Get Mystery Box with random crypto!

Online News Channel

Logo of telegram channel nmt812 — Online News Channel O
Logo of telegram channel nmt812 — Online News Channel
Channel address: @nmt812
Categories: News
Language: English
Subscribers: 3.18K
Description from channel

up to date news channel

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 2

2022-03-20 07:04:14 ဒါတွေဟာ လျှပ်စစ်ကဏ္ဍကို မဖြစ်မနေပြောင်းခဲ့ရတဲ့ ကိစ္စတစ်ခုပဲဖြၽတယ်၊ အဲ့ဒီလို စွန့်စွန့်စားစား ပြောင်းလဲခဲ့တဲ့အတွက်ကြောင့် ရန်ကုန်မှာ သဘာဝဓာတ်ငွေ့စက်ရုံ(၄)ရုံပေါင်း (၂၈၀)MW ထွက်တယ်၊ တည်ဆောက်စရိတ် (၁)MWကို ဒေါ်လာ(၁)သန်းခန့်ကုန်တဲ့အတွက် ဒေါ်လာသန်းပေါင်း(၂၈၀)ခန့်ကို နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်မှ(၁)ဒေါ်လာမှ မစိုက်ထုတ်ပဲ ဒေါ်လာသန်း(၂၈၀)ခန့်တန်တဲ့ စက်ရုံကြီးကို ရန်ကုန်မှာ တည်ဆောက်ပြီး ဓာတ်အားပေးခြင်းလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှု စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကျောက်ဆည်မှာ (၁၁၀)MW ၊ မြင်းခြံမှာ (၁၀၃)MW ၊ ကျောက်ဖြူမှာ (၅၀)MW စုစုပေါင်း (၂၆၃)MW ထုတ်တာဆိုရင်လည်း ပုဂ္ဂလိက ကဏ္ဍက ဒေါ်လာသန်းပေါင်း(၂၇၀)ခန့် ရင်းနှီးမြှုပ်နှံမှုကို စပြီးလုပ်ခဲ့တာဖြစ်တယ်၊ ဒါတွေအားလုံးဟာ ပုဂ္ဂလိက ကဏ္ဍကို ဆောင်ရွက်စေတဲ့အတွက်ကြောင့် နိုင်ငံတော်အနေနဲ့ ရန်ပုံငွေ တပြားတချပ်မှ စိုက်ထုတ်ခြင်းမလုပ်ရပဲနဲ့ နိုင်ငံတော်မှာ လျှပ်စစ်ဓာတ်အားတွေကို ၃၀၁၃-၂၀၁၄ ခုနှစ်မှာရော ၂၀၁၄-၂၀၁၅ ခုနှစ်မှာပါ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ဝန်ကြီးဌာနအနေဖြင့် ပြန်လည်သတိရစေပြီး လက်ရှိဓာတ်အား လျော့နည်းနေတဲ့ အနေအထားတွေ၊ မီးပျက်နေမှုတွေကို ကျော်လွှားနိုင်စေရန်အတွက် ပြန်လည် မျှဝေလိုက်ရပါသည်။

#MTN
(20-3-2022)
1.2K viewsMinn Thet Naing, 04:04
Open / Comment
2022-03-20 07:04:13 လျှပ်စစ်ကိုဘယ်လိုပြောင်းခဲ့ကြသလဲ
========================
၂၀၁၁ခုနှစ် ဦးသိန်းစိန်အစိုးရ စတင်တာဝန်ယူချိန်မှာ ရဲရွာရေအားလျှပ်စစ်ကလည်း တည်ဆောက်ပြီးချိန် လျှပ်စစ်မီးတွေ မြန်မာတစ်နိုင်ငံလုံး ပြည့်ပြည့်ဝဝပေးနိုင်ခဲ့တယ်၊ အစိုးရသစ်လက်ထက် လျှပ်စစ်မီးကလည်း အပြည့်အဝပေးထားနိုင်ခြင်းတို့ကြောင့် ပြည်သူတွေကျေနပ်ခဲ့ကြပါတယ်။

၂၀၁၂ခုနှစ် နွေရာသီရောက်လာတော့ ဓာတ်အားသုံးစွဲသူတွေ ထပ်မံများပြားလာပြီး လျှပ်စစ်ဓာတ်အားပေးပို့မှု မနိုင်မနင်း စဖြစ်လာတယ်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုဟာ မမျှတတော့ တစ်နိုင်ငံလုံးမှာ မီးတွေပျက်ခဲ့တယ်။

အဲ့ဒီအချိန်မှာ NLD ခေါင်းဆောင်ကြီးတွေ ဦးစီးပြီးတော့ ပြည်သူကို လမ်းပေါ်တက် ဆန္ဒပြတာတွေ ဖယောင်းတိုင်မီးထွန်းကြတာတွေ မြို့ကြီးအတော်များများမှာ ပြုလုပ်ခဲ့ကြတယ်၊ ၂၀၁၃ခုနှစ်ကျတော့ NLD က အစိုးရဆန့်ကျင်ရေး အဖျက်လုပ်ငန်းကို အဖျက်သမားတွေနဲ့ပေါင်းပြီးတော့ ရွှေလီ-မန်ဆန် လိုင်းကလာတဲ့ ဓာတ်အားလိုင်းကို မိုင်းခွဲဖျက်ဆီးလိုက်ကြတယ်။

တပြိုင်တည်းမှာပဲ လောပိတကလာတဲ့ ဓာတ်အားလိုင်းကိုလည်း မိုင်းခွဲဖျက်ဆီးလိုက်ကြတယ်၊ ဓာတ်အား(၂)လိုင်းပေါင်း MW(၈၀၀)လောက်လျော့နည်းချိန်မှာ NLD က ပြည်သူတွေကို လမ်းပေါ်ဆွဲတင်ပြီး လျှပ်စစ်မီးရရှိရေး ဆန္ဒပြစေတယ်၊ လမ်းလျှေက်ချီတက်ဆန္ဒပြတာမျိုးတွေပါ လုပ်ဆောင်ကြတယ်။

အစိုးရက ဿာတ်အားလိုင်းပြုပြင်ခြင်းတွေကို တစ်လအတွင်းမှာ ပြန်လည်ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားတွေ ပြန်လည်ပေးနိုင်ခဲ့တယ်၊ ဓာတ်အားမလုံလောက်တဲ့အတွက်ကြောင့် အလှည့်ကျစနစ်ုဖင့်ပေးရတဲ့အထိ (၂၀၁၂-၂၀၁၃)မှာ အတော်လေး အခက်အခဲဖြစ်ခဲ့ရတယ်။

တစ်နေ့မှာ လျှပ်စစ်မှာတာဝန်ရှိသူတွေကို ရုရှားနိုင်ငံမှစွမ်းအင်ပညာရှင်တစ်ယောက်က တွေ့ဆုံပြီးအကြံပြုပါတယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် (၁ )MWထွက်တဲ့ ဓာတ်အားစေက်တွေ ရာနှင့်ချီချထားပြီးတော့ ဓာတ်အားတွေပေးနေတာတွေ့ရတယ်၊ ရေအားလျှပ်စစ်စက်ရုံကြီးတွေ တည်ဆောက်ရင်(၄/၅)နှစ်ကြာမယ်၊ ဒီလို(၁)MW ထွက်တဲ့ စက်အလုံး(၁၀၀)ချထားရင် MW(၁၀၀)ထွက်ထွက်မယ်၊ အလုံး(၂၀၀)ချထားရင် MW(၂၀၀)ထွက်မယ်၊ အဲ့ဒါမျိုးနဲ့ ဓာတ်အားပေးကြည့်ပါလားဟု ရုရှားပညာရှင်က အကြံပေးသွားတယ်။

အဲ့ဒီအချိန်မှာ လျှပ်စစ်ဝန်ကြီးဌာနက ပြောင်းလဲမှုကို စတင်လုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်၊ အဲ့ဒီလိုစဥ်းစားတဲ့အခါမှာ သဘာဝဓာတ်ငွေ့သုံးတာက ရန်ကုန်မြို့မှာပဲရှိတယ်၊ ဒါကြောင့်မို့ ရန်ကုန်မြို့ကို သဘာဝဓာတ်ငွေ့စက်ရုံတွေ တည်ဖို့ စတင်ဆုံးဖြတ်ခဲ့ရတယ်။

ရန်ကုန်မြို့မှာ သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်နေတဲ့ စက်ရုံအုပ်စု(၄)ခုရှိပါတယ်၊ အလုံမြို့နယ်မှာ(၁၅၄.၂)MW၊ လှော်ကားမှာ(၁၅၄)MW၊ သာကေတမှာ(၉၀)MW နှင့် ရွာမမှာ (၇၀)MW ထွက်တဲ့ ဓာတ်အားပေးစက်ရုံတွေ လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်က တည်ဆောက်ထားခဲ့တာဖြစ်တယ်။

အဲ့ဒီဓာတ်အားပေးစက်ရုံတွေက MW(၄၇၀)ထုတ်နိုင်တယ်၊ ဒါပေမယ့်လို့ အဲ့ဒီသဘာဝဓာတ်ငွေ့သုံး စက်ရုံတွေဟာ စွမ်းရည်တွေကျနေပြီးတော့ တစ်နေ့ကို MW(၂၅၀)ထက်ပိုပြီး မထုတ်နိုင်ဘူး၊ မကြာခဏပျက်နေပြီး ဓာတ်အားလည်း ဓာတ်အားလည်းအပြည့်အဝမထုတ်နိုင်ဘူး၊ သဘာဝဓာတ်ငွေ့ကိုတော့ စက်ရုံ(၄)ခုလုံးကို အပြည့်အဝပေးနေရတယ်၊ အမှန်ဆိုရင် သဘာဝဓာတ်ငွေ့ ကုဗပေ(၁၀)သန်းသုံးရင် MW(၅၀)ထွက်ရမှာဖြစ်ပေမယ့် ကုဗပေ(၁၀၀)သန်းနီးပါးသုံးတာတောင် လျှပ်စစ်က MW(၃၀၀)မထွက်တာကြောင့် လျှပ်စစ်ကဏ္ဍကို ပြောင်းကိုပြောင်းရမယ်ဆိုတာ ဆုံးဖြတ်ခဲ့ကြတယ်။

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုခေါ်ယူပြီး ရန်ကုန်မှာ သဘာဝဓာတ်ငွေ့စက်ရုံအသစ်တွေကို (၆)လအတွင်းအပြီးတည်ဆောက်ခဲ့ကြတယ်၊ အလုံမှာ(၁၂၀)M၊ လှော်ကားမှာ(၅၄)MW၊ ရွာမမှာ(၅၂)MW၊ သာကေတမှာ(၅၃)MW အသီးသီးထွက်တဲ့ စက်ရုံတွေပေါ်လာခဲ့တယ်၊ အဲ့ဒီသဘာဝဓာတ်ငွေ့စက်ရုံ(၄)ရုံဟာ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း(၅၀)ကိုသုံးပြီးတော့ MW(၂၈၀)ထုတ်ပေးနိုင်ခဲ့တယ်။ အရင်က သဘာဝဓာတ်ငွေ့ ကုဗပေ သန်း(၁၀၀)သုံးပြီး (၂၇၀)MW ထွက်တဲ့နေရာကနေပြီး သဘာဝဓာတ်ငွေ့ ကုဗပေ သန်း(၅၀)သုံးပြီး (၂၈၀)MW ထွက်တဲ့ စက်ရုံအသစ်တွေနဲ့ ရန်ကုန်မှာ ထပ်တိုးပြီး ဆောက်ရွက်နိုင်တဲ့အတွက်ကြောင့် လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝ ပေးလာနိုင်ခဲ့တယ်။

ဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်မှာ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ ထပ်မံရရှိခဲ့ပါတယ်၊ ပုဂ္ဂလိက ကဏ္ဍကိုခေါ်ယူပြီး မြင်းခြံ၊ ကျောက်ဆည်နှင့်ကျောက်ဖြူတို့မှာ သဘာဝဓာတ်ငွေ့ကိုထုတ်ယူပြီး (၁)MW ထွက်တဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေ (၆)လအတွင်းတည်ဆောက်ခဲ့ပါတယ်။

မြင်းခြံမှာ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း(၂၀)သုံးပြီး (၁၀၃)MW၊ ကျောက်ဆည်မှာ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း(၂၀)ကို သုံးပြီး (၁၁၀)MW၊ ကျောက်ဖြူမှာ သဘာဝဓာတ်ငွေ့ ကုဗပေ(၁၀)သန်း သုံးပြီး(၅၀)MW စုစုပေါင်း(၂၆၃)MW ထပ်မံထုတ်လုပ်ပြီး မြတ်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားစနစ်ကို ဖြည့်တင်းပေးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငွမှာ သဘာဝဓာတ်ငွေ့စက်ရုံအဟောင်းကြီးတွေဟာ တစ်နှစ်ကို ဒေါ်လာသန်းနဲ့ချီ အကုန်အကျခံပြီး ပြုပြင်နေရတယ်၊ လျှပ်စစ်ဓာတ်အားကလည်း ၅၀% လောက်ပဲ ထွက်တယ်၊ ယခုလိုပြောင်းလဲပြီး ဓာတ်အားပေးစက်ရုံတွေ တည်လိုက်တဲ့အခါမှာ နွေရာသီမှာ လျှပ်စစ်ဓာတ်အား အပြည့်အဝပေးလာနိုင်တာကို တွေ့ရတယ်။
962 viewsMinn Thet Naing, 04:04
Open / Comment
2022-03-20 03:21:27 ကျောင်းတွေစဖွင့်တော့စစ်ကျွန်ပညာရေးကိုမတက်ဘူးဆိုပြီး ကျောင်းမအပ်ကြဘူး၊ အန္တရာယ်ကြားခြိမ်းခြောက် မှုတွေကြားထဲကကျောင်းလာအပ်ပြီး ကျောင်းတက်နေတဲ့ ကလေးတွေကို အမျိုးမျိုးအခက်အခဲဖြစ်အောင်ဒုက္ခ ပေးကြတယ်…. ဒါပေမဲ့ မိဘတွေက၎င်းတို့ကလေးတွေအတွက် အရဲစွန့်ပြီးကျောင်းထားပေးကြတယ် ဒါပေမဲ့ တစ်ဖက်ကတော့ အမေစုလာမှကျောင်းတက်မယ်ဘာညာနဲ့ ကျောင်းမအပ်ပဲ နေကြတယ်….. အခုစာမေးပွဲဖြေ တော့မယ် သူတို့အမေစုကလည်းမသေချာတော့ဘူးဆိုတော့ စာမေးပွဲဖြေဖို့အတွက် ကျောင်းတွေမှာရှိတဲ့ Silent CDM ကျောင်းအုပ်ကြီး(ဖရဲသီး)တွေကကျောင်းသားတစ်ဦးကိုငွေ(၅)သောင်းယူပြီးစာမေးပွဲဖြေဖို့အတွက်စာရင်း တွေခိုးထည့်ပေးကြတယ်၊ကျောင်းခေါ်ကြိမ်တွေခိုးထည့်ပြီး မသမာတဲ့နည်းတွေနဲ့ လုပ်နေကြတာလည်းအထက် တန်းကျောင်းတိုင်းမှလိုလိုဖြစ်နေကြတာ ရင်နာစရာပါ အခက်အခဲကြားထဲက ကျောင်းတက်နေတဲ့ကျောင်းသား တွေကို စာနာသင့်ပါတယ်…… ပညာရေးဝန်ကြီးစီစစ်ဆောင်ရွက်သင့်ပါတယ်……..

နောက်ထပ်ပြောချင်တာကတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့မြို့နယ်အချို့မှာရပ်ကွက်အုပ်ချုပ်ရေးမှူးတော်တော် များများကို ယခင် NLD အစိုးရလက်ထက်တုန်းက၎င်းတို့ဩဇာခံသစ္စာခံတဲ့ သူတွေကိုပဲ ပြန်ခန့်အပ်ပေးထားကြ တယ်…… နစကကြီးစတင်တာဝန်ယူကတည်းက မပြတ်တင်ပြပေးခဲ့သော်လည်းယခုချိန်ထိဆက်လက်တာဝန် ပေးထားကြတုန်းပဲ…..
အဲ့လို NLD အမာခံတွေကိုပဲ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဆက်ခံထားတော့ ဘာတွေဖြစ်ကြသလဲဆိုတော့…..အခု ရန်ကုန်မှာဖြစ်နေတဲ့ ချောင်မြောင်းလုပ်ကြံပစ်ခတ်သတ်ဖြတ်တာတွေ၊ မိုင်းခွဲတာတွေ၊ လစ်ရင်လစ်သလိုလုံခြုံ ရေးအဖွဲ့တွေ ရဲကင်းတွေကို ပစ်ခတ်ထွက်ပြေးတာတွေကိုလုပ်နေကြတဲ့ အကြမ်းဖက်သမား PDF တွေဟာအဲ့ဒီ NLD အမာခံတွေကိုပဲ ဆက်လက်ခန့်အပ်ထားတဲ့ ရပ်/ကျေးလမ်းတွေမှာပဲ ပေါ်ပေါ်တင်တင်နေထိုင်နေကြတာ ခုထိပါပဲသူတို့ကိုအဲ့ဒီရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက ကာကွယ်ပေးထားတယ်……

အဲဒီကျေး/ရွာ အုပ်ချုပ်ရေး မှူးတွေကနေတဆင့် နယ်ထိန်းရဲတွေ/မြို့နယ်ရဲစခန်းကရဲတွေ၊ မြို့နယ်ထွေအုပ်ရုံးကအဖွဲ့တွေ စတဲ့အဆင့်ဆင့် ပိုင်အောင်ပေါင်းပြီး ပေါ်တင်ပဲနေထိုင်နေကြတယ်….

ဒါကိုသိလို့ပြည်သူတွေက ရဲ (သို့မဟုတ်) ထွေအုပ် ကိုတိုင်ရင် ရဲနဲ့ထွေအုပ်တို့က အတိုင်ခံရတဲ့တရားခံကိုမဖမ်း တဲ့အပြင် လာတိုင်တဲ့သူကို ရဲနဲ့ထွေအုပ်တို့ကအတိုင်ခံထိသူဆီပြန်ပြောပြီး တိုင်တဲ့ပြည်သူက ဒလန်လို့အမည် တပ်ပြီးအသတ်ခံနေရတာခုချိန်ထိပဲ၊အချို့ဆိုရင် ပိုင်ဆိုင်မှုတွေ အိုးအိမ်တွေကိုပစ်ပြီးရှောင်ပုန်းထွက်ပေးနေရဆဲ ပါပဲ ဒါတွေကို နစကကြီးသိပါသလား……

ဒါကြောင့် အောက်ခြေကပြည်သူတွေဘာဖြစ်နေလဲ ၊ ဘာအခက်အခဲတွေဖြစ်နေလဲ ဆိုတာကို နစကကြီးထံကို ဘယ်သူကမှ အမှန်အတိုင်းပြောမှာမဟုတ်ဘူးဆိုတာသိနေပါတယ်…… ဒါကြောင့် နစက အစိုးရကြီးအနေနဲ့ ဦးနေဝင်း ကိုပြည်သူကဟာသလုပ်သလိုမျိုးအလုပ်ခံရဖို့နီးစပ်နေပါပြီ နစက ကြီးအနေနဲ့ အောက်ခြေကပြည်သူ တွေရဲ့အသံတွေ ဒုက္ခတွေ အခက်အခဲတွေကို အမှန်အတိုင်းသိရှိပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီး ပြတ်ပြတ်သား သား ရှင်းလင်းဆောင်ရွက်သင့်ပြီ ဆိုတာကိုအကြံပြုလိုပါတယ် …..
အချိန်တော့မနှောင်းသေးဘူးဆိုပေမဲ့လည်း … အနည်းငယ်တော့နောက်ကျနေပါပြီ ခုချိန်မှာအချိန်မီအမြန်ဆုံး ပြင်ဆင်ဆောင်ရွက်မယ်ဆိုရင်တော့ ၆၀ % ခန့်ပြန်လည်ကောင်းမွန်အဆင်ပြေနိုင်မှာဖြစ်ပါတယ်….

အပ်နဲ့ထွင်လို့ရနေသေးပါတယ်…. အချိန်ကြာရင်တော့ ပုဆိန်နဲ့ ပေါက်ပြီးရှင်းပစ်ရမဲ့အချိန်ကိုရောက်သွားရင်မကောင်းပါဘူး လို့အကြံပြုအပ်ပါတယ် ခင်ဗျာ။

#ကောင်းစေချင်တဲ့ပြည်သူတစ်ဦး
883 viewsMinn Thet Naing, 00:21
Open / Comment
2022-03-20 03:21:26 နစက အစိုးရကြီးလက်ထက်မှာ ပြည်ထောင်စုကြီး အညာမခံစေလိုပါ
*******
ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေက မိမိတို့ရာထူးနေရာတွေကို ထိခိုက်မှာစိုးပြီးမတင်ပြဘဲ နိုင်ငံတော်ဝန်ကြီးချုပ်ကို အဆင်ပြေနေတယ်လို့ပဲ တင်ပြနေမယ်ဆိုရင် ပြည်သူလူထု၏ထောက်ခံအားကိုးမှုလျော့နည်းလာနိုင်ပါတယ်…

ဦးနေဝင်းလက်ထက်တုန်းက ပြည်သူတွေကြားထဲ ဟာသလေးဖြစ်ခဲ့တဲ့ ပါတီညီလာခံကြီးတစ်ခုရဲ့ မိန့်ခွန်းထဲ က အချက်လေးတစ်ခုကို သတိသွားရမိတယ်….

ဘာလဲဆိုတော့ ဦးနေဝင်းက “ ငါတို့ နိုင်ငံမှာပင်လယ်ငါးတွေ ဖမ်းပြီးစားနေကြတယ်၊ နိုင်ငံမှာဒီလောက်ဈေးချိုတဲ့ ရေချို ငါးကျည်းတို့ ငါးခူးတို့ကိုဝယ်စားကြပါလား ” အားနဲ့မာန်နဲ့ပြောခဲ့ပေးမဲ့ တစ်ကယ်တမ်းကျတော့ အဲ့ဒီအချိန်တုန်းက ပင်လယ်ငါးတွေက တစ်ပိဿာ(၁၀)ကျပ် လောက်ပဲရှိပြီး၊ ဦးနေဝင်းပြောတဲ့ ငါးကျည်းတို့ ငါးခူးတို့ကတစ်ပိဿာ(၂၅-၃၀)ကျပ်လောက်ရှိနေတာကို ဦးနေဝင်းကမသိဘူးလေ၊သိအောင်လည်းသူကိုမတင်ပြကြဘူးအားလုံးကဝိုင်းညာနေကြတော့ ပြည်သူတွေကြားထဲ ဟာသကြီးဖြစ်သွားပါလေရော…….

နောက်တစ်ခုကတော့ မြန်မာပြည်မှာ ရေနံမထွက်ပဲ ရေနံတွေအလျှံပယ်ထွက်နေတယ်၊ သုံးမကုန်ဘူးဆိုပြီး ဦးနေဝင်း ကိုဝိုင်းလိမ်ကြတယ်၊ ဒီလိုနဲ့ ဦးနေဝင်းရဲ့သားအကြီး နိုင်ငံခြားကပြန်လာမှ မြန်မာပြည်မှာ ဘာရေနံမှ မထွက်ဘူးဆိုတာ သူ့အဖေကိုပြန်ပြောပြမှ ဦးနေဝင်းက သိခဲ့ရတယ်…….

မြန်မာနိုင်ငံအတွင်း အောက်ခြေတွေမှာ ဘာတွေဖြစ်နေတယ် ဘာတွေလိုအပ်နေတယ် ဘယ်လိုတွေလုပ်နေကြရတယ် စသဖြင့်အောက်ခြေပြည်သူတွေရဲ့ အခက်အခဲတွေ အဖြစ်မှန်တွေကို ဦးနေဝင်းထံ ဘယ်လူကြီးကမှ အမှန်အတိုင်းမတင်ပြကြဘူး၊မတင်ပြရဲကြဘူး ဘာလို့လဲဆိုတော့ သူတို့ဆူခံထိပြီး ရာထူးကဖြုတ်ခံထိ အရေးယူ ခံထိမှာစိုးကြလို့ပါ……

ဒီလိုနဲ့ဦးနေဝင်းကို အောက်မှာဘာဖြစ်နေလဲဆိုတာ မသိအောင်ဝိုင်းပြီးတံခါးပိတ်ထားခဲ့ကြတာကိုခံခဲ့ရတယ်……
အဲ့ဒီတော့ ဦးနေဝင်းက သူ့တိုင်းပြည်မှာအားလုံးအဆင်ပြေနေတယ် အရမ်းကောင်းနေတယ်ဆိုပြီး သဘောတွေ ကျနေပြီး လုပ်သင့်တာတွေဆက်မလုပ်တော့ဘူး ပြည့်စုံနေပြီဆိုပြီးအေးဆေးနေခဲ့တယ်.. အရေးကြီးတဲ့ဆုံးဖြတ် ချက်တွေကိုမချမှတ်နိုင်တော့ဘူး … ဆုံးဖြတ်ချက်ချပြန်တော့လည်း အမှားတွေဖြစ်နေတယ် ဒီလိုနဲ့ပဲတစ်ဖြည်းဖြည်းကြာလာတော့ ဆိုရှယ်လစ်စနစ်ကြီးပျက်စီးခဲ့ရတယ် …..

တိုင်းပြည်လည်းပျက်ခဲ့ရတာအားလုံးအသိပါ..
အခုစေတနာနဲ့အသိပေးလိုတာကလည်း ………… နစက အစိုးရကြီးအနေနဲ့လည်း ဦးနေဝင်းခေတ်ကလို အလိမ်မခံရစေဖို့လိုပါတယ် ခုခေတ်ကမီဒီယာခေတ်ဖြစ်တဲ့အတွက် ကမ္ဘာအထိကို သိတာရောက်တာအရမ်းမြန်လွန်နေတာကိုလည်းသတိထားပါ…….

အလိမ်ခံနေရပြီဆိုရင်တော့ ဦးနေဝင်းလိုပဲ ပြည်သူတွေကြားထဲမှာ ဟာသကြီးဖြစ်နေလိမ့်မယ်ဆိုတာကိုလည်း သတိပေးပါရစေ….

ဘယ်အစိုးရမှာမဆို မိမိရာထူးတည်မြဲဖို့အတွက်တစ်ခုတည်းကိုပဲကြည့်တတ်တဲ့လူကြီးတွေကို တာဝန်မပေးမိပါစေနဲ့ ဦးနေဝင်းကိုလိမ်နေသလို နစကကြီးကိုလည်းလိမ်နေပြီးလားဆိုတာကို နစကကြီးအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ အောက်ခြေအထိ ထဲထဲဝင်ဝင်ဆင်းကြည့်ပြီးအမှန်မြင်တတ်ဖို့လိုပါတယ်…..

နိုင်ငံနဲ့လူမျိုးတိုင်းပြည်အတွက်ဆိုရင် တာဝန်ယူရဲတဲ့လူ၊ လုပ်ငန်းကိုပြတ်ပြတ်သားသားနဲ့ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူတွေလက်ခံနိုင်တဲ့အထိလုပ်နိုင်စွမ်းရည်ရှိတဲ့လူမျိုးတွေကို ခန့်ထားဖို့လိုအပ်ပါတယ်…..

လူကြီးအကြိုက်ပဲလုပ်တတ်ပြီး အောက်ခြေနဲ့မတည့်သူ/ အောက်ခြေကိုမကြည့်သူ လူကြီးကိုအမှန်အတိုင်းရဲရဲရင့်ရင့်မတင်ပြရဲ သူတွေကိုမထားသင့်ပါဘူး …

လူရွေးမှားပြီးခန့်ထားခဲ့ရင်တော့ ဦးနေဝင်းလိုမျိုးပြည်သူတွေရဲ့ အားကိုးမှုလျော့ နည်းသွားနိုင်ပါတယ်…
မိဘထံက ငွေကိုယူပြီးမှ အလုပ်လုပ်တတ်တဲ့သားသမီးနဲ့ မိမိဘာသာမိမိကြိုးစားပြီး အလုပ်လုပ် ဝင်ငွေရအောင်ရှာပြီး မိဘကိုစိတ်ချမ်းသာအောင်ထားတဲ့သားသမီး(၂)မျိုးရှိပါတယ်….. ဒါကြောင့် နစက ကြီးအနေနဲ့ လျှပ်စစ် ဝန်ကြီးဌာနအပါအဝင် အခြားဝန်ကြီးဌာနတွေမှာ ရှိနေတဲ့ အကျင့်ပျက်ချစားမှုတွေ ၊ NLD အစိုးရလက်ထက်က ပျက်စီးခဲ့တဲ့ဝန်ထမ်းအကျင့်ပျက်တွေ၊ အခုဝန်ထမ်းတွေလုပ်နေတဲ့ CDM ဆိုတာတွေကို ပြတ်ပြတ်သားသားရှင်းလင်းပြီး နိုင်ငံဖွံဖြိုးတိုးတက်ဖို့ လျင်မြန်စွာလုပ်သင့်ပါပြီဆိုတာကို အကြံပြု တင်ပြလိုပါတယ်…..

အခုဆိုရင် ပညာရေးဝန်ကြီးဌာနမှာလည်း CDM စိတ်ကြိုက်လုပ်ပြီးမှအသနားခံစားတွေတင်ပြီးပြန်ဝင်လာတဲ့ ဝန်ထမ်းတွေကို နဂိုကတည်းက CDM လုပ်လို့လုပ်မှန်းမသိလုပ်နေတဲ့ Silent CDM ဝန်ထမ်းအကြီးအကဲ(ဖရဲသီး) တွေက နဂိုထက် ရာထူးတွေတိုးပေးပြီးနေရာကောင်းတွေကိုပို့နေတာလည်းခုချိန်ထိအတော်ကိုဆိုးနေပါတယ် ပညာရေးပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်မသိတာလား ဝန်ကြီးမသိအောင် Silent CDM ဝန်ထမ်းအကြီးအကဲ (ဖရဲသီး)တွေကဖုံးဖိထားကြတာလားဆိုတာစုံစမ်းဖော်ထုတ်အရေးယူဖို့လိုအပ်ပါသည် Non CDM ဝန်ထမ်းတွေကိုတော့ Silent CDM ဝန်ထမ်းအကြီးအကဲ(ဖရဲသီး)တွေလက်ရှိနေရာ/ရာထူးမှတောင်နေလို့မရအောင်ဖိနှိပ်ခြင်း နှင့် နှိပ်ကွပ်ခြင်းတွေဆက်တိုက်လုပ်နေတာ ခုချိန်ထိပါပဲ ဒါတွေကိုနစကကြီးသိပါရဲ့လား …..
966 viewsMinn Thet Naing, 00:21
Open / Comment
2022-03-19 04:29:42 လိမ်နေတယ်ဆိုတာရှင်းနေပေါ်နေတာဘဲ၊ ဒါတွေကိုကြို သိရဲ့သားနဲ့ ဘယ်လောက်တားတားကော်မရှင်က ဗြောင်ကျကျလိမ်ပြီးသူလုပ်ချင်ရာလုပ်သွားခဲ့တာပါ၊ အစိုးရ လည်းမဲလိမ်တာလွန်သွားတော့ပေါ်မှာကြောက်ပြီး ကော်မရှင်ကသူတို့နဲ့မဆိုင်သလိုပြောလာတယ်၊ ကော်မရှင် ကလည်း ဒါအစိုးရခန့်ထားတာလို့ပြောတယ်၊ တစ်ယောက်နဲ့တစ်ယောက် လွှဲချနေခဲ့ကြတယ်၊ ကော်မရှင်က ထါက်ပြောတဲ့စကားက နိုင်ငံတော်ရဲ့ဌာနကြီးတစ်ခုကပြောတဲ့စကား ဟုတ်မှဟုတ်ရဲ့လားလို့တောင်ထင်မိပါ တယ်
ဒီနေ့အထိရွေးကောက်ပွဲ ကော်မရှင်ကိုတိုင်တဲ့တိုင်စာ တစ်စောင်မှမရောက်သေးဘူးလို့လည်းကလိမ်ကကျစ် လုပ်ပြီးပြောလိုက်သေးတယ်၊ မြို့နယ်ကော်မရှင်ကိုရောက်နေတဲ့ တိုင်စာအားလုံးဟာ ရွေးကောက်ပွဲကော်မရှင် ဗဟိုကိုမရောက်စရာအကြောင်းမရှိဘူး မရောက်ဘူးဆိုတာဗြောင်လိမ်တာဘဲ ဗြောင်လိမ်တာထက်ရွေးကောက် ပွဲကော်မရှင်က သူမသိပါဘူး၊ ရပ်ကွက်/ကျေးရွာ ၊မြို့နယ်၊ ခရိုင်၊တိုင်းအဆင့် တွေမှာဖြစ်နေတာ သူတို့နဲ့မဆိုင် ပါဘူး အောက်ခြေမှာဖြစ်နေတာပါလို့ပြောတဲ့စကားတွေ ဟာဒီလူတွေလူတွေမှဟုတ်ရဲ့လားလို့တောင်ထင်ရ တယ်၊ရွေးကောက်ပွဲကော်မရှင်ဆိုတာ ရပ်/ကျေးကော်မရှင်ဘဲဖြစ်ဖြစ်၊ မြို့နယ်ကော်မရှင်ဘဲဖြစ်ဖြစ်ကော်မရှင် ဆိုတာတစ်ခုဘဲရှိတယ်၊ ၂၀၂၀ ရွေးကောက်ပွဲကြီးဟာတရားမျှတပြီးလွတ်လပ်သောရွေးကောက်ပွဲတစ်ခုမဖြစ် တာ ပေါ်နေပြီဖြစ်တယ်၊ ဗြောင်လိမ်/ဗြောင်ညာ/ဗြောင်ညစ် သောရွေးကောက်ပွဲကြီးသာဖြစ်ပါသည်၊ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မတွေကိုတော့ မပြောတော့ပါဘူး ၊ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာ၊ ဆန့်ကျင်တာ၊ မျက်ကွယ်ပြုတာဘဲမဟုတ်ပါဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘေးမှာထားပြီး သူလုပ်ချင်ရာလုပ်သွားပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ပါမယ်ဆိုတဲ့ လူတွေလည်းဆင်ကြီး တစ်ကောင်လုံးတွေ့နေပြီးတော့မှ ဆင်ခြေရာကို ပြန်ရှာနေဘို့မလိုတော့ဘူးလို့ထင်ပါတယ်။
1.1K viewsMinn Thet Naing, 01:29
Open / Comment
2022-03-19 04:29:41 မြန်မာပြည်မှရှိကိုရှိသင့်သောပြည်ခိုင်ဖြိုးပါတီ နဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှခံလိုက်ရတဲ့ပြည်ခိုင်ဖြိုးပါတီ
၂၀၂၀ ပြည့်နှစ် ရွေးကာက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ရှုံးချက်ကတော့ အင်မတန်နာစရာကောင်းပါတယ်၊ ဒီအတိုင်း ဆိုပါက နောက်ရွေးကောက်ပွဲတွေမှာလည်း နိုင်မည်မထင်ပါ၊ ဘာကြောင့်လဲဆိုရင်တော့ NLD ပါတီဝင်တွေက ပြည်သူတွေထဲကဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီကလူတွေကတော့ အပေါ်စီးအလွန်ဆန်လို့အောက်ခြေပြည်သူ တွေ မကြိုက်ကြဘူး ဒါဟာအင်မတန်ကွာခြားချက်တစ်ခုဖြစ်ခဲ့တယ်
၂၀၁၅ ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်မှာတောင် NLD ပါတီကအနိုင်ယူနိုင်ခဲ့တယ်… နောက်ရွေးကောက်ပွဲ တိုင်းလည်း NLD ပဲနိုင်မှာသေချာပါတယ်……
NLD ပါတီခေါင်းဆောင်လုပ်တဲ့သူက ဟဲဗီးဝိတ်လက်ဝှေ့သမားဖြစ်နေပြီး ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်က ဖလိုင်းဝိတ်တန်းတွေမှာ ထိုးတဲ့သူဖြစ်နေတော့ ဘယ်လိုမှ မနိုင်တော့ဘူးဖြစ်နေတယ်.. ပြည်ခိုင်ဖြိုး ပါတီမှာရှိ တဲ့ ဟဲဗီးဝိတ်သမားတွေကလည်း ပွဲပေါင်းများစွာထိုးခဲ့ကြတော့ အားလုံးခြေကုန်လက်ပန်းကျကုန်ကြပြီ NLD ပါတီ ကတော့လက်ရှိ ဟဲဗီးဝိတ်သမားတွေကကျရာနေရာကနေ နည်းလမ်းမျိုးစုံနဲ့အစွမ်းပြနေကြတုန်းစွမ်းရည် တွေပြည့်နေတုန်းပါ၊ နောက်ထပ်လည်း ဟဲဗီးဝိတ်သမားတွေထပ်မွေးထုတ်နိုင်နေတုန်းပါ၊
အရင်းတုန်းက ပြည်ခိုင်ဖြိုး လူကြီးတွေပြောပြောနေတဲ့ အချိန်အငိုက်၊ နေရာအငိုက်၊ လူအငိုက် ဆိုတဲ့စစ်တပ်က သင်ခန်းစားကို NLD ကပြည့်ပြည့်ဝဝ အသုံးချသွားတာပါပဲ ဒါကို ပြည်ခိုင်ဖြိုး ကခံလိုက်ရတာ…..ကိုယ့်တုတ်နဲ့ ကိုယ်ပြန်အရိုက်ခံလိုက်ရတာပါ
ပြည်ခိုင်ဖြိုးပါတီကို သတိပေးအကြံပြုချင်တာကတော့ ပြည်ခိုင်ဖြိုးပါတီကို ကြိုက်တဲ့ပြည်သူ (၁၀)သန်းမကရှိ တယ်အဲ့ဒီလူတွေ အကျိုးအတွက် ပြည်ခိုင်ဖြိုးပါတီ ဟာရဲရဲရင့်ရင့် ရင်ဆိုင်ရပါလိမ့်မယ်၊ ရှေ့တန်းကရပ်တည် ပေးကြပါ၊ ပြောလို့မကောင်းတဲ့စကားကိုပြောလိုက်ပါဦးမယ် ရွေးကောက်ပွဲကြီးလည်း ပြီးရော တိုင်းနဲ့ပြည်နယ် ဥက္ကဌကြီး(၁၄)ယောက် အရူးသိုင်းကပြနေကြတယ်၊ သူတို့ညံ့လို့ ပြည်ခိုင်ဖြိုး ပါတီရှုံးတာသူတို့မသိကြဘူးလေ
အောက်ခြေကလိမ်ညာပြောတာတွေကို အောက်ခြေအထိကွင်းဆင်းမကြည့်ပဲ ယုံကြည်ပြီး အထင်ကြီးပြီးရွေး ကောက်ပွဲဝင်ပြိုင်တော့ရှုံးတာပေါ့ အဓိကကျတဲ့ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူး ဆိုတဲ့လူတွေကိုလည်း ပြန် မကြည့်ဘူးသူတို့ပေးတဲ့စာရွက်ပေါ်ကအင်အားတွေနဲ့ မြို့နယ် ကလူတွေကလည်းဘယ်လိုဝါးရမလဲဘယ်လိုစား ရမလဲ တိုင်း/ခရိုင်အဖွဲ့နဲ့တည့်ဖို့နေရာရဖို့ စတာတွေကိုပဲအာရုံထားနေတာ ပါတီနိုင်ဖို့အားထည့်တဲ့သူတွေမရှိခဲ့ ဘူး ပြည်သူကြားကိုမဆင်းဘဲ ရုံးပေါ်မှာပဲ မိန့်မိန့်ကြီးထိုင်ဒေတာတွေကောက် အချင်းချင်းထိုးကြွေး၊ နင်းတက်၊ ဖိနှိပ်၊ ဖားယားပြီး ဂွင်ပဲဖန်တီးနေသူတွေများနေတော့ အမှန်တရားကိုမသိခဲ့ဘူး၊ တိုင်းပါတီဥက္ကဌကြီးကိုတော့ သနားပါတယ်၊ သေမဲ့နှစ်မှစစ်ထဲဝင်ခဲ့သလိုဖြစ်နေခဲ့ပါတယ်….ကုန်လိုက်တဲ့ငွေတွေကလည်းသောက်သာက် လည်းကုန်ခဲ့တယ်၊ အင်မတန်နှမြောဘို့ကောင်းလိုက်တာ……လိမ်ညာလှည့်ဖြားဟန်ဆောင်ကောင်းကြတဲ့ပါတီ ဝင်တွေကတော့ အဲ့ဒီငွေတွေကိုအလုအယှက် နည်းလမ်းမျိုးစုံနဲ့ရယူပြီးချမ်းသာနေကြတာပါပဲ………
ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ လုပ်စရာ(၂)ချက်ပဲရှိပါတယ် တချက်ကတော့ ပြည်ထောင်စုမပြိုကွဲဘို့နဲ့ နောက်တစ်ချက်ကတော့ အမျိုးဘာသာသာဿနာကိုစောင့်ရှောက်ဖို့အတွက် အင်အားတောင့်တင်းတဲ့ တပ်ဖွဲ့ တစ်ခုဖွဲ့ဘို့လိုနေပါပြီ၊ အင်မတန်မာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်အောင် လုပ်ရပါ့မယ်၊ အသက်နဲ့ရင်းပြီးတော့လုပ် ရဲသူတွေကိုလည်းရှာရပါမယ်၊ ဖွဲ့စည်းပါ အဲ့ဒီလူတွေနဲ့ ဆိုရင်တော့ ပြည်ခိုင်ဖြိုး ပါတီပြန်ပြီးအောင်မြင်လာလိမ့် မယ်လို့အကြံပြုချင်ပါတယ်…… ဆိုလိုချင်တာကတော့ အပျာ့ပိုင်းနဲ့အေးအေးဆေးဆေးမလုပ်မရှုပ်သွားနေလို့ မရတော့တာပါ၊ အပျော့ပိုင်းသွားတဲ့သူကလည်းသွားပါ ပြတ်ပြတ်သားသားလုပ်သင့်တဲ့အမာအပိုင်းကိုလည်းဖွဲ့ စည်းထားပြီး တိုက်စစ်ဆင်နေဖို့လုပ်ရဲဖို့လိုနေပြီဆိုတာကိုအကြံပြုချင်တာပါ…..
၂၀၂၀ ရွေးကောက်ပွဲ ကတော့ ကော်မရှင်ကိုတိုင်ကြားထားတဲ့ တိုင်စာအားလုံးဟာ အချိန်ကုန်၊ငွေကုန်၊လူပန်း ပဲ ဖြစ်လိမ့်မယ်ဘာမှထူးလာမှာလည်းမဟုတ်ပါဘူးဆိုတာကိုသိဖို့လိုပါတယ်၊
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို လက်ကိုင်တုတ်လုပ်ပြီး မြို့နယ်အုပ်ချုပ်ရေးတွေကို စီမံခန့်ခွဲခိုင်းပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို NLD ပါတီကအမာခံတွေကိုတာဝန်ပေးပြီးတော့ NLD ပါတီရဲ့သစ္စာ အရှိဆုံးရပ်ကွက်/ကျေးရွာ၊မြို့နယ်၊ခရိုင်၊ တိုင်းကော်မရှင်တွေကိုဖွဲ့ခဲ့တယ်၊ NLD ပါတီကိုဝန်းရံတဲ့ ဆရာ/ဆရာမ တွေကိုမဲရုံတွေမှာတာဝန်ပေးပြီးတော့သူတို့ဘက်ကအနိုင်ရလောက်တဲ့အထိ မသမာတဲ့နည်းလမ်းတွေနဲ့လူစာ ရင်းတွေဖောင်းပွအောင်ဆောင်ရွက်ပြီး မနိုင် နိုင်အောင်လုပ်ချင်ရာလုပ်သွားကြတာဖြစ်တယ်၊ ယခုအချိန်ထိ ရွေးကောက်ပွဲမဲပေးသူစာရင်း နောက်ဆုံးထုတ်ပြန်ချက်ကို ဘယ်ပါတီကိုမှ မပေးခဲ့ဘူး၊ ဒါကအဓိကတရားခံဘဲ နောက်ဆုံးမဲစာရင်းဟာ သူတို့မနိုင် နိုင်အောင်ပြုပြင်ထားပြီး တစ်ခြားပါတီတွေကို ထုတ်မပေးဘူး မဲစာရင်းကို ကပ်ထားပြီးကူးယူခွင့်မပေးဘူး၊ကိုယ့်ဖာသာကို ကိုယ့်စာရင်းကိုလာကြည့်ဆိုကတည်းက မမှန်တော့ဘူး ဆိုတာ သိနေတာဘဲ ရွေးကောက်ပွဲကော်မရှင်က ဗြောင်ကျကျ
1.1K viewsMinn Thet Naing, 01:29
Open / Comment
2022-03-16 10:05:30 မြန်မာပြည်မှာ သဘာဝဓါတ်ငွေ့သုံးစက်ရုံအဟောင်းကြီးတွေကိုပဲ တစ်နှစ်ဒေါ်လာသန်းနဲ့ချီပြီးပြုပြင်နေရတယ် ကောင်းလည်းမကောင်းလာဘူး အများဆုံးလျှပ်စစ်ဓါတ်အားပြန်ပေးနိုင်မှုက ၅၀ % ပဲရတော့တယ်၊ ဒါကြောင့် အခုလိုပြောင်းလဲပြီး ဓါတ်အားထုတ်လုပ်ပေးနိုင်တဲ့စက်ရုံတွေကိုတည်လိုက်တော့ ရေပြည့်ဝစွာမရရှိတဲ့နွေရာသီ မှာဓါတ်အားကိုအပြည့်အဝပေးလာနိုင်ပါတယ် ဒါဟာလျှပ်စစ်ကဏ္ဏကိုမဖြစ်မနေပြောင်းလဲခဲ့တဲ့အတွက်ကြောင့် ပါပဲ…

ဒီလိုစွန့်စွန့်စားစား ပြောင်လဲခဲ့လို့ရန်ကုန်မှာ သဘာဝဓါတ်ငွေ့စက်ရုံ(၄)ရုံပေါင်း MW(၂၈၀)ရရှိခဲ့တယ်.. စက်ရုံတည်ဆောက်စရိတ်(၁) MW ကိုဒေါ်လာ(၁)သန်းခန့်ကုန်တဲ့အတွက်ကြောင့် ဒေါ်လာသန်း(၂၈၀)ခန့်ကို နိုင်ငံတော်မှစရိတ်မကုန်ပဲ နိုင်ငံတကာမှရင်းနှီးမြှပ်နှံသူတွေကနေရလိုက်တာပါပဲ၊ ဒီလိုပြောင်းလဲမှုမျိုးတွေကို အခုနစက အစိုးရခေတ်မှာလည်း ဆောင်ရွက်သင့်ပါတယ်……

ကျောက်ဆည်၊ မြင်းခြံ၊ ကျောက်ဖြူ ကစက်ရုံးအတွက်ဆိုရင်လည်းနိုင်ငံတော်က ဒေါ်လာသန်းပေါင်း(၂၇၀)ခန့် စရိတ်မကုန်ပဲ နိုင်ငံတကာမှရင်းနှီးမြှပ်နှံသူတွေကနေရလိုက်တာပါပဲ၊
ဒါကြောင့် ပုဂ္ဂလိကရင်းနှီးမြှပ်နှံသူတွေကိုဖိတ်ခေါ်ပြီး လျှပ်စစ်ကဏ္ဏကို ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်အနေနဲ့ရန်ပုံငွေဘတ်ဂျက်တစ်ပြားတစ်ချပ်မှစိုက်ထုတ်စရာမလိုပဲ လျှပ်စစ်ဓါတ်အားတွေကို ၂၀၁၃- ၂၀၁၄ နှင့် ၂၀၁၄-၂၀၁၅ မှာပါဆက်တိုက်လျှပ်စစ်မီးအပြည့်အဝရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်…..

ထို့အတွက် ယခုနစက အစိုးရ၏ လျှပ်စစ်ဌာနဝန်ကြီးဌာနအနေနဲ့ ပြန်လည်သတိရပြီး လက်ရှိနိုင်ငံအတွင်းဖြစ် ပေါ်နေသော လျှပ်စစ်မီးမလုံလောက်မှုတွေကို ကျော်လွှားနိုင်စေရန်အတွက် နည်းလမ်းတစ်ခုအနေနဲ့အကြံပြု တင်ပြလိုပါတယ်။

ဦးသိန်းစိန် လက်ထက်မှာ လျှပ်စစ်ကို စွန့်စွန့်စားစားပြောင်းလဲပေးခဲ့မှုကြောင့် NLD အစိုးရလက်ထက်မှာလည်း လျှပ်စစ်မီး ပြည့်ပြည့်ဝဝ ပြည်သူတွေကိုပေးနိုင်ခဲ့ပါတယ်….. သို့ပေမဲ့လည်း NLD အစိုးရ၏တာဝန်ရှိသူလူကြီး များ၏အတွေးအခေါ်ဉာဏ်ရည်မီသည်လော ၊ နိုင်ငံတော်အပေါ်တွင်စေတနာမရှိသည်လော ၊ ရေရှည်စီမံကိန်း ပုံစံမျိုးသဘောတရားများကိုနားမလည်သည်လော ၊ လျှပ်စစ်မီးကဏ္ဏကိုနောက်အဆက်ဆက်ပြည်သူတွေလျှပ် စစ်မီးပြည့်ပြည့်ဝဝရရှိရန်ဆိုသည့် စိတ်စေတနာမျိုးမရှိသည်လော တို့ကြောင့် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဆောင်ရွက်ပေးခဲ့တဲ့လျှပ်စစ်မီးကိုပဲ ဆက်လက်သုံးစွဲခဲ့ကြတယ် ….

ဦးသိန်းစိန် အစိုးရလက်ထက်ပြု ပြင်ပြောင်းလဲပေးခဲ့သည့်လျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ထိန်းသိမ်းခဲ့ခြင်းမရှိသလို NLD အစိုးရလက်ထက်မှာလဲ လျှပ်စစ်ဆက်လက်ထုတ်ယူမှု အပိုင်းကို အမျှော်အမြင်ရှိစွာနဲ့ ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ဘူး ၊ လျှပ်စစ်ဌာနဝန်ထမ်းတွေကလည်း ဘာမှမသိဘာမှမတတ်တဲ့ NLD အစိုးရလူကြီးတွေနဲ့ပဲပေါင်းပြီး မိမိတို့ရဲ့အတ္တအဂတိအခွင့်အရေးတွေကိုပဲလိုက်စားလာခဲ့တာ(၅)နှစ်သက် တမ်းတစ်ခုလုံးပါပဲ…..

ဒါကြောင့် တပ်မတော်ကအာဏာထိန်းခဲ့ပြီးနောက်ပိုင်း NLD အစိုးရလက်ထက်ကဘာမှမလုပ်ပဲ ဦးသိန်းစိန်အစိုး ရလက်ထက်လုပ်ခဲ့တဲ့လျှပ်စစ်ကိုပဲဝိုင်းပြီးသုံးနေသလိုဖြစ်နေတဲ့အပြင်၊ NLD အစိုးရနဲ့သူတို့ထောက်ခံသူအားလုံး ကလည်း ကောင်းတာကိုမလုပ်တတ်တာ ဖျက်တာကတော့အလွန်တော်တဲ့အတိုင်းပဲ လျှပ်စစ်မီးပေးစက်ရုံတွေ ကိုမိုင်းခွဲတယ်၊ မီးတိုင်တွေကိုမိုင်းခွဲတယ် ပြည်သူတွေကိုမီတာမဆောင်အောင်မှိုင်းတိုက်ခဲ့တယ် အဲ့ဒါတွေက လည်းအခု နိုင်ငံအတွင်း လျှပ်စစ်မီးပြည့်ပြည့်ဝဝ မပေးနိုင်တဲ့အချက်အချို့ဖြစ်နေပါတယ်။

နစကကြီးအနေနဲ့ ဦးသိန်းစိန် လက်ထက်မှာ လျှပ်စစ်အပိုင်းကို စွန့်စွန့်စားစားပြုပြင်ပြောင်းလဲနိုင်လို့အောင်မြင် မှုများရရှိအဆင်ပြေခဲ့သလို အခုလည်း နိုင်ငံတော်မှာဖြစ်နေတဲ့ လျှပ်စစ်မီး အပိုင်းကို ပြတ်ပြတ်သားသားပြောင်းလဲဆောင်ရွက်နိုင်အောင်ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

လျှပ်စစ်လုပ်ငန်းများတိုးတက်စေလိုသည့်ပြည်သူတစ်ဦး။
1.5K viewsMinn Thet Naing, 07:05
Open / Comment
2022-03-16 10:05:29 အရင်ပြောင်းလဲခဲ့လို့အဆင်ပြေခဲ့တဲ့ လျှပ်စစ်ကို အခုလည်းပြောင်းလဲဆောင်ရွက်သင့်ပါပြီ နစက
============================
၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ စတင်တာဝန်ယူချိန်မှာ ရဲရွာရေအားလျှပ်စစ်ကလည်း တည်ဆောက်ပြီးချိန်ဖြစ်လို့ မြန်မာနိုင်ငံတစ်ဝှမ်းပြည့်ပြည့်ဝဝပေးနိုင်ခဲ့တယ်၊ ဒါကြောင့် ဦးသိန်းစိန် အစိုးရလက်ထက်မှာ လျှပ်စစ်မီး ပေး မှုအပေါ်ပြည်သူတွေကျေနပ်ခဲ့ကြပါတယ်….

ဒါပေမဲ့ ၂၀၁၂ ခုနှစ်ရဲ့နွေရာသီရောက်လာတော့ ဓါတ်အားသုံးစွဲသူကလည်းများလာတယ်၊ ရေအားလျှပ်စစ် အတွက်ရေတွေခန်းလာတယ် ဒီလိုနဲ့ဓါတ်အားပေးပို့မှု မနိုင်မနင်းဖြစ်လာပြီး တစ်နိုင်ငံလုံး မှာမီးတွေပြန်ပျက်လာခဲ့တယ်….

NLD ပါတီခေါင်းဆောင်ကြီးအချို့ဦးစီးပြီး လျှပ်စစ်မီးပျက်မှုကိုဆန္ဒပြဖို့အတွက် ပြည်သူတွေကိုလမ်းပေါ်တင် ဖယောင်းတိုင်မီးထွန်းဆန္ဒပြတာတွေပြုလုပ်လာကြပါတယ်….

၂၀၁၃ ခုနှစ်ခန့်မှာလဲ NLD ပါတီကအစိုးရဆန့်ကျင်ရေးအဖျက်လုပ်ငန်းကို အဖျက်သမားများနဲ့ပေါင်းပြီးတော့ ရွှေလီ - မန်ဆန် လိုင်းကလာတဲ့ဓါတ်အားလိုင်းကို မိုင်းခွဲဖျက်ဆီးလိုက်ကြတယ် …..ဓါတ်အားနှစ်လိုင်းပေါင်းပြီး MW(၈၀၀)လောက်လျော့နည်းသွားတယ်…

အဲ့လိုမိုင်းခွဲဖျက်ဆီးလို့ဓါတ်အားလိုင်း MW လျော့နည်းပြီးလျှပ်စစ် မီးပေးမှုအဆင်မပြေသည့်အချိန်တစ်ပြိုင်တည်းမှာပဲ NLD ပါတီကပြည်သူတွေကိုလမ်းပေါ်ထပ်ဆွဲတင်ပြီးဆန္ဒပြ လုပ်ခဲ့ကြတယ်…… သူတို့ရည်ရွယ်ချက်ကတော့ လျှပ်စစ်မီးအပြည့်အဝမပေးနိုင်တာကို အကြောင်းပြုပြီးအစိုးရ ပြုတ်ကျရေးကိုလုပ်ခြင်တာပါ….

ဒါပေမဲ့အစိုးရက တစ်လအတွင်းဓါတ်အားလိုင်းတွေကို အမြန်ပြုပြင်ခဲ့ပြီးမီးပြန် ပေးနိုင်ခဲ့တယ်….. သို့သော်လည်းဓါတ်အားမလုံလောက်တဲ့အတွက် အလှည့်ကြ စနစ်နဲ့ ၂၀၁၂ နဲ့ ၂၀၁၃ မှာအခက်အခဲကြားထဲက ပြည်သူတွေအဆင်ပြေအောင်လျှပ်စစ်မီးရရှိအောင်လုပ်ပေးခဲ့ပါတယ်…

ရုရှားနိုင်ငံကစွမ်းအင်ပညာရှင်တစ်ဦးကလည်း မြန်မာ့လျှပ်စစ်ဌာနတာဝန်ရှိသူတွေကို အကြံတစ်ခုပေးခဲ့တယ် အဲ့ဒါကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလုပ်ထားတဲ့စနစ်တစ်ခုပါ (၁)MW ခန့်ထွက်တဲ့ဓါတ်အားပေးစက်တွေကို ရာနဲ့ချီချထားပြီး ဓါတ်အားပေးနေတဲ့အကြောင်းပါ၊ ရေအားလျှပ်စစ်စက်ရုံကြီးတွေတည်ဆောက်ရင်အနည်းဆုံး (၄/၅)နှစ်ခန့်ကြာမှာဖြစ်လို့ (၁)MW ထွက်တဲ့စက်အလုံး(၁၀၀)ဆိုရင် MW(၁၀၀)ထွက်မယ် အလုံး(၂၀၀)ဆိုရင် (၂၀၀)MW ထွက်မယ်စသဖြင့်လုပ်ပြီးဓါတ်အားပေးကြည့်ရန် ပြောလာခဲ့တာပါ….

ဒါနဲ့ပဲလျှပ်စစ်ဝန်ကြီးဌာနက အပြောင်းအလဲတစ်ခုခုတော့လုပ်မှရမယ်လို့ဆုံးဖြတ်ခဲ့တယ်…..သဘာဝဓါတ်ငွေ့သုံးဖို့ ဆိုရင်ရန်ကုန်မြို့မှာပဲရှိ တယ်၊ဒါကြောင့် ရန်ကုန်မြို့ကိုသဘာဝဓါတ်ငွေ့စက်ရုံတွေတည်ဖို့ စတင်ဆုံးဖြတ်ခဲ့တယ်……

ဒီလိုနဲ့ပဲ ရန်ကုန်မြို့မှာ သဘာဝဓါတ်ငွေ့နဲ့လည်ပတ်တဲ့ စက်ရုံအုပ်စု(၄)ခုရှိတယ် အလုံမြို့နယ်မှာ (၁၅၄.၂)MW ၊ လှော် ကားမှာ(၁၅၄)MW၊ သာကေတမှာ(၉၀)MW နဲ့ ရွာမမှာ(၇၀)MW ထွက်တဲ့ဓါတ်အားပေးစက်ရုံတွေကို လွန်ခဲ့တဲ့ (၂၀)နှစ်ကျော်က တည်ဆောက်ထားခဲ့တာပါ…..

အဲ့ဒီဓါတ်အားပေးစက်ရုံတွေကနေ MW(၄၇၀)ထုတ် ပေးနိုင်တယ်…..
ဒါပေမဲ့နှစ်တွေလည်းကြားခဲ့လို့ အဲ့ဒီသဘာဝဓါတ်ငွေ့သုံးစက်ရုံတွေဟာ စွမ်းရည်တွေကျသွားပြီး တစ်နေ့ကို MW(၂၅၀)ထက် ပိုမထုတ်နိုင်တော့ဘူး၊မကြာခဏလည်းပျက်ပျက်နေလို့ ဓါတ်အားပြည့်ပြည့်ဝဝ မပေးနိုင်တော့ ဘူး သို့သော်လည်း သဘာဝဓါတ်ငွေ့ကတော့ စက်ရုံ(၄)ခုလုံးကိုအပြည့်အဝဓါတ်ငွေ့တွေပေးနေရတုန်းပါပဲ…

အမှန်ဆိုရင် သဘာဝဓါတ်ငွေ့ကုဗပေ(၁၀)သန်းသုံးရင် MW(၅၀)ထွက်ရမှာဖြစ်ပေမဲ့ကုဗပေ(၁၀၀)သန်းနီးပါး သုံးနေတာတောင် လျှပ်စစ်က MW(၃၀၀)တောင်မထွက်တော့တာကြောင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုအပိုင်း ကိုပြောင်းကိုပြောင်းမှရမယ်ဆိုတာကိုပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့ကြတာပါ။

ဒီလိုနဲ့ပဲ ရန်ကုန်မြို့မှာ ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှု တွေကိုစတင်ခေါ်ယူပြီးသဘာဝဓါတ်ငွေ့စက်ရုံအသစ်တွေကို(၆) လအတွင်းအပြိးတည်ဆောက်ခဲ့ကြပါတယ်….. အလုံမှာ(၁၂၀)MW၊ လှော်ကားမှာ(၅၄)MW၊ရွာမမှာ(၅၂) MW ၊ သာကေတမှာ(၅၃) MW ထွက်တဲ့သဘာဝဓါတ်ငွေ့စက်ရုံတွေပေါ်လာခဲ့တယ်… အဲ့ဒီစက်ရုံအသစ်(၄)ခုဟာဆို သဘာဝဓါတ်ငွေ့ သန်း(၅၀)ကိုသုံးပြီးတော့ MW(၂၈၀)ထုတ်ပေးနိုင်တယ်…..

အရင်သဘာဝဓါတ်ငွေ့သန်း(၁၀၀) သုံးတာတောင် MW(၂၇၀)ထွက်တာကနေ သန်း(၅၀)ပဲသုံးပြီး MW(၂၈၀)ထွက်တဲ့စက်ရုံးသစ်တွေကိုရန်ကုန်မှာ ထပ်တိုးတည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ပြည့်ပြည့်ဝဝ ပေးလာနိုင်ခဲ့တယ်…

၂၀၁၃ ခုနှစ်မှာလျှပ်စစ်ဝန်ကြီးဌာနဟာရွှေကမ်းလွန်သဘာဝဓါတ်ငွေ့ကိုထပ်မံရရှိခဲ့တယ်၊ ဒါနဲ့ပဲ ပုဂ္ဂလိကရင်းနှီး မြှပ်နှံသူတွေထပ်မံခေါ်ယူပြီး မြင်းခြံ၊ ကျောက်ဆည်၊ ကျောက်ဖြူ မှာ သဘာဝဓါတ်ငွေ့ကိုထုတ်ယူပြီး(၁) MW ထွက်တဲ့ သဘာဝဓါတ်ငွေ့စက်ရုံတွေကို(၆)လအတွင်းထပ်တည်ဆောက်ခဲ့တယ်…..

မြင်းခြံမှာဓါတ်ငွေ့(၂၀)ကို သုံးပြီး(၁၀၃) MW၊ ကျောက်ဆည်မှာ ဓါတ်ငွေ့(၂၀)ကိုသုံးပြီး (၁၁၀) MW၊ ကျောက်ဖြူမှာဓါတ်ငွေ့(၁၀)ကိုသုံးပြီး (၅၀) MW ထွက်တယ် စုစုပေါင်း MW(၂၆၃)ထထပ်ထုတ်လုပ်နိုင်ခဲ့ပြီး လျှပ်စစ်ဓါတ်အားကိုဖြည့်တင်းပေးနိုင်ခဲ့ပါ တယ်…..
1.3K viewsMinn Thet Naing, 07:05
Open / Comment
2022-03-01 18:15:16 ဒီနေ့ ရေဦး တင်းတရံ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်အပါအဝင်အကြမ်းဖက် ၄ ဦး သေပါတယ်။
အရာတော် ဝက်လက်ဘက်မှာ အခြေအနေတင်းမာနေသလို ၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာလည်း တင်းမာနေပါတယ်။

မနေ့က တစ်ရက်တည်းမှာ ဂန့်ဂေါ
ရွှေဘိုရွာနဲ့ချင်ပုန်းရွာနှစ်ရွာပေါင်း
အကြမ်းဖက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။

Credit:ဖြိုးဝေကျော်(မုံရွာ GZ)
320 viewsMinn Thet Naing, 15:15
Open / Comment
2022-03-01 03:54:52
ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးများက ဦးကိုကိုလှိုင်(ပြည်ထောင်စုဝန်ကြီး) ဒေါက်တာသီတာဦး (ပြည်ထောင်စုဝန်ကြီး) တို့၏ (ICJ)တရားရုံးတွင် မြန်မာ့အရေး တရားမျှတမှု အတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အပြည့်အဝထောက်ခံကြောင်း ဗီနိုင်းပိုစတာများချိတ်ဆွဲဂုဏ်ပြုကြကြောင်းသိရှိရပါသည်။
699 viewsMinn Thet Naing, 00:54
Open / Comment