Get Mystery Box with random crypto!

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 13

2022-05-01 11:37:26
မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းရွာအနီး မှာ ထိတွေ့တဲ့ပွဲမှ
PDF ကျား ၃ လောင်း ၊ လက်လုပ်စိန်ပြောင်း ၄ လက်နှင့် လက်လုပ်သေနတ် ၁ လက်

စစ်ကိုင်းတိုင်း ခင်ဦးမြို့ရဲ့ အနောက်မြောက်ဘက်၊ခင်ဦး-ကံသာယာသွား ကားလမ်းမပေါ်တွင် နာနတ်သီးပင်စိုက်နေတဲ့ ပဒက် ၂ ကောင်၊ လက်လုပ်မိုင်း ၂ လုံး၊ အနက်ရောင် မျက်နှာဖုံး ၁ ခု၊ အနက်ရောင်ဘေးလွယ်အိတ် ၁ လုံးနှင့် လမ်းလျှောက်စကားပြောစက် ၁ လုံး

အလားတူ ခင်ဦးမြို့ ကျီးကန်းကျေးရွာတောင်ဘက်မှာ တစ်ပွဲဆက်က....
ပဒက် ၁၁ ကောင် ၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်လေသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၉ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ ပြောက်ကျား အင်္ကျီ(တံဆိပ်မပါ) ၂ ထည်၊ ယမ်းမှုန့် (၂ ကီလို ဂရမ်ခန့်) ၁ ထုပ်၊ နီ/နက်ဝါယာကြိုး(ပေ ၁၀၀ ခန့်) ၃ ခွေ၊ နိုင်လွန် ကြိုး(ပေ ၁၀၀ ခန့်) ၁ ခွေ

သိမ်းဆည်းရမိခဲ့ပြီး မိမိဘက် အနှုတ်မရှိကြောင်းသိရသည်။
205 viewsZaw Yu Htoon, 08:37
Open / Comment
2022-04-30 19:27:19
ရန်ကုန်မြို့၌ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအပါအဝင် တပ်မတော်အရာရှိတစ်ဦး၊ ပြည်သူများကို လုပ်ကြံခဲ့သည့် နန်းထိုက် အောင်စစ်ဆင်ရေးအမည်ဖြင့် အကြမ်းဖက်မှုများ လှုပ်ရှားခဲ့သည့် PDF အဖွဲ့ဝင် ၁၄ ဦးကို ရှင်းလင်းနိုင်ခဲ့
……………………………………

ရန်ကုန်၊ ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နန်းထိုက်အောင် စစ်ဆင်ရေးအမည်ဖြင့် အကြမ်းဖက်မှုများ၊ လုပ်ကြံသတ်ဖြတ် မှုများဆောင်ရွက်ခဲ့သည့် PDF အဖွဲ့ဝင် ၁၄ ဦးကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးနိုင်ခဲ့သလို သွားရောက်ဖမ်းဆီး စဉ် အပြန်အလှန်ပစ်ခတ်မှုကြောင့် အဆိုပါ PDF အဖွဲ့ဝင်အချို့ သေဆုံးခဲ့သည်။

အဆိုပါ PDF အဖွဲ့ဝင်များသည် သင်္ကြန်ကာလ၌ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နှင့် လှိုင်သာယာရှိ မဏ္ဍပ်အချို့ကို ဗုံးခွဲခြင်း၊ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌကို သွားရောက်လုပ်ကြံပစ်ခတ်ခြင်း၊ တပ်မတော်အရာရှိတစ်ဦးကို လုပ်ကြံခြင်း၊ အပါ အဝင် ပြည်သူအချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။

အဆိုပါ PDF အဖွဲ့ဝင် အသေ/အရှင် ၁၄ ဦးကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းကျေးရွာ၌ ဖမ်းဆီးနိုင်ခဲ့သည်။

အလားတူ အဆိုပါ အဖွဲ့ဝင်များထံ စစ်ဆေးမေးမြန်းချက်အရ ကျန်ရှိသည့် ကွင်းဆက်များကို လုံခြုံရေးအဖွဲ့ များက ဖော်ထုတ်လျက်ရှိသည်။

#Newvisionmedia
103 viewsZaw Yu Htoon, 16:27
Open / Comment
2022-04-29 15:57:13
ယနေ့ နေ့လည်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ ညောင်ပင်ဝန်းတံတားအနီး တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်းအရ စောင့်ဆိုင်းနေစဉ် အကြမ်းဖက် PDF များမောင်းနှင်လာသောကားအား တားဆီးစစ်ဆေးရာ ရပ်တန့်ခြင်းမရှိပဲ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အကြမ်းဖက် သမားများ ထိခိုက်ဒဏ်ရာများစွာဖြင့် ကားအားထား၍ ထွက်ပြေးသွားပြီး မောင်းပြန်သေနတ် ၇ လက်၊ လက်ပစ်ဗုံး များစွာ နှင့်ကျည်မျိုးစုံအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်
134 viewsZaw Yu Htoon, 12:57
Open / Comment
2022-04-29 12:41:45 ရွှေပြည်သာမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်သည့်အိမ်မှ အီနာဂါဗုံးသီးများအပါအဝင် လက်နက်များမိ

News Of Myanmar ဧပြီလ ၂၉၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၃) ရပ်ကွက်၊ ကျူချောင်း၊ စစ်ကိုင်းလမ်း၊ အမှတ် (၃၆ )နေအိမ်တွင်ဧပြီလ၂၈ ရက်ည ၈ နာရီ ၂၅ မိနစ်နာရီအချိန်က ပေါပ်ကွဲမှုများဖြစ်ခဲ့သဖြင့် အိမ်ရှင်ကျော်ထွန်းပိုင်ကို ဖမ်းဆီးစစ်ဆေးရာမှ ဧပြီလ ၂၉ ရက်နေ့တွင် အဆိုပါအိမ်မှ လက်နက်ခဲယမ်းများထပ်မံသိမ်းဆည်းရမိကြောင်းသိရသည်။

ပူးပေါင်းအဖွဲ့သည် ပေါက်ကွဲပျက်စီးနေသောအိမ်ကို အသေးစိတ်ရှာဖွေခဲ့ရာ အိမ်အတွင်းမှ M4 ကာဘိုင်သေနတ်တစ်လက်၊ကျည်အိမ်လေးခု၊ ပစ္စတိုတစ်လက်၊ ကျည်အိမ်သုံးခု၊ Thai Arms.380 ကျည် ၁၀၇ တောင့်၊ DAG ကျည် ၄၅၂ တောင့်၊ အီနာဂါဗုံးသီး ၉ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်းသတင်းရရှိသည်။
235 viewsZaw Yu Htoon, 09:41
Open / Comment
2022-04-29 12:41:15
မြင်းမူ PDF စခန်းများကို နံနက် ၂ နာရီအချိန်တပ်မတော်ကဝင်ရောက်စီးနင်း၊ တိုက်ပွဲပြင်းထန်
ကန်တော်ရွာကို PDF မှမီးတင်ရှိထွက်ပြေး

ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ်၊ ထီးဆောင်းကျေးရွာနှင့် အရာတော်မြိုကြားရှိ PDF စခန်း ၂ ခုကို
တပ်မတော်ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ
PDF အဖွဲများမှအသေအပျောက်ရှိပြီး
ဆုတ်ခွာထွက်ပြေးရာလမ်းကြောင်းတွင်
မြင်းမူမြိုနယ်ကန်တော်ရွာကိုမီးရှိထွက်ပြေး
ဆုတ်ခွာသွားကြောင်းသတင်းရရှိပါသည်။
https://t.me/mdytharlay413
225 viewsZaw Yu Htoon, 09:41
Open / Comment
2022-04-29 07:46:45
KNUနှင့် PDF များမှ ခရီသည်တင်ကားအား မိုင်းဆွဲ တိုက်ခိုက်ပြီး စက်သေနတ်များနှင့်အတွဲလိုက်ပစ်ခတ်

တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ ပုလောမြိုအနီးမှာ ခရီးသည်တင်ကား(၂)ကို KNUနှင့် PDF များမှ မိုင်း၅လုံးဖောက်ခွဲတိုက်ခိုက်ပြီး စက်သေနတ်များနှင့် အဆက်မပြတ်ပစ်ခတ်သည့်အတွက် ခရီးသွားပြည်သူ(၂)ဦးထက်မနည်း သေဆုံးကာ ခရီးသွား ပြည်သူအချိုထိခိုက်ဒဏ်ရာ တော်တော်များများ ရရှိခဲံပါတယ်

KNU မှ ပြောခွင့်ရတဲ့သူ တစ်ဦးကတော့ သူတိုကို ဒီလမ်းကြောင်းကိုမသုံးဖိုပြောထားတာ ကျနော်တိုပြောတာကို မလိုက်နာတဲ့အတွက် ပစ်ခတ်တိုက်ခိုက်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လဆန်းပိုင်းတုန်းကလဲ ဆီဘောက်ဆာကားများ ခရီးသည်တင်ကားများကို KNU+PDF များက မီးရှိခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်

#မှိင်းဝေ
140 viewsZaw Yu Htoon, 04:46
Open / Comment
2022-04-28 17:37:37 လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်
ချမှတ်

ဧပြီ၂၈၊ ၂၀၂၂ TRN

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေး
ဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအား ဧပြီ ၂၈ တွင်  အဂတိလိုက် စားမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအပေါ် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့
ရှိချက်များအရ ဦးနိုင်ငံလင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် တည်ဆောက်သည့် ပညာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ရေး တင်ဒါကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သင်္ဃန်းကျွန်း ပညာရေးကောလိပ်နှင့် ရန်ကုန်
အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့တွင် အဆောက်အဦ ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီပိုင်ရှင် တစ်ဦးထံမှ ငွေကျပ်သိန်း
၁၈၀ နှင့် တံစိုးလက်ဆောင်များ အပါအဝင် အခြားကုမ္ပဏီပိုင်ရှင် သုံးဦးနှင့် ကုမ္ပဏီ
တစ်ခုတို့ထံမှ ငွေကြေးတံစိုး လက်ဆောင်များကို လက်ခံရယူခဲ့ခြင်းတို့ကြောင့် ဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်၌ တရားစွဲ
ဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှု အမှတ် ၂၆/၂၀၂၁ မှ ၃၀/၂၀၂၁ အထိ အမှု  ၅
မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ယနေ့ရက်စွဲဖြင့် လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အမှု ၅ မှုအတွက် ပြစ်မှုထင်ရှားစီရင်ပြီး တစ်မှုလျှင် ၃ နှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

The River News
305 viewsZaw Yu Htoon, 14:37
Open / Comment
2022-04-28 17:37:01 ရေဦးမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းနှင့် ၎င်းနှင့်ပါလာသူတို့ အTတ်ခံရခြင်း

26-4 -2022 မနက် ရေဦး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ ချမ်းသာ ကျေးလက် ကျန်းမာရေး ဌာနခွဲ တာဝန်ကျဆရာမ ဒေါ်စိုးစိုးအေးသည် ကိုဗစ် ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ပြီး၍ အပြန်၌ မုတ်စီ ကျေးရွာ အနီး တူးမြောင်း နံပါတ် ၃ နား အရောက်တွင် အကြမ်းဖက်များမှ ဒေါ်စိုးစိုးအေး (သားဖွားဆရာမ) နှင့် ၎င်း၏အမျိုးသားဖြစ်သူ ကိုသာအောင်တို့နှစ်ဦးအား လက်ပြန် ကြိုးတုတ်၍ လည်လှီး Tတ်ဖြတ်သွားခဲ့ပါသည်။

သားဖွားဆရာမ တွင် သား နှင့် သမီး ကလေးငယ်၂ ဦး ကျန်ရှိခဲ့ပါသည်။ အသတ်ခံရသူ သားဖွားဆရာမမှာ တာဝန်ကျရာ ချမ်းသာ ကျေးရွာတွင် လုံခြုံရေး အခြေအနေအရ အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် အမျိုးသား၏ရွာတွင် နေထိုင်လျက် လိုအပ်သော လုံခြုံရေးစောင့်ရှောက်မှုရရှိခြင်း မရှိသော်လည်း ကိုဗစ် ကာကွယ်ဆေးထိုးလုပ်ငန်း ကလေးကာကွယ်ဆေးထိုး လုပ်ငန်းများကို တာဝန်ကျေပွန်စွာ ဆောင်ရွက်နေစဉ် ရက်စက်စွာ အTတ်ခံရခြင်းဖြစ်သည်။

ကလေးငယ်နှစ်ဦးနှင့် သေဆုံးသူတို့အတွက် ဌာနမှနေ၍ တစ်စုံတစ်ခု တာဝန်ယူစေချင်ပါသည်။
258 viewsZaw Yu Htoon, 14:37
Open / Comment
2022-04-28 11:24:12 NLD ပါတီမှ လူမှုရေးဝန်ကြီးဟောင်း နိူင်ငံလင်း အား အဂတိ အမှုအတွက် ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ကြောင်းသိရသည်။
185 viewsZaw Yu Htoon, 08:24
Open / Comment
2022-04-28 04:28:15
PDF အကြမ်းဖက်ဓားပြအဖွဲ့မှ
KBZ ဘဏ် ATM အားဗုံးခွဲ

ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊(ဇ)ရပ်ကွက်၊၁၃၄သခင်ဖိုးလှကြီးလမ်းနှင့်၁၃၃စံပြလမ်းကြား၊၆၂လမ်းရှိ KBZ BANKအမှတ်-40ရှေ့ရှိ ATMစက်အား Trickerဆိုင်ကယ် အနက်ရောင်၁စီးလူ၂ဦးမှ တောင်မှမြောက်သို့မောင်းနှင်လာပြီး တရုတ်လက်လုပ်မိုင်း(ယူဆရ)ဖြင့် ပစ်ပေါက်ခဲ့ရာပေါက်ကွဲခဲ့ပြီး ATMစက်တွင်တပ်ဆင်ကာရံထားသော အလျား ၇ပေအနံ၎ပေ မှန်၂ချပ်ကွဲခဲ့ကြောင်း၊၄စက်ဘေးရပ်ထားသော KLUGERအမျိုးအစား အနက်ရောင် ကားယာဘက်ခြမ်းအနည်းငယ်ထိမှန်၊ရှေ့ယာဘီးပေါက်
KIA picanto အမျိုးအစား အဖြူရောင်ယာဉ်တွင် ယာဘက်ခြမ်းမှန်၂ချပ်ကွဲ၊ရှေ့ယာဘီးနှင့်နောက်ယာဘီး ပေါက်ခဲ့ကြောင်းသတင်းရရှိပါသည်။
https://t.me/kyawwinmaung413
309 viewsZaw Yu Htoon, 01:28
Open / Comment