Get Mystery Box with random crypto!
Thurein
Logo of telegram channel komyowin — Thurein T
Logo of telegram channel komyowin — Thurein
Channel address: @komyowin
Categories: Telegram
Language: English
Subscribers: 4.34K
Ratings & Reviews
3.33
3 reviews
Reviews can be left only by registered users. All reviews are moderated by admins.
5 stars
1
4 stars
0
3 stars
1
2 stars
1
1 stars
0
The latest Messages 6
2022-06-17 09:38:52
"သေဆုံးသူသမီးလေးကြောင့်
ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော
မွတ်စလင်ဖခင်တစ်ဦး၏ ရင်ဖွင့်စာ"
ကျွန့်တော် ဒီဂရုဖ်ကို မိတ်ဆွေတစ်ယောက်ဖိတ်ခေါ်မှုကြောင့် ရောက်ရှိလာရတာပါ. ကျွန်တော်မိတ်ဆွေက ကျွန်တော် ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ဒီဂရုဖ်မှာ ရှိနေကြတဲ့ သူတွေ သိရှိကြရအောင် ရေးချပြပေးပါလို့ မေတ္တာရပ်ခံတဲ့အတွက်ကြောင့် ဘယ်သူ့ကိုမှ ထိခိုက်မှု မရှိပဲ ကျွန်တော့် အတွေ့အကြုံကို ချပြမှာပါ.
ကျွန်တော် နာမည် ဦးစိန်မောင်ပါ. ကျွန်တော် မြန်မာအမည်ပဲ သုံးပါမယ်. ကျွန်တော်ရေးတာ အားလုံး နားလည်အောင် မြန်မာလိုပဲ ရေးသွားပါမယ်. ကျွန်တော် ဟာ အစ္စလာမ်ဘာသာဝင်မိသားစုမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဘာသာတရားကို ရိုသေပြီး အေးအေးချမ်းချမ်းနဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေပါတယ် .
ကျွန်တော့်မှာ မိန်းမနဲ့ သားနှစ်ယောက် သမီးလေးတစ်ယောက် ရှိပါတယ်.
သမီးက အငယ်ဆုံးဖြစ်ပြီး အသက် က ၉ နှစ်ပါ. လွန်ခဲ့တဲ့ နှစ် နှစ် ၂၀၁၉ မှာ သမီးလေကး ရောဂါနဲ့ ဆုံးသွားခဲ့ပါတယ်.
ဇာတ်လမ်းက အဲ့မှာ စ တာပါ .
ကျွန်တော့ သမီး သေဆုံးသွားပြီး ကတည်းက ညတိုင်း ကျွန်တော် အိပ်ပြီဆို ကျွန်တော့်ရဲ့ အိပ်မက်ထဲမှာ ငိုယိုပြီး စကားလာပြောနေခဲ့ပါတယ်.
သူမှာ သွားချင်တဲ့နေရာ သွားလို့မရဘူး. ဗိုက်ဆာတဲ့အခါ သစ်ပင်တွေအောက်မှာနေကြတဲ့ အသက်ကြီးကြီး သူတွေဆီကနေ တောင်းစားတဲ့အခါ ရိုက်နှက်ပြီး နှင်ထုတ်ခံရတယ်. အဝတ်ကလည်း စုတ်စုတ်ပြတ်ပြတ်နဲ့ အရောင်မှန်နေတဲ့ အဝတ် အစား ဝတ်ထားပြီး ငိုယိုနေပါတယ်.
ကျွန်တော် အံ့သြရပါတယ် . သမီးကို တွေ့တေါ့. ကိုင်လို့မရပါဘူး. ဖက်လို့မရပါဘူး. ကျွန်တော်က သမီးကို အလာဟ် အရှင်မြတ်ဆီမှာ ဆုတောင်းခိုင်းတယ်. သမီးကလည်း ဆုတောင်းတယ်. မရဘူး. အလာဟ်ကိုလည်းမတွေ့ဘူးပြောတယ်. ကျွန်တော်လည်း အလာဟ် အရှင်မြတ်ဆီမှာ နေ့တိုင်းဆုတောင်းတယ်. ညကျရင် ကျွန်တော်အိပ်မက်ထဲမှာ သမီးက ပြန်လာ လာပြီး ငိုပြီးတိုင်တယ်. ကျနော်က နှစ်သိမ့်တယ်. ကျွန်တော် ဆီမှာပဲနေပြီး ဆုတောင်း. ဗိုက်ဆာရင် ကျွန်တော်ကျွေးမယ်ပြောတာ သမီးက မရဘူး အဖေ. သမီးအဖေ့ဆီလာလို့မရ. အဖေပေးတဲ့အစားအစာ စားလို့ရမှာမဟုတ်ဘူးပြောတယ်.
ကျွန်တော် ဝတ်ပြုနေတဲ့ ဗလီကျောင်းက ဆရာတွေကိုလည်းပြောပြတယ်. သူတို့လည်း အလာဟ်အဂှင်မြတ်ဆီ ဝတ်ပြုဆုတောင်း ပြီး လုပ်ပေးနိုင်တာ အကုန်လုပ်ပေးပေမဲ့ တစ်ပတ်သာ ပြည့်သွားတယ် မရပါဘူး. ကျွန်တော် နေ့တိုင်းငိုနေမိတယ်. ကျွန်တော့်သမီးလေးကို အဲ့လို မြင်နေရတာ. မနက်ပိုင်း ဆိုင်ကို သွားရင်လည်း မပြုံးရွှင်နိုင်ပါဘူး.
ကျွန်တော်က သင်္ဃန်းကျွန်းစျေးမှာ အိမ်အသုံးအဆောင်ပစ္စည်းများရောင်းပါတယ်. ကျွန်တော်ဆိုင်ဘေးကပ်ရပ်က ဦးအောင်မြတ်ဆိုသူ ကျွန်တော်မိတ်ဆွေက ကွမ်းရွက်ကွမ်းသီး ရောင်းပါတယ်. ဦးအောင်မြတ်က ဗုဒ္ဓဘာသာဝင်ပါ. ကျွန်တော့်မျက်နှာ မကောင်းတာကို ဦးအောင်မြတ်က တပတ်လောက်တွေ့တော့ မေးပါတယ်. ဆုံးသွားတဲ့ သမီးကို သတိရနေလို့လား ကိုစိန်မောင်. သမီးလေးအတွက် း ခင်ဗျားလည်း ခင်ဗျားတို့ ဘာသာအရ ကောင်းမှုတွေလုပ်ပေးနေတာပဲ. သမီးလေး ကောင်းကင်ဘုံရောက်မှာပါ ဆိုပြီး သူသိသလောက်လေးနဲ့ ဖြေသိမ့်ပေးပါတယ်.
အဲ့အခါ ကျွန်တော် သူ့အရှေ့မှာ စိတ်မထိန်းနိုင်တော့ပဲ ငိုချပြီး ညတိုင်းအိပ်မက်ထဲမှာ သမီးလေးကိုတွေ့ပြီး သမီးလေးက လာစကားပြောနေ ငိုနေတာကို ပြောပြလိုက်တယ်. အဲ့အခါ ဦးအောင်မြတ်က စိတ်မကောင်းပါဘူးဗျာ ပြောပြီး ဒါတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်တွေပါလို့ ပြောတယ်. ကျွန်တော် အံသြသွားတယ်ဗျာ. ကျွန်တော်တို့ ဘာသာဝင်တွေမှာ အဲ့လိုမျိုး အတွေ့အကြုံ တခါမှမကြားခဲ့ဘူးပါဘူး. ဦးအောင်မြတ်က သူတွေ့ကြုံဖူးသလို ဖြစ်လေ့ဖြစ်ထရှိတယ်လို့ပြောတော့ ကျွန်တော်က အဲ့လိုမျိုးကြုံတွေ့လာကြရင် ခင်ဗျားတို့ ဘယ်လို လုပ်ကြသလဲလို့ မေးလိုက်ပါတယ်. ဦးအောင်မြတ်က အဲ့လိုမျိုးကြုံကြရင် ကျွန်တော်တို့ က နီးစပ်ရာ ဘုန်းကြီးကျောင်းတစ်ကျောင်းက ဆရာတော်တွေဆီသွားပြီး အကူအညီတောင်းလိုက်ပြီး လှုစရာရှိတာ လှုဒါန်းပေးလိုက်ရင် အိပ်မက်ထဲလာပြောနေတဲ့ သေဆုံးသူက ကောင်းရာ ဘဝကို ရောက်သွားကြတယ်လို့ ပြောပါတယ်.
အဲ့လို ကြားတော့ ကျွန်တော် စိတ်ဝင်စားသွားတယ်. ကျွန်တော် သမီးလေးအတွက် ဘာပဲလုပ်ရလုပ်ရဗျာ. ကျွန်တော် လုပ်ချင်တယ်လို့ ပြောတော့ ဦးအောင်မြတ်က ကိုစိန်မောင်, ခင်ဗျားက အစ္စလာမ်ဘာသာဝင်ဆိုတော့ ဘုန်ကြီးတွေကို ဆွမ်းလှုတာက ခက်ခဲပါလိမ့်မယ်လို့ ပြောတော့. ကျွန်တော်က ရတယ် ကျွန်တော် လှုဆို လှုမယ်. အရေးကြိးတာက ကျွန်တော့်သမီးလေး အခုလို ဖြစ်နေရကနေ လွတ်ဖို့ အရေးကြီးတယ်. ကျွန်တော် ဘုန်းကြီးကျောင်းကို လိုက်မယ်လို့ ပြောလိုက်တယ်.
အဲ့အခု ဦးအောင်မြတ်က သူခေါ်သွားမယ်ဆိုပြီး စျေးနားက ဆားကန်ကျောင်းဆိုတာကို သွားကြတယ်. အဲ့မှာ ဘုန်းကြီးတပါးနဲ့ တွေ့ရပြီး ဘုန်းကြီးက ဒကာကြီး ဦးစိန်မောင်က အစ္စလာမ်ဘာသာဝင်ဆိုတော့ ဘုန်းကြီးတို့ကို မကန်တော့လည်း ရတယ်.
511 views06:38
Open / Comment
2022-06-17 09:25:01
492 views06:25
Open / Comment
2022-06-17 09:24:57
အ. တဲ့သူခံ
"ကျောင်းစာကပြန်သင်လို့ရတယ် သမိုင်းကပြန်ပြင်လို့မရဘူး"လို့ကြွေးကြော်ခဲ့သည့် မမေပီတိအောင်သည် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၅ဘာသာဂုဏ်ထူး နဲ့အောင်
အ. တဲ့သူခံ
493 views06:24
Open / Comment
2022-06-17 08:25:44
599 views05:25
Open / Comment
2022-06-17 08:25:42
592 views05:25
Open / Comment
2022-06-16 15:48:35
488 views12:48
Open / Comment
2022-06-16 15:48:29 ဒီလိုမျိုး စာရေးဆရာငကြောင်တွေဖြစ်တဲ့ ချစ်ဦးညို ၊ မောင်သာချို ၊ ဦးဘုန်း ၊ အစရှိသူတွေ တပ်မတော်ကို တောက်လျှောက် အပုပ်ချလာလို့ ယနေ့အခြေအနေဖြစ်နေရတာမို့ ပေါ့ဆဆ မတွေးသင့်တဲ့ သွေးထိုးမှုလို့ ရှုမြင်မိပါတယ် ။
ကိုရွှေမျိုးဝင်း
(ဦးတင်ညွှန့်ပို့စ်)
489 views12:48
Open / Comment
2022-06-16 15:48:29 (ဒီလိုရေးနေလို့ ဆရာဦးတင်ညွှန့်ကို ရန်ငြိုးရန်စရှိတယ်မထင်ပါနဲ့ တခါမှလည်း မမြင်ဖူး မတွေ့ဖူးပါဘူး ၊ ကျနော်သိတာ တခုပဲ ရှိတယ် တိုင်းပြည်အတွက် အန္တရာယ်ရနံ့ရလာရင် ထောက်ပြရမှာ ငါတို့တာဝန်ဆိုတာပါပဲ)
(ဦးတင်ညွှန့်ပို့စ်)
https://m.facebook.com/story.php?story_fbid=5166093190141786&id=100002234690173
(ပါးစပ်ဘယ်လောက်လိမ်ပြောနေပါစေ ဖြစ်ပျက်နေတာကြည့်ပြီး လူလိမ်ဆိုတာ သိနိုင်ပါ့)
=====================
426 views12:48
Open / Comment
2022-06-16 15:48:29
မြှပ်ကွက်နဲ့လုပ်ဇတ်ခင်းနေတာလား...?
=====================
ဦးတင်ညွှန့်ဆိုတာ စာပေတွေ အများကြီးရေးနေတဲ့ ကျောင်းဆရာဟောင်းကြီး တယောက်ပါပဲ ။ ဒီနေ့ သူ့ပို့စ်တခုကို တွေ့လိုက်ရပါတယ် ။
ဘာတဲ့ ကလေးတွေကို စာတတ်စေချင်ရင် အစိုးရကျောင်း မလွှတ်နဲ့တဲ့ ၊ ဒါဆို ပုဂ္ဂိလိကကျောင်း တက်ရမှာလားဆိုတော့လည်း NO ပါ ။ အိမ်မှာပဲ ဆရာငှားပြီး သင်ပါတဲ့ ။ ကလေးသုံးယောက်ကို ဆရာတယောက်ငှားရင် ၁၅၀၀၀၀ိ/ တယောက်ကို တလ ၅၀၀၀၀ိ / နှုံးနဲ့ဆိုရင် ပမှန်တကယ် စာတတ်မယ်တဲ့ ။
အစိုးရကျောင်းဆိုရင် ဆရာအင်အားမရှိလို ဘယ်လိုမှ တတ်မှာမဟုတ်ဖူးတဲ့ ။ ကလေးတွေက ပေါက်တီးပေါက်ရှာအလွန်မေးလို့ အိမ်မှာပဲ သင်ကြရမတဲ့ ။
သူဥပမာပေးတာကတော့ ကျောင်းဆရာလုပ်သက် ၃၁ နှစ် ၊ မူလတန်းသင်ခဲ့ရတာ ၁၀ နှစ်တဲ့ ။ ဒီလောက်အရေးကောင်း အသင်ကောင်းတဲ့ သူ့လိုကျောင်းဆရာတောင် ကလေးမေးခွန်းကို မဖြေတတ်လို့ ကျောင်းက ဆရာမတွေဆို ပိုဆိုးမတဲ့ ။
ကောင်းပြီ အိမ်ကို ခေါ်သင်ပါဆိုတဲ့ ဆရာကြီးရေ ဒါတွေ အရင်ဖြေကြည့်ပါအုံး.....
၁ ။ အိမ်မှာပဲ သင်နေတဲ့ ကလေးကို ဘယ်လိုမူနဲ့ စာမေးစစ်ပြီး တရားဝင် အတန်းတင်ပေးမယ် စိတ်ကူးထားပါသလဲ ။
(ကျောင်းခေါ်ချိန် 75 % သတ်မှတ်ထားတာ အပျင်းပြေလို့ထင်နေသလား ကျောင်းဆရာကြီး)
၂ ။ တလ ၅၀၀၀၀ိ ကို မူလတန်းကလေးတဦးအတွက် အကုန်ခံနိုင်တဲ့ မိဘ ရာခိုင်နှုံးဘယ်လောက် ရှိမယ်ထင်ပါသလဲ... ?
(လွယ်လွယ်အကြံပြုထားတဲ့ ဆရာကြီးက ငွေကြေးထောက်ပံ့ပေးဖို့ အစီအစဥ်ရှိပါသလားဗျ)
ဒါက ပြဿနာတမျိုးနော် ဘယ်လိုမှ ဖြေရှင်းမရတဲ့ ပြဿနာနဲ့တင် အိမ်မှာပဲ သင်ပါဆိုတဲ့ မထော်မနန်း အကြံဇိုးကြီးက အထမမြောက်နိုင်ပါဘူး ။
ကဲ မဟုတ်က ဟုတ်က အကြံပြုချက်ကို ပထမဆုံးဝေဖန်ပြီး မဟုတ်က ဟုတ်က အကြောင်းပြချက်ကို ထပ်ရှင်းပါအုံးမယ် ။
ဆရာအင်အားနည်းလို့ ကျောင်းသားကို မသင်နိုင်ဘူး ၊ ကလေးထိန်းအလုပ်ပဲ လုပ်နိုင်မှာပဲဆိုတာကလည်း ဝါရင့်ဆရာကြီးဆီက အကြံဥာဏ်မပါတဲ့ အပုပ်ချစကားသက်သက်ပါပဲ ။ ဆရာကြီးဦးအောင်သင်းရဲ့ ကံ့ကူလက်လှဲ့ ဆောင်းပါးလေး ပြန်ဖတ်ဖို့ တိုက်တွန်းရင်လည်း စော်ကားရာရောက်နေအုံးမယ် ။
ကျောင်းကြီးငယ် စီနီယာနဲ့ သင်ကြားတဲ့စနစ် ၊ လုပ်အားပေးဆရာ ငှားရမ်းသုံးစွဲတဲ့ စနစ်နဲ့ဆို အိမ်ခေါ်သင်တဲ့နှုံး တယောက် ၅၀၀၀၀ိ မကုန်ပါဘူးဗျာ ။ တယောက် ၂၀၀၀ိ နှုံးဆိုရင်ကိုပဲ ကောင်းစွာလုံလောက်ပါရဲ့ ။
ရီစရာကောင်းတဲ့ အကြောင်းပြချက်က ကလေးတွေ မေးခွန်း ပြန်မဖြေနိုင်လို့တဲ့ ။
ဘာတဲ့ဗျာ ကကြီးပက်လက်ဆို ယပက်လက်မဟုတ်ဘူး ၊ ပဇောက် ဂငယ်မဟုတ်ဘူး ဆိုတဲ့ ကလေးအမေးက လုပ်သက် ၃၁ နှစ် ဆရာကြီး ချွေးပြန်တယ်ဆိုတော့ ဆရာကြီးရေးပြနေတဲ့ အပျံစား သင်ကြားမှုအတွေ့အကြုံတွေက ကြားဖူးနားဝတွေလားလို့တောင် သံသယဖြစ်ရာကောင်းလာပါရောလား ။
က ကြီး ခခွေး သင်တာကို ကျောင်းဆရာက လူရွှင်တော်တွေ ပျက်လုံးထုတ်တဲ့ အဆင့်နဲ့ ကကြီးပက်ယက်လှန် ယပက်လက်လို့ပဲ သင်တတ်တာလားဗျ ။
ကလေးတို့ရေ မင်းတို့မှာ နာမည်ရှိကြတယ်မဟုတ်လား ။ အေးအဲလိုပဲ ဒီအက္ခရာလေးတွေမှာလည်း နာမည်တွေရှိတယ်ကွဲ့ ။ သူ့ကို ကကြီးလို့ခေါ်တယ် ၊ သူ့ကို ခခွေးလို့ ခေါ်တယ်ဆိုပြီး စနစ်တကျ သင်ကြားတတ်သူ ဆရာတွေ မရှိဘူးများယူဆနေသလား ဆရာကြီးရေ
အမှန်တိုင်းပြောရရင် ဆရာတင်ညွှန့်ရေးတဲ့ ပို့စ်ရဲ့ရည်ရွယ်ချက်က ကလေးတွေ ကျောင်းမတက်ရေး လှုပ်ရှားမှု အားပေးထားတဲ့ အပေါစားသူပုန်အားပေးပို့စ်ပါဗျာ ။
ဟုတ်ပါ့ မှန်ပါ့ နဲ့ မန့်နေသူတွေ ကြည့်လိုက် နီပိတ်တွေချည်းပါပဲ ။ စာသင်ကျောင်းတွေမှာ စာသင်နေကြတာ ရေးတတ် ဖတ်တတ်ရုံ ရည်ရွယ်ချက် တခုတည်းလိုလို ဂျင်းထည့်နေတဲ့ ကျောင်းဆရာဟောင်းကြီးကိုလည်း အံ့သြမိပါရဲ့ဗျာ ။
ရေးတတ် ဖတ်တတ် အဆင့်ချည်းဆို သေခါနီးမှ သင်လည်း တတ်ပါတယ်ဗျ ။ အသုံးလုံးသင်တန်းတွေလေ့လာကြည့်ပါအုံး ။
ကျောင်းတက်ပြီး ပညာသင် နေကြရတာက ကလေးဘဝကစပြီး....
- လူအများနဲ့ စုပေါင်းနေတတ် ထိုင်တတ် ပေါင်းတတ် သင်းတတ်ဖို့
- အပြောအဆို အနေအထိုင် ယဥ်ကျေးလိမ္မာကြစေဖို့
- ကိုယ်စီထမ်းဆောင်ရမယ့် တာဝန်ဆိုတာကို ငယ်စဥ်ကတည်းက နှလုံးသွင်းတတ်စေဖို့
- အတန်းစဥ် အလိုက် တွေးတတ်ခေါ်တတ်ဖို့ နဲ့ လူနဲ့လူချင်း ဆက်ဆံရေးတွေကို ကျွဲကူးရေပါ နားလည်စေဖို့...
- စည်းကမ်းကလနားဆိုတာ ဘာလဲလို့ သိကြစေဖို့...
အစရှိတဲ့ များပြားလှစွာသော ရည်ရွယ်ချက်တွေ အများကြီးရှိပါတယ်ဗျာ ။
ဘာမဟုတ်တဲ့ ဆရာအင်အားနည်းတာ ၊ မူလတန်းကလေးမသင်တတ်​ကြဖူးဆိုတာ (တကယ်က သူမသင်တတ်တာနဲ့ စံယူထားတာ) အကြောင်းပြပြီး အကြမ်းဖက်တွေ လှုံ့ဆော်နေတဲ့ ကျောင်းမတက်ရေး ဆော်သြော်ချက်ကို အားဖြည့်လှုံ့ဆော်နေတာပါဗျာ ။
ဒီလိုမျိုး စာရေးဆရာငကြောင်တွေဖြစ်တဲ့ ချစ်ဦးညို ၊ မောင်သာချို ၊ ဦးဘုန်း ၊ အစရှိသူတွေ တပ်မတော်ကို တောက်လျှောက် အပုပ်ချလာလို့ ယနေ့အခြေအနေဖြစ်နေရတာမို့ ပေါ့ဆဆ မတွေးသင့်တဲ့ သွေးထိုးမှုလို့ ရှုမြင်မိပါတယ် ။
ကိုရွှေမျိုးဝင်း
462 views12:48
Open / Comment
2022-06-15 16:07:24
1.0K views13:07
Open / Comment