Get Mystery Box with random crypto!
Thurein
Logo of telegram channel komyowin — Thurein T
Logo of telegram channel komyowin — Thurein
Channel address: @komyowin
Categories: Telegram
Language: English
Subscribers: 4.34K
Ratings & Reviews
3.33
3 reviews
Reviews can be left only by registered users. All reviews are moderated by admins.
5 stars
1
4 stars
0
3 stars
1
2 stars
1
1 stars
0
The latest Messages 2
သာမန်ပြည်သူတွေအတွက် ကြိုးနီစနစ်နဲ့ အဟန့်အတားတွေ လုပ်ထားပြီး ကာလကြာအောင် ဆွဲရစ်နေပေမယ့် ဝေစား ပေါင်းစားမယ့် ပွဲစားနဲ့ကြမှ လွယ်ကူအဆင်ပြေ​အောင် ဖန်တီးပြီိး အကြံအဖန်လုပ်ကာ ပူးပေါင်းလာဘ်စားနေတဲ့ ကိစ္စကို ဖြေရှင်းဖို့ မေးမြန်းတာပါ ။
- ဦးသန်းရွှေ ၊ ဦးသိန်းစိန် ၊ ဒေါ်စုကြည် ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လက်မှာပဲဖြစ်ဖြစ် ပြည်သူ့အကျိုးအတွက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကို အမှန်တကယ် မလုပိဆောင်ကြပဲ ဟန်ပြအဖြစ်သာ ဆောင်ရွက်ကြရင်း ပြည်သူကို လိမ်နေကြပုံတွေက ထူးမခြားနားမို့ ခေတ်အဆက်ဆက် ယောင်မှားပြီး ဒီနေ့တော့ မီးရထား အချိန်မှန်သားလို့များ ချီးမွမ်းမစောလေနဲ့ အဲဒါ အချိန်မှန်တာမဟုတ်ဖူး
''မနေ့ ရထားကြီး ဗျ ''
ကိုရွှေမျိုးဝင်း
1.1K views09:43
Open / Comment
2022-07-03 12:43:49 - ဝန်ထမ်းဆိုတဲ့နေရာမှာ မဟုတ်တာလုပ်နေသူတွေ ထုနဲ့ထည်နဲ့ ပူးပေါင်း လာဘ်စားနေကြပါသေးတယ် ဆိုတာ သတင်းစာရှင်းလင်းပွဲလို ပွဲကြီးမျိုးမှာ ဘယ်လို ပိတ်ဆို့ဖြေသွားသလဲ ကြည့်ရရင်ပဲ ထင်းထင်းကြီး မြင်သာနေပါပြီ ၊ ပြည်သူ့အခက်အခဲကို ကူညီဖြေရှင်းဖို့ထက် ဝန်ထမ်းဆိုးနဲ့ ပေါင်းစားမယ့်သူတွေ ဘယ်အဆင့်တာဝန်ယူနေသလဲ တွေးကြည့်နိုင်ပါပြီ ။
- ဦးသန်းရွှေ ၊ ဦးသိန်းစိန် ၊ ဒေါ်စုကြည် ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လက်မှာပဲဖြစ်ဖြစ် ပြည်သူ့အကျိူးအတွက် လာဘ်ပေးလာဘ်ယူ တိုက်ဖျက််ရေးကို အမှန်တကယ် မလုပိဆောင်ကြပဲ ဟန်ပြအဖြစ်သာ ဆောင်ရွက်ကြရင်း ပြည်သူကို လိမ်နေကြပုံတွေက ထူးမခြားနားမို့ ခေတ်အဆက်ဆက် ယောင်မှားပြီး ဒီနေ့တော့ မီးရထား အချိန်မှန်သားလို့များ ချီးမွမ်းမစောလေနဲ့ အဲဒါ အချိန်မှန်တာမဟုတ်ဖူး
''မနေ့ ရထားကြီး ဗျ ''
ကိုရွှေမျိုးဝင်း
(ပြည်သူတွေကတော့ ရှုံးရှုံးရှက်ရှက်ဆိုတဲ့ မနေ့က ရထားပေါ်မှာပဲ လိုက်ပါနေရဆဲပါပဲ... ဘယ်အထိ လိုက်​နေရမလဲဆိုတော့ တာဝန်ရှိသူတွေ အရှက်ရှိလာတဲ့အချိန် ထိပေါ့ဗျာ)
မနေ့ကရထား
========
(ဖြစ်စဉ် ၁)
-------
ဖြစ်စဉ် (၂)
=======
ကလေးမလေးကိုပဲ...
'' ဟာ...ဒီကောင်မလေး....''
ဖြစ်စဉ် (၃)
-------
1.1K views09:43
Open / Comment
2022-07-03 12:43:49
မနေ့ကရထား
========
(ဖြစ်စဥ် ၁)
-------
ရပ်စောက်မြို့မှာ နေ့စဥ်ရထားပြေးဆွဲနေတာရှိပါတယ် ။ ရထားထွက်ချိန် မနက် ၆ နာရီ ဝင်ချိန် ညနေ ၆ နာရီ လို့တော့ ဘူတာမှာ ကြေညာထားပါတယ် ။ သို့သော် ကျနော်ရှိစဥ် ကာလများတုန်းကတော့ ဝင်ချင်တဲ့ အချိန်ဝင်ပြီး ထွက်ချင်တဲ့အချိန် ထွက်တာပါပဲ ။
အဲဒီရထားထွက်ချိန် မမှန်တာကိုပဲ လက်ဖက်ဆိုင်မှာထိုင်ကြရင်း ဘူတာစာရေးအား စနောက်ပြီး ရီမောကြတာ နေ့စဥ်လိုပါပဲ ။ တနေ့မနက် လက်ဖက်ရည်မှာ ထိုင်သောက်နေကြတုန်း ရထားဥသြသံကို ၆ နာရီ အတိမှာ ကြားလိုက်ရတော့ အံ့သြတကြီး
'' ဟ ဒီနေ့တော့ ထူးထူးခြားခြား မီးရထားက အချိန်အတိအကျ ထွက်နေပါ့လား ဟ ''
ဒီတော့ ဘူတာစာရေးက ရီကျဲကျဲနဲ့ ပြောတယ် ။
'' ရမ်းသမ်းချီးကျူးမနေနဲ့ အဲဒါ မနေ့က ထွက်ရမယ့်ရထား အခုမှ ထွက်နိုင်တာ '' တဲ့ လေ ။
ဖြစ်စဥ် (၂)
=======
ဦးသိန်းစိန်လက်ထက် ရွေးကောက်ပွဲနီးနေတဲ့ကာလမှာ မှတ်ပုံတင်ရုံးမှာ ကိစ္စရှိလို့ ရောက်သွားတော့ အိမ်နားလေးက ကလေးမလေးတယောက် ခဏခဏလာနေရလို့ ဦးစီးမှူးကို ပြောနေလေရဲ့......
'' ဟိုဟာလိုတယ် ဒီဟာလိုတယ်နဲ့ တခေါက်တမျိုးပြောမနေပါနဲ့ တနေ့လုပ်မှ တနေ့စားရတာမို့ လိုတာတွေ အကုန် တခါတည်းပြောပါ ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံစာကလည်း အလကားရတာမဟုတ်ဖူး သွားရလာရတာလည်း အဝေးကြီး ကိုယ်ချင်းစာကြပါအုံး ''
'' နေပါအုံး မှတ်ပုံတင်အတွက် ထောက်ခံစာလုပ်သူတွေကို ငွေမတောင်းဖို့ ညွှန်ကြားချက်ထုတ်ထားတာ ရပ်ကွက်ဥက္ကဌက တောင်းနေလို့လား သေချာလား ''
'' သေချာပါ့တော် ၅၀၀ိ ကိုယ်တိုင်ပေးခဲ့ရပါ့ ''
ဦးစီးမှူးလည်း ရပ်ကွက်ဥက္ကဌဆီ ချက်ခြင်းဖုန်းဆက်ပြီး ငွေမတောင်းဖို့ ပြဿနာဖြစ်ရင်ရှင်းရခက်မယ်ဘာညာနဲ့ ပြောပါတယ် ။ ကိစ္စပြီးတော့ အိမ်နားကကလေးမကို ဆိုင်ကယ်ကယ်ရီ မငှားနဲ့ ငါနဲ့ ပြန်လိုက်ခဲ့ဆိုပြီး အတူပြန်လာကြပါတယ် ။
ညစာစားပြီးချိန်မှာ အဲဒီကလေးမ အိမ်ရောက်လာပြီး ရပ်ကွက်ရုံးက သူမကို ခေါ်ထားကြောင်း ထောက်ခံစာငွေတောင်းတာ မှတ်ပုံတင်ရုံးမှာ ပြောတဲ့ ကိစ္စဖြစ်ဟန်တူကြောင်း ဦးမျိုးသက်သေအဖြစ် ရုံးကို လိုက်ပေးပါအုံးတဲ့ ။ ကျမ မကြောက်တတ်ပေမယ့် ပြဿနာဖြစ်လာရင် သက်သေရှိအောင်ပါတဲ့ ။
ကျနော်လည်းလိုက်သွားပါတယ် ။ ဥက္ကဌက ကျနော့်ကိုမြင်တော့ မျက်နှာပျက်သွားပါတယ် ။ ကိုမျိုးဘာကိစ္စလည်းတဲ့ ကျနော်လည်း ဒီကလေးမလေးကိစ္စပါ ဘာကြောင့်ခေါ်မယ်မသိဘူး လိုက်ခဲ့ပါအုံးဆိုလို့ လိုက်လာတာဆိုတော့ ဆက်မမေးတော့ဘူး ။
ကလေးမလေးကိုပဲ...
'' ညည်းက မှတ်ပုံတင်ရုံးမှာ ငါတို့ကို ထောက်ခံစာဖိုး ပေးခဲ့ရတယ်လို့ ပြောတယ်ဆို ''
'' ပြောတယ်လေ တကယ်ပေးခဲ့ရတာပဲ မဟုတ်ဖူးလား လိမ်ပြောနေလို့လား ''
'' ဟ စာရွက်စာတမ်း​ကြေး မဖြစ်စလောက် တောင်းတာလေ အများနဲ့လုပ်နေရတာ ဒီလောက်တော့ ကုန်မှာပေါ့ အိတ်စိုက်လုပ်ရရင် ငါမွဲမှာပေါ့ ''
'' အစိုးရက စာရွက်စာတမ်းကြေး တလ ၇၀၀၀၀ိ ထောက်ပံ့နေတယ်လေ ကျမ စာဖတ်ပါတယ် ဥက္ကဌကြီး ''
'' ဟ အခြား နင်မသိတဲ့ ဧည့်ခံစရိတ်တွေ အများကြီးရှိသေးတယ်ဟ နင် ငါတို့ ထမင်းအိုးမခွဲနဲ့လေ ''
'' ကျမက ဥက္ကဌကြီးတို့ ထမင်းအိုးခွဲနေတာ မဟုတ်ပါဘူး ဥက္ကဌကြီးတို့ကသာ ကျမတို့ ဆင်းရဲသားတွေထမင်းအိုးထဲ လာနှိုက်နေတာပါ ''
'' ဟာ...ဒီကောင်မလေး....''
အရိုးနင်သွားတဲ့ ဥက္ကဌ စကားဆက်မပြောနိုင်ပဲ ရပ်ပွက်ထဲက မိုက်ကပ်ညစ်ကျယ် ကျနော့်ကို တချက်ကြည့်ပြီး...
'' ကဲ ကဲ တော်ပြီ တော်ပြီ ပြန်တော့ နောက်အဲလိုမဖြစ်စေနဲ့ ''
ဖြစ်စဥ် (၃)
-------
မီဒီယာသမားကမေးတယ် ပက်စပို့ ရုံးမှာ အမြန်ရအောင် လုပ်ရင် 5 သိန်းပေးရတယ် အဲဒါဘယ်လိုဖြေရှင်းကြမလဲဆိုတော့ ရဲမှူးကဖြေတယ် ။ ခင်ဗျားကိုယ်တိုင်ပေးခဲ့ရတာလားတဲ့ ။
မီဒီယာသမားဆိုတာ ကိုယ်တိုင်ကြုံရမှ မေးမြန်းရမလိုသဘောဖြစ်နေတယ် ။ အပူသည်ပေါင်းစုံဆီကသတင်းတွေအရ သူက ပြည်သူ့ကိုယ်စား မတော်မတရားမှုကို မေးပေးရတာလေ ။
အဲဒါကို ပြည်သူတွေ အဆင်ပြေဖို့ ဘယ်လိုဆောင်ရွက်ထားတယမပြောပဲ အခက်အခဲတွေ လျှောက်ပြောနေတယ် ။ ကောင်းပြီ အဲဒီစစ်ဆေးရပါတယ်ဆိုတဲ့ အခက်အခဲတွေက ပွဲစားကြ လွယ်သွားပြီး ပြည်သူကြမှ ဘာကြောင့်ခက်ခဲနေရသလဲဆိုတာ အဓိကသိချင်နေတာဗျ ။
သာမန်ပြည်သူတွေအတွက် ကြိုးနီစနစ်နဲ့ အဟန့်အတားတွေ လုပ်ထားပြီး ကာလကြာအောင် ဆွဲရစ်နေပေမယ့် ဝေစား ပေါင်းစားမယ့် ပွဲစားနဲ့ကြမှ လွယ်ကူအဆင်ပြေ​အောင် ဖန်တီးပြီိး အကြံအဖန်လုပ်ကာ ပူးပေါင်းလာဘ်စားနေတဲ့ ကိစ္စကို ဖြေရှင််းဖို့ မေးမြန်းတာပါ ။
ဒါကိုပဲ ခင်ဗျားကိုယ်တိုင််ပေးခဲ့ရလို့လားဆိုတဲ့ အပိတ်မေးခွန်းနဲ့ တုန့်ပြန်ပြီး မျက်စိမှိတ်ငြင်းနေတာ ရှက်စရာပါပဲ ။ တကယ်သိချင်ရင် တာဝန်ရှိလူကြီးမင်းတွေ လူကြားထဲတိုးပြီး ကိုယ်တိုင်ဝင်ကြည့်ရဲသလားမေးချင်ပါတယ် ။
ဒီတော့ ကျနော့်အတွေ့အကြုံအရ အကြံပြုရမယ်ဆိုရင်တော့....
- ကိုယ့်ထမင်းအိုးထဲ အနှိုက်မခံရအောင် ကာကွယ်ကြပါ သတ္တိရှိကြပါ ဥပဒေနဲ့အညီ မိမိဖက်က ပြည့်စုံအောင် ဆောင်ရွက်ထားကြပါ ။
1.2K views09:43
Open / Comment
အဖိုး အဖွား ကလေးသူငယ်တို့ဆီကနေ ဈေးမဆစ်ပဲဝယ်လို့ ဘယ်လောက်ပိုကုန်မလဲ..... ?
ကိုရွှေမျိုးဝင်း
1.1K views09:42
Open / Comment
2022-07-03 12:42:13
စျေးဝယ်ခြင်း အနုပညာ
===============
ကြီးကြီးကျယ်ကျယ် ခေါင်းစဥ်တပ်ထားလို့ အထင်ကြီးမနေနဲ့အုံးဗျ ။ တကယ်ဆိုရင် ကျနော် စျေးဝယ်ဖူးတာ ၊ ကိုယ်တိုင်မဖြစ်စလောက် ချက်ဖူးတာက မလေးရှားကို ရောက်တဲ့အချိန်ကမှ စပြီး ဝယ်ဖူး ချက်ဖူးတာဗျ ။
မလေးရှားမှာ ဝယ်ရတာကတော့ စျေးနှုံးတွေက သိပ်မကွာလို့ရယ် ၊ တခွန်းဆိုင်တွေရယ်ကြောင့် ပြဿနာမရှိခဲ့ရပါဘူး ။ မြန်မာပြည်ပြန်ရောက်ပြီး ရပ်စောက်မြို့မှာ တယောက်တည်းနေရတော့ စျေးဝယ်ရတဲ့ ပြဿနာရှိလာရပါတယ် ။
အလေးချိန်မပြည့်တာ ၊ ပစ္စည်းမကောင်းတာ အဓိကပြဿနာပါပဲ ။ တခါသား ကျနော်နဲ့ အတူနေ သစ်အုပ်ကြီးတို့ စျေးသွားဝယ်ကြပါတယ် ။ ဝက်သားဝယ်ကြတာပါ ။ ၅၀ သားဝယ်တာ မပြည့်ဖူးလို့ စိတ်ထဲမသင်္ကါတာနဲ့.....
'' ဒီမယ် ခင်ဗျား အပိုမပေးချင်နေ အလေးပြည့်အောင်တော့ပေးနော် ကျုပ်က ပြဿနာမရှိဘူး မိန်းမက အိမ်ရောက်ရင် ချိန်ကြည့်ပြီး မပြည့်တာနဲ့ ဆိုင်လိုက်ပြခိုင်းပြီး ပြဿနာမပြီးတမ်းရှာတတ်တယ် ဒါကြောင့် ပြည့်အောင်တော့ချိန်ပေး မပိုချင်နေနော် ''
ဒီလိုလည်းပြောလိုက်ရော နောက်ထပ် ၃ တုံး ခုတ်ထစ်ပြီး ထပ်ပေးပါရော ။ အိမ်ရောက်တော့ သစ်အုပ်ကြီးက အိမ်နားကထမင်းဆိုင်က ချိန်ခွင်နဲ့ချိန်ကြည့်တယ် ကွက်တိပဲတဲ့ ။ ယောကျာ်းသားနှစ်ယောက်ပဲ နေတာကို မိန်းမနဲ့ခြောက်ပြီး အလေးပြည့်အောင် တောင်းခဲ့လို့ သစ်အုပ်ကြီးက သဘောကျပြီး လျှောက်ပြောလေရဲ့ ။
နောက် ကျနော်ရန်ကုန်မှာ စျေးဝယ်တော့ ဆိုင်ကယ်ကယ်ရီ အသွားအပြန် ၂၀၀၀ိ ကုန်ပါတယ် ။ စျေးဝယ်နည်းက စျေးထဲပတ်ကြည့်လိုက်တယ် ။ တိုင်းရင်းသားတွေထဲက အဖိုးအို ၊ အမယ်အိုတွေ ဘာရောင်းနေသလဲ ၊ ကလေးငယ်တွေ ဘာရောင်းသလဲ လေ့လာပါတယ် ။
အားပေးစရာရှိရင် သူတို့ဆီကပဲ အားပေးပါတယ် ။ တော်ရုံပစ္စည်းမကောင်းတာ ချေးများမနေပါဘူး ။ နောက် သူတို့ဆီကိုလည်း ဘယ်တော့မှ စျေးမဆစ်ပါဘူး ။ ဆစ်မယ်တွက်ပြီး ပိုတင်ထားလည်း ဝယ်ပါတယ် ။
တချို့ကျတော့ မျက်မှန်းတန်းမိပြီး ပိုပိုသာသာ ထည့်ပေးကြပါတယ် ။ မထည့်နဲ့ မြတ်အောင်ရောင်း အဆစ်တောင်းမှ ကျေနပ်သူပဲ ပေးလိုက်ပါ ဆိုပြီး ပြန်ပေးလိုက်ရင် ကျနော့်ကို ဘယ်လိုလူလည်းဆိုပြီး မော့ကြည့်တဲ့ မျက်ဝန်းတွေကို ကျနော် ပြုံးပြီးတော့ ကြည့်မိရင်း ပီတိဖြစ်တာ အမှန်ပါပဲ ။
အသား ငါး ကတော့ လူတိုးဝယ်နေတဲ့ဆိုင်ပဲ ဝင်ဝယ်လေ့ရှိပါတယ် ။ ဒါက လူသတင်းလူချင်းဆောင်တာဗျ ။ အလေးခိုးသူ ၊ ကွာလ်တီမကောင်းသူဆီ တခေါက်ဝယ်ပြီး နောက်ဘယ်လာဝယ်မလဲဗျာ လူတိုးဝယ်နေပြီဆိုကတည်းက သူ့ဆိုင်မှာ အားသာချက်ရှိနေတာသေချာတယ်လေ ။
အဖိုး အဖွား ကလေးသူငယ်တို့ဆီကနေ စျေးမဆစ်ပဲဝယ်လို့ ဘယ်လောက်ပိုကုန်မလဲ..... ?
တဦး တရာထက် ပိုကုန်မယ်မထင်ပါဘူး ။ ဒီလို မစီစစ်ပဲ ဝယ်ယူလို့ စီစစ်သူထက်စာရင် စျေးတခေါက် တထောင်ပိုကုန်တယ် ဆိုပါစို့ ။
ကျနော် အသွားအပြန်ဆိုင်ကယ် ကယ်ရီမခေါ်ပဲ လမ်းလျှောက်ရင်ပဲ ၂၀၀၀ိ ချွေတာပြီး ဖြစ်နေပါပြီ ။ ကျနော်ဝယ်လို့ စက္ကန့်ပိုင်းလေးလောက်ပဲ ပျော်ပျော် ၊ ကိုယ့်ဆီက မဖြစ်သလောက် အမြတ်လေးက သူတို့ရဲ့ ထမင်းအိုးအတွက် ဆန်ဗူးဝက်ပဲ ရရ ကျနော် ပီတိဖြစ်ရပါတယ် ။
သေချာတဲ့ အကျိုးကတော့ လမ်းလျှောက်ဖြစ်လို့ ကျန်းမာရေးနဲ့ ညီညွှတ်တယ် ။ ကိုယ်ဝယ်မိတဲ့ ဆင်းရဲသားစျေးသည် အဖိုး အဖွား ကလေးငယ်တွေနဲ့ သူတို့ရဲ့ ခဏတာပီတိလေးကို ကျနော် မြိန်ယှက်စွာ စားသုံးနိုင်တဲ့ အကျိုးတော့ ရလာပါတယ်ဗျာ ။
ကိုရွှေမျိုးဝင်း
ဈေးဝယ်ခြင်း အနုပညာ
===============
မလေးရှားမှာ ဝယ်ရတာကတော့ ဈေးနှုံးတွေက သိပ်မကွာလို့ရယ် ၊ တခွန်းဆိုင်တွေရယ်ကြောင့် ပြဿနာမရှိခဲ့ရပါဘူး ။ မြန်မာပြည်ပြန်ရောက်ပြီး ရပ်စောက်မြို့မှာ တယောက်တည်းနေရတော့ ဈေးဝယ်ရတဲ့ ပြဿနာရှိလာရပါတယ် ။
1.2K views09:42
Open / Comment
2022-07-03 12:27:55
1.2K views09:27
Open / Comment
2022-07-03 12:27:51
. #ဥက္ကရစ်ထရဲ့_သူရဲကောင်း
( ခရက်ဒစ်... မူရင်း )
စက်လတ်ပစ်အားနဲ့ ရန်သူ့တိုက်စစ်ကို
အကြိမ်ကြိမ်လန်ကျစေတဲ့သူ..
သူ့ကိုယ်မှာ ဒဏ်ယာရနေတာတောင်
ကိုယ်တိုင်ဆေးပတ္တီးစည်း
အချင်းချင်းတောင်စိတ်ဓာတ်ကျမှာစိုးလို့
ပေးမသိဘဲ ပစ်အားရော့ကျမသွားဘဲ
ဆက်လက်ချေမှုန်းနေသူ..
နောက်ဆုံး စစ်ကူတွေရောက်လာကြပြီလို့
သူ့ကိုပြောလိုက်တဲ့အချိန်မှာတော့
" ဟုတ်လားရောက်လာပြီလား" လို့
တိုးတိုးပြောလေးမေးပြီး ငြိမ်နေခဲ့တယ်
သူ့မျက်စိက ရန်သူတက်လာမဲ့လမ်းကြောင်းကို
မမှိတ်မသုန်ကြည့်နေခဲ့တယ်၊
သူ့လက်က စက်လတ်ရဲ့ မောင်းခလုတ်ပေါ်မှာ
ခန္ဓာကိုယ်ကတော့ တိုက်ပွဲဝင်အနေအထား
သို့သော်ငြိမ်သက်သွားခဲ့ပြီ စိတ်ချသွားခဲ့ပြီ
ရန်သူတွေလည်းငြိမ်သက်သွားခဲ့ပြီ
သူ့ကျွေးမွေးပြုစုဘို့ သွားခေါ်တဲ့အခါမှာတော့
သူလက်ထဲက သေနတ်ကို
မနဲဖြုတ်ယူရတဲ့အနေအထားနဲ့
မြင့်မြတ်စွာ ကျဆုံးနေခဲ့ပြီ
သူ့ကိုစစ်ဆေးကြည့်တော့
သေနတ်ဒဏ်ယာ (၃) ချက်
ဘယ်အချိန်ထဲက
ထိထားမှန်းတောင်မသိဘူးတဲ့..
သူကတော့
တပ်ကြပ်မြင့်လွင်ဆိုတဲ့
ဥက္ကရစ်ထ စခန်းရဲ့ အညတျ
သူရဲကောင်းတယောက်ပါဘဲ..
လေးလေးစားစား ဂုဏ်ပြု
လက်တင်အလေးပြုပါတယ်ဆရာမြင့်လွင်ရေ..
#KA
( ခရက်ဒစ်... မူရင်း )
ဆက်လက်ချေမှုန်းနေသူ..
သူလက်ထဲက သေနတ်ကို
သေနတ်ဒဏ်ယာ (၃) ချက်
ဘယ်အချိန်ထဲက
သူကတော့
လေးလေးစားစား ဂုဏ်ပြု
#KA
1.4K views09:27
Open / Comment
2022-07-02 23:29:19 https://yt6.pics.ee/4b4yjw
1.6K views20:29
Open / Comment
2022-07-02 18:20:46
ကန်ချက်ကြီးက အားရလိုက်တာ
ပိုပီးကျေနပ်တာ ကန်တဲ့သူက ဗမာစကားတောင်မတတ်တဲ့ ကိုရီးယားနိုင်ငံသားဖြစ်နေတာပဲ
သေချာတာတခုက သူလိုလူမျိုးတောင် မင်းတို့လို လူသတ် နီပိတ်အကြမ်းဖက်
ခွေး သူတောင်းစားတွေကို လက်မခံတော့ဘူးဆိုတာပဲ
1.0K views15:20
Open / Comment
2022-07-02 18:19:49
သေဒဏ်ပေးခံထားရတဲ့ ဇေယျာသော်တို့ဂျင်းမီတို့ကိုသာ
တကယ် မသတ်သေးပဲ အချိန်ဆွဲ တွေဝေနေကြပေမယ့်
သူတို့အလှည့် ကျတော့ အရှင်ဖမ်းမိပြီးသား စစ်သားတွေကို ရက်ရက်စက်စက် သတ်ပြနေပြီ
အရှင်ဖမ်းမိပြီးသားစစ်သားတွေကို
ခုလိုရက်ရက်စက်စက် သတ်ပြတာဟာ ဘယ်လိုတုံ့ပြန်ဖို့ရှိကြောင်း
ဒီနေ့ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ မေးပေးကြပါ
848 views15:19
Open / Comment