားပေါင်းလည်း အခြေအနေမကောင်းဘူး။

နောက်ဆိုရင် PDF ဆိုတာ ရပ်ရွာတွေထဲ ဓားပြတိုက်ပြီး ရှင်သန်ကြရမယ့် အနေအထားဖြစ်သွားလိမ့်မယ်၊ ကျေးရွာတွေအနေနဲ့ PDF ဓားပြတွေကို တိုက်ထုတ်ဖို့ အခုကတည်းက စည်းစည်းလုံးလုံးနဲ့ ပြင်ဆင်ထားကြဖို့လိုပါတယ်။

#ကာနယ်ကျော်သောင်း
1.3K viewsMinn Thet Naing, 07:20
Open / Comment
2021-12-09 05:24:09
နက်ဖြန် ဒီဇင်ဘာ(၁၀)ရက်နေ့ ပုံမှန်အတိုင်း သွားလာကြပါလို့ ဆိုထားပါတယ်။
828 viewsMinn Thet Naing, 02:24
Open / Comment
2021-12-07 13:54:45 ပရိသတ်အစစ်အမှန်နဲ့ဆယ်လီတွေကို အွန်လိုင်းဆယ်လီ
တွေကဖမ်းစားအသုံးချသွားတဲ့ပွဲ
comment of seaman NMT
-----------------------------

ကိုကျော်(မင်းမော်ကွန်း)အကောင့်ကို
fb က boost လုပ်လို့ကြည့်ရတော့ အားရပါးရဆဲနေတာ
တွေ့ရတယ် ...

တခါတလေ လူတချို့က
ထင်ထားသမျှနဲ့ အလွဲကြီး လွဲခဲ့ရင်
ကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ရင်
အားမလို အားမရဖြစ်ပြီး ပေါက်ကွဲတတ်ကြတာ
သဘာဝပါ ...

လူမူ့ကွန်ယက်တွေ ပေါ်လာတော့
ဒီအပေါ်မှာ လုပ်တတ်ကြတာ များပါတယ် ...
ကိုယ်တိုင်လည်း ဖြစ်ဖူးတာပါပဲ ...

ကိုကျော်(မင်းမော်ကွန်း)ကြည့်ရတာလည်း
အဲ့ဒီလို ထင်ပါတယ်

သူ့ဘဝတစ်ခုလုံး စွန့်လွှတ်ပြီး
တောထဲရောက်နေခဲ့ရတာလေ ...

တချို့များကြတော့လည်း
USနဲ့ အနောက်ဥရောပကို
သာသာယာယာရောက်သွားတာမျိုး ...

မင်းသမီးပိုင်ဖြိုးသုက
လူတွေ သွားလာလှုပ်ရှားနေတာကိုကြည့်ရင်း
မြန်မာပြည်မှာ ပုံမှန်လို အခြေအနေပြန်ဖြစ်ပြီလား
စိုးရိမ်မိတယ်တဲ့ ....

သူဘာမှ သိပ်မသိပေမယ့်
အရေးတော်ပုံ နိုင်ကို နိုင်ရမယ် ကျိန်းသေတယ်လို့
သူယုံကြည်တယ်တဲ့ ...

ယုံကြည်တယ်ပြောတာတော့ အားလုံးနီးပါးပါပဲ ...
ခက်တာက ယုံကြည်တယ်လို့ ပြောတဲ့သူမှန်သမျှကကို
US ရောက်ကုန်တာပါ ...

သူတို့ပြောပုံအရဆိုရင်
ပြည်တွင်းမှာကျန်ခဲ့တဲ့သူတွေနဲ့
နယ်စပ်ကို ထွက်ခွာခဲ့ရသူတွေမှန်သမျှ
နစက ကိုတော်လှန်ပြီး အမြဲတမ်းစွန့်စားနေရမယ့်ပုံ ...

တော်လှန်ရေးဆိုတာကိုက
ခပ်အေးအေးနေလို့ မရဘူးလေ
ပုံမှန်ဘဝတွေဆုံးရှုံးပြီး အထုအထောင်းတွေနဲ့
အမြဲတမ်း လိမ္မော်ရောင် မီးခိုးတွေကြား
အသက်ကို ဖက်နဲ့ထုပ်ထားရတာမျိုး မဟုတ်လား ...

အခုလည်း
ကို‌ကျော်ကျော့်(မင်းမော်ကွန်း)ကြည့်ရတာ
သောင်မတင် ရေမကျ မိသားစုနဲ့တကွ နယ်စပ်တ‌စ်နေရာမှာ
ဒုက္ခ သုက္ခနဲ့ တိုင်ပတ်နေတော့ လှိမ့်ဆဲနေတယ် ထင်ပါတယ်

နစက ဖက်က ပြန်ဝန် ခပ်ရွဲ့ရွဲ့နဲ့တိုးလို့
အခု ဆဲနေတဲ့ မင်းသား၊မင်းသမီးတွေ နုစဉ်ဘဝ
"နဝတ"လက်ထက် ရိုက်ခဲ့ကြတဲ့စစ်အစိုးရ ဝါဒဖြန့်
ဇတ်ကားတွေ ပြန်လွှင့်လိုက်မှ ထိုင်ကြည့်ရင်း
ပြုံးနေရမယ်ထင်ပါရဲ့

ဒိုင်ယာလော့ခ် အတုံးလိုက်
အတစ်လိုက်နဲ့ "မ"ထားတာတွေလေ ...

အမှန်တော့
ကိုကျော်(မင်းမော်ကွန်း)တို့ဟာ
ဒီအခြေအနေနဲ့ မထိုက်တန်ပါဘူး ...

ဦးဇင်ဝိုင်းတို့ဆိုလည်း
တပ်ကို ချစ်ကြသူတွေလို့ ယုံကြည်ပါတယ် ...
သူ့လည်း ခဏထိန်းပြီး ပြန်လွှတ်ခဲ့တာပါပဲ ...

စစ်အာဏာသိမ်းတာကို သဘောမကျရင်တောင်
မြေပေါ်မှာ အခြားနည်းနဲ့ တော်လှန်ရေးလုပ်လို့ရသလို
ဒီလို စွန့်စွန့်စားစား တောထဲ မိသားစုဘဝတစ်ခုလုံး
ရင်းလိုက်ရတဲ့ မဖြစ်ထိုက်ဘူးလို့ ထင်ပါတယ် ...

ကမ္ဘာပေါ်က မိသားစုတိုင်းကို
အေးအေးချမ်းချမ်း မကွဲမကွာ ရှိစေချင်တာပါ ...

ဒီတိုင်းပြည်က
မသန့်ရှင်းတဲ့ နိုင်ငံရေးသမားတွေနဲ့
ညစ်ပတ်စုတ်ပြတ်နေတဲ့ အာဏာလုပွဲတွေရဲ့ ရလဒ်တွေက
ကောင်းကောင်းဆိုးဆိုး သူတို့အတွက်သာ ထိုက်တန်တယ်
မဟုတ်လား ...

#ကူးယူဖော်ပြခွင့်မပြု
တဲ့မူရင်းပိုင်ရှင်က ဒါပေမယ့် ခွင့်တောင်းပြီးယူလာပါတယ်။
1.3K viewsMinn Thet Naing, 10:54
Open / Comment
2021-12-07 13:17:47
မောင်လေးက မမကို အာဘွားပေးတယ်လား ။
2.7K viewsMinn Thet Naing, 10:17
Open / Comment
2021-12-07 07:05:38 ယနေ့မနက်ပြည်ခိုင်ဖြိုးပါတီဝင်မြောက်ဥက္ကလာကဒေါ်နီနီရွှေ တကကငြိမ်း(သေဆုံး)၏ဇနီးအားအကြမ်းဖက်တွေလူမဆန်စွာဖြင့်သတ်ဖြတ်သွားကြပါတယ်
ပြည်ခိုင်ဖြိုးအပါအဝင်ပြည်သူတွေကိုရက်စက်စွာဖြင့်ကြက်ကလေးငှက်ကလေးတွေသတ်တာထက်တောင်လွယ်လွယ်ကူကူပဲသတ်ခံနေရပါပြီ
နစကကြီးဘာဆက်လုပ်ပြမှာလည်းနစကကြီးကတော့သဘောတွေကောင်းပြီးပြစ်ဒဏ်တွေလျှော့၊ အကျဥ်းသားတွေလွှတ်ပေးနဲ့ ဟိုအကြမ်းဖက်အဖွဲ့က နစက ကိုကျေးဇူးမတင်တဲ့အပြင်ဖင်လှန်ပြနေကြတယ်
ကြည်မြင့်တိုင်ဖြစ်စဥ်ကိုလဲမကျေနပ်လို့ကြည်မြင်တိုင်တစ်မြို့နယ်လုံးသံပုံးတီးနေတာ ၂ ရက်ရှိပြီးနားထောင်လို့ကောင်းကောင်းနဲ့ပဲပုန်းရင်နားထောင်နေရတယ်
အခုဟာကပြည်ခိုင်ဖြိုးပါတီဝင်တွေကိုသာမကပဲတပ်မတော်ကိုအားပေးထောက်ခံခဲ့တဲ့သူတွေကိုပါအလွယ်တကူသေနတ်နဲ့အေးဆေးရက်စက်စွာသတ်ဖြတ်နေတာ မရပ်တန့်သွားပဲပိုဆိုးဝါးလာနေတယ်
နစက မှလူကြီးများအပေါ်မှာပဲနေနေပြီးအားလုံးအေးဆေးနေပြီမထင်ပါနဲ့အောက်ခြေရပ်ကွက်တွေမှာနစကအာဏာထိန်းကတည်းကခုချိန်ထိအိမ်မပြန်ရသေးပဲဘေးလွှတ်ရာကိုရှောင်ပြေးပုန်းနေရတဲ့တပ်မတော်ကြီးကိုထောက်ခံအားပေးခဲ့သူတွေ၊အမျိုးသားရေးသမားတွေနဲ့ပြည်ခိုင်ဖြိုးပါတီဝင်တွေအများကြီးရှိနေပါသေးတယ်
အိမ်ကိုပြန်ရောက်တာနဲ့ချက်ခြင်းအသတ်ခံရတာပါပဲ မနက်ကအသတ်ခံခဲ့ရတဲ့ဒေါ်နီနီရွှေလဲရှောင်ပုန်းနေရာကခဏအိမ်ပြန်လာရာကနေအသတ်ခံရတာပါ
သူ့ကိုသတ်ဖို့သတင်းပေးသူတွေကသူတို့အိမ်ရှေ့နဲ့အိမ်အနားတစ်ဝိုက်တစ်လမ်းလုံးနီးပါးပါပဲ
ဒါကြောင့်မို့ရပ်ကွက်တွေလမ်းတွေထဲမှာ ဆေးကြောင်ပြီးဆေးကွဲပြီးပေါ်ပေါ်တင်တင်သောင်းကျန်နေထိုင်နေတဲ့ PDF ဆိုတဲ့အကြမ်းဖက်ကောင်တွေဟာနေ့ညရှောက်သွားနေကြတာကိုတစ်ရပ်ကွက်လုံးသိတယ် ရဲလည်းသိတယ် ၊ထွေအုပ်တွေလဲသိတယ် ဒါပေမဲ့လုံးဝမဖမ်းဘူးလွှတ်ပေးထားတယ်
ဘယ်နေ့မှာဘယ်သူကိုသတ်မယ်ဆိုတာကိုလဲတစ်ရပ်ကွက်လုံးရပ်ကွက်အုပ်ကြီးတွေရဲတွေထွေအုပ်တွေအားလုံးသိတယ်
သတ်ပြီးမှပြေးခိုင်းတယ်ပုန်းခိုင်းတယ်
အဲ့တော့ရပ်ကွက်တွေလမ်းတွေမှာအကြမ်းဖက်တွေကပေါ်တင်ပဲမိုက်ကြေးခွဲပြီးရဲနဲ့မစကအဖွဲ့ကိုငွေပေးပြီးနေတယ်
အပြစ်မရှိအေးချမ်းစွာနေလို့တဲ့တပ်မတော်ကိုထောက်ခံအားပေးတဲ့ပြည်သူတွေကထွက်ပြေးနေဏတယ်
အမှန်ကမှားပြီးအမှားကမှန်နေတယ်
သူတို့ကိုအကြမ်းဖက်မှန်းသိလို့လက်ဦးအောင်လုပ်ပြန်ရင်လဲဖမ်းခံရသေးတယ်အဲ့တော့ဘာလုပ်ရမှာလဲ
တပ်မတော်ကိုမထောက်ခံတော့ပဲအကြမ်းဖက်သမားတွေနဲ့ပဲတည့်အောင်ပေါင်းပြီးတပ်မတော်ကိုဆန့်ကျင်ဖို့ပဲရှိတော့အဲ့ဒါကမှလုံခြုံဦးမယ်ထင်တယ်
ဒီလိုပဲဘယ်နှယောက်များဘယ်အထိထပ်အသတ်ခံနေရဦးမှာလဲနစကကြီးရေ
တစ်ခုခုတော့လုပ်ကြပါဦး
ဒါမှမဟုတ်လဲအကြမ်းဖက်တွေအားလုံးမြို့ထဲမှာနေခိုင်းပြီးတပ်မတော်ထောက်ခံသူတွေကိုထောင်ထဲသာထည့်ထားလိုက်တာအလုံခြုံဆုံးဖြစ်လိမ့်မယ်
နာမည်ကြီးတဲ့မြို့တွေကိုဧည့်စာရင်းနိုင်နိုင်စစ်ပါအကြမ်းဖက်ဆိုတဲ့ PDF တွေသေချာပေါက်ကိုမိမှာပါဘာလို့ဧည့်စာရင်းကိုမစစ်ဆေးပဲအကြမ်းဖက်သက်ဆိုးရှည်အောင်လွှတ်ထားတာလဲ
ပြည်သူတွေနစကကိုမထောက်ခံချင်တော့ဘူးအကြမ်းဖက်သမားနဲ့ပေါင်းကြတော့မယ်
နစက ကြီးအောက်ခြေကိုဆင်းပြီးအောက်ခြေပြည်သူတွေဘဝကိုစာနာသနားပါလို့စိတ်မကောင်းစွာနဲ့ရေးသားအကြံပြုပါတယ်
အကြမ်းဖက်ထောက်ခံသူတွေကသူတို့လူကိုထိရင်မိုးပြိုမတတ်ဝိုင်းဟောင်ကြတာနားကိုညီးပြီးတစ်နိုင်ငံလုံးအုံးအုံးကြွနေတယ်
သံဃာတော်တွေ၊ကလေးလူကြီးကိုယ်ဝန်သယ်မချန်သတ်ဖြတ်နေတာတွေကြတော့လူတစ်သောင်းတောင်မသိကြဘူး
မတရားတာများလာရင်ပြည်သူတွေပေါက်ကွဲကုန်ကြပါလိမ့်မယ်နစကကြီးရေ
စေတနာဖြင့်။
2.3K viewsMinn Thet Naing, 04:05
Open / Comment
2021-12-07 06:40:43
မောင်လေး နောက်တစ်ယောက်နှင့်ဓာတ်ပုံ ထွက်ပေါ်လာ ၊ မောင်လေး
နာမည်သိရင် ကွန့်မန့်ရေးခဲ့ပါ။
1.7K viewsMinn Thet Naing, 03:40
Open / Comment