Get Mystery Box with random crypto!

Thurein

Logo of telegram channel komyowin — Thurein T
Logo of telegram channel komyowin — Thurein
Channel address: @komyowin
Categories: Telegram
Language: English
Subscribers: 4.34K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 87

2021-10-26 15:30:00 https://www.facebook.com/100072911843550/posts/119443770496017/
1.3K views12:30
Open / Comment
2021-10-26 14:10:56 ကျွန်တော်ယခုပြထားတဲ့အကောင့်များသည် မင်းသားကြီးကိုမျိုးဝင်း၏ အကောင့်အစစ်များသာဖြစ်ပါတယ်။ကျန်တာအတုပါ။

ကိုမျိုးဝင်း အကောင့်ပါ

https://www.facebook.com/profile.php?id=100070040795502

https://www.facebook.com/profile.php?id=100053407116034

https://www.facebook.com/profile.php?id=100068262737211

https://www.facebook.com/profile.php?id=100070146300709

https://www.facebook.com/profile.php?id=100072911843550

https://www.facebook.com/profile.php?id=100068262737211
1.5K views11:10
Open / Comment
2021-10-26 14:04:30 တဖက်က နီပိတ်လေးတွေ အခြေအနေကတော့ အာဆီယံ အစည်းအဝေး တက်ရောက်ခွင့်ကို ဖိနပ်ပြတ် ခွေးငတ်မျှော်သလို မျှော်လင့်ကြီးစွာ တောင့်တကြီးစွာ နဲ့ တောင်းဆိုခဲ့ပေမယ့် နိုင်ငံမဲ့ On air အစိုးရ NUG ကို အာဆီယံက အဖက်လုပ် မဆက်ဆံလေတော့ နှလုံးကြေကွဲ သေပွဲဝင်ရမယ့် အနေအထား ရောက်သွားရပါတယ် ။

ကိုရွှေမျိုးဝင်း

တရားတော်များတင်ပေးနေတဲ့ကျွန်တော့ရဲ့ Yutube ချန်နယ်လေးပါ
https://youtube.com/channel/UCHViPE-KZM0WJOquswEL3iw
1.4K views11:04
Open / Comment
2021-10-26 14:04:30 အာဆီယံ + UN Vs မြန်မာ
==================

.....ပထမဆုံး မြန်မာအစိုးရ လက်ခံခဲ့တဲ့ အချက်ငါးချက် ပြန်လေ့လာကြည့်ပါ ။

၁ ။ အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တံ့ကြရန် ။

၂ ။ ပြည်သူလူထုအကျိုးဖြစ်ထွန်းစေမည့် ငြိမ်းချမ်းသည့်အဖြေတရပ်ရရှိစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကြားအပြုသဘောဆောင်သည့်တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရန် ။

၃ ။ အာဆီယံဥက္ကဌ၏သံကိုယ်စားလှယ်က အထွေထွေအတွင်းရေးမှုးချုပ်၏ကူညီပံ့ပိုးမှုနှင့်အတူ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးရန် ။

၄ ။ အာဆီယံလူမှုထောက်ကူပြုဗဟိုဌာနမှလူမှုရေးအထောက်အကူများပေးအပ်သွားရန် ။

၅ ။ အထူးသံတမန်နှင့်အဖွဲ့ မြန်မာနိုင်ငံသို့သွားရောက်ပြီး သက်ဆိုင်ရာအဖွဲ့များနှင့်တွေ့ဆုံရန် ။

အဲဒီ အချက် ငါးချက်ထဲမှာ အထူးသံတမန် တွေ့ချင်သောသူနှင့် တွေ့ခွင့်ပေးရမည်လို့ ရေးမထားပါဘူး ။

သို့သော် ဘရူးနိုင်းကိုယ်စားလှယ်က ဒေါ်စုကြည် နဲ့ တွေ့ဆုံခွင့်ပေးဖို့ အသဲအသန်တောင်းဆိုပါတယ် ။ အချုပ်အခြာအာဏာကို စော်ကားတဲ့ တောင်းဆိုမှုမျိုး ဖြစ်နေလို့ နစက အနေနဲ့ မလိုက်လျှောနိုင်ကြောင်း အကြောင်းပြန်ပါတယ် ။

အမေရိကန် နဲ့ အိုအိုင်စီ ရဲ့ ဖိအားကြောင့် ဘရူးနိုင်းဟာ ကိုယ့်မျက်ချေးကို မမြင်ပဲ အကြိမ်ကြိမ်တောင်းဆိုရင်း ဒီမိုကရေစီ ရရှိရန်ဆိုတဲ့ မထော်မနန်း အကြောင်းပြချက်နဲ့ အာဆီယံထိပ်သီး အစည်းအဝေးကို မဖိတ်ဖူးလို့ ခြိမ်းခြောက်လာပြန်ပါတယ် ။

အမျိုးသမီး အခွင့်အရေးမရှိ ၊ ရွေးကောက်ပွဲမရှိ ၊ ရှရီယာ law နဲ့ အုပ်ချုပ်နေတဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ အုပ်ချုပ်နေသူက ဒီမိုကရေစီလေသံထွက်လာတာ အင်မတန်ရီစရာကောင်းလှပါတယ် ။

ဘာနဲ့ အလားသဏ္ဍန်တူနေသလဲ ဆိုတော့ ဂွေးတန်းလန်း ဖင်ဟောင်းလောင်း နဲ့ အရှက်ကုန်နေသူက ပုဆိုးမှာ မဆိုစလောက် မီးလောင်ပေါက်ပါသူကို ရှက်စရာကြီး ဆိုပြီး ကဲ့ရဲ့နေသလိုပါပဲ ။

အာဆီယံ ရဲ့ မူအရ ပြည်တွင်းရေးမစွက်ဖက်ရဆိုတာကို သိသိကြီးနဲ့ သခင်တွေ အလိုကျလုပ်ပေးနေတဲ့ ဝက်မစားသုံးနိုင်ငံရဲ့ တောင်းဆိုမှုတွေကို လက်မခံပဲ ပယ်ချနေလို့ အစည်းအဝေးကို နိုင်ငံခြားရေး အတွင်းဝန်တက်ပါလို့ ဖိတ်လာပြန်ပါတယ် ။

ဒီတခါတော့ နစက အနေနဲ့ ကြက်ခေါင်းဆိတ်မခံ ဝန်ကြီးအဆင့်မှ မတက်ရရင် ဘယ်သူမှ မတက်တော့ဖူးလို့ ပြတ်သားစွာ တုန့်ပြန်လိုက်ပါတယ် ။ ပြီးခဲ့တဲ့ ငါးနှစ်လုံး ပြောသမျှ ဟုတ်ကဲ့ပါ လုပ်ခဲ့တဲ့ NLD လို ဘုံကျွန်အစိုးရ နဲ့ မတူတဲ့ တုန့်ပြန်မှုကြောက့် အာဆီယံအစည်းအဝေးလည်း အူကြောင်ကြောင် နဲ့ တိုင်းပြည်မစုံပဲ ကျင်းပကြရပါပြီ ။

အခြားတိုင်းပြည်တွေရဲ့ ဝေဖန်မှုကို ယာယီဥက္ကဌ တာဝန်ယူထားရတဲ့ ဘရူးနိုင်း အရှက်တကွဲ အပြောခံနေရပါတယ် ။

ဘာကြောင့် ဒီလောက်ထိ ဖြစ်သွားကြရသလဲ တွေးဆကြရပါမယ် ။ အဓိကကျတဲ့ ပြဿနာက ဒေါ်စုကြည် နဲ့ တွေ့ဆုံခွင့် မရတဲ့ ပြဿနာက အရင်းခံပါပဲ ။

ကိုင်း ဘာကြောင့် တွေ့ချင်နေတာ အသဲအသန် ဖြစ်နေပါသလဲ စဥ်းစားပါ ။ ဒီကိုယ်စားလှယ်ကတဆင့် ဒေါ်စုကြည်ထံ စကားပါးချက်လို့ တနည်းအားဖြင့် ဘယ်လို ထွက်ဆိုချက် ပေးပါဆိုပြီး အမိန့်ပေးချင်လို့ပဲ ဖြစ်ပါလိမ့်မယ် ။

ဘွားတော်ကြီးရဲ့ ရူးကြောင်ကြောင် အခြေအနေ ရယ် နိုင်ငံရေးပါးမဝမှုရယ် ပေါက်ကရအပြောအဆိုတွေရယ်ကြောင့် နိုင်ငံတကာမှာ အနောက်အုပ်စု အရှက်ရ သိက္ခာကျစရာ ကိစ္စရပ်များ ပေါ်ထွက်လာမှာ စိုးရိမ်နေလို့ ဖြစ်ပါတယ် ။

အဲဒါကြောင့်သာ နိုင်ငံရေးဂုဏ်သိက္ခာအကျခံပြီး အမေရိကန်တို့ ပျာယာခတ်နေကြတာလို့ ယူဆရပါမယ် ။

ထိုင်းနယ်စပ်ကနေတမျိုး ၊ စက်ာပူကနေတဖုံ ၊ UN က တဆင့် တနည်း ၊ သံရုံးက တလမ်း ဥပတိရုပ်ပျက်လောက်အောင် ရာဇအိဒ္နြေပျက်ပြားနေတာ လူမြင်မကောင်း ဖြစ်နေပါပြီ ။

အနောက်အုပ်စုရဲ့ မြန်မာပြည်ဖျက် စီမံကိန်းကြီးရဲ့ အဓိက ပန်းတိုင်ဖြစ်တဲ့ တရုတ်ကို အနီးကပ် ထိမ်းချုပ်လိုမှုဆိုတဲ့ အိပ်မက်ကြီးဟာ နစက ကြောင့် ပျက်ပြယ်သွားရပါပြီ ။

တနှစ်ကို အစည်းအဝေး ၃၀၀ နဲ့ ၄၀၀ ကြား ပြုလုပ်နေတဲ့ အာဆီယံအစည်းအဝေးတွေ ကြားမှာ မြန်မာမတက်ရလည်း နစက အနေနဲ့ လွမ်းလောက်ဖွယ် မရှိပါဘူး ။

ယနေ့ အာဆီယံ နဲ့ UN ပေါင်းပြီး မြန်မာကို ရမလားလို့ ဖိနှိပ်ကြည့်မှုဟာ ဒေသတွင်း စည်းလုံးမှု ပြိုကဲဲခြင်း နဲ့ UN ရဲ့ အနိုင်ကျင့်မှုကို ဖော်ပြတဲ့ ပွဲအဖြစ် ရှုံ့ချခံရခြင်းမှ တပါး မြန်မာပြည်အတွက်တော့ အရှုံးမရှိတဲ့ ပွဲ တပွဲလို့သာ ယူဆရမှာ ဖြစ်ပါတယ် ။

တနည်းအားဖြင့် ပြန်ကြည့်ရမယ် ဆိုရင် မြန်မာပြည်သူတွေထဲက နီပိတ်တွေကလွဲရင် တပ်မတော်ကို ထောက်ခံသူအများစုဟာ လွတ်ငြိမ်းသာခွင့် နဲ့ ပတ်သက်ပြီး မကျေနပ်ဖြစ်နေရတဲ့ ဒေါသစိတ်တွေ ​လျော့ပါးသွားပြီး ဘုံရန်သူသဖွယ် ဖြစ်လာတဲ့ ဝက်မစားသုံးနိုင်ငံ နဲ့ အာဆီယံကို တပ်မတော်နဲ့ လက်တွဲညီညီ အင်အားပြနိုင်တဲ့ ပွဲစဥ်ဖြစ်သွားပါတယ် ။

နောက်တချက်က နစက အနေနဲ့ အစည်းအဝေး လုံးဝ မတက်ဖူးဆိုပြီး ဇာတိမာန်ပြသနိုင်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြင့် နိုင်ငံရဲ့ လူမျိုးရဲ့ အမျိုးသားရေး စိတ်ဓာတ်ကို အမြင့်ဆုံးထိ ဆွဲတင်ပေးလိုက်တဲ့ ပွဲ ဖြစ်သွားရပါတယ် ။
1.3K views11:04
Open / Comment
2021-10-26 14:03:13 ဒီလိုမဟုတ်ပဲ ကိုယ်လည်း မလုပ်နိုင်ပဲ ဘေးထိုင် ဘုပြော လုပ်နေရင်ဖြင့် အထက်က သူငယ်ချင်း နှစ်ယောက် စကားပြောသလိုပဲ

"မင်းက ငါ့သူငယ်ချင်းလား ခြသေ့် သူငယ်ချင်းလား ''

လို့ မေးရမလို ဖြစ်နေကြောင်း ။

ကိုရွှေမျိုးဝင်း

(ဒီလိုလူစားတွေ အတွက် တရားမျှတမှုနဲ့ ဥပဒေဆိုတာ မထိုက်တန်ဘူး တန်ရာ တန်ရာ တုံ့ပြန်နိုင်ဖို့ လိုအပ်ပါတယ်)
1.2K views11:03
Open / Comment
2021-10-26 14:03:13 ဘယ်သူ့ သူငယ်ချင်းလဲ
================

သူငယ်ချင်းနှစ်ယောက် လမ်းလျှောက်လာရင်း စကားပြောကြတယ်....

"ဟေ့ကောင် မင်းတယောက်ထဲ သဲကန္တရမှာ လမ်းလျှောက်သွားရင်း ခြသေ့် နဲ့ တွေ့ရင် ဘယ်လို လုပ်မလဲ ကွ ''

"သေနတ် နဲ့ ပစ်မှာပေါ့ ကွ ''

"လမ်းလျှောက်ထွက်တာ သေနတ် မပါဘူးလေ ''

"ထွက်ပြေးမယ်ကွာ ''

"ခြသေ့်က မင်းထက် အပြေးမြန်တယ်လေ ''

"သစ်ပင်ပေါ် တက်ပြေးမှာပေါ့ ''

"သဲကန္တရထဲ အပင်ကြီးမရှိဘူးလေ ''

"ရေကန်ထဲ ရေကူးပြေးမယ် ကွာ ''

"အို အေ စစ် နဲ့ အဝေးကြီး ဟ''

"ဟေ့ကောင် နေပါအုံး မင်းက ငါ့သူငယ်ချင်းလား.. ခြသေ့် သူငယ်ချင်းလား...?''

ဟုတ်ကဲ့ ဒီနေ့ တပ်မတော်ထောက်ခံပွဲ ပြုလုပ်ကြတာနဲ့ ပတ်သက်ပြီး ဝေဖန်နေတာတွေ ဖတ်နေရလို့ အထက်ပါ ပုံပြင်လေးကို သတိရ ရင်း ပြုံးမိပါတယ် ။

တပ်မတော် ထောက်ခံပွဲ အတွက် ပထမဆုံး နေပြည်တော်မှာ ကျင်းပဖို့ ဖိတ်ခေါ်ကြစဥ်က ကျနော်လည်း လုံခြုံရေး သတိနဲ့ လုပ်ကြဖို့ သတိပေးရေးသားဖူးပါတယ် ။

ယနေ့ မန္တလေးမှာ ပြုလုပ်မယ့် ပွဲအတွက် မိုက်ကယ်ကျော်မြင့် ပို့စ်တင်ထားလို့ ကြိုသိပြီး စိုးရိမ်မိတာ အမှန်ပါပဲ ။ မထင်မှတ်ပဲ မြို့ အတော်များများမှာ တပြိုင်နက်တည်း ကျင်းပခဲ့တာ တွေ့ရလို့ အံ့သြမိပါတယ် ။

တပ်မတော်ကို ထောက်ခံစရာ မလိုပါဘူး ဆိုတဲ့ အတွေး နဲ့ အန္တရာယ်ဖြစ်မှာ စိုးရိမ်မိလို့ မလုပ်စေချင်သူတွေလည်း အများအပြားပါပဲ ။

နိုင်ငံရေး လိုအပ်ချက်အရ မူလ သတ်မှတ်ထားတဲ့ ကုလအစည်းအဝေးရှိတဲ့ နိုဝင်ဘာလ မှာ ပြုလုပ်မယ့် အစီအစဥ်အား အာဆီယံ အတွက် အားခြင်း ရှေ့တိုး စီစဥ်လိုက်ရတဲ့ ပွဲလို့ သိရပါတယ် ။

အကြောက်တရားနဲ့ ခြိမ်းခြောက်ထားတဲ့ PDF လူယုတ်မာတွေရဲ့ ရန်ကြောင့် စိုးရိမ်နေရတဲ့ အမျိုးသားရေးသမားအများစု မတက်ရောက်နိုင်ကြပေမယ့် ပွဲစီစဥ်သူတွေရဲ့ ချီးမွမ်းဖွယ် အစီအစဥ် နဲ့ တက်ရောက်သူတို့ရဲ့ ရဲရင့်တက်ကြွမှုကတော့ အံ့မခန်းလို့ ပြောရပါမယ် ။

ဒီပွဲစဥ်တွေ စကတည်းက မိမိနဲ့ fri ဖြစ်ထားတဲ့ မိတ်ဆွေအချို့ ဝေဖန်နေကြပါပြီ ။ မလိုအပ်ပဲ ဖင်ယားတယ်လို့ ၊ မိတ္ထီလာသတင်းကြားတော့ ဝမ်းမနည်းဖူးတို့ ရေးတင်နေတာ တွေ့ရပါတယ် ။

နောက် ကိုဗစ် စည်းကမ်းအကြောင်းပြပြီး ဥပဒေ ဖောက်ပြန်နေတဲ့ အုပ်စုအဖြစ် ဝေဖန်ထောက်ပြကြပါတယ် ။

အမျိုးသားရေး သမားအခြင်းခြင်း အဲသလောက် ဝေဖန်နေတာလည်း မသင့်ပါဘူး ။ မိမိ မလုပ်ရဲတဲ့ ကိစ္စကို ရဲဝင့်အောင်မြင်စွာ လုပ်ပြသွားသူတွေကို လက်ခုပ်မတီးနိုင်ရင်နေကြပါ ။ ကဲ့ရဲ့ခြင်းငှာ မပြုသင့်ဖူးလို့ ယူဆမိပါတယ် ။

ယခုလို လုပ်ပြခြင်းဖြင့် VOA လို သတင်းကနေ တပ်မတော်ကို ထောက်ခံသူ ပြည်သူတွေ အများအပြားရှိနေကြောင်း ဖော်ပြလာရပါပြီ ။

နောက် ကိုဗစ်ကိစ္စနဲ့ အကြောင်းပြုပြီး ဂေဖန်မယ်ဆိုရင်လည်း ရန်ကုန်လာပြီး YBS စီးကြည့်ပါလို့ အကြံပြုချင်ပါတယ် ။ ညှပ်သပ်နေတဲ့ YBS ပေါ်မှာ ကိုဗစ် ဥပဒေ ကိုဗစ်ကူးစက်နိုင်ခြင်း ဆိုတာ ဥပေက္ခာပြုထားရတာ ကြာပါပြီ ။

NLD အာဏာရှိစဥ်က ကိုဗစ် နဲ့ ဘယ်လို ညစ်သွားတယ်ဆိုတာ အားလုံးအသိပါပဲ ။ အခု ထောက်ခံပွဲ ကိစ္စမှာ ကိုဗစ်စည်းမျဥ်း နဲ့ တရားစွဲထားတဲ့ ဒေါ်စုကြည် နဲ့ ဦးဝင်းမြင့်ကို အားနာရမယောင် ရေးထားတာလည်း တွေ့မိပါတယ် ။

ဟုတ်ကဲ့ အလှူလုပ်လို့ဖမ်း ၊ မဂ်လာဆောင်လို့ဖမ်း ၊ တရားပွဲ လုပ်လို့ ဖမ်း ထင်တိုင်းကျဲခဲ့သမျှ မဲဆွယ်ပွဲမှာ အဲဒီ ဥပဒေကို လွှင့်ပစ်ခဲ့တာ မေ့နေပြီလားလို့ မေးချင်ပါတယ် ။

သူတို့ နှစ်ယောက်ကို အဲဒီ ပုဒ်မ နဲ့ တရားစွဲတာ စောက်မြင်ကပ်လို့ ဆိုတဲ့ အချက်ပါနေတာ သိရဲ့သားနဲ့ တန်းမညှိကြပါနဲ့ ။ ကိုဗစ်ကာလ မဲဆွယ်တဲ့ နီပိတ်တွေ ဘယ်သူမှ တရားစွဲမခံရပါဘူး ။

အဲဒါကို တပ်မတော်ထောက်ခံပွဲ လုပ်မှ တရားစွဲရမယ် ဆိုတော့ကား ခင်ဗျားတို့ ပေးတဲ့ အကြံက တပ်မတော် နဲ့ သွေးခွဲတဲ့ အကြံဖြစ်မနေဖူးလားဗျာ ။

တဖက်က လူယုတ်မာ NLD တွေက ရတတ်သရွှေ့ ယုတ်မာ ရက်စက်နေပါတယ်ဆိုမှ ဒီဖက်က အဖြူစင်ဆုံး လုပ်ပြရအုံးမှာလားဗျာ ။ အချင်းချင်း မလိုအပ်ပဲ ဘာလို့ သွေးကွဲအောင် ထောက်ပြဝေဖန်နေကြပါသလဲ ။

ထောက်ခံပွဲကနေ အမြတ်ထုတ်ကြည့်ပြီး လုပ်ပြသူတွေကို ချီးမွမ်းစမ်းပါ ။ နိုင်ငံရေး အမြတ်ထွက်ပါတယ် ဗျ ။

၁ ။ တပ်မတော်ကို ပြည်သူတွေ ထောက်ခံနေပြတယ်ဆိုတာ ငြင်းမရတဲ့ သက်သေရသွားပြီ ။

၂ ။ အမျိုးသားရေးသမားတွေ အိမ်တွင်းပုန်း ကြောက်ပြမနေဖူးဆိုတာ လူယုတ်မာတွေ သိသွားပြီ ။ တနည်း အမျိုးသားရေးသွေး ဘယ်လောက်ရဲသလဲဆိုတာ မှတ်ကျောက်တင်နိုင်ခဲ့ပြီ ။

၃ ။ မန္တလေးလို ကြိုသိရတဲ့ ပွဲကြီးမှာ အဖျက်အမှောက် ပြုလုပ်ဖို့ ကြိုတင်ကြံစီချိန် ရခဲ့ပေမယ့် အင်မတန် ယုတ်မာတဲ့ PDF တွေ ဘာမှ မလုပ်နိုင်လောက်အောင် ချိနဲ့ အားကုန်နေပြီဆိုတာ သိလိုက်ရပြီ ။

၄ ။ အမှိုက်ပုံ ဗုံးခွဲ ၊ ခိုကိုးရာမဲ့ အိမ်ခြေမဲ့ ပလုံးတွေ သတ်ဖြတ် နဲ့ PDF သင်းကွဲတွေရဲ့ ဗရမ်းဗတာ အနေအထားကို သိရပြီ ။

ဒီပွဲစဥ်ကြောင့် ဒီလို အမြတ်ထွက်ပါတယ် ။ ဒါကြောင့် စီစဥ်သူတွေ နဲ့ ရဲရင့်စွာ တက်ရောက်ခဲ့သူတွေ ဝန်းရံခဲ့သူတွေကို လေးစားစွာ ဂုဏ်ပြုအပ်ပါတယ် ။
1.4K views11:03
Open / Comment
2021-10-26 14:01:18 မင်းသားကြီး ကိုမျိုးဝင်းအမည်ဖြစ့် ပေ့ဖွင့်ပြီး အလှူခံနေသည် ကိုမျိုးဝင်း ပေ့ အတုပါခင်ဗျာ


အကိုမျိုးဝင်း၏
စာဖတ်မိတ်ဆွေ

Star You (G 88 Y)

1.0K views11:01
Open / Comment
2021-10-26 14:01:10 မင်းသားကြီး ကိုမျိုးဝင်းအမည်ဖြစ့် ပေ့ဖွင့်ပြီး အလှူခံနေသည် ကိုမျိုးဝင်း ပေ့ အတုပါခင်ဗျာ

အကိုမျိုးဝင်း၏ စာဖတ်ပရိတ်သတ်များ သိရှိစေရန် ထပ်မံ သတိပေး နိုးဆော်လိုက်ပါသည်။

အကိုမျိုးဝင်း၏
စာဖတ်မိတ်ဆွေ

Star You (G 88 Y)

https://www.facebook.com/%E1%80%80%E1%80%AD%E1%80%AF%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9D%E1%80%84%E1%80%BA%E1%80%B8-109875554757241/
1.1K views11:01
Open / Comment
2021-10-25 23:03:08



ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော
#တိုင်းရေးပြည်ရေးမျှော်တွေးခြင်း
1.2K views20:03
Open / Comment
2021-10-25 21:20:14
1.2K views18:20
Open / Comment