Get Mystery Box with random crypto!

Online News Channel

Logo of telegram channel nmt812 — Online News Channel O
Logo of telegram channel nmt812 — Online News Channel
Channel address: @nmt812
Categories: News
Language: English
Subscribers: 3.18K
Description from channel

up to date news channel

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 7

2022-02-11 09:36:55
တိုင်းရင်းသားစည်းလုံးညီညွတ်မှု
သည် နိုင်ငံတော် တည်ငြိမ်အေးချမ်း
ရေးနှင့်အချုပ်အခြာအာဏာတည်တံ့
ခိုင်မြဲရေးအတွက်အသက်တမျှ အ
ရေးကြီးကြောင်း ထောက်ခံဟောပြော
ပွဲတစ်ရပ်အား ရန်ကုန်မြို့၊မဟာဗန္ဓုလ
ပန်းခြံအနီးတွင် ပြည်သူအများစုပေါ
င်း၍ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

#MTN
YGN(11-2-2022)
736 viewsMinn Thet Naing, 06:36
Open / Comment
2022-02-11 06:04:55
We Stand with တိုက်ချီတို
768 viewsMinn Thet Naing, 03:04
Open / Comment
2022-02-11 04:16:23
"(တိုက်ချီတို) အသက်(၁၂)နှစ်"
**********************************
အမေစုက တိုက်ချီတိုကို အရမ်းချစ်တာ၊ ခွေးလို့ခေါ်ရင် မကြိုက်ဘူး၊ ဒါကြောင့် ခြံထဲမှာစာကပ်တာတောင် "သတိခွေးကိုက်တတ်သည်"လို့မရေးခိုင်းဘူး၊ တိုက်ချီတိုဓာတ်ပုံလေးနဲ့"ကိုက်တတ်သည်"လို့ပဲ ရေးခိုင်းခဲ့တယ်။

တိုက်ချီတိုက အမဲသားနဲ့ဆလပ်ရွက်နုနုလေးတွေချက်ကျွေးတာကို တအားကြိုက်တယ်။

အမေစုကလည်း ပြည်ပခရီးကလွဲပြီး ပြည်တွင်းခရီးအားလုံးကိုခေါ်သွားလေ့ရှိတယ်။

တစ်နှစ်တစ်ကြိမ် မွေးနေ့ကိတ်နဲ့ မွေးနေ့ပွဲလုပ်ပေးတယ်၊ သင်္ကြန်မှာလည်း တိုက်ချီတိုအမည်နဲ့ရေကစားမဏ္ဍပ်ဆောက်ပေးတယ်။

ညနေဘက်ဆိုရင် ကားတစ်စီးနဲ့ သပြေကုန်းအဝိုင်းကိုပတ်ပြီး တိုက်ချီတိုလေးအတွက် လေညှင်းခံထွက်ဖို့စီစဥ်ပေးကြရတယ်။

တိုက်ချီတိုလေးက အရမ်းလိမ္မာလွန်းလို့ ပြည်သူတွေကိုတောင် တိုက်ချီတိုလေးလောက်အသိဥာဏ်ရှိကြဖို့တိုက်တွန်းပြောကြားခဲ့သေးတယ်။

တိုက်ချီတိုရေ ကောင်းရာဘုံဘဝရောက်ရှိပါစေကွာ။

#MTN
(11-2-2022)
837 viewsMinn Thet Naing, 01:16
Open / Comment
2022-02-10 07:13:39
စစ်ကိုင်းတိုင်းအတွင်းရှိ PDF စခန်း
တစ်ခုအား တပ်မတော်မှ စီးနင်းခဲ့ရာ
လက်နက်ဝယ်ရန်အလှူခံထားသည့်
ငွေဖြင့် ရွှေဝယ်ထားသည့် ဘောက်
ချာများ တွေ့ရှိခဲ့ကြောင်းသိရသည်။
457 viewsMinn Thet Naing, 04:13
Open / Comment
2022-02-09 12:38:01 ရပ်ကွက်အတွင်းရှိနေတဲ့လောင်းကစားဒိုင်များ၊ မကောင်းသည့်လုပ်ငန်းများဆောင်ရွက်နေသူများ၊ ရပ်ကွက်များအတွင်းရှိ အခြားနေရာမှ လာရောက်ဆိုင်ဖွင့်ရောင်းချနေသည့် ကွမ်းယာဆိုင်များ/ လဖက်ရည်ဆိုင်များ/ကုန်စုံဆိုင် နှင့် အခြားလုပ်ငန်းလုပ်ကိုင်သူများအားလုံးနီးပါးသည် NLD အစိုးရလက်ထက်ကတည်း က လက်သပ်မွေးထားသည့် ရပ်/ကျေးနယ်ခံစည်းရုံးရေးမှူးများဖြစ်ပါတယ်။

ထို့အတွက် ၎င်းတို့သည်ယခုအချိန် တွင်အကြမ်းဖက် PDF သမားများဖြင့်ချိတ်ဆက်၍ စစ်တပ်၏သတင်းများ၊ရပ်ကွက်အတွင်းရှိပြည်ခိုင်ဖြိုးပါတီဝင်/အမျိုးသားရေးသမား/ တပ်ထောက်ခံသူ/စစ်မှုထမ်းအငြိမ်းစားများ/ Non CDM ဝန်ထမ်းများနှင့် ၎င်းတို့အားမထောက်ခံသည့် ပြည်သူများ၏သတင်းများအားလက်ထောက်ချနေပြီး လုပ်ကြံသတ်ဖြတ်ရန် နှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင် ရွက်ရန်အားပေးခြင်းမြှောက်ပေးခြင်းများပြုလုပ်နေကြတာဖြစ်ပါတယ်။

ထို့ကြောင့် အဆိုပါ NLD အားပေးထောက်ခံသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကွက်အတွင်းရှိ NLD ထောက်ခံသည့်အမာခံများဖြစ်သည့် လောင်းကစားဒိုင်များ၊ မကောင်းသည့်လုပ်ငန်း များဆောင်ရွက်နေသူများ၊
ရပ်ကွက်များအတွင်းရှိအခြားနေရာမှ လာရောက်ဆိုင်ဖွင့်ရောင်းချနေသည့် ကွမ်းယာဆိုင်များ/လဖက်ရည်ဆိုင်များ/ကုန်စုံဆိုင် နှင့် အခြားလုပ်ငန်းလုပ်ကိုင်သူများကို ဧည့်စာရင်းစနစ်တကျနဲ့သေသေချာချာစစ်ဆေးပြီး အမြန်ဆုံးစီစစ်ရှင်းလင်း နိုင်မှသာ အောက်ခြေ ရပ်ကွက်များ၏ပြည်သူများဘဝအေးချမ်မည်ဖြစ်နေပါသဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန် တိုင်းစစ်တိုင်းမှူးတို့မှ အလေးထားပြီးဆောင်ရွက်ပေးနိုင်ပါရန်တင်ပြအပ်ပါသည်။

#ပြည်သူတစ်ဦး
581 viewsMinn Thet Naing, 09:38
Open / Comment
2022-02-09 12:38:01 ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သိစေချင်ပါသည်
=============================
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်(၃၂)ကွက်ရှိပါတယ်၊ အဲ့ဒီ(၃၂)ရပ်ကွပ်မှာ နစက အစိုးရတက်လာပြီး ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့အမျိုးသားရေးအဖွဲ့ကို ရပ်ကွက်အုပ်ချုပ်ရေးခန့်အပ်ဖို့နစကအစိုးရ ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့တင်ပြခဲ့ပါတယ်။

သို့သော်လည်း ရပ်ကွက်(၇)ခုကိုသာပြည်ခိုင်ဖြိုးပါတီဝင် နဲ့ အမျိုးသားရေးအဖွဲ့တွေကိုအုပ်ချုပ်ရေးမှူးခန့်နိုင်ခဲ့ပြီး ကျန်ရပ်ကွက်(၂၆)ခုကိုတော့ယခင်NLD အစိုးရခေတ် ၎င်းတို့ထောက်ခံသူအမာခံတွေကိုပဲ ပြန်ခန့် ထားခဲ့တာတွေ့ရပါတယ်၊ ဒါမင်္ဂလာဒုံမြို့နယ်တစ်ခုပဲရှိပါသေးသည်။

ကျန်မြို့နယ်တွေအများကြီးရှိနေပါ သေးတယ်၊မင်္ဂလာဒုံမြို့နယ်မှာခန့်ထားခဲ့တဲ့ပြည်ခိုင်ဖြိုးနဲ့အမျိုးသားရေး(တပ်မတော်ထောက်ခံသူ) အဖွဲ့တွေ ကိုခန့်ထားတဲ့(၇)ရပ်ကွက်လုံးရဲ့အုပ်ချုပ်ရေးမှူးတွေကို PDF အကြမ်းဖက်သမားတွေလုပ်ကြံခဲ့ကြ တယ်သေတဲ့သူသေတယ်ဒဏ်ရာရတဲ့သူကရကြတယ်၊ဒါပေမဲ့ NLD အစိုးရခေတ်ကတည်းက၎င်းတို့ ထောက်ခံသူအမာခံတွေကိုပဲဆက်လက်ခန့်ထားခဲ့တဲ့(၂၆)ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေကိုတော့လက်ဖျားနဲ့တောင်မထိခဲ့ဘူးအေးချမ်းနေတယ် အဆင်ပြေနေတယ်။

ရန်ကုန်တိုင်းဒေသကြီးမြို့နယ်တွေမှာရှိတဲ့ ရပ်ကွက်တွေမှာအကြမ်းဖက်မှု တွေမကောင်းမှု လုပ်ငန်းတွေ မလုပ်နိုင်အောင် နစကကို ထောက်ခံအားပေးတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့အမျိုးသားရေး (တပ်ထောက်ခံသူ)တွေကို ခန့်ပေးဖို့အမည်စာရင်းတွေပေးပို့တင်ပြခဲ့သော်လည်း ရန်ကုန်တိုင်းအစိုးရမှ အားလုံးကိုခန့်အပ်ပေးခဲ့ခြင်းမရှိပဲအချို့ကိုသာခန့်အပ်ပေးခဲ့ပါတယ်။

အချို့မြို့နယ်တွေမှာဆိုရင်မြို့နယ်ထွေအုပ်ရုံးအဖွဲ့၊ အုပ်ချုပ်ရေးမှူးနှင့် နစကမှတွဲဖက်ပေးထားတဲ့ ဗိုလ်မှူးတွေကို NLD ပါတီထောက်ခံသူ အမာခံသူဌေးတွေက ၎င်းတို့စိတ်တိုင်းကြ ချယ်လှဲလို့ရနိုင်မဲ့ NLD ထောက်ခံသူအမာခံတွေကိုပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာပြန်ထားဖို့ငွေပေးပြီး ပြန်လည်ခန့်ထားပေးခဲ့ကြတယ်။

ထို့အတွက်ကြောင့် အခု ရန်ကုန်တိုင်းရဲ့မြို့နယ်များအတွင်း ရပ်ကွက်တော်တော်များများတွင် NLD ပါတီကို ထောက်ခံတဲ့ အမာခံတွေကိုပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပြန်ခန့်ထားတဲ့အတွက် PDF အကြမ်းဖက်သမားတွေအေးအေးဆေးဆေးနဲ့ ပုန်းအောင်နေထိုင်နိုင်ခဲ့ပြီး အကြမ်းဖက် လူသတ်မှုများကို ကောင်းကောင်း လုပ်နိုင်နေတာပါ။

အကြမ်းဖက် PDF များနဲ့ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုမကောင်းမှုလုပ်ရပ်တွေကိုကောင်းကောင်းလုပ်နိုင်အောင်ဖမ်းလို့မမိအောင် NLDပါတီ
ကိုထောက်ခံတဲ့အမာခံရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကကာကွယ်ထားပါတယ်။

အဲ့တော့သူတို့ NLD ပါတီဝင်အမာခံထောက်ခံသူမဟုတ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အုပ်ချုပ်ရေးမှူးမလုပ်ရဲအောင် အကြမ်းဖက်သတ်ဖြတ်ပြနေကြပါတယ်။

ပိုဆိုးတာက စစ်တပ်လခရအဖွဲ့တွေက ရပ်ကွက်တွေကိုလည်း ဧည့်စာရင်းမစစ်ဘူး၊ ဖြစ်စဉ်ဖြစ်မှ သာပိတ်ဆို့ဖမ်းဆီးစစ်ဆေးတာကိုလုပ်တယ်၊ ဒါကြောင့် PDF အကြမ်းဖက်တွေဟာ သက်ဆိုင်ရာ ရပ်ကွက်တွေမှာ ၎င်းတို့ NLD ပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ကာကွယ်မှုအောက်မှာ အေး အေးဆေးဆေးပဲနေထိုင်နိုင်ခဲ့ကြပါတယ်။

မြို့နယ်ထွေအုပ်အဖွဲ့နဲ့မြို့နယ်ရဲတပ်ဖွဲ့တော်တော်များများကလည်း ယခင် NLD ပါတီကိုထောက်ခံ အားပေးသည့်အမာခံများနဲ့ တစ်ဖွဲ့တည်းဖြစ်နေတော့ အကြမ်းဖက် PDF များသတင်းကို သိနေတဲ့ပြည်သူတွေက ရဲကိုသတင်းပေးတယ်၊ အဲ့ဒီရဲက အကြမ်းဖက် PDFတွေကိုပြန်ပြောတယ်၊ အဲ့တော့သတင်းပေးတဲ့ ပြည်သူက မိသားစုလိုက်အသတ်ခံရတာတွေ၊ ထွက်ပြေးရတာတွေခြိမ်း ခြောက်ခံရတာတွေနဲ့ဒုက္ခမျိုးစုံကိုခံနေရတော့ ကြောက်ပြီးရဲကိုသတင်းပေးတာတွေ၊တိုင်ချက်ဖွင့်တာတွေကိုမလုပ်ရဲကြတော့ပဲ ပြည်သူတွေဟာ ဘာသတင်းပဲသိသိ မိသားစုအန္တရာယ်အတွက်စိုးရိမ်ပြီး ဘာမှမပြောရဲတော့ဘူး၊ဒီလိုနဲ့နှုတ်ဆိတ်ပြီးနေခဲ့ရတာ တစ်နှစ်ပြည့်ခဲ့ပါပြီ၊စစ်တပ်ကသိလို့ဖမ်းတော့လည်း ရဲကိုပဲပြန်အပ်တာကြောင့် ရပ်ကွက်အတွင်းနေထိုင်တဲ့ NLD အမာခံ (မကောင်းတာမှန်သမျှ လုပ်နေတဲ့) သူဌေးတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ငွေပေးပြီးအဖမ်းခံရသူတွေကိုပြန်ထုတ်ပေးကြတယ်၊

ဒီလိုနဲ့ပဲ ရပ်ကွက်တွေမှာ ခုချိန်ထိ NLD ထောက်ခံသူအမာခံတွေနဲ့ အကြမ်းဖက်သမား PDF တွေဟာကြီးစိုးမင်းမူနေကြတာပါ၊ရပ်ကွက်ရှိအေးချမ်းစွာနေလိုသည့် ပြည်သူများအနေဖြင့် ၎င်းကိစ္စတို့အား သိနေပေမဲ့လည်း ဘယ်သူကိုမှမပြောရဲပဲ ကိုယ့်မိသားစုအန္တရာယ်ဖြစ်မှာစိုးရိမ်၍ ကြိတ်မှိတ်နေခဲ့ရပါတယ်။

ဒီလိုနဲ့ပဲ အကြမ်းဖက်သမား PDF တွေဟာ အခွင့်သာရင်သာသလိုလုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာ ယခုချိန်အထိပဲဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ PDF အကြမ်းဖက်သမားတွေဟာလုပ်ချင် တိုင်းလုပ်နေကြတော့တာပါ၊ဒါကြောင့် ရန်ကုန်မြို့အတွင်းဖြစ်နေတဲ့အကြမ်း ဖက်လူသတ်မိုင်းခွဲတဲ့ ကိစ္စတွေကို အမြန်ဆုံးရှင်းလင်းလိုပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုသေချာပြန်လည်စီစစ်ပေး ဖို့လိုအပ်ပါတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိဝန်ထမ်းတွေကိုလည်း ပြန်လည်စီစစ်သင့်ပါတယ်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ (အထူးသဖြင့် နယ်ထိန်းရဲတွေ)ကိုလည်းပြန်လည်စီစစ်သင့်ပါတယ်။
563 viewsMinn Thet Naing, 09:38
Open / Comment
2022-02-08 17:25:34 #ကြေကွဲစရာ

- ထင်တဲ့အတိုင်းပါပဲ!!!
လိုင်းပေါ်မှာ ရေဦးမြို့နယ်က
ဆရာ/ဆရာမတွေရဲ့ ထွက်စာတွေ
တွေ့မိလို့ သူငယ်ချင်းဖြစ်သူကို
ဖုန်းဆက်မေးကြည့်မိတော့ ...

- မထွက်လို့မှ မရတာတဲ့
သူတို့မိသားစုတွေရဲ့လုံခြုံရေး
ဘာအာမခံချက်မှ မရှိတာတဲ့
အသက်ကို ဉာဏ်စောင့်တာ
မဟုတ်တော့ဘုတဲ့
အသက်ကို PDFတွေက
စောင့်နေဘီတဲ့လေ!

- ရေဦးမြို့နယ်မှာ
မူ ၊ လယ် ၊ ထက် ကျောင်းပေါင်း
နှစ်ရာလောက် ရှိတယ်တဲ့
ဆရာ/ဆရာမ (၁၂၀၀)ရှိတယ်တဲ့
CDM လုပ်သွားတာက
(၈၀၀)ရှိတယ်တဲ့
Non CDM (၄၀၀)ကျန်တယ်တဲ့
တစ်မြို့နယ်လုံးမှာ ဖွင့်နိုင်တဲ့
ကျောင်းအရေအတွက်က
မြို့ပေါ်က ထ(၁)၊ထ(၂)နဲ့မ(၁)
ကျောင်း(၃)ကျောင်းပဲရှိတာတဲ့
ဖွင့်နိုင်တဲ့ကျောင်း (၃)ခုကို
ဆရာ/ဆရာမအချို့ တွဲပေးထားပြီး
ကျန်တဲ့ ဆရာ/ဆရာမတွေက
မိမိရွာကအိမ်မှာပဲ နေကြသတဲ့!

- အခု PDFက
Non CDM စာရင်းနဲ့တကွ
ရွာပေါက်စေ့ CDMလုပ်ဖို့
pressure ပေးတော့
ဒီရက်ပိုင်း လုပ်ကုန်တာ
မနည်းဘူးတဲ့
တစ်ချို့ဆရာ/ဆရာမတွေဆို
ပင်စင်နီးနေတော့ တစ်နှစ်တိတိ
တောင့်ခံထားတာ မရတော့ဘုတဲ့
တစ်ချို့ဆို တပ်ထဲမှာ
ဆွေမျိုးအရင်းတွေရှိလို့
တောင့်ခံထားတာ မရတော့ဘုတဲ့
PDFကလည်း ကြိမ်းထားတယ်တဲ့
ရွာက ပြေးရဲပြေးကြည့်
ကျန်တဲ့မိသားစု တွေ့မယ်
မိသားစုလိုက်ပြေးရင်
ကျန်ခဲ့တဲ့ အိမ်နဲ့ ကျွဲ၊နွားတွေ
လယ်ယာတွေ တွေ့မယ်လို့
ကြိမ်းထားကြသတဲ့
အချို့ရွာတွေက PDFတွေက
ဘယ်လောက်ညစ်လည်းဆိုရင်
CDM မလုပ်ပဲ ထုတ်ထားတဲ့
လစာတွေကို သူတို့ကို
အပ်ရမယ်လို့တောင် ကြိမ်းသတဲ့
ဧပြီလကစတွက်ပီး သိန်း(၂၀)လောက်
အပ်ရမယ်လို့ ကြိမ်းထားသတဲ့
ရွာတိုင်းတော့မဟုတ်ဘုတဲ့!

- ရေဦးမှာ လုံခြုံရေးတွေ
မရှိဘူးလားလို့ မေးကြည့်တော့
PDFက ရဲဆို လုံးဝကို
မကြောက်တာတဲ့
တပ်ကလည်း ဘဏ်နဲ့ ရုံးပေါင်းစုံ လုံခြုံရေးအတွက်
ဆယ်ဂဏန်းလောက်ပဲရှိတာတဲ့
သူတို့က သိနေတော့
မြို့ဝင်ဆိုင်းဘုဒ်ကျော်ရင်
PDFတွေ ကြီးစိုးနေတာတဲ့
ပြီးခဲ့တဲ့ အပတ်က
ရေဦးနဲ့ နှစ်မိုင်ပဲဝေးတဲ့
မုတ်စီရွာက အုပ်ချုပ်ရေးမှူးမိသားစု ည(၇)နာရီလောက် မီးလှုံနေတုန်း
PDF (၅၀)လောက်က
ဝင်"-"တ်သွားတာ (၄)လောင်းပြိုင်တဲ့
ကျောင်းတက်ရဲတက်ကြည့်လို့
ကြိမ်းသွားလို့ မုတ်စီရွာက
ကလေးတွေ ကျောင်းမလာတော့ဘုတဲ့
မနေ့ညကလည်း မတိုင်ပင်ရွာကို
ဝင်"-"တ်သွားတာ (၃)လောင်းပြိုင်တဲ့
ရေးဦးမြို့နယ်က လူ"-"တ်တာ
ဘေးနား ပတ်ဝန်းကျင်က
ဒီပဲရင်းတို့ တန့်ဆည်တို့လို
လူမိုက်မြို့တွေထက်
အခု သာသြားဘီတဲ့
လာလိုက်ရင်လဲ လူ(၅၀)လောက်
အုပ်လိုက်ကြီးတွေ လာတာတဲ့!

- ရေဦး PDFကို
ထိန်းချုပ်ထားတာက
NLDအမတ် မြင့်ထွေး တဲ့
သူ့သားက PDFတပ်ရင်းမှူးဆိုလားပဲ
သူတို့က မြို့ပေါ်မှာထိုင်တဲ့
လုံခြုံရေး ဆယ်ဂဏန်းလောက်ကို
လုံးဝမကြောက်တာတဲ့
သူတို့ကြောက်တာ အဝေးက
ရံဖန်ရံခါ ရောက်လာတတ်တဲ့
တပ်တွေကိုပဲ ကြောက်တာတဲ့
ဒါတောင် ကားလမ်းအတိုင်းလာရင်
ပြေးချိန်ရလို့ မကြောက်ဘူးတဲ့
လာတဲ့တပ်ကို မိုင်းတောင်
ဆီးပြီးခွဲသေးသတဲ့
သူတို့က ရဟတ်ယာဉ်နဲ့
အပေါ်က လာတာကိုပဲ
တကယ်ကြောက်တာတဲ့
ဒါတောင် ဖုန်းတွေနဲ့ချိတ်ပြီး
ပြေးလို့ရတယ်ဆိုပဲလေ
တပ်တွေကလည်း လာရင်
တစ်ရက် နှစ်ရက်ဆို
ပြန်ဆုတ်သွားတော့
နီးရာဓား PDFကို
ကြောက်ရတာ မထူးဆန်းဘူးတဲ့
ရေဦးမြို့ပေါ်တောင်
လောင်ချာနဲ့လာပစ်တာ
သတင်းစာထဲတောင်ပါသတဲ့လေ!

- ရေဦးမြို့ဆိုတာ
အထက်ဗမာပြည်ရဲ့
ပညာရေးမြို့ပါ
မလှိုင် နဲ့ မန်းလေးက
ကိုယ်ပိုင်ကျောင်းတွေပြီးရင်
ရေဦးမြို့က ကိုယ်ပိုင်ကျောင်းတွေက
နာမည်ကြီးကျောင်းတွေပါ
စစ်ကိုင်းတိုင်းမှာ
ဘာသာစုံ ဂုဏ်ထူးရှင်
နှစ်တိုင်း အများဆုံးထွက်တာ
ရေဦးမြို့ပဲတဲ့
စစ်ကိုင်းတိုင်းမှာ
ကျောင်းသားအများဆုံးကျောင်းက
အထက(၁)၊ ရေဦးတဲ့
ကျောင်းသား လေးထောင်ကျော်
ရှိတာတဲ့
အခု ကျောင်းလာတက်တာ
ကျောင်းသား ငါးရာလောက်ပဲ
ရှိတော့တာတဲ့လေ!

- ပညာရေးကောင်းတဲ့မြို့
ပညာတတ်တွေပေါများတဲ့မြို့က
အခုလို အကြမ်းဖက်မြို့
ဖြစ်သွားတာဟာ တကယ့်ကို
ရင်နာစရာပါ ကြေကွဲစရာပါ
ဘယ်အဖွဲ့အစည်းကမှ
အကာအကွယ်မပေးနိုင်တဲ့
ကယ်သူမဲ့ ဘဝတွေခမျာ
စိတ်ဓာတ်ရာတွေ အများကြီးနဲ့
ရှေ့ဆက်နိုင်ဖို့ အတော်ကြီးကို
လုပ်ယူရမယ့် အခြေအနေပါ!

- လွန်ခဲ့တဲ့ (၆)လလောက်က
ရေဦးမြို့အကြောင်းကို
"ကယ်သူမဲ့"ဆိုပြီး
ရေးတင်ဖူးခဲ့ပါတယ်
ဘယ်ဘက်က report
လုပ်သလည်းတော့ မသိဘု
post ဖျက်ပေးခဲ့ရပြီး
အကောင့်လည်း တစ်လထိခဲ့ပါတယ်
အခု ရင်ထဲမှာမခံစားနိုင်လို့
ထပ်ရေးလိုက်ပါတယ်
reportထုချင်ရင် နောက်ထပ်
(၂)ရက်လောက်နေမှ
ထုပါဗျာ
ဒါမှ တာဝန်ရှိတဲ့သူထဲက
တစ်ယောက်လောက်ဖြစ်ဖြစ်
ဒီpostကို ဖတ်မိအောင်ပါ။

#MinHtut
421 viewsMinn Thet Naing, 14:25
Open / Comment
2022-02-07 08:03:08 ပြင်သင့်နေပြီဖြစ်တဲ့ပြည်ခိုင်ဖြိုးပါတီဝင်များ
ပြည်ခိုင်ဖြိုးပါတီဟာ အသင်းအဖြစ်စတင်ဖွဲ့စည်းလာကတည်းကစနစ်တကျနဲ့ပွဲထွက် လာခဲ့တာပါအဲ့ဒိတုန်းကလည်း လူငယ်ထုများစွာက တက်တက်ကြွကြွနဲ့ပါဝင်လှုပ်ရှားခဲ့တာကို လည်းမျက်မြင်ပါပဲဒါပေမဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့အားသာချက်က တိုင်းပြည်နဲ့လူမျိုးနိုင်ငံအတွက် အကောင်း ဆုံးဆိုတာတွေကိုပဲလုပ်ခဲ့တာများတယ်၊ ကိုယ်ကိုလာတိုက်ခိုက်မဲ့အဖွဲ့အစည်း လူပုဂ္ဂိုလ်မျိုးနဲ့ အခြေအတင်တွေမရှိခဲ့ဘူး ပြောချင်တာက အတိုက်အခံမလုပ်ခဲ့ရဘူး သာသာယာယာပဲ အေးဆေးပဲ ပါတီလူကြီးများရဲ့ ဝိတ်နဲ့ပဲ အရာရာကိုလုပ်နိုင်စွမ်းနေခဲ့ တာ၊ ပါတီဝင်တစ်ဦးချင်းစီရဲ့ကြိုးစားအားထုတ်မှုလုံးလဆိုတာနည်းခဲ့တယ် အရှင်မွေးချင်းနေ့ ချင်းကြီးဆိုသလို နတ်ရေကန်ထဲပစ်ချခံရတဲ့ သူလိုမျိုးအရာရာအဆင်ပြေခဲ့တဲ့ရွှေခေတ်ကိုအ ကောင်းဆုံးနေခဲ့ရသူကများကြတယ်
ဒီလိုနဲ့ပါတီမှာအဖွဲ့တွေဘယ်လိုစကွဲလာလဲဆိုတော့ အဘနဲ့ပိုင်ပြီးချမ်းသာတယ်အခွင့် အရေးတွေရနေတဲ့ အဖွဲ့ကတစ်ဖွဲ့၊
အဲ့ဒီအဘနဲ့ပိုင်တဲ့အဖွဲ့နဲ့ထပ်သိပြီးအရိုးအရင်းလေးကိုက် နေရတဲ့အဖွဲ့ကတစ်ဖွဲ့ ၊ ဘယ်သူနဲ့မှမပိုင်ပဲအနစ်နာခံပြီးစိတ်ဓါတ်ကောင်းကောင်းနဲ့ရပ်တည် ပေးနေတဲ့အဖွဲ့ကတစ်ဖွဲ့ဆိုပြီး
ကွဲလာတယ် အဲ့တုံးကရွှေခေတ်ဆိုတော့အခွင့်အရေးကောင်း ကောင်းတွေရနေကြတော့ ဘာပြဿနာမှမဖြစ်ကြဘူး ဖြစ်လဲအနည်းအကျဉ်းလောက်ပဲငွေနဲ့ ဖြေရှင်းပြီးခဲ့ရတယ်
အခုပါတီကရွှေခေတ်ကနေ ကြေးတောင်မဟုတ်ဘူး ဒန်ခေတ်အထိကျဆင်းသွားတဲ့အ ခါအုပ်စုကွဲသွားတဲ့ ဘယ်သူနဲ့မှမပိုင်ပဲအနစ်နာခံပြီးစိတ်ဓါတ်ကောင်းကောင်းနဲ့လုပ်ပေးနေတဲ့ သူတွေကပဲပါတီကို ဆက်လက်ထိန်းထားတယ်၊ ပိုင်ရာဆိုင်ရာပါတီဝင်တွေက ဒန်ခေတ်ကို ရောက်တာနဲ့ပါတီနားမကပ်တော့ဘူး၊ ဒါပေမဲ့လုံးဝထွက်သွားရင်လဲမကောင်းတဲ့သူတွေကျ တော့ အိမ်ပြည့်လေးနေပြီးမလုပ်မရှုပ်မပြုတ်နဲ့ရသမျှယူတယ် အပေါ်ယံတွေပဲလုပ်တော့တယ် အကြမ်းဖက်သမားတွေအဓိကသတ်ဖြတ်ခဲ့တာ ပိုင်ရာဆိုင်ရာနဲ့ရွှေခေတ်မှဂွင်တည့်ခဲ့သူတွေ များတယ်၊ အချို့ကြတော့မနေတတ်မထိုင်တတ်နဲ့နေတယ်ကိုယ်ကိုယ်ကိုယုံကြည်မှုလွန်ကဲလို့ အသတ်ခံကြရတယ်၊ အချို့ကြတော့လဲကံတရားအရအသတ်ခံရတာပေါ့
ထားပါတော့ အခု ၂၀၂၂ နဲ့ ၂၀၂၃ မှာတော့ ပြည်ခိုင်ဖြိုးပါတီဝင်တွေစည်းလုံးဖို့အထူးကို လိုအပ်နေပါပြီ စိတ်ဝမ်းကွဲနေဖို့အချိန်မရှိတော့ပါဘူး ခုချိန်အခါမျိုးမှာ ကိုယ်ထက်သာမနာလို ကိုယ်မတတ်တာကိုမတတ်ကြောင်းဝန်ခံပြီးသင်ယူတာမျိုးတွေကိုလုပ်ရတော့မဲ့အနေအထား ကိုရောက်နေပါပြီ အရင်လိုမှိန်နေပြီးအပေါ်ယံဖောရှောလုပ်ရမဲ့အချိန်မဟုတ်တော့ဘူး
ပြည်သူတွေရဲ့ယုံကြည်မှုကိုယူဖို့ခဏထားဦးကိုယ့်ပါတီဝင်အချင်းချင်းကိုပဲပြန်စည်းရုံးဖို့လိုနေပါတယ် ငါကတိုင်းက သူကမြို့နယ်/ရပ်/ကျေးက မတူမတန်သလိုစိတ်ဓါတ်တွေကို ပြင်ပါတော့ ပါတီကလူကြီးတွေက တပ်မှာဗိုလ်မှူးအဆင့်အနည်းဆုံး ဗိုလ်ချုပ်ကြီးအဆင့်အ များဆုံးအထိတာဝန်ထမ်းဆောင်ခဲ့ဘူးလို့ အခြွေအရံတွေနဲ့နေတာကိုအားမကျပါနဲ့ သူတို့ကသူ တို့ဘဝပေးအတိုင်းနေတာပါ၊ ကိုယ်ကပါတီဝင်ပဲပြည်သူကိုကိုယ်စားပြုရမှာပါ
နိုင်ငံရေးလုပ်တာပြည်သူအတွက်ပါ အစိုးရအဖွဲ့ထဲပဲရောက်ရောက်လွတ်တော်ထဲပဲ ရောက်ရောက် ပြည်သူ့အတွက်ပဲလုပ်ရမှာပါ ဒါကြောင့် ပါတီဝင်အချင်းချင်းအဆင့်အတန်းမ ခွဲခြားပဲ စည်းလုံးမှုရရှိအောင်လုပ်ဖို့လိုပါတယ်
နေရာရချင်ရင်ငွေဘယ်လောက်ပေး ထောက်ပံ့ကြေးရရင်ငါကိုခွဲတမ်းပေးမပေးရင်ဘာ ဖြစ်မယ်ညာဖြစ်မယ်စသဖြင့်ကိစ္စတွေမရှိသင့်တော့ဘူး ပါတီဟာပါတီလိုပဲလုပ်သင့်ပါတယ် ဝန်ကြီးဌာနလဲမဟုတ်ဘူး လူမူအဖွဲ့လည်းမဟုတ်ဘူး ပါတီကိုပါတီလိုပဲသတ်မှတ်ပြီးပြည်သူ တွေရဲ့အားကိုရအောင်လုပ်သင့်ပါပြီ ကိုယ့်ပါတီဝင်အချင်းချင်းလည်းစည်းရုံးထားဖို့လိုပြီဖြစ် ကြောင်း အကြံပြုတင်ပြလိုပါတယ်။

#ပြည်သူတစ်ဦး
358 viewsMinn Thet Naing, 05:03
Open / Comment
2022-02-06 17:56:28 ရန်ကုန်တိုင်းဒေသကြီး၏ပကတိအခြေအနေများအားသုံးသပ်တင်ပြခြင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်( NLD ပါတီအားပေးထောက်ခံမှုများသည့်)တော်တော် များများတို့တွင်PDFအကြမ်းဖက်သမားများသည်၎င်းတို့အားထောက်ခံသည့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (သို့) နယ်ထိန်းရဲအဖွဲ့များ(သို့) Silent CDM နေကြသည့်ထွေအုပ်ဝန်ထမ်းများ (သို့) NLD အစိုးရလက်ထက်တွင် လောင်းကစားလုပ်ငန်းများ/မကောင်းသည့်လုပ်ငန်းများကို ယခုထက်ထိလုပ်နေသည့်(လက်ရှိနစကကိုငွေပေးပြီးဆက်လုပ်နေသူများ) နှင့် ရပ်ကွက်/ကျေး ရွာများအတွင်း၎င်းတို့အားမထောက်ခံသော်လည်းခြိမ်းခြောက်ထားခြင်းခံနေရသည့်ပြည်သူအ ချို့(မကြိုက်သော်လည်းကြောက်၍သတင်းမပေးပဲငြိမ်နေရသည့်ပြည်သူများ) တို့ကကာကွယ် ပေးထားကြတာကိုတွေ့ရပါတယ်….လက်နက်မကိုင်ထားလို့ PDF အကြမ်းဖက်သမားမှန်းမသိ ကြတာပါ
ဒီကောင်တွေဟာ လစ်ရင်လစ်သလို စောင့်ကြည့်ပြီးထွက်ထွက်လုပ်ကြတာပါ၊(၃၁)ရပ် ကွက်ဒဂုံမြို့သစ်မြောက်က ဗိုလ်မှူးတင်မောင်ဝင်း(ငြိမ်း)ကိုသတ်တာဆိုရင် အဲ့ဒီဗိုလ်မှူးဟာ ရပ်ကွက်ရှိ အုပ်ချုပ်ရေးအဖွဲ့နဲ့တည့်ပါတယ်၊ ရပ်ကွက်အတွင်းရှိ ပြည်သူများနဲ့လည်းတည့်ပါ တယ် ဒါပေမဲ့ အဲ့ရပ်ကွက်ထဲမှာနေတဲ့ NLD ထောက်ခံသူတစ်ယောက်ရှိယုံနဲ့ အဲ့ဒါ ဗိုလ်မှူးအ ငြိမ်းစားပါလို့ ရပ်ကွက်အတွင်းပုန်းနေတဲ့ PDF တွေကိုသတင်းပေးလိုက်တာနဲ့လစ်တဲ့အချိန် မှာ လာသတ်တာပါပဲ
သတ်ပြီးတော့ သူတို့ကသတင်းလွှင့်လိုက်သေးတယ် အဲ့ဒီဗိုလ်မှူးအိမ်ခြံဝန်းကိုဖျက်ဆီး ဝင်ရောက်ခဲ့ပြီး မိသားစုအားလုံးကိုကြမ်းပျဉ်းမှာမှောက်ခိုင်းထားပြီးမှ အဲ့ဒီဗိုလ်မှူးငြိမ်းတစ် ယောက်တည်းကိုပဲ သစ္စာရှိရှိသတ်ခဲ့ကြောင့် မဆိုင်တဲ့မိသားစုကို ဘာမှမလုပ်ခဲ့ကြောင်း လိုင်း ပေါ်မှာတင်ခဲ့ပါတယ်……. ပြောချင်တာက အဲ့ဒီဗိုလ်မှူးအသတ်ခံရတဲ့နေရာကလူစည်ကားတဲ့ နေရာပါသူတို့ပြောသလိုခြံထဲကိုဖျက်ပြီးဝင်ဖို့ မိသားစုဝင်တွေကို ကြမ်းပြင်မှာမှောက်ခိုင်းပြီး အေးအေးဆေးဆေးသတ်သွားဖို့ဆိုတာ လုံခြုံရေးလုပ်နေတဲ့ တပ်နဲ့ရဲတပ်ဖွဲ့ကိုဘောထင်တဲ့ သဘောလို့ပြောလိုက်သလိုပါပဲ
တစ်ကယ်ဖြစ်စဉ်အမှန်က အဲ့ဒီဗိုလ်မှူးကခြံထဲကအပင်တွေကိုရေလောင်းနေတုန်း အ လစ်မှာ ခေါင်းကိုတေ့ပစ်သွားတာပါ
အကြမ်းဖက်သမားတွေဟာ လွန်ခဲ့တဲ့ တစ်လ နှစ်လ လောက်ကတည်းက ရန်ကုန်မြို့အတွင်း ကိုနည်းလမ်းမျိုးစုံနဲ့ဝင်လာနေခဲ့တာပါ ရန်ကုန်မြို့ကြီးက ဧည့်စာရင်းသေချာမစစ်ဘူး ဖြစ် စဉ်ဖြစ်မှသာပိတ်ဆို့စစ်ဆေးရှာဖွေတာပဲလုပ်နေတယ် ဒီကောင်တွေကအမှောင်ထဲမှာရှိနေ တော့ သူတို့ပစ်မှတ်အားလုံးကိုသေသေချာချာမြင်နိုင်လို့ လစ်ရင်လစ်သလိုစိတ်ကြိုက်လုပ်နိုင် နေတယ်
ဒါကိုသိနေရဲ့သားနဲ့ ရန်ကုန်မြို့အကြမ်းဖက်တွေခုအောင်နေထိုင်နိုင်ခြေရှိတဲ့မြို့နယ်တွေကို ဧည့်စာရင်းနာနာလေးစစ်ဆေးပေးကြဖို့ကျွန်တော်တို့ပြည်သူတွေလိုလာနေကြပါတယ်၊အဲ့လို ဧည့်စာရင်းကို ပုံမှန်(သို့မဟုတ်)ရှောင်တခင် စစ်ဆေးနိုင်ပါက ရန်ကုန်မြို့အတွင်းအကြမ်းဖက် သမားများပုန်းစရာမြေမရှိတော့ပဲ အကြမ်းဖက်လုပ်ငန်းများလျော့ကြသွားမှာပဲဖြစ်တယ်
ခုဟာက ထွေအုပ်နဲ့ထွေအုပ်မှာတွဲနေတဲ့တပ်ကအရာရှိတွေကလဲကိုယ့်တာဝန်ကြတဲ့မြို့နယ် တွေကိုဘယ်လိုမှမထိန်းနိုင်ဘူးပြည်သူတွေအားကိုးလို့မရဘူး ပိုဆိုးတာကသူတို့တွေကငွေပေး နိုင်တဲ့ ယခင်ကတည်းက NLD အားပေးထောက်ခံသူအမာခံများရဲ့ ခါးပိုက်အတွင်းကိုလုံးလုံး ကျရောက်သွားတဲ့သူများတော့ရင်လေးစရာပါ၊ ရဲတွေဆိုရင်တောင် NLD ကိုမထောက်ခံတဲ့ရဲ တွေပဲအသတ်ခံအပစ်ခံရပြီးကျန်ရဲတွေက NLD အမာခံသူဌေးတွေနဲ့ပေါင်းပြီးဂွင်တည့်နေကြ တာ၊ အဲ့တော့ မြို့နယ်ရပ်ကွက်ကျေးရွာတွေကို ဘယ်လိုထိန်းကြမလဲ ဒီအတိုင်းလွှတ်ထားရင် တော့ အကြမ်းဖက်သမားတွေကအောက်ခြေလူတန်းစာအလွှာမြို့နယ်အဆင့် မှာအုပ်ချုပ်မှု ဆိုင်ရာတွေကို ဦးဆောင်နေကြသလိုဖြစ်နေကြတယ်
ဒီအတိုင်းဆက်သွား အဲ့ဒီရပ်ကွက်တွေမှာနေထိုင်နေတဲ့ အငြိမ်းစားစစ်သားတွေ၊ Non CDM ဝန်ထမ်းတွေ နဲ့ ၎င်းတို့မကျေနပ်တိုင်းဒလန်လို့စွပ်စွဲပြီးအသတ်ခံရမဲ့ပြည်သူတွေမြောက်များ စွာထပ်ရှိနေဦးမှာသေချာပါတယ်
ရန်ကုန်မြို့မှာ မြို့နယ်(၄၄)ခု ကိုးကိုးကျွန်းမပါ ထဲမှ အကြမ်းဖက်တွေခိုအောင်းနေထိုင်နိုင်တဲ့ မြို့နယ်(၂၀)တောင်မရှိပါဘူး ဒါကိုစနစ်တကျစီမံချက်ချပြီးဧည့်စာရင်းသေချာစစ်မယ်ဆိုရင် တစ်လမစစ်ရဘူး အကြမ်းဖက်ဆိုတာလုံးဝပျောက်သွားမှာသေချာတယ် ပြည်သူတွေကလဲ ဧည့်စာရင်းစစ်ဆေရင်အကြမ်းဖက်တွေကိုရှာဖွေတွေ့ရှိလို့ရှင်းလင်းတာမျိုးကိုပဲလိုချင်ကြတယ် ပြည်သူသတင်းပေးလို့ဖမ်းတယ်ဆိုရင် ပြည်သူတွေကိုပဲရန်ရှာကြမှာဆိုးလို့ စစ်တပ်ကသေချာ စွာဧည့်စာရင်းစစ်ဆေးပြီးရန်ကုန်မြို့ကိုအကြမ်းဖက်ရန်မှကယ်တင်ပါလို့အကြံပြုတင်ပြလိုပါတယ်။
682 viewsMinn Thet Naing, 14:56
Open / Comment
2022-02-04 13:50:34 ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၌ Media Top 4 သတင်းထောက်နှစ်ဦးထံမှ သေနတ်ကျည်ဆံ၊ ဗုံးသီး၊ ကျည်ကာ အင်္ကျီနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့၍ ဖမ်းဆီးခံခဲ့ရကြောင်းနှင့် သိမ်းဆည်းရမိသည့်ပစ္စည်းများမှာ ပွိုင့် ၂၂ ကျည် (၄၀၀၀)တောင့်၊ ၄၀ မမ ဗုံးသီး (၁၅)လုံး၊ ကျည်ကာအင်္ကျီ(၂)ထည်ဖြစ်ကြောင်းသိရှိရသည်။
791 viewsMinn Thet Naing, 10:50
Open / Comment