Get Mystery Box with random crypto!

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 7

2022-05-16 19:55:23
မဖြစ်သင့်ပါ
568 viewsZaw Yu Htoon, 16:55
Open / Comment
2022-05-16 13:39:24 သတိပြုရမည့် စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲနှင့် သတင်းအတု၊ သတင်းအမှားများ၏ အန္တရာယ် ဆောင်းပါးကောက်နှုတ်ချက်


• မြန်မာနိုင်ငံရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအထူးသဖြင့် ပြည်သူလူထု အသုံးများတဲ့ Facebook စာမျက်နှာတွေမှာ မီဒီယာအမည်ခံ Account အမျိုးမျိုးနဲ့ သတင်းစာသား၊ ဓာတ်ပုံ၊ ဗီဒီယိုများအသုံးပြုပြီး လုပ်ကြံဖန်တီး ထားတဲ့ သတင်းအတုတွေ၊ လိုရာ ဆွဲပြီး အမှန်၊ အမှားရောနှောထားတဲ့ သတင်းအမှားတွေကို ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲအစည်းများက လုပ်ဆောင်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။
• အကြမ်းဖက်မှုကိုလှုံ့ဆော်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေနဲ့ မြေပြင်က အပြစ်မဲ့ အရပ်သားပြည်သူတွေ၊ ဝန်ထမ်းတွေနဲ့ သံဃာတွေကို သတ်ဖြတ်မှုတွေက တစ်ပြိုင်တည်းဖြစ်ပေါ်နေသလို လူမှု့ကွန်ရက်ကနေ သတင်းအတု၊ သတင်း အမှားများနဲ့လည်း စဉ်ဆက်မပြတ်လှုံ့ဆော်မီးထိုးပေးလျှက်ရှိပါတယ်။
• ဒီလိုအခြေအမြစ်မရှိတဲ့ လုပ်ကြံသတင်းအတုနှင့် ပုံဖျက်သတင်းအမှားများဟာ လူမှု့ကွန်ရက်အသုံးပြုတဲ့ ပြည်သူများအတွက် သတင်းအဆိပ်အတောက် ဖြစ်စေပြီး ဆင်ခြင်သုံးသပ်နိုင်မှုအားနည်းတဲ့ ပြည်သူအချို့ယုံကြည်ပြီး အားပေး လှုံ့ဆော်မှုတွေ ဖြစ်ပေါ်နေတာ ယနေ့ပကတိအရှိတရားဖြစ်ပါတယ်။
• အစိုးရမဟုတ်တဲ့ ကြားနေ FACT CHECK (Volunteer)အဖွဲ့က သူတို့ရဲ့ စိစစ် တွေ့ရှိချက်တွေကို လူမှု့ကွန်ရက် Platform တွေဖြစ်တဲ့ Facebook ၊ Telegram၊ Twitter များပေါ်မှာ နေ့စဉ်စိစစ်ပြီး သတင်းအမှန်၊ သတင်းအမှား ခွဲခြားဖော်ပြ ပေးနေတာကိုလည်း တွေ့မြင်နေရပါတယ်။
• လက်ရှိနစကအစိုးရအနေနဲ့ နိုင်ငံကိုတည်ငြိမ်အောင် အုပ်ချုပ်နိုင်ခြင်းမရှိဘဲ Failed State အခြေအနေဖြစ်ဖို့ နီးလာနေကြောင်း ပုံဖော်နေပြီး တပ်မတော် ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နဲ့ ပြည်သူလူထုက တပ်မတော်အပေါ် အထင် လွဲမှားလာစေဖို့ ရည်ရွယ်လုပ်ဆောင်နေကြပါတယ်။
• သတင်းအတု၊ သတင်းအမှားတွေကို ရေးသားဖော်ပြပြီး ဝါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေတာကို ပြည်သူလူထုအနေနဲ့ ကိုယ်ပိုင် စဉ်းစားဉာဏ်ဖြင့် စဉ်းစားချင့်ချိန်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တပ်မတော်နှင့်အတူ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်နဲ့ လက်တွဲဆောင်ရွက်သွားကြပါလို တိုက်တွန်းနှိုးဆော် လိုက်ရပါ တယ်။
679 viewsZaw Yu Htoon, 10:39
Open / Comment
2022-05-16 13:28:43
ခရမ်းမြို့နယ်တွင် အမျိုးသားတစ်ဦးနေအိမ်အ တွင်းရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၊ဂွေးပင်ချောင်းကျေး ရွာတွင် နေအိမ်အတွင်းရှိနေသည့် ဦးအောင်ကျော်မြင့်ဦး(ခ)ကုလား(၄၀)နှစ်ခန့်သည် မေ ၁၆ ရက် (ယနေ့)နံနက် ၁၁ နာရီခွဲကျော်ခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

နေအိမ်အတွင်းရှိနေသည့် ဦးအောင်ကျော်မြင့်ဦး(ခ)ကုလားအား ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးမှ နေအိမ်အတွင်းသို့ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
594 viewsZaw Yu Htoon, 10:28
Open / Comment
2022-05-16 13:27:19
536 viewsZaw Yu Htoon, 10:27
Open / Comment
2022-05-16 13:27:13
468 viewsZaw Yu Htoon, 10:27
Open / Comment
2022-05-16 13:26:07 ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်၍ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအား ထောက်ခံကြိုဆိုပွဲပြုလုပ်

News Of Myanmar မေ ၁၆၊ ၂၀၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအား ထောက်ခံ ကြိုဆိုပွဲအားအား မေလ ၁၆ ရက်နေ့က နံနက်က နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ်
ဥပ္ပါတ သန္တိ တပေါင်းကွင်း တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းလုပ်ငန်းစဥ်များကို ကြိုဆို ထောက်ခံပွဲ အခမ်းအနားအား  ပြည်သူ ၆၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
525 viewsZaw Yu Htoon, 10:26
Open / Comment
2022-05-16 13:24:15
ဆီမီးဖိုင်နယ်တက်ရောက်သွားတဲ့
မြန်မာအမျိုးသမီးအသင်းအား နိုင်ငံတော်မှ
အမေရိကန် ဒေါ်လာ (၁)သိန်း ထပ်ဆောင်းချီးမြှင့်
ခဲ့ကြောင်းသိရှိရပါသည်။
525 viewsZaw Yu Htoon, 10:24
Open / Comment
2022-05-15 06:52:09
သာဓု သာဓု သာဓုပါ

၁၃.၅.၂၀၂၂ ရက်နေ့ ဗထူးတပ်မြို့၊ မင်းကြီးသုံးပါးစစ်ဆေးရေးဂိတ်၌ MDY/7M-8624၊ CANTER အမျိုးအစား(ဖြူရောင်)၊ (၆)ဘီးယာဉ်ပေါ်မှ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ -
M22 (Type 81-1) အမျိုးအစား(အသစ်)(၅၀)လက်၊ (7.62mm)ကျဉ်(၁၉၉၀၀)တောင့်၊ ကျည်အိမ် (၂၀၂)ခု၊ လက်ပစ်ဗုံး (၅၀)လုံး၊ အီကွေးမန့် (၅၀)စုံ။
1.0K viewsZaw Yu Htoon, 03:52
Open / Comment
2022-05-14 19:00:12
ဒီညနေ ထီလာမြို့ထဲသွားတာ စည်ကားချက်
တံတားပေါ်မှာ ကားတွေပိတ်
ရေလည်ဘုရား ၊ ကျောက်တော်ကြီး
နဂါးရုံဘုရား လူအပြည့်ပဲ

ဦးသိန်းစိန်ဘုရားနဲ့ ရွှေစောလူးဘုရားကြားက
ထီလာကန်ပတ်လည်မှာလဲ ကားဆိုင်ကယ်တိုးမပေါက်

ရွှေမြင်တင်ဘုရားမှာလဲ
ညောင်ရေသွန်းလောင်းမှုက လူအပြည့်ပဲ
ဆိုင်ကယ်တွေတောင် တပ်ထိန်းဂိတ်မှာ အပ်ကြရတယ်

မြို့ရွာအေးချမ်းတော့
မြို့သူမြို့သားတွေ ကိုယ်စိတ်ချမ်းသာစွာနဲ့
ဘုရားဖူး ကုသိုလ်တွေ အပြိုင်ယူနိုင်ကြတယ်

ချစ်သောထီလာမြို့ကြီး
ထာဝရ တည်ငြိမ်အေးချမ်းပါစေ
ထီလာသူ ထီလာသားအပေါင်း
ကိုယ်စိတ်နှစ်ပါး ကျမ္မာချမ်းသာကြပါစေ

ဇော်ယုထွန်း (ထီလာသွေး)
962 viewsZaw Yu Htoon, 16:00
Open / Comment
2022-05-14 05:45:25
မန္တလေးမြို့
လေးပြင်လေးရပ်ရှိ သံဃာတော် (၁၀၂၆၄) ပါးအား ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ။

မန္တလေး ၊ မေ ၁၄
263 viewsZaw Yu Htoon, 02:45
Open / Comment