Get Mystery Box with random crypto!

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 38

2021-12-03 17:06:53
မလှိုင်မြို့ရှိ ဆီဆိုင်မင်း စက်သုံးဆီဆိုင်အား ချိတ်ပိတ်သိမ်းဆည်

၃-၁၂-၂၀၂၁၊ မလှိုင်မြို့။

မလှိုင်မြို့ အခွန်ဦးစီးဌာန ဗုံးဖောက်ခွဲခံရမှုဖြစ်စဉ် သတင်းဖော်ထုတ်ချက်အရ ဆီဆိုင်မင်းစက်သုံးဆီအရောင် ဆိုင်အား ဝင်ရောက်ရှာဖွေရာ ဗုံးတစ်လုံးသိမ်းဆည်းရမိပြီး အကြမ်းဖက်PDFများအား အားပေးကူညီထောက်ပံ့သော ၎င်းဆီဆိုင်မင်းစက်သုံးဆီဆိုင်အား ချိတ်ပိတ်ပြီး နိုင်ငံတော်ပိုင်သိမ်းဆည်းလိုက်ကြောင်းသိရသည်။
486 viewsZaw Yu Htoon, 14:06
Open / Comment
2021-12-03 17:05:41 "ချောင်းဦး-မုံရွာကားလမ်းတွင် လက်လုပ်ရှော့တိုက်မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ခရီးသွားအချို့ထိခိုက်ဒဏ်ရာရ'

ဒီဇင်ဘာ ၃၊ ၂၀၂၁ (TRN)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မြေနဲ
ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂ ရက် နံနက် ၁၁
နာရီခန့်က လက်လုပ်ရှော့တိုက်မိုင်းပေါက်ကွဲ
မှုဖြစ်ပွားခဲ့ပြီး ခရီးသွားအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ဇင်လှိုင်မင်း မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ မျိုးဇော်အောင်နှင့် မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်ရပ်ကွက်နေ ဦးအောင်မြင့်တို့ စီးနင်းလိုက်ပါလာသည့် ၂၂ ဘီးကုန်တင်ယာဉ်သည် ချောင်းဦး-မုံရွာကားလမ်းအတိုင်းမောင်းနှင်လာစဉ် မြေနဲကျေးရွာအနီး မိုင်တိုင် အမှတ် ၇၆ မိုင် ၇ ဖာလုံ နှင့် ၇၇ မိုင်ကြားအရောက်တွင် အကြမ်းဖက်များက လက်လုပ်ရှော့တိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုကြောင့် ဇင်လှိုင်မင်းမောင်းနှင်သည့် ၂၂ ဘီးကုန်တင်ယာဉ်မှာ ရှေ့လေကာမှန်
ကြေမွ၊ ကားဘီး ၂၀ လုံး နှင့် ဆီတိုင်ကီပေါက်ပြဲပျက်စီးခဲ့ပြီး အခင်းဖြစ်သည့်နေရာအနီး ဆိုင်ကယ်မောင်းနှင်သွားလာနေသည့် မြင်းမူမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နေ ငြိမ်းကျော်သူနှင့် မုံရွာမြို့နယ် မြေနဲကျေးရွာနေ ဦးသိန်းထွန်းတို့မှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

လက်လုပ်ရှော့တိုက်မိုင်းပေါက်ကွဲမှု
ဖြစ်သည့်နေရာအနီးတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ လက်လုပ်ရှော့တိုက်မိုင်းခြောက်လုံးထပ်မံတွေ့ရှိခဲ့၍ ရှင်းလင်းခဲ့ကြောင်းသိရသည်။
510 viewsZaw Yu Htoon, 14:05
Open / Comment
2021-11-28 05:22:22
ယနေ့နံနက် ၆ နာရီအချိန်ခန့်တွင် မုံရွာအောင်ရှင် နှလုံးရောဂါကြောင့် ကွယ်လွန်သွားကြောင်း သိရသည်
849 viewsZaw Yu Htoon, 02:22
Open / Comment
2021-11-27 12:03:35 "အကြမ်းဖက်များမှ သံဃာတစ်ပါးကို ဒလန်ဟုစွပ်စွဲကာ ရိုက်နှက်"

နိုဝင်ဘာ ၂၇၊ ၂၀၂၁ (TRN)

အကြမ်းဖက်များက ပုလဲမြို့နယ်၊ ကြောင်ဒူးဝါးကျေးရွာ မှ ဆရာတော်တစ်ပါးကို ဒလန်ဟုစွပ်စွဲကာ နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၂၅ ရက်နေ့က ကြောင်ဒူးဝါးကျေးရွာ၊ ရွာဦးကျောင်းတိုက်သို့ အကြမ်းဖက်အင်အား ၁၀ ဦးခန့် ရောက်လာပြီး ဆရာတော်အား ခေါ်ဆောင်၍ ၎င်းတို့အား ထောက်ခံရန်နှင့် ကျေးရွာသတင်းများကို အခြားသော အဖွဲ့အစည်းများထံ ပေးပို့ခြင်းမပြုလုပ်ရန် ပြောဆိုခဲ့ကြောင်း၊ ဆရာတော်မှ မိမိမှာ ဘုရားသားတော်ဖြစ်သည့်အတွက် နိုင်ငံရေးအား စိတ်မဝင်စားကြောင်း ပြောဆိုခဲ့သည့်အတွက် ဒလန်ဟုစွပ်စွဲကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဆရာတော်က အသက်လည်းကြီးပြီ၊ ခြေထောက်လည်း သိပ်မသန်ဘူး၊ တရားပဲလုပ်တဲ့ ဆရာတော်ပဲဖြစ်တယ်။ အဲ့ဒါကို သူတို့ကို မထောက်ခံလို့ဆိုပြီးတော့ ရိုက်နှက်သွားတာ အခု ဆေးရုံတင်ထားရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၆ ရက်နေ့အထိ သံဃာ ၁၃ ပါး လုပ်ကြံသတ်ဖြတ်ခံ ခဲ့ရပြီး တချို့သောဆရာတော်များကို နှိပ်စက်ညှင်းပန်း မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

The River News TRN
891 viewsZaw Yu Htoon, 09:03
Open / Comment
2021-11-24 17:34:57
838 viewsZaw Yu Htoon, 14:34
Open / Comment
2021-11-24 17:34:57
အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုဖြင့် အမျိုးသား ၂၁ ဦးကို ‌ေသဒဏ်ချမှတ် သည့်အပြင် အကြမ်းဖက်လက်နက်ကိုင်များ နှင့်ဆက်သွယ်ခြင်း စစ်သင်တန်းတက်ရောက်သူများကို ထောင်ဒဏ် တစ်သက် နှင့် ထောင်ဒဏ် နှစ် ၂၀ အသီးချမှတ် အမိန့်ချ

နိုဝင်ဘာ ၂၄၊ ၂၀၂၁
824 viewsZaw Yu Htoon, 14:34
Open / Comment