Get Mystery Box with random crypto!

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 9

2022-05-13 14:11:43 KBZ ဘဏ်ငွေသိမ်းသည့် ကားမှငွေကျပ် သိန်း ၃၀၀၀ လုယက်ခံရ

မေလ ၁၃၊ ၂၀၂၂ TRN

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပင်လုံလမ်း၊ အမှတ်(၃၆)ရှိ ကမ္ဘောဇဘဏ်ခွဲ (၁) သို့ငွေလာသိမ်းသည့်ကားမှ ငွေများကိုအကြမ်းဖက်သမားများက မေလ ၁၃ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်က လုယက်ယူသွားကြောင်းသိရသည်။

ဘဏ်ယာဉ်မောင်း နှင့် လုံခြုံရေးဝန်ထမ်းနှစ်ဦးသည်မော်တော်ယာဉ်ဖြင့် မြို့နယ်များရှိကမ္ဘောဇဘဏ်အသီးသီးမှ ငွေများသိမ်းဆည်းပြီး ဘဏ်ခွဲ(၁)သို့ငွေသိမ်းရန်ရောက်စဉ် အကြမ်းဖက်အမျိုးသားငါးဦးက ပရိုဘောက်စ်ယာဉ်အဖြူရောင်ဖြင့်ရောက်လာပြီး ဓားများဖြင့်ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၃၀၀၀ ကိုလုယူယက်ပြီး ပရိုဘောက်စ်ယာဉ်ဖြင့်ထွက်ပြေးသွားကြောင်းသိရသည်။
253 viewsZaw Yu Htoon, 11:11
Open / Comment
2022-05-11 20:01:14
အပြောနဲ့ အလုပ် မညီခဲ့သူ
379 viewsZaw Yu Htoon, 17:01
Open / Comment
2022-05-11 17:38:18
ယနေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရင်မကျင်း ကျေးရွာအနီး ဆက်စပ်သတင်းဖော်ထုတ်ချက်အရ လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်း စဉ် PDF အကြမ်းဖက်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့များထိခိုက်မှုမရှိဘဲ အကြမ်းဖက် ကျား ၁ လောင်း၊ လက်လုပ်သေနတ်အရှည် ၂ လက်၊ လက်လုပ်သေနတ်အတို ၁ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ ဒီတိုနေတာ ၁၂၀၀ ခု၊ ယမ်းကြိုး ၁ ခွေ၊ ဝါယာကြိုး ၁ ခွေ၊ ရီမု ၁၀၀ ခု၊ ဓာတ်ခဲ ၁၀၀ လုံးနှင့် ဖောက်ခွဲရေးသုံးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါသည်
430 viewsZaw Yu Htoon, 14:38
Open / Comment
2022-05-11 17:06:17
မတ္တရာမြို့နယ်တွင် ဈေးဆိုင်ပိုင်ရှင်တစ်ဦးကို အကြမ်းဖက်အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဈေးဝယ်ဟန်ဆောင်ကာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွား

မေလ ၁၁၊ ၂၀၂၂

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝန်တင်ကုန်းကျေးရွာတွင် မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က အဆိုပါကျေးရွာရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးကို အကြမ်းဖက်အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဈေးဝယ်ဟန်ဆောင်ကာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားကြောင်းသိရသည်။

ဦးအောင်စိုးသည် ၎င်း၏နေအိမ်စျေးဆိုင်၌ရှိနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အကြမ်းဖက် အမျိုးသားတစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့ ရောက်လာပြီး ဈေးဝယ်ဟန်ဆောင်ကာ ဦးအောင်စိုးအား သေနတ်ဖြင့်အနီးကပ် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ဦးအောင်စိုးမှာ ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။
386 viewsZaw Yu Htoon, 14:06
Open / Comment
2022-05-11 16:46:07
299 viewsZaw Yu Htoon, 13:46
Open / Comment
2022-05-11 16:45:31 #အသားချောင်းဝယ်စားမိသူ လူ(၅၀)ကျော် အစာအဆိပ်သင့်
-------------------------------

ရန်ကုန်တိုင်း၊ ဒဂုံအရှေ့မြို့နယ်၊ ရွာသာကြီးဘူတာအနီး ရပ်ကွက်မှာ ဈေးသက်သက်သာသာနဲ့ လာရောက်ရောင်းချတဲ့ အသားချောင်းတွေ ဝယ်စားမိရာမှ လူကြီး နဲ့ ကလေး အယောက် (၅၀) ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ ဒဂုံအရှေ့အခြေစိုက် မေတ္တာသင်္ဂဟ နာရေးကူညီမှုအသင်း၊ တာဝန်ခံ ကိုမင်းဒင်က ပြောပါတယ်။

ဒဂုံအရှေ့မြို့နယ်၊ ရွာသားကြီး ရပ်ကွက်၊ ရွာသာကြီးဘူတာ အောက်ချိူင့်နေသူ နှစ်ယောက်က မေလ (၉) ရက်၊ ညနေ (၅) နာရီခန့်က တစ်ရပ်ကွက်တည်းက နေအိမ်တွေကို အသားကင်ထုပ် တစ်ထုပ်ကို ကျပ် (၂၀၀၀) ခန့်နဲ့ ပြန်လည် ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဝယ်ယူသူ မိသားစုတွေက ကိုရီးယားအကင်တွေကို စားသောက်ကြရင်း ညနေ (၆) နာရီခန့်က စတင်ပြီး စားသုံးမိသူ အသက် ငါးနှစ်အရွယ်မှ အသက် (၃၀) အတွင်း အမျိုးသား (၂၀) ကျော် နဲ့ အမျိုးသမီး (၃၀) ခန့်တို့မှာ နှုတ်ခမ်းပြာ အသားတွေ ပြာပြီး မူးဝေအော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို အစာအဆိပ်သင့်မှုဖြစ်တဲ့ လူနာတွေကို သင်္ဃန်းကျွန်း စံပြဆေးရုံ နဲ့ ရန်ကင်း ကလေးဆေးရုံကို ရွာသာကြီး လူမှုကူညီရေး အသင်းယာဉ်တွေနဲ့ ပို့ဆောင် ဆေးကုသမှု ခံယူစေတယ်လို့ ဒဂုံအရှေ့မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။

လတ်တလော မေလ (၁၀) ရက် ၊မနက်ပိုင်းထိ ဆေးရုံမှ သိရှိထားချက်အရ အစာအဆိပ်သင့်သူ လူနာတွေအနက် သေဆုံးသူ မရှိသေးဘဲ လူနာအယောက် (၃၀) ကျော်ကတော့ စိုးရိမ်ရ အခြေအနေရှိနေတယ်လို့ ကိုမင်းဒင်က ပြောပါတယ်။

လာရောက်ရောင်းချခဲ့တဲ့ အသားချောင်းတွေဟာ FDA ထောက်ခံချက် မရှိတဲ့ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာတဲ့ အသားချောင်းတွေ ဖြစ်တဲ့အတွက် မစားသုံးဖို့ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာနက သတိပေး ကြေညာထားပြီး ဖြစ်ပါတယ်။

အစာအဆိပ်သင့်မှု ဖြစ်တဲ့ မိသားစုဝင်တွေဟာ ကျူးရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်တဲ့အတွက် စားရေး သောက်ရေး အဆင်ပြေအောင် ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း ရွှေမြင့်မိုရ် မဟာစည် သာသနာ့ရိပ်သာမှ ဆရာတော် အရှင် ကောဝိဒက မိန့်ကြားပါတယ်။

လက်ရှိမှာတော့ ခွင့်ပြုချက် မရှိတဲ့ အသားချောင်းတွေ ရောင်းချသူ နှစ်ယောက်ကို သက်ဆိုင်ရာက စုံစမ်း ဖော်ထုတ် နေတယ်လို့လည်း သိရပါတယ်။

One News Myanmar
316 viewsZaw Yu Htoon, 13:45
Open / Comment
2022-05-11 15:34:42 မြိုင်မြို့နယ် မြောက်ပိုင်း လက်ယက်မ စံပြကျေးရွာPDF အင်အား ၁၀၀၀ ကျော်ထကြွသောင်းကျန်းလျက်ရှိ
တပ်မတော်မှသိရှိနိုင်ပါရန်
ပြည်သူတစ်ဦးမှပေးပို့လာ
337 viewsZaw Yu Htoon, 12:34
Open / Comment
2022-05-11 15:34:05
ပထမဆုံးရွှေတံဆိပ်
==============
Kurash အားကစားနည်းဖြင့်
87 Kg တန်းတွင် မအေးအေးအောင် မှ
ရွှေတံဆိပ်စတင် ဆွတ်ခူးရရှိ....
.
သိန်း ၃၀၀ ရပြီပေါ့
310 viewsZaw Yu Htoon, 12:34
Open / Comment
2022-05-11 13:13:16
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရပ်ကျေးရုံးအတွင်း PDF များမှ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်၂ ဦးသေဆုံး

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊အမှတ်(၃)ရပ် ကွက်၏ ရပ်ကျေးရုံးတွင် မေ ၁၁ ရက်နံနက် ၁၀ နာရီခန့်က ရပ်ကျေးအဖွဲ့ဝင်များအစည်းအဝေးပြု လုပ်နေစဥ် PDF များမှ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ် ပွားခဲ့သည်ဟု သိရသည်။
376 viewsZaw Yu Htoon, 10:13
Open / Comment
2022-05-11 13:04:18 ရွှေဘိုမြို့နယ်တွင် ဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက်သမားများက ဒလန်ဟု စွပ်စွဲသတ်ဖြတ်

News Of Myanmar မေလ ၁၁၊ ၂၀၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပေါက်တုံကျေးရွာတွင် မေလ ၇ ရက်နေ့ ည ၁၁ နာရီအချိန်က အဆိုပါကျေးရွာနေ ဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက်သမားများက ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းသိရသည်။

ဦးချိုအေး (၆၀) နှစ်၊ ဇနီးဖြစ်သူ ဒေါ်ညိုနွဲ့ (၅၉) နှစ်နှင့် သားဖြစ်သူ ဇော်မင်းထွေး (၁၃) နှစ်တို့ သုံးဦးသည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၁၅ ဦးခန့် ရောက်ရှိလာပြီး  ဦးချိုအေးနှင့် ဒေါ်ညိုတို့နှစ်ဦးအား ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
331 viewsZaw Yu Htoon, 10:04
Open / Comment