Get Mystery Box with random crypto!

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 8

2022-05-13 19:46:46
ဒေါက်တာခင်ဆောင်၊အေးမင်းထွန်း၊ခင်မောင်၊ဟန်ဝင်းမြတ်၊သီရိရတနာ၊PDFအများအပြားအားဖောက်ခွဲရေးသင်တန်းပေးနေသောKNUတပ်မဟာ၁စခန်း

KNUတပ်မဟာ၃နယ်မြေနှင့်၅
နယ်မြေထိစပ်နေသောပလောခိုရွာပလောခိုဂွင်လို့သိရပါတယ်
ကျိုက်ထိုသိမ်ဇရပ်မြို့နယ်မှ ပ
လောခိုသို့အဝင်အထွက်လမ်းတွေသာတွေ့ရှိ့ပြီးမြေပြင်စုံစမ်းချက်အရအောက်ခြေမိုးဘောနတ်စင်ရွာမှာပင်KNU,PDF
ကင်းစခန်းများစစ်ကြောင်းများရှိနေတယ်လို့သိရပါတယ်။ချောင်းစောက်ရွာသစ်ဘက်မှာဆိုလျင်သစ်ကွင်းလမ်းတွေရှိ
နေပြီးPDFတွေသွားလာနေသလို၊ကျောင်းရွာလမ်း မဲရုံကြီး မဲရုံလေးလမ်းမှာဆိုလျင်လည်း
PDF+KNUများကနေ့စဉ်ဆိုင်ကယ်များဖြင့်သွားလာနေတာတွေ့မြင်ရတယ်လို့မြေပြင်သတင်းအရသိနေရ

တပ်မဟာ၁အခြေချရာပလောခိုရွာကိုမြေပြင်စုံစမ်းရေးအဖွဲ့တွေစေလွှတ်ရန်ခက်ခဲလွန်းပြီး အပေါ်ပိုင်းမှာPDF,KNUများစွာရှိနေတာကြောင့်သွားလာရခက်
ခဲပါတယ်လို့သတင်းပေး။

ချောင်းစောက်ရွာသစ်လမ်းမှ၊
မိုးဘောနတ်စင်လမ်းမှတက်သွားလျင်မွန်ပြည်နယ်အစပ်၊ပဲ
ခူးတိုင်းဒေသကြီးအစပ်၊ကရင်
ပြည်နယ်အစပ်ဖြစ်တဲ့နေရာမှာတော့ အဆောက်အဦးများတွေ့ရပီးရွာအမည်တော့မဖော်ပြထားပါဘူး။ဒီနေရာကိုသံသယဖြစ်မိပါတယ်။

ပလောခိုရွာဟုတ်မဟုတ်ဆိုတာတော့မသိရသေး၊အနီးစပ်ဆုံးနေရာဖြစ်မယ်လို့ယူဆမိပါတယ်။

Truth Media
326 viewsZaw Yu Htoon, 16:46
Open / Comment
2022-05-13 19:40:05 ပြည်လမ်းနှင့် အင်းယားလမ်းထောင့်ရှိ Police Box တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်နှစ်ဦးကို အကြမ်းဖက်သမားနှစ်ဦးမှ သေနတ်ဖြင့်အနီးကပ်ပစ်ခတ်သွား၊ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရ

News Of Myanmar မေလ ၁၃၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၂) ရပ်ကွက်၊ ပြည်လမ်းနှင့် အင်းယားလမ်းထောင့်ရှိ ယာဉ်ထိန်း Police Box တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်နှစ်ဦးကို မေလ ၁၃ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန်တွင် အကြမ်းဖက်သမားနှစ်ဦးမှ ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

အကြမ်းဖက်လူငယ် နှစ်ဦးသည် လမ်းသွားလမ်းလာဟန်ဆောင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အနီးကပ် ၁၁ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
307 viewsZaw Yu Htoon, 16:40
Open / Comment
2022-05-13 18:00:32
အမျိုးသမီးအသင်း က ထိုင်းကို သရေ ကျပြီး အမျိုးသားအသင်းက အိမ်ရှင်အသင်းကို ရှုံးနိမ့်ခဲ့။
320 viewsZaw Yu Htoon, 15:00
Open / Comment
2022-05-13 16:08:41
332 viewsZaw Yu Htoon, 13:08
Open / Comment
2022-05-13 16:08:34 ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*****************************

#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
#ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။
314 viewsZaw Yu Htoon, 13:08
Open / Comment
2022-05-13 15:58:36
မြန်မာအမျိုးသမီးလှေလှော်အသင်း ကြေးတံဆိပ်ဆုဆွတ်ခူး

ဗီယက်နမ်နိုငိငံ၌ ကျင်းပလျက်ရှိသည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာအမျိုးသမီးလှေလှော်အသင်းမှ မေ ၁၃ ရက်(ယနေ့)တွင် ကြေးတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးလှော်လှော်ပြိုင်ပွဲတွင် မြန်မာအမျိုးသ မီးလှေလှော်အသင်းမှ ၈ မိနစ် ၂၅ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ပြီး ကြေးတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ခြင်းဖြစ် သည်။

အလားတူ အိမ်ရှင်ဗီယက်နမ်အမျိုးသမီးလှေလှော်အသင်းမှ ၈ မိနစ် ၁၁ စက္ကန့်ဖြင့်ပန်းဝင်ခဲ့ကာ ရွှေတံဆိပ်ဆုအားရရှိခဲ့ပြီး အင်ဒိုနီးရှားအမျိုးသ မီးလှေလှော်အသင်းမှ ၈ မိနစ် ၂၁ စက္ကန့်ဖြင့်ပန်းဝင်ခဲ့၍ ငွေတံဆိပ်ဆုများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
268 viewsZaw Yu Htoon, 12:58
Open / Comment
2022-05-13 14:40:49
ရေစကြိုမြို့နယ်တွင် မော်တော်ယာဉ်အားမီးရှို့ဖျက်ဆီး၍ အမျိုးသမီးတစ်ဦး အသတ်ခံရမှုဖြစ်စဉ်ဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇယက်မကျေးရွာအနီးတွင်မေလ၁၂ရက် ညနေ၆နာရီခွဲက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ မော်တော်ယာဉ်တစ်စီးအားမီး ရှို့ဖျက်ဆီး၍ အမျိုးသမီးတစ်ဦး အသတ်ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
279 viewsZaw Yu Htoon, 11:40
Open / Comment
2022-05-13 14:39:38 ၂၀၂၂ ခုနှစ် မတ်လတွင်း ပြည်ပသို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ရော်ဘာတန်ချိန် ၄၆၃၉၀ ခန့်တင်ပိုမှုမှ ဒေါ်လာ ၇၁ သန်းကျော်ရရှိ
267 viewsZaw Yu Htoon, 11:39
Open / Comment
2022-05-13 14:21:16
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အစိုးရနှင့် တပ်မတော်သည် တစ်ခုတည်းဖြစ်သောကြောင့် နစက ဥက္ကဌ အနေဖြင့် ၎င်းကိုယ်တိုင် တွေ့ဆုံဆွေးနွေးမည်ဟု ကမ်းလှမ်းထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဆွေးနွေးမှုများကို ချက်ချင်းဆုံးဖြတ်ပေးနိုင်သည့် အခွင့်အလမ်းရှိနေကြောင်း ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ပြောကြားခဲ့ကြောင်းသိရသည်။ ထိုပြင် တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ နိုင်ငံတစ်နိုင်ငံလုံး သေနတ်သံတိတ်သွားမှ ငြိမ်းချမ်းမှာဖြစ်ကြောင်း ၊ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးမျှော်မှန်းချက်ထားရမယ်လို ကျွန်တော်မြင်မိပါကြောင်း ၊ သိုသော်လည်းအခုကာလမှာ တပ်ချုပ်က ဒီလိုမျိုးကမ်းလှမ်းတယ်ဆိုတာက သူ့မှာဆုံးဖြတ်နိုင်ခွင့်ရှိကြောင်း ၊ နောက်တစ်ခုခိုင်မာလာဖိုအတွက်ကတော့ လွှတ်တော်ပေါ်ပေါက်လာတဲ့အခါမှ သဘောတူညီချက်တွေ ကတိကဝတ်တွေက တရားဝင်ခိုင်မာမှုရှိအောင် ဆက်လုပ်ရမယ်လို တွေးမြင်မိကြောင်း ပြောကြားတယ်လိုသိရပါသည်။
266 viewsZaw Yu Htoon, 11:21
Open / Comment
2022-05-13 14:14:08
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုနယ်၊ ထုံးဘိုကျေးရွာတွင် တည်ထားမည့် သီတဂူဆန်ချီစေတီတော်ပုံစံတူနှင့် သီတဂူနွေရာသီဝိဟာရစံကျောင်းတော် ရတနာအုတ်မြစ်စီ မင်္ဂလာ အခမ်းအနားအား ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။အခမ်းအနား၌ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရုသီတဂူဆရာတော်ဘုရားကြီးကကျောင်းအနုမောဒနာတရားမိန့်ကြားခဲ့ပြီး အလှူရှင်များက အလှူငွေများ လှူဒါန်းဆက်ကပ်ကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရှိရသည်။
260 viewsZaw Yu Htoon, 11:14
Open / Comment