🔥 Burn Fat Fast. Discover How! 💪

Online News Channel

Logo of telegram channel nmt812 — Online News Channel O
Logo of telegram channel nmt812 — Online News Channel
Channel address: @nmt812
Categories: News
Language: English
Subscribers: 3.18K
Description from channel

up to date news channel

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 13

2022-01-07 17:52:58
လေးကေကော်တိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့သေနတ်က ဘိုဂျုပ်မင်းမော်ဂွမ်း
သေနတ်ဖြစ်နိုင်တယ်၊ ဒဏ်ရာတွေဘာတွေရသွားသလားပဲ။
640 viewsMinn Thet Naing, 14:52
Open / Comment
2022-01-07 15:28:41
PDF ဘိုဂျုပ်ကြီး မင်းမော်ကွန်းတော့ အသုံးအဆောင် ဘက်ထရီအိုးလေးသယ်မသွားနိုင်ပဲ စခန်းစွန့်ခွာ
ထွက်ပြေးသွား​ရရှာပြီ။
848 viewsMinn Thet Naing, 12:28
Open / Comment
2022-01-07 06:29:31 သန္တာလှိုင်ယောင်္ကျား
ခလေးတွေရဲ့အဖေက
ထင်သလောက်ဝင်ငွေမကောင်းပါဘူး

ဒါ့အပြင်
သန္တာလှိုင်လိုအမိုက်စားကို
dinnerမစားဘဲ
အိမ်ဖော်နဲ့
နောက်မီးလင်းလို့
သူ့လင်ကိုကွာလိုက်ပါတယ်

ကွဲပြီးဘာလုပ်စားရမယ်မှန်း
မသိတဲ့အချိန်မှာ
အေးနေဝင်းနဲ့တွဲပြပြီး
သူ့imageကိုပြန်မြှင့်ခဲ့တယ်

အဲ့အချိန်မှာရသမျှအလုပ်တွေ
လုပ်ခဲ့ရပေမဲ့
အဲ့လောက်ဝင်ငွေမရခဲ့ပါဘူး

ခုတော့တဖက်နိုင်ငံမှာ

အလှုခံထားတဲ့ငွေတွေကို
ကိုယ်ကျိူးအတွက်
သုံးလိုက်ပြီနဲ့တူတယ်

တော်လှန်ရေးမှာ
နုံတဲ့သူတွေခံနေရတာပါ။
1.2K viewsMinn Thet Naing, 03:29
Open / Comment
2022-01-06 06:36:07 လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ပေးသော ပြည်သူသို့ ပြန်ကြားချက်ပါ အခြေအနေများကို ပြည်သူ တစ်ယောက် အနေနဲ့ နားလည် လက်ခံနိုင်ပေမယ့်...
...
နှစ်စဉ် တိုးတက်လာသော ဓာတ်အား လိုအပ်ချက်အရ အစိုးရ အဆက်ဆက်က အလျင်မီအောင် ကြိုတင် ကြံဆောင် လုပ်ဆောင်ခဲ့သော်လည်း...
...
ကုမ္ပဏီတွေရဲ့ လွတ်လပ်သော သဘောဆန္ဒနဲ့ အညီ သူတို့ကိုယ်တိုင် တွက်ချက် တင်သွင်းတဲ့ ဓာတ်အားခတွေနဲ့ လုပ်ဆောင်ခွင့် ပြုထားတဲ့...
...
အဆိုပါ လုပ်ငန်းတွေကို နှောင့်နှေး ကြန့်ကြာမှု ဖြစ်စေပြီး လက်ရှိမှာ ထုတ်လုပ်နေရမယ့် စုစုပေါင်း မဂ္ဂါဝပ် ၁၇၀၀ နီးပါးကို မထုတ်လုပ်နိုင်ဘဲ ဓာတ်အား လိုအပ်ချက်တွေ ဖြစ်ပေါ်စေကာ ပြည်သူတွေကို အတိဒုက္ခ တွေ့စေခဲ့တဲ့ အထက်ပါ ကုမ္ပဏီတွေကို...
...
မည်သို့သော အရေးယူမှုတွေ ထိရောက်စွာ လုပ်ဆောင်ထားကြောင်းကို...
...
ပြည်သူတွေ သိရှိအောင် ထုတ်ပြန်ပေးပါလို့ မေတ္တာရပ်ခံပါရစေ ခင်ဗျာ...
...

#ဇီနွန်
784 viewsMinn Thet Naing, 03:36
Open / Comment
2022-01-06 06:36:07 မီးတွေခဏခဏပျက်ရတဲ့အကြောင်းအရင်း.....

ဒါ ကျနော် ရေးတဲ့ပို့စ်မဟုတ်ပါ လျှပ်စစ်အကြောင်း ထဲထဲဝင်ဝင်သိတဲ့ အကိုတယောက်ဆီက ခွင့်တောင်းပြီး ပြန်တင်တာပါ...

သတင်းထဲမှာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ပြည်သူသို့ ပန်ကြားချက်ဆိုပြီး ထုတ်ပြန်သွားတာ ကြားလိုက်ရတယ်...

အရင်က မဂ္ဂါဝပ် ၄၂၀၀ခန့် ထုတ်လုပ်နေရာက အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားတွေ လျော့ထုတ်နေရလို့ ပြည်သူတွေကို ဓာတ်အား လုံလောက်အောင် မဖြန့်ဝေပေးနိုင်တာ နားလည်ပေးပါဆိုတဲ့ သဘော ပြောသွားတယ်...
...
သူတို့ အဓိက အကြောင်းပြသွားတဲ့ အထဲမှာ အချက်သုံးချက်ပါတယ်...
...
တစ်ခုက ဓာတ်အားလိုင်း တာဝါတွေ ဖောက်ခွဲ ဖျက်ဆီး ခံရလို့ မဂ္ဂါဝပ် ၁၈၀ လျော့နည်းသွားရတယ်ဆိုတဲ့ အချက် တစ်ခု...
...
ဓာတ်အားလိုင်းကြောင့်ဆိုရင် ယာယီ ပျက်တောက်မှုပဲ ဖြစ်ရမှာ ဖြစ်ပြီး အချိန် အတိုင်းအတာ တစ်ခုမှာ ပြန်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်...
...
ထို့အတူ နောက်ထပ် အချက် တစ်ခု ဖြစ်တဲ့ ရတနာ ဓာတ်ငွေ့ ထုတ်လုပ်ရေးနဲ့ ပိုက်လိုင်းတွေ နှစ်စဉ် ပုံမှန် ပြုပြင်မှုကြောင့် လျော့နည်း ထုတ်နေရတယ်ဆိုတဲ့ မဂ္ဂါဝပ် ၅၄၀ ဆိုတာလည်း သူတို့ ပြုပြင်မှုတွေပြီးရင် ပြန်ရလာမှာပဲ...
...
နောက်ဆုံးတစ်ခုက LNG နဲ့ ထုတ်တဲ့ မဂ္ဂါဝပ် ၇၅၀ ကို ဓာတ်ငွေ့ရည် တန်ဖိုး ၄ဆ တက်သွားလို့ လက်ရှိမှာ ရပ်တန့်ထားရတယ်လို့ ဆိုထားတယ်...
...
သိရသလောက်ဆိုရင် အဲ့ဒီ LNG ကို ၂၀၂၀ အစောပိုင်းမှာ လျှပ်စစ် စထုတ်နိုင်ဖို့ ၂၀၁၉ မှာ တင်ဒါ ခေါ်ခဲ့တယ်လို့ မှတ်သားခဲ့ရတယ်...
...
တင်ဒါ ဝင်ပြိုင်ခဲ့တဲ့ ကုမ္ပဏီတွေက သူတို့ လုပ်နိုင်တဲ့ စျေးနှုန်းတွေ တင်ပြပြီး အနိမ့်ဆုံး စျေးနဲ့ လုပ်နိုင်တဲ့ ကုမ္ပဏီကို ရွေးချယ်ပြီး လုပ်ပိုင်ခွင့် ပေးခဲ့တယ်လို့ သိရတယ်...
...
လျှပ်စစ်ဓာတ်အားခကို နှုန်းသေနဲ့ သတ်မှတ်ထားပြီး ကုမ္ပဏီက တင်ပြတဲ့ စျေးနှုန်းနဲ့ ခွင့်ပြုပေးခဲ့တာ ဖြစ်လို့...
...
LNG စျေးနှုန်း အတက်အကျဟာ အစိုးရနဲ့ ကုမ္ပဏီ ကြားထဲက ချုပ်ဆိုထားတဲ့ ဓာတ်အားခ နှုန်းထားအပေါ် သက်ရောက်မှု မရှိဘူးလို့ နားလည်ထားပါတယ်...
...
အဲ့တော့ LNG စျေးတက်လို့ လျှပ်စစ် မထုတ်ပေးနိုင်ဘူး ဆိုရင် ကုမ္ပဏီရဲ့ ပျက်ကွက်မှု ဖြစ်လို့ လက်ရှိ တိုင်းပြည်မှာ လိုအပ်နေတဲ့ ဓာတ်အားတွေ အတွက် ဘယ်လို တာဝန်ယူမှုတွေ အရေးယူမှုတွေ လုပ်ဆောင်ခိုင်းသလဲ မေးခွန်းပေါ်လာပါတယ်...
...
ကိုဗစ်ဖြစ်နေတဲ့ အစောပိုင်း ကာလအတွင်း LNG စျေးနှုန်းတွေ ကျဆင်းနေတုန်းက မျိုးမျိုးမြတ်မြတ် စားပြီး LNG တွေ စျေးတက်လို့ ဆက်မလုပ်နိုင်ဘူးလို့ ဆိုလာရင်...
...
နိုင်ငံတော်အဆင့် ချုပ်ဆိုထားတဲ့ စာချုပ်တွေရဲ့ အဆင့်အတန်းနဲ့ ခိုင်မာမှုက သံသယ ဖြစ်စရာ ကောင်းလာပါတယ်...
...
ထို့အတူပဲ...
...
လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ အထဲမှာ လျှပ်စစ်ဓာတ်အား လုံလောက်အောင် ရရှိရေး အတွက် ရေအားနဲ့ နေအားကို တိုးမြင့် ထုတ်လုပ်မယ်လို့ ကြေညာသွားတော့...
...
၂၀၁၉ မှာ တင်ဒါ ခေါ်ခဲ့ပြီး ၂၀၂၀ နှစ်ဦးပိုင်းမှာ လျှပ်စစ် ထုတ်ပေးရမယ့် နေရောင်ခြည်စွမ်းအင်သုံး ပရောဂျက်တွေ ဘာတွေ ဖြစ်နေပြီလဲ မေးရပါမယ်...
...
အစိုးရ ထုတ်ပြန်ချက်တွေ စျေးကွက် အတွင်း သတင်းတွေအရ တင်ဒါခေါ်တာ စုစုပေါင်း မဂ္ဂါဝပ် တစ်ထောင်နီးပါး အတွက် ပရောဂျက် ၃၀ ဖြစ်ပြီး ၂၉ ခုကို လုပ်ပိုင်ခွင့်တွေ ချပေးခဲ့တယ်...
...
အဲ့ဒီ ၂၉ ခုကို အစိုးရက သတ်မှတ်တဲ့ စျေးနှုန်းနဲ့ လုပ်ဆောင်ခိုင်းတာ မဟုတ်ဘဲ တင်ဒါ ဝင်ပြိုင်သူတွေက သူတို့ လုပ်နိုင်တဲ့ စျေးနှုန်းနဲ့ တင်ထားတဲ့ အထဲက တင်ဒါ စည်းမျဉ်းစည်းကမ်းနဲ့ အညီ အနိမ့်ဆုံး စျေးပေးသူတွေကို တရားဝင် ရွေးချယ် တာဝန် ပေးခဲ့တာလို့ သိထားခဲ့တယ်...
...
ဒါပေမယ့်...
...
အဲ့ဒီ ပရောဂျက် ၂၉ ခုထဲမှာ ပြည်တွင်း ကုမ္ပဏီ သီးသန့်အနေနဲ့ တစ်ခုထဲ ပါဝင်ခဲ့ပြီး အဲ့ပရောဂျက် တစ်ခုပဲ အကောင်အထည် ပေါ်ခဲ့တယ်လို့ သိရတယ်...
...
ထူးဆန်းတဲ့ တိုက်ဆိုင်မှု တစ်ခုက...
...
LNG စျေးတက်လို့ မထုတ်နိုင်ပါဘူးဆိုတဲ့ ကုမ္ပဏီရယ် တင်ဒါ အောင်ပြီး လုပ်ငန်းဆောင်ရွက်မှု မရှိတဲ့ ဆိုလာ ပရောဂျက် ၂၈ ခုထဲက ပရောဂျက် အများစုရယ်ရဲ့ နောက်ကွယ်က ရင်းနှီးမြုပ်နှံသူတွေဟာ တရုတ်နိုင်ငံရဲ့ State Owned Company တွေ ဖြစ်နေတာပါပဲ...
...
နိုင်ငံတော် အဆင့် ပရောဂျက်တွေ အကောင်အထည် ဖော်ရာမှာ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ကုမ္ပဏီရော အစိုးရရော နှစ်ဖက်လုံးမှာ ရှိရပါမယ်...
...
ဘယ်ဖက်က ပျက်ကွက်ပျက်ကွက် စာချုပ်ပါ အတိုင်း အရေးယူ ပေးဆပ်မှု ပြုရပါမယ်...
...
အဲ့လိုမှ မဟုတ်ရင်...
...
နိုင်ငံတော်အဆင့် သဘောတူညီမှု စာချုပ်စာတမ်းတွေက စာရွက်စုတ် တစ်ခုလောက်တောင် တန်ဖိုး မရှိဘဲ...
...
ခိုင်မာ မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံသူတွေကို စိတ်ပျက်စေပြီး...
...
စီးပွားရေး လုပ်ဆောင်ရန် မယုံကြည်ထိုက်သော နိုင်ငံ တစ်ခု အဖြစ် ရောက်ရှိသွားစေနိုင်ပါတယ်...
...
ဒါကြောင့်...
...
812 viewsMinn Thet Naing, 03:36
Open / Comment
2022-01-04 10:10:47 မရေးတော့ဘူးလို့ နေမလို့ပဲ ဒါပေမယ့် သိသင့်တယ်ထင်လို့ ယခင်အစိုးရလက်ထက် ဝန်ကြီးတစ်ပါးအကြောင်း နည်းနည်း ရေးချင်တယ်။ ဝန်ကြီးဆိုပေမယ့် ရာထူး ၃ နေရာလောက် ယူထားတယ်ထင်တယ်။
.
နောက် ရှိသမျှ ကော်မတီတွေမှာလည်း ဥက္ကဋ္ဌ ရာထူးကို ယူထားခဲ့ပြီး သမ္မတအထက်မှာ နေမယ်ပြောခဲ့သူတစ်ယောက်။ ဝန်ကြီးရာထူးဆိုတာလည်း အလုပ်လုပ်ဖို့ထက် ကာလုံအတွက် ယူခဲ့တာဆိုရင်လည်း မမှားဘူး။
.
ဒါကြောင့်လည်း အဲ့ဒိဝန်ကြီးလက်ထက် သူကိုင်တဲ့ ဝန်ကြီးဌာန စွမ်းဆောင်ရည်ဟာ အနိမ့်ဆုံးကို ကျဆင်းသွားခဲ့တယ်။ အဲ့ဒိဝန်ကြီးဟာ နေပြည်တော်က အစိုးရပေးတဲ့ ဝန်ကြီးအိမ်ယာမှာ နေခဲ့တယ်။
.
ထူးဆန်းတာက အဆိုပါဝန်ကြီးဟာ အစိုးရကပေးတဲ့ သူ့အိမ်တော်မှာ ဘုရားခန်းမထားဘူး။ နဂိုမူလပါတဲ့ ဘုရားခန်းကို အုတ်စီပြီး အင်္ဂတေနဲ့ အသေပိတ်ပလိုက်တယ်။ ဆိုလိုတာ ဘုရားခန်းမရှိဘူးပေါ့။
.
ဒီနေရာမှာ ဝန်ကြီးအိမ်တွေ တည်ဆောက်ပုံကို အကြမ်းမျဉ်းပြောရမယ်ဆိုရင် ခြံဝန်းသည် ဘယ်လိုပုံသဏ္ဍန်ပဲရှိပါစေ အားလုံးဟာ အရှေ့ဘက်ကို လှည့်ကြတယ်။ နံနက်နေထွက်တာကနေ Energy ယူဖို့ကို ပြင်ဆင်တဲ့ ဘရွှေကြီး အိုင်ဒီယာထင်တယ်။
.
အိမ်ကနေ နံနက်နေထွက်လာတဲ့ နေမင်းကြီးကို မျက်နှာမူလျင် အိမ်ရဲ့ ညာဘက်မျက်နှာစာအခန်းက ဘုရားခန်း။ မင်္ဂလာရှိရှိ ကျက်သရေရှိရှိဖြစ်အောင် စီမံ ပြင်ဆင်ထားပုံရတယ်။
.
ဘုရားခန်းဟာ မည်ကာမတ္တဘုရားခန်းလည်းမဟုတ်ဘူး။ လူ ၁၅ ယောက်လောက် ချောင်ချောင် ချိချိ ထိုင်လို့ရတဲ့ဘုရားခန်းမျိုး။ အထဲမှာ တေ်ာတော်လေး ကျယ်ဝန်းတယ်။
.
အကယ်၍ ဘုရားခန်းအဖြစ် မသုံးလိုလျင်တောင် အခြားအခန်းအဖြစ် အသုံးပြုလို့ရတယ်။ ဒါပေမယ့် အဆိုပါဝန်ကြီးဟာ အဲ့ဒိဘုရားခန်းကို အလုံပိတ်ပလိုက်တယ်။ အထဲမှာ ဘယ်သူမှ နေမရတော့။
.
ဆိုတော့ ကျန်တဲ့ ဝန်ကြီးအိမ်ယာတွေက သူတို့ကိုးကွယ်ရာဘာသာအလိုက် အထူး အမြတ်တနိုးထားတဲ့အခန်းဟာ အဲ့ဒိ ဝန်ကြီးအိမ်မှာတော့ မှန်တွေ စတစ်ကာအမဲကပ် အလုံပိတ်ထားတယ်။
.
တကယ်တော့ အစိုးရအိမ်ယာတွေဆိုတာ အိမ်ယာကော်မတီ ခွင့်ပြုချက်မပါပဲ ကြိုက်သလို ပြင်ပိုင်ခွင့်မရှိ။ အခုတော့ အလုံပိတ်ထားပြီး အခန်းထဲမှာ ဘာတွေ စီရင်ထားသလဲတော့ မသိ။ အဲ့ဒိတော့ နောက်ပြောင်းလာနေမယ့်သူက အထက်ကိုတင်ပြပီးမှ အဲ့ဒိအခန်းကိုဖျက်ရတယ်။
.
ဒါတင်ပဲလားဆိုတော့ မဟုတ်သေး အိမ်တော်ဝင်းထဲမှာ PSO နေဖို့ အဆောင်သီးသန့်ရှိပေမယ့် နောက်ထပ် PSO အဆောင်မျိုး အသစ် ၃ ဆောင်ထပ်ဆောက်ခဲ့တယ်လို့ သိရတယ်။ တကယ်တော့ PSO အဆောင်တွေဟာ တော်တော်ကျယ်ပါတယ်။
.
ထူးခြားတာက အဲ့ဒိဝန်ကြီးဟာ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ တွေ့မယ်ဆိုရင် အိမ်မကြီးမှာ လက်ခံတွေ့ဆုံလေ့မရှိပဲ အဲ့ဒိ အသစ်တည်ဆောက်ထားတဲ့ အဆောင် ၃ ဆောင်မှာပဲ လက်ခံတွေ့ဆုံတယ်။
.
အဲ့ဒိ အဆောင် ၃ ဆောင်ထဲက တစ်ဆောင်မှာတော့ အစ္စရေးလုပ် 10 Channel လား 9 Channel လားမသိ Jammer တွေတပ်ထားတယ်။ အဲ့ဒါကြောင့်လည်း တပ်က အာဏာထိမ်းပီး အဲ့ဒိဝန်ကြီးကို အမှုဖွင့်ရာမှာ ဖမ်းဆီးရမိစာရင်းမှာ Jammer ၂ စုံပါလာတာဖြစ်ပါတယ်။
.
ဆိုတော့ကာ အိမ်မကြီးမှာ အသံဖမ်းတာတွေ ဘာတွေ စိတ်မချလို့ အဆောင်သစ်ထုတ်ပြီး Mobile Signal မမိ၊ အသံဖမ်းမရအောင် Electronics Interference လုပ်ထားတဲ့ အဲ့ဒိအဆောင်မှာပဲ နိုင်ငံခြားအရေးကြီး ဧည့်သည်တွေ လက်ခံတွေ့ဆုံတယ်ဆိုတော့ ဘာတွေများဖြစ်နိုင်မလဲ။
.
PSO အဆောင် ၃ ဆောင်ဆိုတော့ အချို့သော အများပြောကြတဲ့ ကောလာဟလဖြစ်တဲ့ ဘာပညာသည် ညာပညာသည် နိုင်ငံခြားက ဆရာတွေကို ခြံထဲမှာ ခေါ်ထားတယ်ဆိုတာကလည်း ဟုတ်နေသလား စဉ်းစားစရာဖြစ်စေတယ်။
.
အခြားဝန်ကြီးများ ဘုရားခန်းအဖြစ် အလေးတယူထားတဲ့ အခန်းကိုမှ အင်္ဂတေနဲ့ အသေပိတ်ပြီး ထားရခြင်းရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။ နည်းနည်းစိတ်ဝင်စားလို့ သိသင့်ကြတယ်ထင်လို့ ရေးတာပါ။
Crd - မူရင်းလူ
910 viewsMinn Thet Naing, 07:10
Open / Comment
2022-01-02 09:35:59 NLD အစိုးရငါးနှစ်မှာစိတ်ကြိုက်လာဘ်ယူပြီးအဆင်တွေပြေခဲ့တဲ့ဝန်ထမ်းတွေကတော့ CDM လုပ်ပြီးအလုပ်ပြုတ်သွားလည်းအေးဆေးပဲ ဂရုမစိုက်ဘူးတစ်သက်စားမကုန်တဲ့လာဘ် ငွေတွေနဲ့အဆင်ပြေနေကြပြီလေကြားထဲကသူတို့ကိုအားကြပြီးဘုမသိဘမသိပဲ CDM လိုက် လုပ်တဲ့ဝန်ထမ်းတွေကတော့ ခုချိန်မှာ ငတ်ပြတ်နေကြပြီလေ
ဒါကြောင့် NLD အစိုးရလက်ထက်မှာပြန်ပျက်သွားတဲ့ လျှပ်စစ်ဝန်ကြီးဌာနရဲ့လုပ်ငန်း တွေကို အခု နစက အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးအနေဖြင့် မည် သို့မည်ပုံ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမှာလဲဆိုတာ ပြည်သူတွေသိချင်နေပါတယ်၊ ပြည်သူတွေ အခုချိန်မှာ လျှပ်စစ်နဲ့ပတ်သက်ပြီးဒုက္ခတွေရောက်နေကြရပါတယ်
မီတာဆောင်နေတဲ့အိမ်တွေကိုကျတော့ ပုံမှန်မီတာအပြင်ဒဏ်ကြေးတွေပါတပ်တယ် မီတာမဆောင်တဲ့အိမ်တွေကျတော့လဲလုံးဝ(လုံးဝ)မီတာမဆောင်ဘူး မီလဲမဖြတ်ဘူးအေးရာ အေးကြောင်းမီးသုံးစွဲနေကြတယ်၊ မီတာဆောင်တဲ့သူတွေကြတော့ လျှော့ပေါ့မှုမရှိတဲ့အပြင် မဆောင်တဲ့သူတွေအတွက်ပါပေါင်းပြီးတောင်းနေလာမသိဖြစ်နေပါတယ်
မီတာမဆောင်လိုမီးဖြတ်တဲ့နေရာတွေမှာကြတော့လည်း မီးဖြတ်လိုက်ပြီးသိပ်မကြာ ခင်ပဲ အဖြတ်ခံရတဲ့အိမ်က ငွေ(၅)သောင်းလောက်ပေးလိုက်တာနဲ့မီးပြန်တပ်ပေးလိုက်တယ် မီတာမဆောင်လဲရတယ်သုံးပါတဲ့ လာစစ်ဆေးရင်ကျွန်တော်တို့ကြိုတင်ပြောပေးမယ်ဆိုပြီး ညှိ့နှိုင်းပြီးအဆင်ပြေသွားကြပြန်တာပဲ
အဲ့တော့ မီတာလည်းမဆောင်ဘူး မီးလာဖြတ်မှာပဲ မီးဖြတ်တဲ့ဝန်ထမ်းကိုငွေပေးပြီး အေးရာအေးကြောင်း မီးသုံးနေလိုက်ရုံပေါ့ ဒါတွေကိုပြည်ထောင်စုဝန်ကြီးမသိတာလား၊ သိအောင်မတင်ပြကြတာလားဆိုတာ မသိနိုင်ပါ၊ ကြည်သူတွေရဲ့ယုံကြည်မှုကု ရရှိပြီး ဦးစိုးဝင်းနဲ့ ဦးသိန်းစိန်တို့လက်ထက်ကအတိုင်း ပြန်ဖြစ်ဖို့ နစက အစိုးရကြီး ပြုပြင်ထိန်းသိမ်းဆောင်ရွက်သင့်ဖို့လိုပြီဆိုတာကို အကြံပြုလိုပါတယ်။

#ပြည်သူတစ်ဦး
983 viewsMinn Thet Naing, 06:35
Open / Comment
2022-01-02 09:35:59 နစက ၏ လျှပ်စစ်ဝန်ကြီးသိစေအပ်ပါသည်-
ဆိုရှယ်လစ်ခေတ် နှင့် နဝတနဲ့ နယကခေတ်လက်ထက် အိမ်တိုင်းလျှပ်စစ်မီတာရဖို့ ဆိုတာမလွယ်ဘူး မီတာဘောစ်တစ်လုံးကို တစ်သိန်းခန့် ဈေးရှိနေတယ် ဆိုရှယ်လစ် ခေတ်မှာတစ်သိန်းဆိုတဲ့ငွေကအတော်များပါတယ်ငွေရှိတိုင်းရဖို့ဆိုတာမလွယ်ကူပါဘူးပွဲစား ကနေတဆင့် အဆင့်ဆင့်လျှောက်ရတယ်၊
မီတာ တစ်လုံးရဖို့ဘယ်လောက်ကြားလဲဆိုတာ ကိုယ်တွေ့တစ်ခုပါ လျှပ်စစ်ဌာနက အိမ်တစ်အိမ်မှာမီတာလာတပ်တယ်အဲ့ဒီလို့တပ်တော့“ အိမ်ရှင်ကကျွန်တော် မီတာ လျှောက် မထားပါဘူး ” လို့ပြောတယ်ဒါနဲ့လာတပ်တဲ့သူက “ ဟာမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်နှစ်ခန့်က ခင်ဗျာအဖေလျှောက်ထားလို့အခုကျလို့လာတတ်တာပါ ” မီတာလျှောက်ထားတဲ့အဲ့ဒီအိမ်ရဲ့ အိမ်ရှင်အဖေဖြစ်သူကသေသွားပြီးသူလျှောက်တဲ့မီတာကိုတောင်သူရမရမသိသွားရတဲ့အထိ ကိုမီတာတစ်လုံးရဖို့ကြာခဲ့ပါတယ်
လူကြီးတွေနဲ့ပိုင်သူတွေကျတော့ ချက်ခြင်းရကြတယ်၊လျှပ်စစ်ဌာနကလူ ကြီးတွေက လည်းမီတာအတွက် ကြားခံပွဲစားတွေမွေးထားပြီးလုပ်စားနေကြတာပါ။
လျှပ်စစ်ဝန်ထမ်း မီတာဖတ်စာရေး ဆိုသူတွေတောင်အတော်အဆင်ပြေကြတယ် သူ တို့ကမီတာတွေကိုမဖတ်တော့ပဲ အိမ်ရှင်နဲ့ညှိပြီး မီတာခကို ခန့်မှန်းပြီးလျှော့ကောက်ကာ အိမ်ရှင်နဲ့ ပေါင်းပြီး တစ်ဝက်စီခွဲဝေစားကြသောက်ကြ တယ်၊ နိုင်ငံတော် ကလျှပ်စစ်နဲ့ ပါတ် သက်တဲ့ Budget တွေဆုံးရှူံးရတယ်၊
နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိုးဝင်း လက်ထက်မှာလျှပ်စစ်ဝန်ကြီးနဲ့တိုင်ပင်ပြီး အိမ် တိုင်း မီတာရအောင်ချက်ခြင်းတပ် ပေးတယ်၊ မီတာခိုးသုံးလို့မရအောင်လုပ်ပေးတယ် မီးသုံးစွဲသူ ပြည်သူတွေစိတ်ချမ်းသာအောင်လုပ်ပေးတယ်ဆုံးရှူံးခဲ့တဲ့လျှပ်စစ်ကရရှိတဲ့နိုင်ငံတော်အခွန်တွေပြန်ရလာတယ်၊ဒီလိုနဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိုးဝင်း လက်ထက်မှာမီးတွေ မှန်လာ တယ်၊ မီတာလျှောက်ထားမှုတွေမြန်ဆန်လာတယ်သတ်မှတ်တဲ့နှုန်းအတိုင်းထက် ပိုပေးစရာ မလိုတော့ဘူးပွဲစားတွေမရှိတော့ဘူးပြည်သူတွေ လျှပ်စစ်နဲ့ပါတ်သက်ပြီးအရမ်း သဘောကြ ကျေနပ်ခဲ့ကြတယ်၊
ဒါပေမဲ့လျှပ်စစ်ဝန်ထမ်းတွေကတော့မကျေနပ်ကြဘူး သူတို့ရနေတဲ့ဘေးပေါက်ဝင်ငွေ တွေမရတော့ပဲ လုပ်ငန်းတွေအဆင်ပြေအောင်လုပ်ပေးနေရတာကို၊ ဒါကြောင့် လျှပ်စစ်မှမ ဟုတ်ဘူး ဝန်ကြီးဌာနတိုင်းလိုလိုမှာ ဌာနလုပ်ငန်းတွေဆောင်ရွက်ရာမှာ ပြည်သူတွေထံဝန် ဆောင်မှုအချိန်မြန်ဆန်စွာနဲ့ပြည့်ပြည့်ဝဝရရှိဖို့ထက်ဝန်ထမ်းတွေဟာ လာဘ်ငွေယူပြီးအချိန် ဆွဲဆောင်ရွက်ပေးနေရတာကိုပဲပိုမိုနှစ်သက်နေတာကိုသိသာထင်ရှားစွာတွေ့နေရတယ်ယခု ချိန်ထိ ဒီအကျင့်ဆိုးကြီးကို မည်သည့်ဝန်ကြီးဌာနကမှ မပြင်နိုင်သေးပါဘူး ဒါကြောင့်ပြည်သူ တွေအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့လုပ်ငန်းများဆောင်ရွက်ရာတွင် အဆိုပါဌာနမှာ ရှိနေတဲ့ တာဝန်ရှိသူဝန်ထမ်းတွေရဲ့မျက်နှာကိုကြည့်ပြီး လာဘ်ပေးနိုင်မှာမိမိလုပ်ငန်းများပြီး သည့်အနေအထားမျိုးတွေဟာ ခုချိန်ထိကျယ်ပြန့်စွာရှိနေဆဲပါမည်သည့်အစိုးရမှနိုင်အောင် မထိန်းနိုင်သေးပါဘူး
ဒါကြောင့် ဆိုရှယ်လစ်ခေတ်၊ နဝတ/နယက ခေတ်က လာဘ်ပေး မှ ဌာနလူကြီးတေွ မွေးထားတဲ့ ပွဲစားကနေတဆင့်လျှောက်ထားမှ နှစ်နဲ့ချည်ကြာပြီး ရတဲ့မီတာလုပ်ငန်းဟာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိုးဝင်း နဲ့ မြန်မာပထမဆုံးဒီမိုကရေစီအစိုးရသမ္မတ ဦးသိန်းစိန် တို့ ၏လက်ထက်မှာလျှပ်စစ်မီတာလျှောက်ထားမှုနဲ့ မီးတာအခွန်နဲ့ပတ်သက်မှုတွေဟာပွင့်လင်း မြင်သာမှုရှိခဲ့ပြီး ပြည်သူတွေကျေနပ်အားရခဲ့ကြတယ်ဆိုတာလူတိုင်းမငြင်းနိုင်ပါဘူး
NLD အစိုးရလက်ထက်ရောက်လာတော့ အရည်အချင်းမရှိတဲ့ ပြည်ထောင်စု အဆင့် လူကြီးတွေရဲ့ လုပ်ငန်း မကျွမ်းကျင်မှုတွေကိုသိရှိခဲ့တဲ့ ဝန်ထမ်းတွေက အရင်ဆိုရှယ်လစ် ခေတ်၊ နဝတ/နယက ခေတ် တုန်းကလို မိမိတို့အဆင်ပြေပြေရခဲ့ကြတဲ့ လာဘ်စားမှုတွေကို ပြန်ပြီးအစဖော်ခဲ့ကြတယ်၊ ဒါကြောင့် NLD အစိုးရသက်တမ်းငါးနှစ်ကာလမှာ ဝန်ကြီးဌာန တိုင်းလိုလို ဝန်ထမ်းတွေအကျင့်ပျက်ခဲ့ကြပြီး လာဘ်စားမှုတွေပေါ်ပေါ်တင်တင်ပဲ လုပ်ကိုင် လာတာကိုတွေ့ခဲ့ရတယ်၊ ဒါကို NLD အစိုးရလူကြီးတွေသိပေးမဲ့လည်းမတားတဲ့အပြင်သူတို့ ကိုယ်တိုင်ပါ ခွဲတမ်းတွေနဲ့ကျေနပ်နေခဲ့ကြတယ် ပြည်သူတွေပဲ ခါးစည်းခံခဲ့ရပါတယ်
ဒါကြောင့် ဝန်ကြီးဌာနတိုင်းမှာရှိတဲ့ဝန်ထမ်းအဆင့်ဆင့်တွေဟာ လုပ်ငန်းမကျွမ်းကျင် တဲ့ NLD အစိုးရလူကြီးတွေကိုပဲကြိုက်ကြတယ်၊ သူတို့လုပ်ချင်တိုင်းလုပ်လို့ရအောင်နေချင် တိုင်းနေလို့ရအောင်ပါ ဒါပေမဲ့ NLD အစိုးရဟာအာဏာကိုပိုမိုမက်မောလာပြီး ရွေးကောက်ပွဲ မဲခိုးပြီးအာဏာထပ်ယူဖို့လုပ်လာတဲ့အတွက် တပ်မတော်က အာဏာကိုထိန်းပြီး အစိုးရအဖွဲ့ ထဲကိုတတ်ကျွမ်းနားလည်တဲ့လူကြီးတွေနဲ့အစားထိုးခန့်အပ်ခဲ့တော့ NLD အစိုးရလက်ထက် မှာ စိတ်ကြိုက်လုပ်ချင်တိုင်းလုပ်လာဘ်စားချင်တိုင်းစားခဲ့ရတဲ့ ဝန်ထမ်းတွေက နားလည်ပြီး တတ်ကျွမ်းတဲ့လူကြီးတွေလာတော့မှာဆိုတော့ သူတို့လုပ်ထားတဲ့အကျင့်ပျက်အဂတိတွေကို သိပြီးဖော်ထုတ်အရေးယူခံရမှာကို ဆိုးတာနဲ့ပဲ ချောလဲရောထိုင်တဲ့အနေနဲ့ CDM ဆိုတာကြီး အားရပါးရလုပ်ကြတော့တာပါပဲ
972 viewsMinn Thet Naing, 06:35
Open / Comment
2021-12-31 18:50:29 NLD တစ်ပါတီအာဏာရှင်တွေရဲ့ အလွန်အကျွံမဲမသမာမှု လုပ်ရပ်တွေကြောင့် ပြည်သူ့တပ်မတော်ဟာ မလွဲမရှောင်သာပဲ တိုင်းပြည်အာဏာကို ခေတ္တဝင်ထိန်းလိုက်ရတယ်။

တစ်ကယ်တော့ အနောက်အုပ်စုနဲ့ NLDခေါင်းဆောင်တွေ လိုချင်တာဟာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီ၊စစ်တပ်က အာဏာလုလိုက်ပြီဆိုတဲ့ အခြေအနေမျိုးကိုလိုချင်တာပါ။

တစ်နည်းဆိုရရင် မြန်မာစစ်တပ်ဟာ လက်နက်အားကိုးပြီး ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ အစိုးရကို အာဏာသိမ်းလိုက်ပြီ၊ ပြည်သူတွေခေါင်းငုံ့မခံကြနဲ့၊ ရတဲ့နည်းနဲ့တော်လှန်ကြ၊ အခုကိစ္စဟာ စစ်တပ်နဲ့ NLD ဖြစ်တဲ့ ပြဿနာမဟုတ်ဘူး၊ စစ်တပ်နဲ့ ပြည်သူအားလုံးဖြစ်တဲ့ပြဿနာဆိုပြီး သွေးထိုးပုံဖော်လိုက်ကြတယ်။

NLD အာဏာမက်ပြီး မဲခိုးတာကို မဖြေရှင်းပဲ ဖုံးကွယ်ကြတယ်၊ အမှန်က NLD အစိုးရဦးဆောင်ပြီး ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတခဲ့မယ်ဆိုရင် တပ်မတော်က အာဏာထိန်းတဲ့ကိစ္စကြီး ပေါ်လာစရာအကြောင်းမရှိပါဘူး။

NLD ခေါင်းဆောင်ပိုင်းဟာ အာဏာလက်လွှတ်လိုက်ရမယ့်အခြေအနေမျိုး ကြုံတွေ့ လာရင် ဘာတွေလုပ်ဆောင်မယ်ဆိုတာ ကြိုတင်ကြံစည်ခဲ့ကြပါတယ်။

အာဏာရှိစဥ်မှာ အလွှာပေါင်းစုံကို စည်းရုံးသိမ်းသွင်းခြင်းတွေနဲ့လက်နက်အများအပြား သိုလှောင်ခြင်းတွေလုပ်ဆောင်ပြီး ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ဖန်တီးဖို့ ကြိုတင်ကြံစည်ခဲ့ကြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုများစွာဟာ ရည်ရွယ်ချက်ရှိစွာနဲ့ NLDပါတီရဲ့ ကြိုတင်စီစဥ်မှုတွေကြောင့် ဖြစ်ပေါ် လာရတာလည်းဖြစ်ပါတယ်။

အတိုချုပ်ပြောရရင် တပ်မတော်ပြိုကွဲဖို့ ၊ တပ်မတော်အင်အားချိနဲ့ဖို့ ၊ တပ်မတော်နဲ့ပြည်သူ သွေးကွဲစေဖို့ပဲဖြစ်ပါတယ်။

တပ်မတော်ပြိုကွဲရင် တိုင်းပြည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားမှာဖြစ်ပါတယ်၊ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးတဲ့ လုပ်ရပ်တွေကို NLD ပါတီက ဖန်တီးခဲ့တာလို့ဆိုရမှာပါပဲ။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ တပ်မတော်ရဲ့ အဓိကတာဝန်ကြီးတွေဟာ အလွန်ကောင်းမွန်နေတာကို သူတို့မနှစ်သက်ကြပါဘူး။

အဲ့ဒီအချက်(၃)ချက်ကို နည်းလမ်းပေါင်းစုံနဲ့ ဖျက်ဆီးနေကြတာ ဒီကနေ့အခြေအနေတွေက သက်သေပြနေပါတယ်။

ပြည်ထောင်စုကြီးမပြိုကွဲချင်ရင်တော့ NLDပါတီကနေပေါက်ဖွားလာတဲ့ NUG ၊ CRPH ၊ PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေ ကင်းစင်ပပျောက်သွားဖို့ တပ်မတော်တစ်ခုမှာပဲတာဝန်ရှိတာမဟုတ်ပဲ တိုင်းရင်းသားပြည်သူအားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို နှစ်သစ်ကူးည အမှတ်တရအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

#MTN
31-12-2021
22:00 pm
392 viewsMinn Thet Naing, edited  15:50
Open / Comment
2021-12-30 08:31:37
NUG ရဲ့ Page ကို စင်္ကာပူနိုင်ငံကနေ
အဓိက ထိန်းကျောင်းကိုင်တွယ်ပြီး
နေ့စဥ် ပို့စ်တွေ တင်ပေးနေသူလို့ စ
င်္ကာပူနိုင်ငံမှာနေထိုင်တဲ့ မိတ်ဆွေတစ်
ဦးက သတင်းပေးပို့ထားပါတယ်။

သူမဟာ ပြည်ပြေး အိပန်ဆယ်လို
ဆိုသူရဲ့ သူငယ်ချင်းဖြစ်ပြီး တုတ်
ထိုးမစားသူတစ်ဦးဖြစ်ကြောင်းလည်း
၄င်းကဆိုပါတယ်။

#MTN
682 viewsMinn Thet Naing, 05:31
Open / Comment