🔥 Burn Fat Fast. Discover How! 💪

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 14

2022-04-27 17:28:33
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ဝတ္တုကံတော်ရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော် သီမာသမ္မုတိ သိမ်သမုတ် ကံဆောင်ခြင်း အောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနားသိုတက်ရောက်ကြည်ညို
183 viewsZaw Yu Htoon, 14:28
Open / Comment
2022-04-27 17:27:42 လက်ရှိ အကြမ်းဖက်ဖြစ်စဉ်များ လျင်မြန်စွာ ချုပ်ငြိမ်း ရန်အတွက်ပြည်သူ့လုံခြုံရေးစနစ်ကို တိုးမြှင့်ဆောင်ရွက်နေပြီဟုဆို

ဧပြီ ၂၇ ၊ ၂၀၂၂ TRN

လက်ရှိ အကြမ်းဖက်ဖြစ်စဉ်များ လျင်မြန်စွာ ချုပ်ငြိမ်း ရန်အတွက်ပြည်သူ့လုံခြုံရေး
စနစ်ကို တိုးမြှင့်ဆောင်ရွက်နေပြီဟု နစက ပြောရေးဆိုခွင့်ရှိသူပြန်ကြားရေးဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်း က အတည် ပြု ထုတ်ဖော်
ပြောကြားလိုက်သည်။

ဧပြီလ ၂၇ ရက် မွန်းလွဲပိုင်းကနေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသော ၁၃ကြိမ်မြောက် နစက သတင်းစာရှင်းလင်းပွဲ တွင် နစကပြန်ကြားရေး အဖွဲ့ခေါင်းဆောင်
ဗိုလ်ချုပ်ဇော်မင်းထွန်းကအထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က '' ကျွန်တော်တို့အနေနဲ့ ပြည်သူပါဝင်တဲ့ပြည်သူ့လုံခြုံရေးစနစ်ကို ပြည်သူပါဝင်တဲ့ အင်အားလိုအပ်တဲ့
အထောက်အပံ့ပစ္စည်း အပြည့်အစုံနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ဒီစနစ်ပုံဖော်လာတာနဲ့အမျှလက်ရှိအကြမ်းဖက်ဖြစ်စဉ်တွေလျင်မြန်စွာချုပ်ငြိမ်းသွားမှာသာ ဖြစ်ကြောင်းအသိပေးပြောကြားလိုပါတယ်''လို့ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ ပြည်သူ့လုံခြုံရေး စနစ်ထဲတွင် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊လုံခြုံရေး
အထောက်အကူပြုအဖွဲ့အစည်းများသာမကဘဲ ပြည်သူများ ကိုယ်တိုင် ပါဝင်နိုင်ရေး ဆောင်ရွက်
သွားမည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ထပ်လောင်းပြောကြားခဲ့သည်။

ပြည်သူ့လုံခြုံရေးစနစ်ကို
အိမ္နီး ချင်း တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် လက်ရှိ အကောင်အ ထည်ဖော်ဆောင်ရွက်နေပြီး အာဆီယံနိုင်ငံများထဲတွင် လည်း ဖိလစ်ပိုင်၊ဗီယက်နမ်စသော နိုင်ငံတို့တွင် ကျင့်သုံးဆောင်ရွက်နေရာ ကမ်ဘာပေါ်တွင် ယင်းစနစ်ကို နိုင်ငံပေါင်း ၃၉ နိုင်ငံ က ကျင်းသုံးနေကြောင်း သိရသည်။
182 viewsZaw Yu Htoon, 14:27
Open / Comment
2022-04-27 17:25:38 PDF အကြမ်းဖက်ဓားပြလူသတ်သမားအဖွဲ့မှ
အပြစ်မဲ့ပြည်သူများအားသတ်ဖြတ်

ဧပြီ ၂၇

သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်၊ ဗိုလ်နေဝင်းလမ်း၊ မမစ (သဖဇရ)၏ မြောက်ဘက်(၂)ဖာလုံခန့်အကွာ ခမမပည(LT-641654)ရှိ ပွိုင့်စားသောက်ဆိုင် အတွင်းသို့ အမည်မသိလူ(၂)ဦး၊ ဆိုင်ကယ်(၁)စီးဖြင့် ရောက်ရှိလာပြီး တစ်ဦးမှ ဆိုင်ရှေ့တွင် ဆိုင်ကယ်ဖြင့် အသင့်စောင့်ဆိုင်းကာ ကျန်(၁)ဦးမှာ ဆိုင်နောက်ပေါက်မှ ဆိုင်တွင်းသို့ ဝင်ရောက် ပြီး မီးဖိုချောင်၌ အသုပ်သုပ်နေသည့် ဆိုင်ပိုင်ရှင် ဦးကျော်ညီလင်း(ခ)သားကြီး (သ)၃၆)နှစ်၊ (ဘ)ဦးထင်ကျော်၊ မပတ(ရှိ/မမှတ်မိ)၊ မွန်/ဗုဒ္ဓ၊ ကျောင်းပိုင်းရပ်ကွက်၊ သံဖြူဇရပ်မြို့နေသူအား သေနတ်ဖြင့် (၃)ချက်ပစ်ခတ်ခဲ့ရာ ဦးကျော်ညီလင်း(ခ)သားကြီးတွင် ယာနားထင်ကျည်ဖောက် ဝင်ဒဏ်ရာ(၁)ချက်၊ ယာပါးကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)တို့ရရှိပြီး ၁၁၃၀ အချိန် သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိ။
176 viewsZaw Yu Htoon, 14:25
Open / Comment
2022-04-27 17:23:03
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မကျီးသုံးပင် ကျေးရွာမြောက်ဘက်ရှိတောအတွင်း နယ်မြေ ရှင်းလင်းရာမှ အကြမ်းဖက် ကျား ၂ လောင်း၊ လက်လုပ်ပစ္စတို ၂ လက်၊ လူဂါပစ္စတိုကျည် ၃ တောင့်၊ ဓား ၂ ချောင်း၊ ပြောက်ကျားအင်္ကျီ ၁ ထည် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါသည်။
179 viewsZaw Yu Htoon, 14:23
Open / Comment
2022-04-27 09:30:29
ဒေါ်အောင်ဆန်းစုကြည်အား ထောင် ၅ နှစ်ချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ်ကျခံစေဖို့ ဒီကနေ့မှာ နေပြည်တော်အထူးတရားရုံးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာတွေယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အမှုကို အပြီးသတ်ဆုံးဖြတ်ချက်ချလိုက်တာပါ။

အမှုနဲ့ ပတ်သတ်ပြီး ဦးဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့ဟာတရားလိုပြသက်သေတွေအဖြစ် ထွက်ဆိုခဲ့ကြတာရှိပါတယ်။
335 viewsZaw Yu Htoon, 06:30
Open / Comment
2022-04-27 09:17:53
အဂတိမှု နဲ့ ထောင်ဒဏ် ၅ နှစ်
ယနေ့ချလိုက်ပါတယ်

တန်ပါတယ် အကယ်ဒမီရွှေ ၇ ပိဿာ နဲ့
အမေရိကန် ဒေါ်လာ ၆ သိန်း
ထောင် ၅ နှစ်
336 viewsZaw Yu Htoon, 06:17
Open / Comment
2022-04-27 06:32:39 ယနေ့ နေ့လည်တွင် ရေနံချောင်းမြို့မှ ထွန်းပေါက်အောင်မြင်လာသော ဘဘမှ တရားရေအေး အမြိုက်ဆေးတိုက်ကျွေးမှာ ဖြစ်သည့်အတွက် တရားချစ်ခင် သူတောင်စင်အပေါင်းတို့အနေဖြင့် MRTV , MWD နှင့် Facebook Live တို့မှတဆင့် နာယူနိုင်ကြပါစေရန် နိဗ္ဗာန်အကျိုးမျှော်လို့ နိုးဆော်လိုက်ရပါတယ် ခင်ဗျာ
376 viewsZaw Yu Htoon, 03:32
Open / Comment
2022-04-26 16:15:16 (ဦးချစ်ခိုင်အား ဖမ်းဆီးအရေးယူခြင်း နှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှသတင်းထုတ်ပြန်ချက်)

News Of Myanmar ဧပြီလ ၂၆၊ ၂၀၂၂

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက်ချက်များတွင် အဂတိလိုက်စားမှုများ ရှိနေသောကြောင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတို့သည် တီကျစ်ကျောက်မီးသွေး အကြီးစားထုတ်လုပ်မှုအပေါ်  နိုင်ငံတော်မှ ၃၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကမှ ၇၀ ရာခိုင်နှုန်းဖြင့် ခွဲဝေခံစားသည့် လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်သို့ ပေးသွင်းသည့် ဓာတ်သတ္တုခွန် နှစ်ရာခိုင်နှုန်းကို ဓာတ်သတ္တုများရောင်းချသည့်အခါ ပြောင်းလဲလာသည့် နှစ်အလိုက်သတ်မှတ်ထားသည့် ဓာတ်သတ္တုထုတ်လုပ်မှု တစ်တန်ရောင်းဈေး (၂၀၁၈-၂၀၁၉ ခုနှစ်တွင် တစ်တန်လျှင် ငွေကျပ် ၄၈,၁၀၀၊ ၂၀၁၉-၂၀၂၂ ခုနှစ်အထိ တစ်တန်လျှင် ငွေကျပ် ၅၆,၅၀၀ ) အပေါ် ပြင်ဆင်ကောက်ခံရမည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပ ပြုလုပ်သည့် ဝန်ကြီးဌာနစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ၁/၂၀၁၇ ဆုံးဖြတ်ချက်အတိုင်း ကျောက်မီးသွေးထုတ်လုပ်မှု တစ်တန်ရောင်းဈေး ငွေကျပ် ၁၂,၀၀၀ နှုန်းအပေါ်တွင်သာ တွက်ချက်ကောက်ခံခဲ့သောကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိနှစ်အလိုက် ထုတ်လုပ်သည့် ကျောက်မီးသွေး တန်ချိန် ၂၃ သိန်းကျော်အတွက် ဓာတ်သတ္တုခွန် ငွေကျပ်သန်း ၁,၉၀၀ ကျော်နှင့် နိုင်ငံတော်မှရရှိမည့် ထုတ်လုပ်မှုအချိုး ၃၀ ရာခိုင်နှုန်းအပေါ် ငွေကျပ်သန်း ၁၄,၀၀၀ ကျော် လျော့နည်းရရှိခဲ့ပြီး နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သန်း ၁၅,၉၀၀ကျော် နစ်နာမှုဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ စာချုပ်ချုပ်ဆိုစဉ် လက်မှတ်ရေးထိုးပြီး လုပ်ငန်းအကောင်အထည် ဖော်မှုများ အပေါ်ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူးဟောင်း ဦးကျော်ဆန်းနှင့် နိုင်ငံတော်နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့သည် ကျောက်မီးသွေးဝယ်ယူခြင်း စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တစ်တန်ဈေးနှုန်း တွက်ချက် သတ်မှတ်ရာ၌ ထုတ်လုပ်မှုပမာဏကို စာချုပ်ပါတစ်ရက် ပုံမှန်ထုတ်လုပ်ပေးသွင်းနိုင်စွမ်းရှိသည့် တန်ချိန် ၂,၀၀၀ ဖြင့် လျာထားတွက်ချက်မှုမပြုဘဲ တစ်ရက်တန်ချိန် ၁,၇၅၀ ဖြင့် ထုတ်လုပ်မှု လျော့နည်းတွက်ချက်၍ တစ်တန်ဈေးနှုန်းတိုးမြှင့်တင်ပြခဲ့ခြင်းကြောင့် တစ်တန်လျှင် ငွေ ၅,၈၀၉ ဒသမ ၁၂ ကျပ်နှုန်း ပိုမိုကုန်ကျခဲ့၍ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဌာနမှ ဝယ်ယူခဲ့သည့် တန်ချိန် ၁၄ သိန်းကျော်အတွက် ငွေကျပ် ၈,၂၀၀ သန်းကျော်နှင့် တစ်တန်ဈေးနှုန်းတွင် ကုမ္ပဏီမှ ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ထည့်သွင်းတွက်ချက်ပေးခဲ့သဖြင့် ဝင်ငွေခွန် ငွေကျပ်သန်း ၁,၂၀၀ ကျော်၊ စုစုပေါင်း ငွေကျပ်သန်း ၉,၄၀၀ ကျော် နိုင်ငံတော်မှနစ်နာခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ စာချုပ်ပါ သတ်မှတ်ချက်အတိုင်း လိုက်နာအကောင်အထည်ဖော်ရန်နှင့် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသည့် လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် နိုင်ငံတော်နစ်နာမှုများဖြစ်စေရန် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ယမန်နေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရား စွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
268 viewsZaw Yu Htoon, 13:15
Open / Comment
2022-04-26 16:02:35 အေဒင်ဦးချစ်ခိုင်သားအဖအပါအဝင်
ဝန်ကြီးဟောင်းဦးအုံးဝင်း၊ဦးဝင်းခိုင်၊
ဒုဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်၊
နှင့်ညွန်ကြားရေးမှူးချုပ်ဟောင်းအချို့
တို့အား အဂတိမှုဖြင့် နေပြည်တော်၌
တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
245 viewsZaw Yu Htoon, 13:02
Open / Comment
2022-04-26 15:46:17
ခိုင်သင်းကြည် ယောက်ျားတင်ခဲ့ဖူးတာလေး ၊ တင်ပြီးမကြာဘူး ပို့စ်က ပြန်ဖျက်သွား ၊ အခု ဧဒင် ဦးချစ်ခိုင် အဖမ်းခံရတယ်ဆိုတာ ဒါနဲ့များ ဆက်စပ်နေမလား
44 viewsZaw Yu Htoon, 12:46
Open / Comment