Get Mystery Box with random crypto!

Online News Channel

Logo of telegram channel nmt812 — Online News Channel O
Logo of telegram channel nmt812 — Online News Channel
Channel address: @nmt812
Categories: News
Language: English
Subscribers: 3.18K
Description from channel

up to date news channel

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 17

2021-11-25 06:43:04 NLDပါတီဥက္ကဌ ကိုယ်တိုင် CRPH. NUG.PDFဆိုတာတွေကို မသိဘူးမကြားဖူးပါဘူးလို့ တရားရုံးမှာ ထွက်ဆိုချက်ပေးခဲ့တဲ့အတွက် ဒီထွက်ဆိုချက်ဟာ မှန်မမှန် လူတိုင်းသုံးသပ်နိုင်တဲ့ကိစ္စသာဖြစ်ပါတယ်။

အကျဥ်းသားထောင်သားတွေတောင် တီဗီ​​​ကြည့်ခွင့်၊သတင်းစာဂျာနယ်ဖတ်ခွင့်ရနေတဲ့ ခေတ်မှာ နေအိမ်အကျယ်ချုပ်နေသူက တီဗီသတင်းစာ ရေဒီယို တွေအားလုံးအ ဆက်ဖြတ်ခံထားရမှသာလျှင် မသိမကြား တာ ဖြစ်နိုင်ပါလိမ့်မယ်။

နိုင်ငံတော်အစိုးရက အကြမ်း ဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေငြာထားတဲ့ NUGမှာ NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်၊NLDပါတီဒုဥက္ကဌ(၁)ဦးဝင်းမြင့်ကိုသမ္မတအဖြစ် ထည့်သွင်းဖွဲ့စည်းထားတာဖြစ်တဲ့အတွက် NLDထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးဟာအကြမ်းဖက်အဖွဲ့ စာရင်းထဲမှာပါဝင်နေတဲ့ အနေအထားဖြစ်နေပါတယ်။

ပါတီသဘာပတိအဖွဲ့ဝင်ဦးဝင်းထိန်ကိုယ်တိုင်က ဆူပူအုံကြွကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းကြောင်းစာမှန်ကန်ကြောင်း သူ့အသက်နဲ့ရင်းပြီးအာမခံပါတယ်လို့ဖော်ပြထားခဲ့တဲ့အတွက်အခုဖြစ်ပျက်နေတဲ့ ဆူပူအကြမ်းဖက်လုပ် ရပ်တွေရဲ့ တရားခံ NUG.PDF တွေကိုမသိဘူးဆိုတာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်မှုတစ်မှုထပ်တိုးမှာစိုးရိမ်လို့ "ဘူး" ခံ နေရတဲ့ အနေအထားသာဖြစ်ဖို့များနေပါတယ်။

NLD ပါတီခေါင်းဆောင်ပိုင်းများနဲ့ပါတီဝင် အများအပြား အကြမ်းဖက်အဖွဲ့အစည်း CRPH.NUG.PDFမှာပါဝင်လှုပ်ရှားနေကြတာကို ပါတီဝင်အဖြစ်ကထုတ်ပယ်ခြင်း၊ကန့်ကွက်ခြင်းများ မပြုခဲ့တဲ့အတွက် NLD ပါတီဟာ အလိုတူအလိုပါ အကြမ်း ဖက်အဖွဲ့အစည်းတွေကိုထောက်ခံအားပေးတဲ့ပါတီဖြစ်နေပြီ ဖြစ်ပါတယ်။

အခု ပါတီဥက္ကဌရဲ့အနီးကပ် အတွင်းလူယုံကိုယ်တိုင် အကြမ်းဖက်လူသတ်မှုတွေ ဦးဆောင်စီမံ လုပ်ကိုင်ခဲ့တယ်ဆိုတဲ့အ ထောက် အထားများပြသခြင်းဟာ နိုင်ငံရေးအရ "NLDပါတီမဖျက်သိမ်းသင့်ဘူး"လို့ ယူဆနေသူတွေကို အကြမ်းဖက်ပါတီအဖြစ် မြင်သာအောင် ပြလိုက်ခြင်းလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြသူတွေလည်းရှိပါတယ်။

နိုင်ငံရေးအရ ဘယ်လိုဆုံးဖြတ်မယ် မသိနိုင်ပေမယ့် ဥပဒေကြောင်းအရ NLDပါတီ ဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်ပတ်သက်နေကြောင်း ငြင်းမရအောင် ခိုင်လုံနေပြီဖြစ်လို့ ဥပဒေအတိုင်းအတိအကျလုပ်ရင် NLD ပါတီဖျက်သိမ်းခံရတော့မှာသာ ဖြစ်ပါတယ်။

#SitNyein
1.5K viewsMinn Thet Naing, 03:43
Open / Comment
2021-11-24 18:50:45
နေပြည်တော် ပျဥ်းမနားမှာ PDF အကြမ်းဖက် (၈)ဦးကို ပစ္စတို(၄)လက်၊
လက်ပစ်ဗုံး(၂)လုံး၊ ဆိုင်ကယ်(၆)စီးတို့နဲ့အတူ လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိသွားတယ်လို့ ဖီးနစ်မြို့ပြပြောက်ကျားအဖွဲ့ကစာထုတ်ထားတာတွေ့ရပါတယ်၊
စာထဲမှာတော့ ဆုံးရှုံးမှုတန်ဘိုး သိန်း(၄၀၀)ကျော်လို့ ရေးထားတယ်၊
သိန်း(၄၀၀)ကျော်ကတော့ မဖြစ်နိုင်ပါဘူး၊ သူတို့ရထားတဲ့ အလှူငွေတွေကို
စာရင်းဖျောက်ချင်လို့ပဲ ဖြစ်မယ်ထင်ပါတယ်၊ ရပြီးသား အလှူငွေလည်း စာရင်းပျောက်၊ နောက်ထပ်အလှူငွေလည်း ထပ်ယူအုံးမယ့် ၂ကျပ်ကွက်တွေ
လို့ပဲ သုံးသပ်ရတယ်။
1.3K viewsMinn Thet Naing, edited  15:50
Open / Comment
2021-11-24 18:12:46
တကယ်တော့ အမေစူးဟာ နေအိမ်အကျယ်ချုပ်ကာလ ကတည်းက တိုင်းပြည်အပေါ် စေတနာမမှန်ခဲ့သူပါ။
2.0K viewsMinn Thet Naing, 15:12
Open / Comment