Get Mystery Box with random crypto!

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 11

2022-05-04 06:22:43 လှိုင်သာယာတွင် သေနတ်ပြပြီး ငွေနှင့်ဆိုင်ကယ်လုယက်

News Of Myanmar မေ ၃၊ ၂၀၂၂

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ (၆)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းကားလမ်းနှင့် ပီမိုနင်းလမ်းထောင့်ရှိ ရွှေစံအိမ်လက်ဘက်ရည်ဆိုင်တွင် မေလ ၃ရက် နံနက် ၉း၃၀နာရီက သေနတ်ပြပြီး ငွေသုံးသိန်းလုယက်သွားကြောင်း သိရသည်။

ဦးတင့်ဆန်းပါငါးဦးသည် လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်သောက်ရင်း ဦးတင့်ဆန်းက သူ၏ငွေ သုံးသိန်းကိုရေတွက်နေစဉ် ဘေးစားပွဲတွင်ထိုင်နေသော လူငယ်တစ်ဦးက သေနတ်တစ်ချက်ဖောက် ခြိမ်းခြောက်ကာ ငွေသုံးသိန်းကို လုယူသွားခဲ့သည်။

ငွေလုသူသည် မင်းရဲကျော်စွာ (၁၆)လမ်းထိပ်အရောက်တွင် ဆိုင်ကယ်ကယ်ရီသမား အောင်ဇော်ထွန်း၏ ဆိုငိကယ်ကို သေနတ်ပြကာ လုယူထွက်ပြေးသွားကြောင်း သိရသည်။

News Of Myanmar
378 viewsZaw Yu Htoon, 03:22
Open / Comment
2022-05-04 06:16:46
"ချမ်းမြသာစည်မြိုနယ်၌ လုံခြုံရေးတပ်ဖွဲမှ သတင်းအရ Green House Inn သို ဝင်ရောက် စစ်ဆေးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်သမား ၅ ဦးသေ၊ ၁ ဦးဒဏ်ရာဖြင့်ဖမ်းမိ"

မန္တလေးမြို၊ ချမ်းမြသာစည်မြိုနယ်၊ ကံသာယာရပ်ကွက်ရှိ Green House Inn ၏ အခန်းတစ်ခန်းကို လုံခြုံရေးတပ်ဖွဲမှ သတင်းအရ ဝင်ရောက်စစ်ဆေးရန် တံခါးဖွင့်ခိုင်းရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဥ်တစ်ခု ယနေ (မေ ၃ ရက်) မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ Green House Inn ၌ အကြမ်းဖက်အုပ်စုမှ ထိခိုက်ဒဏ်ရာရသူအချိုရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲက ဝင်ရောက်စစ်ဆေးရာ အခန်းအတွင်းမှ စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်အတွင်း အခန်းအတွင်းမှ သေဆုံးသွားသည့် အကြမ်းဖက်သမား အလောင်း ၅ လောင်းကို လူမှုကူညီကယ်ဆယ်ရေးအသင်းကားများဖြင့် သယ်ဆောင်သွားကာ ထိခိုက်ဒဏ်ရာရရှိထားသည့် အကြမ်းဖက်သမားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည့်အပြင် အခန်းအတွင်းမှ သေနတ်တစ်လက်၊ ကျည်ဆန်အချိုနှင့် လက်ပစ်ဗုံးတစ်လုံးတိုကို လုံခြုံရေးအဖွဲဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
381 viewsZaw Yu Htoon, 03:16
Open / Comment
2022-05-04 06:05:53
မိုးညှင်း မှ ပန်းမြတ်မွန် (ရှေ့နေ) ဖမ်းမိပြီ
အကြမ်းဖက်မှုနဲ့ဖော်ထုတ်စစ်ဆေးရာ
မူးယစ်ဆေးဝါးများပါမိလို့(၂)မှု ဖြစ်
သူ့ယောကျာ်းအမည် ဒေါက်တာလင်းထက်နောင်
CDM ဆရာဝန် (မိုးညှင်းဆေးရုံ)
ယခု စစ်ကိုင်း PDF
384 viewsZaw Yu Htoon, 03:05
Open / Comment
2022-05-03 14:09:55
ရွှေဘို ဆိတ်ခွန်ရွာတွင်ပီဒက်တစ်ကောင်အားအသေပစ်သတ်ဖမ်း

မေ ၃၊ ၂၀၂၂

ရွှေဘိုမြိုနယ်၊ဆိတ်ခွန်ကျေးရွာအနီးPDFရှိင်းထူးအောင်ဆိုသူဆိုင်ကယ်စီးလာစဉ်စစ်ဆေးဖို့ရပ်ခိုင်းရာပြန်လှည့်ပြေးလို့ပစ်ခတ်ဖမ်းဆီးအသေမိဟုသိရှိရပါသည်။
257 viewsZaw Yu Htoon, 11:09
Open / Comment
2022-05-03 14:08:43
ဟုသိရ
260 viewsZaw Yu Htoon, 11:08
Open / Comment
2022-05-03 13:16:26 ယူနိုက်တက် အမရာဘဏ်ယာဉ်မောင်းမှ ကျပ်သိန်းနှစ်ထောင်ကျော် ခိုးယူထွက်ပြေး

News Of Myanmar မေလ ၃၊ ၂၀၂၂

ယူနိုက်တက်အမရာဘဏ်မှ ယာဉ်မောင်းရာဇာထက်သည် ကုမ္ပဏီတစ်ခုမှ ငွေလွှဲရန်သိမ်းဆည်းလာသော ငွေကျပ် (၂၁၉၅) သိန်းကို မေလ ၃ ရက်နေ့လယ်က ကားရွှေ့ခိုင်းစဉ်ယူဆောင်ခိုးပြေးသွားကြောင်းသိရသည်။

အဆောင်ကောင်းကုမ္ပဏီမှ မြိတ်သို့ငွေကျပ်၂၁၉၅ သိန်းလွှဲလိုကြောင်း ဖုန်းဆက်သဖြင့် ယူနိုက်တက်အမရာဘဏ်မှအကြီးတန်းစာရေး ဦးကြည်စင်ငြိမ်း၊အငယ်တန်းစာရေး ဒေါ်ခင်မို့မို့အောင်နှင့် ယာဉ်မောင်းရာဇာထက်တို့သည် ယာဉ်အမှတ် YGN 5Q/Nissan Camery ကားဖြင့်ငွေကိုသွားရောက်လက်ခံခဲ့သည်။

အပြန်တွင် တောင်ဥက္ကလာပမြို့၊ (၁၅) ရပ်ကွက်၊ မြင်သာ (၂) လမ်းရှိ ဦးကြည်စင်ငြိမ်း၏အိမ်သို့ နေလယ်စာစားရန်သွားခဲ့ကြသည်။ လမ်းအတွင်းနာရေးကြောင့်ကားများပိတ်နေသဖြင့် ရာဇာထက်မှကားကိုနေရာရွှေ့မည်ဟုပြောကာထွက်သွားပြီး ပြန်မလာသောကြောင့် ဘဏ်ရုံးချုပ်သို့ဖုန်းဆက်အကြောင်းကြားခဲ့သည်။ ကားကိုလိုက်လံရှာဖွေရာ (၇) ရပ်ကွက်၊ ရာဇသူရ (၄) လမ်းတွင်ရပ်ထားသည်ကိုတွေ့ပြီးယာဉ်မောင်းရာဇာထက်နှင့် ကျပ် (၂၁၉၅) သိန်းပျောက်ဆုံးသွားသဖြင့်အမှုဖွင့်လှစ်ထားကြောင်းသိရသည်။

News Of Myanmar
274 viewsZaw Yu Htoon, 10:16
Open / Comment
2022-05-02 17:43:47 လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးအား တာဝန်မှ ရပ်စဲလိုက်ကြောင်းနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနဟူ၍ ဌာန(၂)ခု ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါ ဌာန(၂)ခုအတွက် ဦးသောင်းဟန်အား ဝန်ကြီးတာဝန် ပူးတွဲခန့်အပ်လိုက်ကြောင်းသိရသည်။

MTN
260 viewsZaw Yu Htoon, 14:43
Open / Comment
2022-05-02 11:31:56 စစ်ကိုင်းတိုင်း ချောင်းဦး
ကင်မွန်းတော်ကျေးရွာက
အမျိုးသမီး (၅) ဦးနဲ့ အမျိုးသား (၇) ဦးတို့ကို
အမြင့်မြို့ဈေးမှ ကား၊ ဆိုင်ကယ်များဖြင့်
ဈေးဝယ်ပြန်လာချိန် PDF အကြမ်းဖက်
သောင်းကျန်းသူများမှ ပျူစောထီးဟု
စွပ်စွဲပြောဆိုကာရက်စက်စွာ
Tတ်ဖြတ်ခဲ့ကြပါတယ်
အမျိုးသမီးငယ် ၂ ဦးကိုလည်း
အဓမ္မကျင့်Tတ်ဖြတ်သွားပါတယ်
သေဆုံးသွားတဲ့သူတွေကတော့
ကင်မွန်းတော်ကျေးရွာမှ
ဗျားကြီး၊ ယဉ်မာဌေး၊ သွယ်ဇင်ဝင်း၊ တင်တင်မော်၊ စန်းညွန့်စိန်၊ သက်နှင်းဝေနဲ့ ကျော်ဆွေ၊ စိုးသန်း၊ သန့်ဇင်မင်း၊ လှိုင်မျိုးထွန်း၊ ဖိုးဇော်၊ ငမင်းတို့ဖြစ်ပါတယ်။
354 viewsZaw Yu Htoon, 08:31
Open / Comment
2022-05-02 07:41:30 မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ NLD ပါတီ စည်းရုံးရေးမှူး ဇော်ကြီး သတ်ဖြတ်
ခံရသဖြင့် သေဆုံး
……………………………….

မန္တလေး၊ မေ ၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ NLD ပါတီ စည်းရုံးရေးမှူး ဦးဇော်ကြီးသည် ယနေ့ နံနက်ပိုင်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ဦးဇော်ကြီးကို လုပ်ကြံသတ်ဖြတ်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း သွေးသောက်အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်အပေါ် သွေးသောက်အဖွဲ့က “အမရပူရ၊ NLD ပါတီစည်းရုံးရေးမှူး PDF ဒလန်ဇော်ကြီးကို ရှင်းလင်းလိုက်ကြောင်း” ထုတ်ပြန်ထားသည်။

လက်ရှိအချိန်၌ NUG/CRPH/NLD/PDF အဖွဲ့များနှင့် ပတ်သက်သူများကို သွေးသောက်အဖွဲ့က ရှင်းလင်း လျက်ရှိနေသလို အဆိုပါအဖွဲ့သည် တပ်မတော်နှင့် လုံးဝပတ်သက်ခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ PDF အဖွဲ့၏ လက်ချက်ကြောင့် သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံရေးဝန်ထမ်းများအပါအဝင် ပြည်သူတစ်ထောင်ကျော် သေဆုံးခဲ့ရသည်။

#Newvisionmedia
373 viewsZaw Yu Htoon, 04:41
Open / Comment
2022-05-02 06:31:32
ယနေ့ မန္တလေး မှာ လူသေအလောင်း ၂ လောင်း တွေ့ရှိမှု

ယနေ့မနက် ၀၅၃၀ အချိန်ခန့်အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာနှင့် မှန်းတန်းကွက်သစ် ကပ်ကျော်ဘုရားကြား တာဘောင်လမ်းတွင်အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိကြောင်း သတင်းအရ တာဝန်ရှိသူများမှ သွားယောက်ကြည့်ရှု့ စစ်ဆေးခဲ့ရာ တာဘောင်ဘေး တွင် အမျိုးသားတစ်ဦး(စိစစ်ဆဲ)အား လက်နောက်ပြန် ကြိုးတုပ်လျက် လည်ပင်းနှင့် ဝဲ ယာ နံ ထိုးသွင်းဒဏ်ရာ တစ်ချက်စီဖြင့်သေဆုံးလျက်တွေ့ရှိရကြောင်း၊ သေဆုံးသူလည်ပင်းတွင် သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး (MDY) စာသားပါအနီရောင် လည်ဆွဲ ကဒ်တစ်ခုနှင့် အတူ တွေ့ရှိရပြီး သေဆုံးသူနှင့် သတ်သွားသူများအားလိုက်လံစုံစမ်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဆက်လက်ပြီး မန္တလေးမြို့ တက်သေးအင်းကန်ပါတ်လမ်းအနီးတွင် အမျိုးသားတစ်ဦး အား အနီရောင်သွေးသောက်အဖွဲ့ စာတမ်းချိတ်ဆွဲသေဆုံးလျှက်တွေ့ရှိရကြောင်းသိရသည်။

.
2.4.2022
Min Htet
374 viewsZaw Yu Htoon, 03:31
Open / Comment