🔥 Burn Fat Fast. Discover How! 💪

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 15

2022-04-26 14:56:13
ယနေ့နေလယ် ၂ နာရီခွဲခန့်တွင် ဗန်းမောက်မြို့၊ အောင်သာကုန်းရပ်ကွက်၊ မြို့အဝင်ဂိတ်ရှိ Covid -19 ရောဂါရှာဖွေ စစ်ဆေးရေးဂိတ်အား PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများမှ လက်နက်များဖြင့် ချောင်းမြောင်းပစ်ခတ် ဝင်ရောက်တိုက်ခိုက်သဖြင့် လုံခြုံရေးဆောင်ရွက်ပေးနေသည့်အဖွဲ့မှပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ လုံခြုံရေးဝန်ထမ်း ၂ ဦးကျဆုံးခဲ့ပြီး စစ်ဆေးရေးဂိတ်အနီးရှိ စက်သုံးဆီရောင်းချလျက်ရှိသော ပြည်သူပိုင်ဆိုင် ၄ ဆိုင်အား PDF များမှ မီးရှို့ထွက်ပြေးသွားကြောင်းသိရှိရသည်။

.
26.4.2022
Min Htet
120 viewsZaw Yu Htoon, 11:56
Open / Comment
2022-04-26 14:50:18
နေရပ်ပြန်ရန်အခက်အခဲဖြစ်နေသည့် မြန်မာ၃၀၀နီးပါးအား နယ်စပ်မှတဆင့်ပြန်နိုင်ရေး ယနေ့ဆောင်ရွက်ပေး

တရုတ်-မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားအချို့ကို ယနေ့ တွင်မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု ကူမင်းအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှသိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

နေရပ်ပြန်ရန်အခက်အခဲဖြစ်နေသည့် မြန်မာများအား ယနေ့ဧပြီ၂၆ရက် မြန်မာစံတော်ချိန် နံက်၈ နာရီတွင် နယ်စပ်မှတဆင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ကူမင်းအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးကပြောဆိုထားသည်။

တရုတ်နိုင်ငံ ကူမင်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ကူညီမှုဖြင့် ယနေ့ပြန်လာရသည့် မြန်မာအရေအတွက်မှာ စုစုပေါင်း၂၉၈ ဦးဖြစ်သည်ဟုသိရသည်။

မြန်မာဘက်က ကိုဗစ်စည်းမျဉ်းစည်းကမ်းနှင့်အညီနေရပ်ပြန်လာကြသူများအား လက်ခံပေးခဲ့သည်ဟုသိရသည်။
124 viewsZaw Yu Htoon, 11:50
Open / Comment
2022-04-26 14:47:08
ရေစကြိုမြို့နယ်၊ ကံထောင့်ကျေးရွာမှ PDF ဖြိုးဇင်ဝင်း
အား ပစ်ဖမ်း
အတူနေ မိဘအိမ်မှ လက်လုပ်မိုင်းမျိုးစုံသိမ်းဆည်းရမိ။
113 viewsZaw Yu Htoon, 11:47
Open / Comment
2022-04-26 13:04:06
ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသည့် အမှု၁မှုအား ဧပြီ၂၇ရက်တွင် အပြီးသတ်အမိန့်ချရန်ရှိ

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့် ပတ်သတ်သည့် စွပ်စွဲချက်အမှုအား ယနေ့ ဧပြီ၂၆ရက်တွင် အပြီးသတ်အမိန့်ချမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မချဖြစ်ခဲ့ဘဲ မနက်ဖြန် ဧပြီလ ၂၇ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှသိရသည်။
203 viewsZaw Yu Htoon, 10:04
Open / Comment
2022-04-26 12:59:40 ဧပြီ၂၆၊ ၂၀၂၂။

ပြည်ပခရီးစဉ်တစ်ခုမှ အပြန် တနင်္လာနေ့ ညနေပိုင်း ရန်ကုန်လေဆိပ်တွင်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
ဦးချစ်ခိုင်သည်Eden Group of Companies၏ဥက္ကဋ္ဌဖြစ်သည် MyanmarApexBankနှင့်Denko တို့ပိုင်ဆိုင်သည်။
207 viewsZaw Yu Htoon, 09:59
Open / Comment
2022-04-26 09:04:20 ဧပြီလ ၂၆ရက်နေ့တွင်


ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၁) ရပ်ကွက်၊ မိုးဟိန်းလမ်းနှင့် ကျူချောင်းလမ်းဆုံတွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံးတစ်လုံးကိုဧပြီလ ၂၆ ရက် နံနက် ၉ နာရီ ၂၅ မိနစ်အချိန်ကရှင်းလင်းခဲ့ရကြောင်းသိရသည်။

ကျူချောင်းလမ်းဘေးတွင် မသင်္ကာဖွယ်တွေ့ရသော PVC ပိုက်ကိုစစ်ဆေးရာမီးရှို့စနက်တံပါလက်လုပ်ဗုံးဖြစ်ကြောင်းတွေ့ရသဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်းသတင်းရရှိသည်။
282 viewsZaw Yu Htoon, 06:04
Open / Comment
2022-04-26 09:03:31 လွတ်မယ်ထင်လား

အဆိုတော်အောင်လနှင့် ဝိုင်းစုခိုင်သိန်းပြန်လည်ဖမ်းဆီးခံရ

News Of Myanmar ဧပြီလ ၂၆၊ ၂၀၂၂

ပြီးခဲ့သည့်ရက်ပိုင်းက တညတာဖမ်းဆီးပြီးခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သောအဆိုတော်အောင်လနှင့် ဝိုင်းစုခိုင်သိန်းကိုဧပြီလ ၂၅ ရက်ညပိုင်းက ပြန်လည်ဖမ်းဆီးသွားကြောင်းသိရသည်။

ပထမအကြိမ်ဖမ်းဆီးခံရပြီးခံဝန်ဖြင့် ပြန်လွှတ်ပေးခြင်းအပေါ် လူမှုကွန်ရက်ပေါ်တွင်ရဲတပ်ဖွဲ့မှငွေယူပြီးပြန်လွှတ်ပေးခဲ့သည်ဟုကျယ်ကျယ်လောင်လောင်ဝေဖန်သံများထွက်လာပြီးနောက် ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
274 viewsZaw Yu Htoon, 06:03
Open / Comment
2022-04-26 08:09:52
ဖလန်း ချင်းpdf
284 viewsZaw Yu Htoon, 05:09
Open / Comment
2022-04-26 08:08:46
ဟိုက်
281 viewsZaw Yu Htoon, 05:08
Open / Comment
2022-04-25 19:11:11 ဗဟန်းခြောက်ထပ်ကြီးဘုရားနောက်တွင်ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်

ဧပြီလ ၂၅၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊သာသနာ့ရိပ်သာရပ်ကွက်၊ သာသနာ့ရိပ်သာလမ်းတွင် ဧပြီလ ၂၅ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ကြောင်းသိရသည်။

ပေါက်ကွဲမှုမှာ ခြောက်ထပ်ကြီးဘုရားနောက်ဖက်အပေါက် စည်ပင်အမှိုက်ပုံးအနီးတွင်ဖြစ်ပြီး ပေါက်ကွဲမှုကြောင့်လူပစ္စည်းထိခိုက်မှုမရှိကြောင်းသိရသည်။
144 viewsZaw Yu Htoon, 16:11
Open / Comment