Get Mystery Box with random crypto!

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 6

2022-05-20 19:55:42 ယခင် အိုးအိမ်ညွှန်ချုပ် ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးမင်းထိန် ကို တာဝန်မှ အနားပေး
476 viewsZaw Yu Htoon, 16:55
Open / Comment
2022-05-20 19:30:30 နေပြည်တော်အမြန်လမ်း ၁၁၅ မိုင်မှ စတင်ပြီး အတက်ရော၊ အဆင်းပါ ယနေ့ည ၈ နာရီခန့်က ပိတ်ထားခဲ့ကြောင်း သိရသည်။

တောင်ငူမြို့ အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွါးခြင်းကြောင့်ဟု ကြားသိရပြီး ယနေ့ (မေ ၂၀ ရက်) ည ၈ နာရီ ၁၅ မိနစ်မှစတင်ကာ အမြန်လမ်းကို ပိတ်ထားခြင်းဖြစ် သည်
501 viewsZaw Yu Htoon, 16:30
Open / Comment
2022-05-20 15:05:15
အကုသိုလ် အကျိုးပေး
ဝဋ်က ချက်ချင်းလည်တာ
ကိုယ့်ထိမှ နာတတ်နေတာ
ကိုယ့်ပူမှ အပူမှန်း သိသတဲ့လား
32 viewsZaw Yu Htoon, 12:05
Open / Comment
2022-05-20 14:54:53
ယနေ့ ငြိမ်းချမ်းရေးထောက်ခံပွဲ နှင့် ပြည်ပစွတ်ဖက်နှောင့်ယှက်မှုကန့်ကွက်ရှုံ့ချပွဲ (ရန်ကုန်)
51 viewsZaw Yu Htoon, 11:54
Open / Comment
2022-05-20 14:52:15
ခင်ဦးမြို့ပေါ်က နာမည်ကြီးစတိုးဆိုင်PDF ဓားပြတိုက်
*************************************

မေ ၊ ၂၀-၂၀၂၂


စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ အောင်ချမ်းသာရပ်ကွက် ၊ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာရှိ စားသောက်ကုန်နဲ့ စတိုးဆိုင်ဟာ မနေ့က ၊ ညနေပိုင်းမှာPDF မှ ဓားပြတိုက်ပြီး ဆိုင်ထဲရှိ ပစ္စည်းတွေ ဖျက်ဆီးခံရတယ်လို့ ခင်ဦးမြို့ခံတွေဆီက သိရပါတယ်။

" သေနတ်တွေကိုင်ထားတဲ့PDF လူငယ် ၁၀ ယောက်ကျော်က ဟန်နီစတိုးကို ဓားပြတိုက် လုယက်ဖျက်ဆီးသွားတာ " လို့ အဲ့ဒီစတိုးဆိုင် အနီးဝန်းကျင်က ပြောပါတယ်။

သေနတ်တွေကိုင်ပြီး စတိုးဆိုင်ထဲဝင်ရောက်လာသူတွေက ကောင်တာထဲက ပိုက်ဆံ သိန်း ၂၀ ကျပ် ၊ ဆိုင်ဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်း ၂ လုံး ၊ ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV ကွန်ပျူတာဘောက်တွေကို ယူဆောင်ပြီး ဆိုင်ထဲက မှန်ကောင်တာတွေနဲ့ စျေးကုန်ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးသွားတာဖြစ်ပါတယ်လို့ သိရပါတယ်
60 viewsZaw Yu Htoon, 11:52
Open / Comment
2022-05-20 14:49:45 မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၂/၂၀၂၂)
===========================
(၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၃၀)နာရီအချိန်ထုတ်ပြန်ချက်
============================================
(က) ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)အခြေအနေ
------------------------------------------------------------
(၁) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ် ကျော်ဝင်ရောက်လျက်ရှိပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression) အဖြစ် ဆက်လက်တည်ရှိနေပါသည်။
(၂) ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိ သည့် အခြေအနေဖြစ်ပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) နောက်(၆)နာရီအတွင်းခန့်မှန်းချက်
---------------------------------------
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် နောက်(၆)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ အနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဂ) သတိပေးနှိုးဆော်ချက်
--------------------------
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် ယနေ့ညနေ မှ (၂၁.၅.၂၀၂၂)ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီး ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုး သက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက် ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါ သည်။
(ဃ) အကြံပြုချက်
-------------------
သို့ဖြစ်ပါ၍ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်းနှင့်အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

# မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
71 viewsZaw Yu Htoon, 11:49
Open / Comment
2022-05-20 14:40:47
92 viewsZaw Yu Htoon, 11:40
Open / Comment
2022-05-19 16:08:57 ရခိုင်လူထု ဒုက္ခမရောက်ရေး
စိတ်ရှည်သည်းခံကာ ထိန်းသိမ်းနေ
ခြင်းဖြစ်ပြီး ပြဿနာဖြစ်လာပါက
တပ်မတော်ကို အဆိုးမဆိုရန် ဗိုလ်
ချုပ်ဇော်မင်းထွန်း သတိပေး

မျိုးကြီး (NP News) - မေ ၁၉

ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေရေးအတွက် စိတ်ရှည်သည်းခံကာ ထိန်းသိမ်းနေခြင်းဖြစ်ပြီး ပြဿနာဖြစ်လာပါက တပ်မတော်ကို အဆိုးမဆိုရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတိပေးပြောဆိုလိုက်သည်။

နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (မေလ ၁၉ ရက်)၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၏ ပြောဆိုသောစကားများထဲတွင်တိုက်ပွဲခေါ်နေသည့် ပုံစံမျိုး၊ လက်နက်ကိုင်ပဋိပက္ခကို ဖိတ်ခေါ်နေသည့် ပုံစံမျိုးကိုတွေ့လာရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထို့ပြင် AA အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဌာနချုပ်ကို ခြိမ်း ခြောက်သောပုံစံမျိုးပါ တွေ့နေရကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

“သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ ကျွန်တော်တို့လုပ်နေတာက ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်း သိမ်းနေတာဖြစ်ပါတယ်။ ထပ်ပြောပါမယ် ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုရဲ့ငြိမ်းချမ်းရေးအတွက် လုပ်နေတာဖြစ်ပါတယ်။ အဲဒီအတွက် အခုဖြစ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ် လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ပဲ ကျွန်တော်ပြောချင်ပါ တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းသတိပေးခဲ့သည်။

ယခင်က လက်နက်ကိုင်ပဋိပက္ခများခဲ့သော ရခိုင်ပြည်နယ်တွင် ပြန် လည်ငြိမ်းချမ်းလာသည်ကိုတွေ့ရပြီး ယခုနောက်ပိုင်းတွင် AA အနေဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများကို ဝင်ရောက်နှောက်ယှက်လုပ် ဆောင်ခြင်းမျိုးတွေ့ရပြီး အတော်ကိုသည်းငြီးခံနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက AA အဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်အချို့ကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

“ပုဂ္ဂလိကပိုင်းဆိုင်ရာတစ်ခုပြောချင်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ သဘောထားပေါ့လေ ကျွန်တော်ပြောလိုပါတယ်။ ဒီ AA ရဲ့ခေါင်း ဆောင်ဖြစ်တဲ့ ထွန်းမြတ်နိုင်ရဲ့ မိန်းမနဲ့ကလေးတွေ ဆွစ်ဇာလန်မှာရှိပါတယ်။ သူ့ရဲ့အဖေပေါ့နော် ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဦးစံလှကျော်၊ ယခင်က ရခိုင်လွှတ်တော်ဥက္ကဋ္ဌ၊ ဦးစံလှကျော်က ၂ဝ၂၁ ခုနှစ် နိုဝင်ဘာ လလောက်မှာ သူ့သမီးနဲ့မြေးဆီလိုက်သွားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကို တင်ပြပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူသားချင်စာနာထောက်ထားမှု၊ ငြိမ်းချမ်းရေးအကျိုးရှေ့ရှု့ပြီး လွှတ်ပေးလိုက် ပါတယ်။ လွတ်လွတ်လပ်လပ်ပဲ သွားခိုင်းလိုက်ပါတယ်။ ဒါကျွန်တော်တို့ရဲ့ သဘောထားပါ” ဟု ထည့်သွင်းပြောဆိုခဲ့သည်။

AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများနှင့်ပတ်သက်၍ လိုက်လံစည်းရုံးမှုများရှိနေပြီး မည်သည့်အကြောင်းအရာများစည်းရုံးနေသည်ကိုလည်း သိနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီအချိန်က ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ စေ့စပ်ညှိနှိုင်းပေးမှုဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားခြင်းဖြစ်ကြောင်း သိရသည်။
#TFM
269 viewsZaw Yu Htoon, 13:08
Open / Comment
2022-05-19 14:32:13 မြန်မာရွှေထပ်ရပြီ

အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲမှာ
မြန်မာအမျိုးသမီးအသင်းဟာ အိမ်ရှင်
ဗီယက်နမ်အသင်းကို အနိုင်ယူပြီး
ရွှေတံဆိပ်ယူပေးခဲ့ပါပြီ
326 viewsZaw Yu Htoon, 11:32
Open / Comment
2022-05-18 21:59:34
ဆဌမမြောက်ရွှေ ထပ်ရပြီ

၁၈.၅.၂၀၂၂ ရက်နေ့၊ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲမှ ခိုင်ဝါဖူးနှင့် မေဟန်နီအောင်လွင်တို့မှ မြန်မာနိုင်ငံအတွက် ဆဌမမြောက် ရွှေတံဆိပ်ဆုကိုဆွတ်ခူးရရှိခဲ့

Myanmar update new
529 viewsZaw Yu Htoon, 18:59
Open / Comment