Get Mystery Box with random crypto!

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 2

2022-06-02 08:22:37
396 viewsZaw Yu Htoon, 05:22
Open / Comment
2022-06-01 18:55:37
179 viewsZaw Yu Htoon, 15:55
Open / Comment
2022-06-01 18:49:16
ဘာလမ်းတွင်ဗုံးခွဲရင်းသေဆုံးခဲ့သည့် တရားခံ အောင်ကြီး (ခ) ထိန်လင်းထွန်း ၏ ဖုန်းတွင်းမှရရှိသော PDF/NUG ၏ ဆက်သွယ်စေခိုင်းမှု Chat သက်သေအချို့
201 viewsZaw Yu Htoon, 15:49
Open / Comment
2022-06-01 18:43:23
204 viewsZaw Yu Htoon, 15:43
Open / Comment
2022-06-01 18:43:02 ဘားလမ်းကားမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ စိစစ်ဖော်ထုတ်ချက်

နေပြည်တော် ဇွန် ၁

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြိုနယ်၊ အမှတ်(၃)ရပ်ကွက်၊ အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသား ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအနီးတဝိုက်အား လုံခြုံရေးတပ်ဖွဲဝင်များက အချိန်နှင့် တစ်ပြေးညီ အသေးစိတ် သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာအနီးမှ မပေါက်ကွဲသေးသည့် 91 အမျိုးအစား လက်ပစ်ဗုံးတစ်လုံးအား တွေ့ရှိရသဖြင့် စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲဝင်များ က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူ အမည်မသိ အမျိုးသားမှာ ရှပ်အင်္ကျီအဝါရောင်လက်ရှည်၊ ပုဆိုးအပြာနုကွက်စိပ်၊ အနက်ရောင် လျှာထိုးဦးထုပ်တို ဝတ်ဆင်ထားပြီး ဘေးလွယ်အိတ် အနက်ရောင်တစ်လုံးအား ရင်ဘက်တွင် ကပ်၍လွယ်ကာ အနော်ရထာ လမ်းအတိုင်း ပန်းဆိုးတန်းလမ်းဘက်မှ ဘားလမ်းကားမှတ်တိုင်ဘက်သို လမ်းလျှောက်လာပြီး “Cover King” ဖုန်းအပိုပစ္စည်းအရောင်းဆိုင် အရှေ့မှ ဖြတ်သွားပြီး တစ်မိနစ်ခန့်အကြာ ဘားလမ်းကားမှတ်တိုင် အရောက်တွင် အနော်ရထာ လမ်းဘက်သို မျက်နှာမူ၍ရပ်ကာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ တစ်စုံတစ်ခုအား နှိက်ယူစဉ် အဆိုပါလွယ်အိတ်အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေး အထောက်အကူပြု မှတ်တမ်းများအရ တွေ့ရှိခဲ့ရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို ပိုဆောင်ရန် အတွက် လူနာတင်ယာဉ်များ ရောက်ရှိလာပြီး သယ်ဆောင်စဉ် အဆိုပါအမျိုးသားမှာ ပုဆိုးနှင့် အင်္ကျီအောက်တွင် အနက်ရောင်တီရှပ်အင်္ကျီနှင့် အနက်ရောင် ကွာတာဘောင်းဘီတို တိုအားအောက်မှခံ၍ ဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရပြီး ၎င်း၏ဝမ်းဗိုက်တွင် ရရှိထားသော ဒဏ်ရာများအနက် ၎င်း၏ရင်ဘက်၌ ကပ်၍ လွယ်ထားသည့် လွယ်အိတ်နေရာတွင် ရရှိထားသည့် ဒဏ်ရာများမှာ ပိုမိုပြင်းထန်နေသည်ကို တွေ့ရှိခဲ့ရသည်။

၎င်းနောက် လုံခြုံရေးတပ်ဖွဲဝင်များက သေဆုံးခဲ့သူ အမျိုးသားနှင့်ပတ်သက်ပြီး စိစစ်ခဲ့ရာ ၎င်းမှာ ဒေါပုံမြိုနယ်၊ ကျည်စုရပ်ကွက်၊ ရတနာသိဒ္ဓိလမ်း၊ အမှတ်(၁၄၁/ခ)နေ အောင်ကြီး (ခ) ထိန်လင်းထွန်း (၂၆) နှစ်(ဘ) ဦးတင်ထွန်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်သို သွားရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်၌ လက်နက်ခဲယမ်းများအား ရှာဖွေတွေ့ရှိခြင်း မရှိသော်လည်း ၎င်းကိုင်ဆောင်သည့် Redmi 5A နှင့် Oppo F3 Plus အမျိုးအစား လက်ကိုင်ဖုန်း ၂ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး Oppo F3 Plus ဖုန်းအတွင်းမှ ၎င်း၏သူငယ်ချင်းဖြစ်သူ PDF အကြမ်းဖက်အဖွဲမှ သန့်ဇင်ဆိုသူနှင့် KNU လက်နက်ကိုင်အဖွဲများနှင့် ချိတ်ဆက်၍ အကြမ်းဖက် သင်တန်းများ တက်ရောက်ရန်၊ မြိုပေါ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေး အဖျက်အမှောင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များ လုပ်ဆောင် မည့် အခြေအနေများအား မေးမြန်းပြောဆိုထားသည်များကို Screenshot ရိုက်၍ သိမ်းဆည်းထားသည် ကို တွေ့ရှိခဲ့ရသည်။

ပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သည့် အောင်ကြီး (ခ) ထိန်လင်းထွန်းသည် PDF အကြမ်းဖက် အဖွဲနှင့် ဆက်နွယ်ပတ်သက်သူဖြစ်ပြီး အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေကြေ ဒဏ်ရာ ရရှိစေရန် ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲရန် လက်လုပ်မိုင်းအား သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ကွယ်မှ ကြိုးကိုင် ခိုင်းစေသူ၊ ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
205 viewsZaw Yu Htoon, 15:43
Open / Comment
2022-06-01 18:41:58 ဟိုမှာ ဗုံးပေါက်

ဒီမှာ ဗုံးကွဲနဲ့

ဘယ်အစိုးရတက်တက် ဗုံးပေါက်တယ်

ဗုံးမပေါက်တဲ့ ကာလက

၂၀၁၅ ~၂၀၂၀ သက်တမ်းကာလပဲ

ဘယ်ပေါက်မလဲ ဖေါက်တဲ့သူတွေ ခွဲတဲ့သူတွေ
ခိုင်းတဲ့သူတွေ အကြမ်းဖက်သမားတွေက အစိုးရဖြစ်နေတာကိုးးးးးးးး

လခွမ်း
207 viewsZaw Yu Htoon, 15:41
Open / Comment
2022-05-30 19:18:47
စစ်ကိုင်းမြို့နယ် အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦးဖမ်းမိ
======================
၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက် #FiftyTwoNews
ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့များသည် စစ်ကိုင်းမြို့နယ်၊ စကျင်ကျေးရွာ အနီး၊ စစ်ကိုင်း-ရွှေဘိုခရိုင်ချင်းဆက်လမ်းဘေးတွင် စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် စစ်ကိုင်းမြို့ဘက်မှ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ဘက်သို့မောင်းနှင်လာသော ဆိုင်ကယ် အားရပ်တန့်စစ်ဆေးခဲ့ရာ အောင်မျိုးသီဟနှင့် စံလင်းမောင် ဇေယျာကွက်သစ်ရပ်ကွက်၊ စစ်ကိုင်းမြို့နေသူတို့သည် အကြမ်းဖက် PDF အဖွဲ့ဝင်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ သဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။
496 viewsZaw Yu Htoon, 16:18
Open / Comment
2022-05-30 11:16:03 နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အမျိုးသားတစ်ဦး လက်လုပ်မိုင်းပေါက်ကွဲပြီး သေဆုံး

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ထန်းတပင်ကွက်သစ်၊ ထန်းတပင်တောရဘုန်းကြီးကျောင်းရှေ့တွင် မေ လ၃၀ရက်နံနက်၅နာရီကျော်က အမျိုးသားတစ်ဦး လက်လုပ်မိုင်းထောင်ရန် ပြုလုပ်စဉ် လက်လုပ်မိုင်း ပေါက်ကွဲခဲ့ပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

``မနက်အစောကြီးကို ဗုံးပေါက်ကွဲသံကြားလို့ ထွက်ကြည့်လိုက်တော့ ထန်းတပင်ဘုန်းကြီးကျောင်းရှေ့မှာ
ယောကျာ်းလေးတစ်ယောက်သွေးအိုင်ထဲမှာ သေနေတာတွေ့ရတယ်။ခဏလောက်နေတော့ လုံခြုံရေးအဖွဲ့တွေရောက်လာပြီး စစ်ဆေးရေးလုပ်နေတာတွေ့ရတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မေလ၃၀ရက်နံနက် ၅နာရီ၁၅မိနစ်က နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ထန်းတပင်ကွက်သစ်၊ ထန်းတပင်တောရဘုန်းကြီးကျောင်းရှေ့တွင် ဗုံးပေါက်ကွဲ၍ အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ရှိန်းလင်းဇော်၊ ၂၉နှစ်၊ (ဘ)ဦးကျော်အေး ၊စိန်ပန်းပြာ (၁၀)လမ်း၊ ရွှေကြာပင်ရပ်ကွက်နေသူအား ၎င်းအနီးတွင် အရှည် ၁၀ လက်မခန့်၊ အချင်း ၁ လက်မခွဲခန့်၊ သံဘောစိများ ပေါက်ကွဲထားသော လက်လုပ်မိုင်းတစ်လုံးနှင့်အတူ ဝဲလက်ဖဝါး စုတ်ပြဲဒဏ်ရာများ
ဖြင့် လဲကျနေသည်ကိုတွေ့ရပြီး ၎င်းအနီးတွင် နံပါတ်ပြားမပါ CANDA -125 အမျိုးအစား CZI နီ/နက် ဆိုင်ကယ် (၁)စီး ဖြင့် လက်လုပ်ဗုံးများ ထောင်ရန် လုပ်နေစဉ် ပေါက်ကွဲပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
547 viewsZaw Yu Htoon, 08:16
Open / Comment
2022-05-29 15:10:33
ကလေးမြို့၌ PDF အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးအားဖမ်းဆီးရရှိ
======================
၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက် #FiftyTwoNews
မနေ့က ညနေ ၅ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့ရှောင် လမ်း၌ လုံခြုံရေးအဖွဲ့များမှ တာဝန်ထမ်းဆောင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ဘန်နယ်ဘိ(ခ)အေးမောင်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။
297 viewsZaw Yu Htoon, 12:10
Open / Comment
2022-05-29 14:49:01
ကလေးမြို့နယ်၌ PDF အကြမ်းဖက်များ၏ အလောင်း/လက်နက်များရရှိ
======================
၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက် #FiftyTwoNews
ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မြောင်းဆုံ ကျေးရွာအနောက်တောင်ဘက်၌ လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့များထိခိုက်မှုမရှိဘဲ အကြမ်းဖက်များ ထံမှ အောက်ဖော်ပြပါများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်-
-ကျား ၂ လောင်း
-အေကေသေနတ် ၁ လက်/ကျည်အိမ် ၁ ခု
-လက်လုပ်စိန်ပြောင်း ၄ လက်
-လက်လုပ်စိန်ပြောင်းဗုံးသီး ၇၇ လုံး
-မိုင်းပြုလုပ်သည့် သံပိုက် ၁၁ ချောင်း
-ဂတ်စ်သေနတ် ၁ လက်
-ယမ်းပျော့ ၈ ချောင်း
-ပြောက်ကျားအင်္ကျီ ၃ ထည်
-ဆိုင်ကယ် ၇ စီး
-ဒီဇယ်ပေပါ ၇ လုံး
-မီးစက် ၁ လုံး
-ပွိုင့် ၃၀၆ စနိုင်ပါကျည် ၄ တောင့်
သိမ်းဆည်းရမိခဲ့ပါသည်။
322 viewsZaw Yu Htoon, 11:49
Open / Comment