Get Mystery Box with random crypto!

Online News Channel

Logo of telegram channel nmt812 — Online News Channel O
Logo of telegram channel nmt812 — Online News Channel
Channel address: @nmt812
Categories: News
Language: English
Subscribers: 3.18K
Description from channel

up to date news channel

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 3

2022-02-28 12:41:18 ရုရှား နှင့် ယူကရိန်း စစ်ပွဲ၏ နည်းဗျူဟာအပိုင်းကိုသုံးသပ်ကြည့်မိတာပါ
ရုရှား နှင့် ယူကရိန်း စစ်ပွဲတွင်ဘယ်လိုပဲ အင်အားကြီးကြီး ငယ်ငယ်အဓိကတော့စိတ်ဓါတ်ပိုင်း ဆိုင်ရာအားသာမှုကအဓိကကျနေပါတယ်……
ဘယ်လိုပဲ လက်နက်ကြီး လက်နက်ကောင်း တွေနဲ့ပဲတိုက်တိုက်ပါ ပြည်သူတွေကြားထဲစိမ့်ဝင် ပြီးတန်ပြန် တိုက်စစ်ဆင်နိုင်တဲ့ ပြည်သူစစ်မဟာဗျူဟာ ကတော့ တော်တော်ကိုအသုံးဝင်ပါ တယ် ဗီယက်နမ်ကအမေရိကန်ကိုနိုင်ခဲ့တာကတော့ ကမ္ဘာကျော်တဲ့ ပြည်သူစစ်မဟာဗျူဟာ ပါပဲတစ်ကယ်တမ်းကြည့်ရင်ဘာမှမဟုတ်သလိုနဲ့ ပြည်သူစစ်မဟာဗျူဟာအသေးစိတ်စီမံချက် ကကျူးကျော်စစ်နဲ့အကြမ်းဖက်စစ်တွေအတွက် အလွန်ကိုအရေးပါတယ်…….
ရုရှားအနေနဲ့ စစ်လက်နက်သာလွန်ကောင်းမွန်ပြီးကမ္ဘာ့အဆင့်(၂)ရှိနေတဲ့စစ်အင်အားတွေနဲ့ ယူကရိန်းကိုတိုက်ခိုက်နေပေမဲ့ ထင်သလောက်ထိရောက်မှုမရှိပဲ ယူကရိန်းရဲ့မြို့တွေထဲကိုဝင် ဖို့မလွယ်ကူတဲ့အနေအထားမှာရှိနေတာ ပြည်သူ့စစ်မဟာဗျူဟာကြောင့်ပါ မြို့တွင်းမဟုတ်တဲ့ နယ်စပ်နယ်မြေတွေကိုတော့ အဝေးပစ်လက်နက်တွေ လေကြောင်းပစ်အားတွေနဲ့လှမ်းပစ်ပြီး ထိန်းသိမ်းနိုင်ပေးမဲ့၊ ယူကရိန်းပြည်သူတွေနေထိုင်တဲ့မြို့တွေကိုတော့ မြေပြင်စစ်သားတွေနဲ့ ပဲ ချီစစ်ဖြင့်ဝင်ရောက်တိုက်ခိုက်မှရမှာဖြစ်ပါတယ်၊ ဒါကြောင့် ရုရှားစစ်သားတွေဟာ ၎င်းတို့မြို့မ ဟုတ်တဲ့ယူကရိန်းမြို့တွင်းတွေရဲ့မြေအနေအထားတွေကို မှန်းဆရမလွယ်ကူတဲ့အခြေအနေ တွေရှိကြတယ်၊ အဲ့လိုအခြေအနေမှာ ယူကရိန်းမြို့ပြည်သူတွေက ပြည်သူ့စစ်မဟာဗျူဟာနဲ့ လေ့ကျင့်ထားတဲ့ အတိုင်းလက်နက်စွဲကိုင်ပြီးတန်ပြန် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်၊ ဒါကြောင့် ရုရှားစစ်သားတွေဟာ မြို့တွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ မလွယ်ကူးပဲ အထိခိုက် အကျအဆုံးများစွာဖြစ်ခဲ့ရတာကိုအင်တာနက်စာမျက်နှာတွေမှာမြင်တွေ့ခဲ့ရပါတယ်၊ ဒါဟာဆို ရင်ယူကရိန်းပြည်သူတွေရဲ့ ပြည်သူစစ်မဟာဗျူဟာကို ရုရှားစစ်သားတွေအလွယ်တကူမတွန်း လှန်နိုင်ဘူးဆိုတာသေချာပါတယ်……
အခုဖြစ်နေတဲ့ အခြေအနေအတိုင်းဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံရေးအခြေအနေတွေကိုပြန် ကြည့်မယ်ဆိုရင်လဲအလားတူဖြစ်နေပါတယ်……..
အမြင်မတူလို့၊ကိုယ့်ပါတီကိုမထောက်ခံလို့၊သံပုံးမတီးလို့ စသဖြင့်ကိုယ်နဲ့မတူရန်သူလို့သဘော ထားပြီး သတ်ဖြတ်မိုင်းခွဲဖျက်ဆီး တာတွေကိုအရှိန်ဟုန်မြင့်စွာဖြင့် လုပ်နေတဲ့အကြမ်းဖက်သ မားတွေဟာ မြို့တိုင်းလိုလို၊ ရပ်ကွက်/ကျေးရွာတိုင်းလိုလိုတွေမှာ ရှိနေကြတာကို ကျွန်တော် တို့ပြည်သူတွေအနေနဲ့လည်း ပြည်သူ့စစ်မဟာဗျူဟာကိုကျင့်သုံးပြီးပြန်လည်ခုခံကာကွယ်ကြ မယ်ဆိုရင် အကြမ်းဖက်သမားတွေ ပျောက်ကွယ်သွားမှာသေချာပါတယ်……
ဒါကြောင့် ကျွန်တော်တို့နိုင်ငံအတွင်းမှာလဲ မြို့တိုင်း/နယ်တိုင်းတွေမှာ NLD ထောက်ခံသူ PDF အကြမ်းဖက်သမားတွေကိုလက်မခံတဲ့ပြည်သူတွေအနေနဲ့ ကိုယ့်မြို့/ရွာ ကို ပြည်သူ့စစ်ဗျူဟာ နဲ့ခုခံကာကွယ်ဖို့အတွက်သက်ဆိုင်ရာ နစကတပ်မတော်အစိုးရမှ စီစဉ်ဆောင်ရွက်သင့်ပါတယ် အေးချမ်းစွာနေလိုတဲ့ပြည်သူတွေ၊ အမျိုးသားရေးသမားတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ကြားနေ ပြည်သူတွေ နဲ့ NLD မဟုတ်တဲ့နိုင်ငံရေးပါတီတွေ စသဖြင့် အကြမ်းဖက်လုပ်ရပ်နဲ့အကြမ်းဖက် သမားကိုမလိုလာတဲ့ပြည်သူတွေနဲ့စုဖွဲ့သင်တန်းပေးပြီး ပြည်သူ့စစ်မဟာဗျူဟာတစ်ရပ်ကို မြေပြင်မှာလက်တွေ့အကောင်အထည်ဖော်ဆောင်သင့်ပါကြောင်းသုံးသပ်လိုပါတယ်
ဘယ်အချိန်မဆို ကျွန်တော်တို့မြန်မာနိုင်ငံဟာ ပြည်ပနိုင်ငံတွေရဲ့ဝင်ရောက်စွက်ဖက်မြှောက် ပေးမှုတွေဟာမပြတ်ရှိနေခဲ့တာ ဆယ်စုနှစ် များစွာကြာနေခဲ့ပါတယ်၊ ဒါကြောင့် ကိုယ့်နိုင်ငံရဲ့ အမျိုးသားရေးကိုရှေ့ရှု့ပြီးမြို့နယ်တိုင်း/ရပ်ကွက်တိုင်းမှာယူကရိန်းနိုင်ငံလို့စနစ်ကျပြီးကောင်း မွန်တဲ့ ပြည်သူ့စစ်မဟာဗျူဟာအတွက် ပြည်သူ့စစ်အဖွဲ့တွေကို ဖွဲ့စည်းပြီးတိုင်းပြည်၏အတွင်း စည်းကို ကာရံထားသင့်ပါတယ်
ပြည်ပကျူးကျော်စစ်ရှိလာခဲ့ရင် (သို့မဟုတ်) ပြည်တွင်းအကြမ်းဖက်လုပ်ငန်းဆောင်ရွက်နေတဲ့ မတရားအသင်းတွေရဲ့အကြမ်းဖက်လုပ်ရပ်တွေအားမိမိတို့၏မြို့/ရွာအတွင်းရှိပြည်သူ့ စစ်အဖွဲ့ တွေဖွဲ့ထားခဲ့ရင် တန်ပြန်အမြစ်ပြတ်တွန်းလှန်နိုင်မှာဖြစ်လို့ ရုရှား နဲ့ ယူကရိန်း စစ်ပွဲအတွင်း ၏ယူကရိန်းရဲ့ပြည်သူ့စစ်မဟာဗျုဟာကိုအတုယူပြီး လုပ်ဆောင်သင့်ပါကြောင်းသုံးသပ် အကြံ ပြုအပ်ပါတယ်ခင်ဗျာ....။

'တိုင်းပြည်ကိုအေးချမ်းတည်ငြိမ်လိုသည့်ပြည်သူတစ်ဦး'
257 viewsMinn Thet Naing, 09:41
Open / Comment
2022-02-28 11:21:04
ဇလွန်ပြည်ခိုင်ဖြိုးပါတီမှမြန်မာ့အရေးတရားမျှတမှုအတွက်ဆောက်ရွက်နေကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အားထောက်ခံကြောင်း Poster Campignပြုလုပ်
=======================================
ဇလွန် (၂၈-၂-၂၀၂၂)
ဇလွန်ပြည်ခိုင်ဖြိုးပါတီမှ(ICj)တွင် ဦးကိုကိုလှိုင်(ပြည်ထောင်စုဝန်ကြီး) ဒေါက်တာသီတာဦး (ပြည်ထောင်စုဝန်ကြီး) တို့၏မြန်မာ့အရေး တရားမျှတမှု အတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံချစ်သူ ပြည်သူအားလုံးက အပြည့်အဝထောက်ခံအပ်ပါသည်စာသားနှင့်ပုံပါရှိသည့်လက်ကမ်းစာစောင်များကို မော်တော်ဆိပ် ကားဂိတ်၊မီးပွိုင့်၊လမ်းဆုံ ဆိုင်ကယ်ဂိတ်များသို့ ဇလွန်ပြည်ခိုင်ဖြိုး ပါတီမှ ၂၈-၂-၂၀၂၂ ရက်နေ့ နံက်ပိုင်း၌ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
358 viewsMinn Thet Naing, 08:21
Open / Comment
2022-02-25 18:55:04 ရုရှားသမ္မတအနေနဲ့က စစ်ရေးအမြင်လည်းရှိ KGB ညွှန်ကြားရေးမှူး (ရုရှားစစ်ဖက်ထောက်လှမ်းရေး)တာဝန်တွေလည်း ထမ်းဆောင်ဘူးလို့သာ အသာစီးရသွားတာပါနော်၊ ဦးဝင်းမြင့်လို ဦးထင်ကျော်လို စစ်ရေးအမြင်မရှိသူတွေကိုသာ သမ္မတခန့်ထားခဲ့မယ်ဆိုရင် အခုလို အသာစီးမရနိုင်ပါဘူး။

ထိုနည်းတူစွာပဲ စစ်ရေးအမြင်ရှိသူကို ယူကရိန်းသမ္မတ တင်မြှောက်ခဲ့မယ်ဆိုရင်လည်း အခုလို ရုပ်ပျက်ဆင်းပျက်ကြီး မရှုံးနိမ့်နိုင်ဘူး။

ရွှေမြန်မာတို့ သာဓကယူကြလော့၊ သင်ခန်းစာယူကြလော့၊ စစ်ရေးအမြင်ရှိသူ၊ စစ်မှုထမ်းဘူးသူတွေကို သမ္မတ တင်မြှောက်ကြလော့။

Credit #MTN
268 viewsMinn Thet Naing, 15:55
Open / Comment
2022-02-25 17:37:39 ယနေ့ မရမ်းကုန်းဖြစ်စဉ်

ဆန္ဒပြသူများကို ဖမ်းဆီးစဉ် ပြန်လည်ခုခံပစ်ခတ်မှုဖြစ်

ရန်ကုန် ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ ဘုရင့်နောင်၊ အောင်သိဒ္ဓိလမ်း ကန်သာဇေယျာကျောင်းတိုက်အနီး ဆန္ဒပြသူများကို ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၅း၁၅ နာရီအချိန်က ဖမ်းဆီးစဉ်ပြန်လည်ပစ်ခတ်မှုဖြစ်ကြောင်းသိရသည်။

ကန်သာဇေယျာကျောင်းတိုက်အနီး မင်္ဂလာဝတုတ်ထမင်းဆိုင်အတွင်းတွင် ဆူပူဆန္ဒပြသူများကိုတွေ့သဖြင့် ဝင်ရောက်ဖမ်းဆီးလာစဉ် #လူငယ်နှစ်ဦးကထွက်ပြေးပြီး #သေနတ်ဖြင့်_ပြန်လည်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ စိစစ်ဆဲအမျိုးသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။

ထမင်းဆိုင်အတွင်းမှ
ဇော်ရဲထက်ပါ ကျား ၃ ဦး၊
မ ၄ ဦးကို
လက်လုပ်ဗုံးနှစ်လုံး၊
မီးခိုးဗုံးတစ်လုံး၊
မျက်နှာဖုံးများ၊
ဆန့်ကျင်စာများ၊
ဆေးပတ်တီးများ၊
အလံများ၊
ယာဉ်အမှတ် BB/6503 အငှားယာဉ်တစ်စီးနှင့် အတူဖမ်းဆီးရမိကြောင်းသိရသည်။

အဆိုပါဖမ်းဆီးရမိသောအဖွဲ့သည် နံနက်ပိုင်းက ရန်ကင်း (၁၃) ရပ်ကွက်၊ မိုးကောင်းလမ်းနှင့် သစ္စာလမ်းဆုံတွင် ဆန္ဒပြခဲ့သူများဖြစ်ကြောင်းလည်း သတင်းရရှိသည်။
505 viewsMinn Thet Naing, 14:37
Open / Comment
2022-02-25 15:05:33
ရုရှား-ယူကရိန်း စစ်ပွဲကိစ္စ ညှိနှိုင်းဆွေးနွေးလိုကြောင်း ယူကရိန်းသမ္မတက ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ တောင်းဆိုလိုက်သည်။
683 viewsMinn Thet Naing, 12:05
Open / Comment
2022-02-25 10:39:11
ယူကရိန်းကို ရုရှားကတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားချက်။
817 viewsMinn Thet Naing, 07:39
Open / Comment
2022-02-23 20:19:14
ကယားပြည်နယ် အတွင်းရှိ PDF များ ပိုးဆိုးပက်စက် ကျဆုံးလျှက်ရှိပြီး ဒဏ်ရာရသူအများအပြားရှိနေကြောင်းသိရသည်။
918 viewsMinn Thet Naing, 17:19
Open / Comment
2022-02-23 18:56:58 သင်းသင်းက အတန်းပညာသိပ်မတတ်သလို နိုင်ငံရေး ယုံကြည်ချက်ဘာညာမရှိပါဘူး၊ ပေါ်ပင် သူများတင်တာတွေ ကူးတင်တာနဲ့ လူစိတ်ဝင်စားအောင် ရေးတင်တာတွေတော့ရှိတယ်၊
အရေးယူမယ်ဆိုရင်လည်းရတယ်၊ သူ့အိမ်မှာလည်း သူ့အမေတစ်ဦးထဲကျန်နေတာက သူ့ကိုစည်းရုံးသိမ်းသွင်းနိုင်မယ့် အားသာချက်လည်းဖြစ်တော့ အနုပညာအသိုင်းအဝိုင်းရဲ့ သတင်းစုံ ရနိုင်ဖို့ စည်းရုံးသိမ်းသွင်းပြီး ပြန်လွှတ်လိုက်တာဖြစ်ပါလိမ့်မယ်။

(နစက)အနေနဲ့ သတင်းရဖို့ သူ့လူကိုယ့်ဘက်သား အထောက်တော် တစ်ယောက် ရသွားတာကောင်းပါတယ်။

သင်းသင်းအနေနဲ့ ပုံမပျက် ပိပိရိရိ သတင်းတွေ ရယူနိုင်ပါစေ။

#ကာနယ်ကျော်သောင်း
1.0K viewsMinn Thet Naing, 15:56
Open / Comment
2022-02-23 16:14:20
မြန်မာ့တပ်မတော်ကိုအဘက်ဘက်မှထောက်ခံအားပေးနေသည့်
ရုရှား စစ်တပ် နှင့် ယူကရိန်း တို့ တိုက်ပွဲအတွင်း ယူကရိန်းဘက်က ကမ်းလှမ်းလာခဲ့ပါက NUG အစိုးရအနေဖြင့် PDF တပ်သားများပို့ပေးကာ
လက်နက်အင်အား လူအင်အားများကို လိုအပ်သလိုထောက်ပံ့ပေးပို့၍ ယူကရိန်းဘက်မှ ကူညီတိုက်ခိုက်ပေးသွားမည်ဟု NUG မှပြောခွင့်ရှိသူဒေါက်တာ ဇော်ဝေစိုးက ပြောကြားလိုက်ကြောင်းသိရသည်။

#ခေတ်သစ်မီဒီယာ
1.1K viewsMinn Thet Naing, edited  13:14
Open / Comment
2022-02-23 07:08:04 "ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်ဌေး ရဲ့စာစုကိုပြန်လည်မျှဝေလိုက်ပါတယ်"

ICJ မှာမြန်မာနိုင်ငံကတင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်လွှာဆိုင်ရာကြားနာပွဲကို မြန်မာနိုင်ငံကိုယ်စားတက်ရောက်ရင်ဆိုင်နေကြတဲ့အဖွဲ့ရဲ့ပထမနေ့လျှောက်လဲချက်ထွက်ပေါ်လာချိန်မှာ နိုင်ငံချစ်စိတ်ရှိတဲ့နိုင်ငံသားအားလုံး နှစ်ထောင်းအားရ ကျေနပ်မှုတွေဖြစ်ကြပါတယ် ။
ကျနော်လဲအပါအဝင်ပါ ။

တရားရုံးရဲ့ဆုံးဖြတ်ချက်ထွက်ဖို့ကနှစ်ချီပြီးကြာဦးမှာဖြစ်သလို ဘယ်လိုဆုံးဖြတ်ချက်ထွက်မယ်ဆိုတာလဲမသေချာသေးပါ ။

ကျနော်တို့ ဘာကိုအားရကျေနပ်နေကြတာပါလဲ ?

internet ပေါ်က live သတင်းတွေ ၊ မြန်မာလိုဘာသာပြန် ရေးသားထုတ်လွှင့်မှုတွေအရ မြန်မာရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက် ခိုင်လုံပြီးကျိုးကြောင်းဆီလျော်တဲ့ မြန်မာကိုယ်စားလှယ်ရဲ့လျှောက်လဲချက်တွေကိုကြားသိကြရလို့ပါ ။

ကျနော့်အနေနဲ့ဆိုရင်တော့ သူငယ်ချင်းဖြစ်တဲ့မြန်မာကိုယ်စားလှယ် ( agent ) ဝန်ကြီးဦးကိုကိုလှိုင် ရဲ့ပညာဝမ်းစာနဲ့ ဝန်ကြီးဒေါက်တာဒေါ်သီတာဦးတို့ရဲ့ဥပဒေကျွမ်းကျင်မှုကို အပြည့်အဝယုံကြည်သလို အဖွဲ့ဝင်အားလုံးရဲ့ ပညာ စေတနာနဲ့ နိုင်ငံချစ်စိတ်အပေါ်စိတ်ချယုံကြည်မှုကလဲရှိထားနှင့်ပြီိးဖြစ်ပါတယ် ။

မြန်မာဘက်ရှေ့နေတွေရဲ့ထောက်ကူမှုတွေကလဲကျေနပ်စရာပါ ။
မြန်မာသွေးစစ်စစ်တို့ရဲ့နှလုံးအိမ်ကို ကျေနပ်ခြင်း အားရခြင်းများပေးစွမ်းနိုင်တဲ့ ဒီမြင်ကွင်းများမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြသူများကိုကျနော်တို့တွေ့ရမြင်ရ လေးစားကြရသလို -
လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့ “ မူဝါဒလမ်းညွှန်မှု “က အခရာဖြစ်တာကိုလဲ မေ့မထားသင့်ပါခင်ဗျာ ။

ယခု ICJ ကြားနာမှုမြင်ကွင်းက အနာဂတ်မှာ “မြန်မာ့အရေးနဲ့စပ်ဆိုင်တဲ့မူဝါဒမှန်သမျှကို မြန်မာသွေးစစ်သူ မြန်မာစိတ်ထားရှိသူများကသာ ချမှတ်ခွင့်ရှိစေသင့်တယ် “ ဆိုတဲ့အချက်ကို မီးမောင်းထိုးပြနေပါတယ် ခင်ဗျာ ။
1.1K viewsMinn Thet Naing, 04:08
Open / Comment