🔥 Burn Fat Fast. Discover How! 💪

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 36

2021-12-17 18:13:39
အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝတ်စုံဝတ်ဆင်စေပြီး ရုံးထုတ်
DVB

နိုင်ငံတော်အတိုင်ပင်ခံကို စွဲဆိုထားတဲ့ အဂတိအမှုတွေထဲက တက္ကသိုလ်ရိပ်သားလမ်းနေအိမ်အနီး ပုရဝုဏ်အသုံးပြုမှုနဲ့ပတ်သက်တဲ့အမှုကို ဒီဇင်ဘာ ၁၇ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ ထူးခြားချက်အနေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထောင်ဝတ်စုံ အဖြူရောင်အင်္ကျီနဲ့ အညိုရောင်လုံခြည်ကို ဝတ်ဆင်ထားပြီး အမှုအတွဲခံထားရတဲ့ဒေါက်တာမျိုးအောင်ဟာ ထောင်ဝတ်စုံ အပြာရောင် ဝတ်ဆင်ပြီးး တရားရုံးကို တက်ရောက်ခဲ့ပါတယ်။ ထောင်ဝတ်စုံတွေကို ထောင်အာဏာပိုင်တွေက ပေးပို့ပြီးဝတ်ဆင်စေခဲ့တာကြောင့် ခေါင်းဆောင်တွေဟာ ထောင်ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ရတာဖြစ်ပါတယ်။

Photo ယခင်ရုံးချိန်းမှ ပုံအဟောင်းးး
233 viewsZaw Yu Htoon, 15:13
Open / Comment
2021-12-16 19:18:53 "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ'

ဒီဇင်ဘာ ၁၆၊ ၂၀၂၁ (TRN)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar အား ဒီဇင်ဘာ၁၆ (ယနေ့)မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က အိန္ဒိယနိုင်ငံတွင် မကြာမီကဖြစ်ပွား
ခဲ့သည့် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်ကြောင့် အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Bipin Rawat အသက် ဆုံးရှုံးခဲ့ရမှုအပေါ် မိမိအနေဖြင့် ဝမ်းနည်းပါကြောင်း ပြောကြားပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက်ပေးမှုနှင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာများတွင်ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများအပါအဝင် အခြားနယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့တက်ရောက်ခဲ့ကြကြောင်းသိရသည်။

The River News
467 viewsZaw Yu Htoon, 16:18
Open / Comment
2021-12-16 19:18:52
421 viewsZaw Yu Htoon, 16:18
Open / Comment
2021-12-16 14:15:48
အကြမ်းဖက် PDF သင်တန်းတက်ရောက်လာသူ၊ လူမှု့ကွန်ရက်တွင် မဟုတ်မမှန်သတင်းများဝါဒဖြန့်နေသော ထီးလင်းမြို့နယ်၊ အင်းနားကျေးရွာတွင်နေထိုင်သူ မင်းလွင်ဦးအား ဂန့်ဂေါမြို့နယ်စီစစ်ရေးဂိတ်တွင် ဖမ်းမိကြောင်း သိရှိရသည်။***
16/12/2021
540 viewsZaw Yu Htoon, 11:15
Open / Comment
2021-12-16 14:12:22 "ထီးချိုင့်မြို့တွင် ကျောင်းဆရာမ တစ်ဦး နေအိမ်၌ လုပ်ကြံသတ်ဖြတ်ခံရ"

ဒီဇင်ဘာ ၁၆၊  ၂၀၂၁ (TRN)

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့တွင် အသက် ၂၀ နှစ်အရွယ် ရှိ CDM ကျောင်းဆရာမတစ်ဦးကို ဒီဇင်ဘာ ၁၄ ရက်နေ့က နေအိမ်၌ လုပ်ကြံသတ်ဖြတ် ခံကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်အချိန်ခန့်က ထီးချိုင့်မြို့၊ ရွှေပြည်သာကျေးရွာနေ အသက် ၂၀ နှစ်အရွယ် CDM ကျောင်းဆရာမ ဒေါ်သိင်္ဂီအောင်သည် နေအိမ်ရှ့တွင် ထိုင်နေစဥ်တွင် ဆိုင်ကယ် ၃ စီးဖြင့် အမျိုးသား ၆ ဦး ရောက်ရှိလာပြီး
ဒေါ်သိင်္ဂီအောင်အား ဖမ်းဆီးကာလုပ်ကြံသတ်ဖြတ် ခြင်းကြောင်း သိရသည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဒေါ်သိင်္ဂီအောင်မှာ ဝဲလက်ချောင်း နှစ်ချောင်း ပြတ်ထွက်ဒဏ်ရာ၊ ယာတင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ၊ လည်ပင်းပြတ်
ရှဒဏ်ရာ၊ မျက်စိတစ်လုံး ပေါက်ထွက် ဒဏ်ရာ ၊ဦခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

The River News TRN
541 viewsZaw Yu Htoon, 11:12
Open / Comment
2021-12-16 13:47:26
လေးကေကော်မှာ PDF တွေ နိုင်နေပြီဆို
638 viewsZaw Yu Htoon, 10:47
Open / Comment
2021-12-16 06:50:42
ရွှေဘိုမြို့၊ မင်း​ကျောင်း​ကျေးရွာအုပ်စု၊ ပဂိုကုန်း​ကျေးရွာ၌ PDFအကြမ်းဖက်အဖွဲ့မှ သန့်ဇင်ဝင်း(ခ)ဆရာသန့် နှင့် ​အောင်ကိုဝင်း တို့နှစ်ဦးအား ပစ္စတို ၁ လက်၊ ၉မမကျည် ၅၀ ​တောင့်နှင့်အတူဖမ်းဆီးရမိခဲ့​ကြောင်းသိရှိရသည်။
173 viewsZaw Yu Htoon, 03:50
Open / Comment
2021-12-15 12:05:37
မိတ္ထီလာမြို့ ကောင်းကင်ယံ၌ ယနေ့နံနက်တွင်
တပ်မတော်(လေ) ၏ (၇၄)နှစ်မြောက်နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အလံချိတ်ဆွဲပျံသန်းနေသော Mi -17 ရဟတ်ယာဉ်နှင့် ကြည်း၊ရေ၊လေ အလံများအား ချိတ်ဆွဲပျံသန်းနေသော Mi -35 တိုက်ခိုက်ရေးရဟတ်များကို တွေ့ရစဉ်

ဇော်ယုထွန်း (ထီလာစစ်သည်)
392 viewsZaw Yu Htoon, 09:05
Open / Comment
2021-12-15 02:52:47 ၁၅၄၀ ချိန် မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊
မေတ္တာလမ်း၊ အိမ်အမှတ်(၆)နေအိမ်ရှေ့လမ်းကြားတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွားကြောင်းသတင်းအရ မင်္ဂလာဒုံတပ်နယ်မှ
ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်း ၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှဗိုလ်မှူးကြီး အောင်မျိုးကျော် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းရှိန် တို့မှ ၁၅၄၅ ချိန် ရောက်ရှိစစ်ဆေးခဲ့ရာ သန်းဌေးအောင်(၄၃)နှစ်၊ (ဘ) ဦးအောင်ကို၊ ၁၂/မဂဒ(နိုင်)၀၉၁၈၃၀ ၊ဗမာ့/ဗုဒ္ဓ၊(လေဆိပ်ဝန်ထမ်း၊ MNA)မှာ လက်ဘက်ရည်ဆိုင်မှ ပြန်လာစဉ် နေအိမ်ရှေ့အဝင်လမ်းကြားအရောက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ဦးသန်းဌေးအောင်၏ ယာနားထင်ဖောက်ဝင်ဒဏ်ရာ(၁)ချက်ဖြင့် ထိမှန်သေဆုံးခဲ့ကြောင်း၊အဆိုပါနေရာတွင် LUGER NRC 9MM ကျည်ခွံ(၁)ခုတွေ့ရှိခဲ့ကြောင်း၊အခင်းဖြစ်နေရာအား ဆက်လက်ရှင်းလင်း ရာ (၁ဝ)ပေခန့်အကွာ၎င်း၏နေအိမ်ခြံစည်းရိုးအစပ်၌ ကီးပတ်ဖုန်းပါ လက်လုပ်ဗုံး(၁)လုံး
တွေ့ရှိခဲ့ကြောင်းနှင့် သေဆုံးသူ ဦးသန်းဌေးအောင်အားအမှတ်(၁)တပ်မတော်ဆေးရုံကြီး၊ ခုတွင်(၁၀၀၀) မင်္ဂလာဒုံသို့ ၁၆၁၅ အချိန်တွင်
ပို့ဆောင်ထားရှိကြောင်းနှင့် အဆိုပါနေရာအား မိုင်းရှင်းလင်းရန်အတွက် ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားရှိကြောင်း၊ ၁၆၃၅ ချိန်စအရ ၉၀၅ မှဗိုလ်ကြီးမင်းဝေယံကျော် နှင့်အဖွဲ့မှ လာရောက်ရှင်းခဲ့ရာ ၁၆၄၅ ချိန်ရှင်းလင်မူပြီးဆုံးခဲ့ကြောင်းသိရှိရ
435 viewsZaw Yu Htoon, 23:52
Open / Comment
2021-12-15 02:52:13
394 viewsZaw Yu Htoon, 23:52
Open / Comment