Get Mystery Box with random crypto!

Online News Channel

Logo of telegram channel nmt812 — Online News Channel O
Logo of telegram channel nmt812 — Online News Channel
Channel address: @nmt812
Categories: News
Language: English
Subscribers: 3.18K
Description from channel

up to date news channel

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 4

2022-02-22 17:18:22 22-2-2022 (၂)ခြောက်လုံးသပိတ်ဆိုပြီး လူတွေလမ်းပေါ်ထွက်အောင် NUG နဲ့ ပြည်ပြေးတွေက လှုံ့ဆော်ကြပေမယ့် နိုင်ငံတဝှမ်း လူစုလူဝေးနဲ့ ဆူပူမှုတွေ ဖြစ်ပေါ်မလာတာကိုတွေ့ရတယ်။

အထူးသဖြင့် မြို့ကြီးအတော်များများက ပြည်သူတွေ လူစုလူဝေးနဲ့ ဆန့်ကျင်ဆန္ဒပြတာမျိုးတွေ မတွေ့ရတော့ဘူး။

အနေအထားက NUG နဲ့ ပြည်ပြေးတွေ ခိုင်းတာကို ပြည်သူက လိုက်မလုပ်တော့တဲ့သဘောပဲ၊ ပြည်သူတွေ မအကြတော့ဘူးလို့ပဲ သုံးသပ်ရတော့မှာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဆိုတဲ့ခေါင်းစဥ်အောက်က လုပ်ဆောင်မှုတိုင်းဟာ နစက အစိုးရကို ထိခိုက်မှုမရှိပဲ ပြည်သူလူထုကိုပဲ ထိခိုက်နစ်နာစေတာ လက်တွေ့ပဲမဟုတ်ပါလား။

ဓမ္မနဲ့ အဓမ္မ ၊ အဖြုနဲ့အမဲ သဲကွဲစွာမြင်ခြင်းဖြင့်တိုင်းပြည်အနာဂတ်အတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့အတွက် နစက အစိုးရက ကျင်းပပေးမယ့် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ဖို့ အကြမ်းဖက်အဖွဲ့များကို ဝိုင်းဝန်းဖော်ထုတ်ကြပါစို့။

#MTN
1.1K viewsMinn Thet Naing, 14:18
Open / Comment
2022-02-22 09:25:02 စာရေးဆရာ ထင်လင်းဦး ထောင်ဒဏ်(၃)နှစ်၊ စာရေးဆရာ မောင်သာချို ထောင်ဒဏ်(၂)နှစ် အသီးသီး ပြစ်ဒဏ်ကျ ။
574 viewsMinn Thet Naing, 06:25
Open / Comment
2022-02-22 07:41:44 အမေရိကန်က ထောက်ပံ့သော ဒေါ်လာသန်းငါးရာအား နီပေါအစိုးရက လက်ခံရယူသောကြောင့် နီပေါပြည်သူများက ဆန့်ကျင်ဆန္ဒပြကြကြောင်းသိရသည်။
661 viewsMinn Thet Naing, 04:41
Open / Comment
2022-02-22 06:13:52 မနေ့က မင်းကိုနိုင်အိမ်ကို ချိပ်ပိတ်တယ်လို့ကြားတယ်၊ဘယ်အိမ်လည်းတော့မသိဘူး၊ မင်းကိုနိုင်ပိုင်တဲ့ တောင်ဥက္ကလာ၊ကျော်သူလမ်းမပေါ်က ဆောက်လက်စတိုက်ရယ်၊ ကုန်းတလဘောင်က ခြံရယ်ကိုလည်း (နစက)အနေနဲ့ ချိပ်ပတ်ဖို့ မေ့မနေနဲ့အုံး၊ ကုန်းတလဘောင်ခြံမှာတော့ ကတ္ထူပုံးအကြီးကြီးတွေနဲ့ ပစ္စည်းတွေလာချနေတာ အတော်ကြာပြီ။

#ကာနယ်ကျော်သောင်း
754 viewsMinn Thet Naing, 03:13
Open / Comment
2022-02-22 04:24:31 The Heague မြို့က ICJ ကြားနာပွဲကိုဒီနေ့သေသေချာချာကြည့်မိတယ်။ ဒီနေ့မြန်မာဘက်ကတင်ပြချက်တွေဟာ ပြီိးတဲ့တခေါက် အယင်ဒေါ်စုတို့အဖွဲ့တင်ပြချက်တွေထက်အကွက်ကျထိရောက်တယ်လို့ပြောရမှာပါ။

မြန်မာလူထုကလက်ခုပ်လက်ဝါးတီိးအားပေးရမဲ့အခြေအနေပါ။ ဒါပေမဲ့လည်း လူတော်တော်များများက အခြေအနေကိုနားမလည်ဘဲ စစ်တပ်ဆန့်ကျင်ရေးနဲ့ နိုင်ငံသိက္ခာကာကွယ်ရေး ရောထွေးနေတယ်လို့ထင်တယ်။

ICJ ကို အာဏာအပြိုင်လုရမဲ့စင်မြင့်လို့ယူဆနေကြသူတွေရှိတယ်။
ဧရာဝတီသတင်းဌာနကသတင်းခေါင်းစဉ်ရေးထားတာကိုလဲကြည့်ဦး..မီဒီယာတခုအနေနဲ့ ဘယ်လောက်အမြင်ကျဉ်းမြောင်းနေပြီိလဲဆိုတာပြနေတယ်။

မြန်မာပြည်နဲ့ မြန်မာနိုင်ငံသားတွေဟာ ရိုဟင်ဂျာတွေကိုအမျိုးတုန်းအောင်လုပ်ခဲ့သူတွေ၊ လုပ်မဲ့သူတွေ၊ ရက်စက်ကြမ်းသူတွေအဖြစ်တော့ကျမမယုံကြည်ပါဘူး။ လူမျိုးတုန်းသတ်ဖြတ်မူကျုးလွန်တဲ့ နိုင်ငံတခုအဖြစ် မြန်မာနိုင်နဲ့ ဗုဒ္ဓဘာသာဝင်တွေကို ကမ္ဘာကသတ်မှတ်သွားကြမှာကိုကျမလုံးဝမလိုလားပါဘူး။

ဒါကြောင်း ဦိးကိုကိုလှိုင်တို့အဖွဲ့ရဲ ရင်ဆိုင်ဖြေရှင်းချက်နည်းလမ်းတွေကိုကျမကြိုဆိုပါတယ်။

ဒေါ်စုက ICJ ကိုရှု့မြင်ပုံကတမျိုးပါ။ NLD အစိုးရကာလ ၂၀၁၇ မှာဖြစ်ခဲ့တဲ့ကိစ္စတွေမှာ သူ့အပြစ်လဲမကင်းတာသူသိပါတယ်။ ဒါကြောင့်သူက ICJ အထိသွားပြီးကာကွယ်တာပါ။

သူ့ကိုသူကာကွယ်ပေမဲ့ စစ်တပ်ကမြေပြင်မှာလိုတာထက်ပိုပြီးလုပ်တာတွေရှိတယ်လို့ ထိုးချပြီိး စစ်တပ်အပေါ်ဖိအားပေးချင်စိတ်များနေတော့ ICJ မှာ ဂမ်ဘီယာရဲ့စွဲဆိုချက်တွေကို လက်မခံဘို့အပြတ်ငြင်းပြီး နိုင်ငံသိက္ခာကို အကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ စစ်တပ်ကို ချနင်းချင်စိတ် ပိုများခဲ့တာတွေ့ရပါတယ်။

အခု NUG က ဒေါ်စုထက်ပိုဆိုးနေတာတွေ့ရပါတယ်။ သူတို့က ဒေါ်စု ICJ မှာကန့်ကွက်ခဲ့တာတွေကိုတောင်ရုပ်သိမ်းပြီး မြန်မာနိုင်ငံဟာရိုဟင်ဂျာတွေကိုမျိုးတုန်းအောင်လုပ်ခဲ့ပါတယ်လို့ဝန်ခံမယ့်သဘောရှိပါတယ်။

အဓိကကတော့ သူတို့ကို (NUG)ကို မြန်မာပြည်ရဲ့တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုဘို့ပါဘဲတဲ့။
နိုင်ငံ့ဂုဏ်သိက္ခာကိုချနင်းပြီး ဒီလောက်အာဏာရူးတာကတော့ကမ်းကုန်သွားပါပြီ။

မြန်မာနိုင်ငံမှာရိုဟင်ဂျာလို့မူဆလင်တွေအဖိနှိပ်ခံရတာ အချိုးနှိမ်ခံနေရတာကျမသိတယ်။ စာနာတယ်။ ဒါပေမဲ့ ဒါဟာ လူထုအသိုင်းအဝိုင်းအကြားနားလည်မှုနဲ့စာနာမှုတွေတိုးပွါးလာအောင်လုပ်ပေးပြီး အချိန်ယူပြုပြင်သွားရမဲ့ကိစ္စဖြစ်တယ်လို့ကျမခံယူတယ်။ နိုင်ငံနဲ့လူမျိုးကို လူမျိုးတုန်းသတ်ဖြတ်တဲ့အရိုင်းအစိုင်းတွေအဖြစ်နိုင်ငံတကာကသတ်မှတ်လာအောင်လုပ်ပြီးအတင်းဖိအားပေးနေတဲ့တယူသန်အခွင့်အရေးသမားဒေါက်တာဇာနည်လိုလူမျိုးတွေကိုကျမသိပ်မုန်းတယ်။

အခွင့်အရေးဆိုတာမျှတတဲ့နည်းလမ်းနဲ့ယူတာဘဲကောင်းပါတယ်။
ရိုဟင်ဂျာအရေးကို ICJ မှာမငြင်းတော့ပါဘူးဆိုတဲ့ကမ်းလှမ်းချက်နဲ့ မြန်မာတရားဝင်အစိုးရပါလို့ အသတ်မှတ်ခံရရေးကြိုးစားတဲ့ NUG ရဲ့အာဏာရူးမှုဟာမယုံနိုင်စရာပါပဲ။ နိုင်ငံ လူမျိုးသိက္ခာကိုမငှဲ့ဘဲ အာဏာရူးနေကြတာပါ။

#မင်းမင်းအောင်
777 viewsMinn Thet Naing, edited  01:24
Open / Comment
2022-02-21 18:47:19
မင်းတို့က သူများမြှောက်ပေးတာလုပ်ကြတော့ အသေဆိုးကြတာပေါ့ကွာ။
906 viewsMinn Thet Naing, 15:47
Open / Comment
2022-02-21 13:01:58
ကယားပြည်နယ်မှာ တပ်မတော်သားများအောင်ပွဲဆင်နေကြပြီး အကြမ်းဖက်သမားများ မရှုမလှသေပွဲဝင်နေကြသည်၊ ဓမ္မနဲ့ အဓမ္မ ယှဥ်ရာမှာ ဓမ္မက အမြဲတမ်း အသာရစမြဲလည်းဖြစ်ပါတယ်။
246 viewsMinn Thet Naing, 10:01
Open / Comment
2022-02-20 17:03:40
ဧရာဝတီသတင်းဌာနက ၂၀၁၈တုန်းက ပုံနဲ့ ဂျင်းထည့်နေတယ်နော်။
3.0K viewsMinn Thet Naing, 14:03
Open / Comment
2022-02-20 11:29:39 YCDC

https://m.facebook.com/story.php?story_fbid=377515977437641&id=100055377244068
631 viewsMinn Thet Naing, 08:29
Open / Comment
2022-02-20 11:16:55
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့က PDF(၅)ဦး ဘဝတပါးသွားသို့ ဇောက်ထိုးဆင်းသွားရရှာပြီ၊ တပ်မတော်ဘက်က ထိခိုက်မှု မရှိ။
634 viewsMinn Thet Naing, 08:16
Open / Comment