Get Mystery Box with random crypto!

Thurein

Logo of telegram channel komyowin — Thurein T
Logo of telegram channel komyowin — Thurein
Channel address: @komyowin
Categories: Telegram
Language: English
Subscribers: 4.34K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 88

2021-10-25 21:16:26 တော်လှန်ရေးလုပ်ခဲ့သူ PDF အချင်းချင်း ဒလန်လို့စွပ်စွဲပီး ရက်ရက်စက်စက် လည်လှီးသတ်တာ


Crd
HNO
1.2K views18:16
Open / Comment
2021-10-25 21:16:15 တော်လှန်ရေးလုပ်ခဲ့သူ PDF အချင်းချင်း ဒလန်လို့စွပ်စွဲပီး ရက်ရက်စက်စက် လည်လှီးသတ်တာ
ဒီကောင် PDF တွေ လူစိတ်ရောရှိသေးရဲ့လား

ဆန္ဒပြပွဲတွေမှာအမြဲပါပီး
ညီတယောက်လုံးဆုံးရှုံးထားတဲ့သူကိုတောင် ယုံကြည်မှုမရှိ လုပ်ရက်တယ်

Crd
HNO
1.1K views18:16
Open / Comment
2021-10-25 17:52:03 ခက်တော့နေပြီ
==========

ကိုစိုးဆီက ဖုန်းဆက်လာတယ် ။ သူပြောမှ ကျနော်သတိထားရမယ့် ကိစ္စတခု ပြန်မှတ်မိလာရပါတယ် ။

နစက အစိုးရက လိုင်းတွေ စဖျက်ခါစ VPN နဲ့ ကျော်ခွပြီး သုံးစွဲစ ကာလတုန်းကကျနော့် ACC တွေ ကျကုန်တယ် ။ အသစ်ဖွင့်တယ် ဘယ်လိုမှ မရဘူး ။

နှစ်ရက်လောက် ပျောက်သွားတော့ အမပွားက ဖုန်းဆက်မေးတယ် ။ ကျနော့်လက်ရှိ ဖုန်း နှစ်လုံး နဲ့ ACC အသစ်ဖွင့်တာ မရတော့ဘူး ၊ ဖုန်း id နဲ့ fb က ပိတ်ထားတယ်နဲ့ တူတယ်လို့ ပြောလိုက်တယ် ။

အဲဒါကို ကိုဖြိုးဝေကလည်း ကျနော့်လို ဖြစ်ပြီး ပို့စ် တင်တယ် ၊ သူလည်း ဖုန်းအသစ်မဝယ်နိုင်သေးလို့ နားနေကြောင်းပေါ့ ။

ဒီတော့ အမပွားက ဖုန်းအသစ်ဝယ်ဖို့ ပြောတယ် ။ ကိုယ်ကလည်း ရိုးသားစွာပဲ ပြောလိုက်ပါတယ် အမရေ နောက်ထပ်ဝယ်ရင် သနပ်ခါးတုံးစာ မိဖို့ 100 % ပဲ ဆိုတော့ ရီနေတယ် ။ နောက် သူက သူ့မိတ်ဆွေတွေဆီ အလှူခံပြီး စုပေးမယ်တဲ့ ။ မလုပ်ပါနဲ့ အမရာ ဆိုပြီး တားပါသေးတယ် ။

အမပွားက တားမရဘူး ကိုဖြိုးဝေ ပို့စ် ပြန်တင်ပြီး ကိုမျိုးဝင်းလည်း ဒီလို ဖြစ်နေတယ် ၊ ဖုန်းဝယ်ပေးချင်လို့ပါ ဆိုပြီး ပို့စ် တင်ပါရော ။

အမပွား နဲ့ ကျနော် နဲ့ နှစ်ဦးလုံးကို သိနေတဲ့ မိတ်ဆွေများက ဝိုင်းပြီး wave ကနေ ပေးလှူကြပါတယ် ။ အမရေ ဖုန်းဖိုး ပိုနေပြီ လက်မခံတော့ နဲ့လို့ တားပါတယ် ။ အမပွားလည်း ရပါပြီ မလှူပါနဲ့လို့ ပြောတာကိုပဲ လှူချင်လို့ လက်ခံပေးပါအုံး ဆိုပြီး ဇွတ်အတင်း လှူကြပါတယ် ။

အမပွားကတောင် ခင်ဗျားကို မနာလိုတော့ဖူးလို့ နောက်ပြောင်တဲ့ အထိပါပဲ ။ ကျနော် ဖုန်းအသစ်ဝယ်ပါတယ် ။ သို့သော် ACC အသစ်က ဖွင့်မရပါဘူး ။ သုံးလက်စ ACC တွေပဲ ဝင်သုံးလို့ ရတယ်ဆိုပြီး ပြောကြပါတယ် ။

ဒါနဲ့ သုံးလက်စ ACC ပါတဲ့ ဖုန်းအဟောင်းတွေ ရှာဝယ်ရပြန်ပါတယ် ။ ငွေရှိသလောက် ဝယ်လိုက်တာ ဖုန်း ၅ လုံး ဖြစ်ပါတယ် ။ အဲဒီကာလက အကျဥ်းအကြပ်ကို အဲဒီလို ဖောက်ထွက်ခဲ့ရဖူးပါတယ် ။

အခု ကျနော် နိုင်ငံရေး နားမယ်ဆိုပြီး မရေးပဲ နေတော့ ကိုစိုးက မင်း အဲလို ကူညီခဲ့တဲ့ မင်းရဲ့ မမြင်ဖူးတဲ့ fb fri တွေကို အားမနာဖူးလား တဲ့ ။

အမျိုးသားရေး အုပ်စုမှာ like 1 k ကျော်တဲ့ ACC ဘယ်လောက်များနေလို့ နားတာလဲ တဲ့ ။

မင်းရေးနေရင် မဟုတ်တာ လုပ်တဲ့ ဌာနဆိုင်ရာတွေ လှုပ်လှုပ်ခတ်ခတ် ရှိသွားရတာ သူသိသတဲ့ ။

မင်းလို ထောင်မကြောက် တန်းမကြောက် ရေးတဲ့သူ ထောက်ပြတဲ့သူ ဘယ်လောက်ရှိသလဲ တဲ့ ။

လိုင်းပေါ်က နီပိတ်တွေ စိမ်းပိတ်တွေရဲ့ မထော်မနန်း သတင်းလိမ်တွေကို ဘယ်သူဖော်ထုတ်မလဲ တဲ့ ။

ဌာနဆိုင်ရာတွေရဲ့ အနိုင်ကျင့်မှု မတော်မတရားမှုတွေကို ဘယ်သူက မင်းလို အမည်တပ် ဖော်ထုတ်မလဲ တဲ့ ။

....မင်းကို ရေးခိုင်းတာ နစက အတွက် တပ်ချုပ်ကြီးအတွက် မဟုတ်ဖူး တပ်မတော်အတွက် ၊ ဘာသာ သာသနာ အတွက် ၊ တိုင်းပြည်နဲ့ လူထုအတွက် တဲ့ ။

အင်းးးးကိုစိုးပြောတဲ့ အချက်တွေထဲက ကျနော့် နှလုံးသားကို အထိခိုက်ရဆုံးက ကျနော်ဖုန်းဝယ်ဖို့ ဆိုပြီး ငွေစုပေးတဲ့ သူတွေပါပဲ ။ ကျမငွေ တသောင်းကိုတော့ လက်ခံပေးပါ ကျမ ချမ်းသာလို့ မဟုတ်ပါဘူး ကိုမျိုးရဲ့ စာတွေကို ဖတ်ချင်လို့ လေးစားလို့ပါ ဆိုပြီး ပြောခဲ့တဲ့ စကားကိုလည်း ကြားယောင်မိဆဲပါပဲ ။

ကျနော် ကျိုးစားရေးခဲ့ပါတယ် ။ တနေ့ကို အနည်းဆုံး နှစ်ပုဒ် ကနေ စိတ်ပါရင် ပါသလို ရေးခဲ့ပါတယ် ။ ဘယ်လိုမှ တင်မရရင် messenger ကနေ ပို့ပြီး ဖတ်လို့ရအောင် ကျိုးစားခဲ့တာ အဲဒီ မိတ်ဆွေတွေရဲ့ စေတနာကို တုန့်ပြန်ခဲ့တာပါ ပဲ ။

ကိုစိုးရဲ့ သတိပေး ဖုန်းသံက ကျနော်အတွက် အခက်တွေ့စေခဲ့ပါတယ် ။

ကိုရွှေမျိုးဝင်း

(ဖုန်းဝယ်ဖို့ ငွေစုပြီး ပေးလှူခဲ့သူများအား ကျနော် ကျေးဇူးတင်ကြောင်း တခါမျှ မပြောခဲ့ဖူးသေးပါဘူး ၊ အခြားသူတွေကပါ ကူညီချင်ပါတယ် ဖြစ်နေမှာစိုးလို့ပါ ။ ယခင်က အမပွား နဲ့ ကျနော့်ရဲ့ ACC တွေနဲ့ mutual fri များသာ သိခဲ့ကြတဲ့ အတွက် ကျနော် မရေးခဲ့တာပါ ။ ယခုမှ ပြောလက်စနဲ့မို့ အဆိုပါ မိတ်ဆွေ အပေါင်းအား ကျေးဇူးတင်ပါကြောင်း ပြောချင်ပါတယ် ခင်ဗျား)

တရားတော်များတင်ပေးနေတဲ့ကျွန်တော့ရဲ့ Yutube ချန်နယ်လေးပါ
https://youtube.com/channel/UCHViPE-KZM0WJOquswEL3iw


တယ်လီဂရမ်လင့်နဲ့ကျွန်တော့အကောင့်လင့်ပါ
https://t.me/komyowin/32

https://www.facebook.com/profile.php?id=100058949323171
1.2K views14:52
Open / Comment
2021-10-25 12:51:39 ကမ်းခြေ နဲ့ သဲဖြူတန်ဖိုး
=================

ကျနော်က အညာသားစစ်စစ် ဖြစ်ပြီး ဧရာဝတီမြစ်ဘေး ကျင်လည်ခဲ့သူတယောက်ဖြစ်ပါတယ် ။ ရေကျချိန် နွေ နဲ့ ဆောင်းမှာ မြစ်ဘေးက ဖြူဖွေးနေတဲ့ သဲသောင်ပြင်ကြီးကို တပင်တပန်း ဖြတ်သန်းပြီးမှ ရေရှိတဲ့ မြစ်ထဲ အရောက်သွားကြရတာ မှတ်မိပါတယ် ။

ဒီတော့ ကျနော့်စိတ်ထဲမှာ သဲဖြူဆိုတာ ရေစပ်စပ် ရှိတိုင်း ပေါများစွာ ရနိုင်တဲ့ အရာလို့ မှတ်ယူပြီး တန်ဖိုးမထားခဲ့ပါဘူး ။

ရပ်ကွက်ထဲက ချောင်းထဲမှာလည်း သဲဖြူဆိုတာ ဖောချင်း သောချင်းကိုးဗျ ။ ကိုယ့်အိမ်မှာ အိမ်သာကျင်းတူးရင်ကိုပဲ သဲဖြူထွက်တဲ့ နေရာက ချက်မြှပ်ဖြစ်နေတော့ကား တန်ဖိုးမထားမိခဲ့တာ မဆန်းပါဘူး ။

ရုပ်ရှင် video တွေ ကြည့်တော့လည်း ပင်လယ်ကမ်းစပ်မှန်သမျှ သဲဖြူတွေ ဖွေးနေတော့ကား သြော် ပင်လယ်ကမ်းခြေ ဆိုတာလည်း ဖြူဖွေးနေတဲ့ သဲတွေချည်းပါလားလို့ ထင်မှတ်ခဲ့ပါတယ် ။

တနှစ်သားဆီက ကျနော် အလုပ်ကိစ္စနဲ့ ချောင်းသာ နဲ့ ဂေါ်ရင်ဂျီ ကျွန်းကြားက ပင်လယ်ကမ်းစပ်တလျှောက်ရှိ ကျေးရွာတွေဆီကို ရက်အတော်ကြာကြာ ရောက်ခဲ့ရပါတယ် ။

အုန်းခြံတွေ လိုက်ကြည့်ပြီး စျေးနှုံးတွေ မေးကြည့်တော့ အုန်းသီး အထွက်ကောင်းဖို့ထက် ခြံရှေ့က ဖြူဖွေးနေတဲ့ သဲသောင်ပြင် နဲ့ ကျယ်ဝန်းမှု အပေါ် မူတည်ပြီး စျေးကွာသွာတာ တွေ့ရပါတယ် ။ ဘယ်လောက် ကွာသလဲဆိုရင် တဧက သိန်း ၇၀၀ ကနေ သိန်း ၁၅၀၀ အထိ ရှိလေတော့ နှစ်ဆကျော် ကွာဟနေပါပြီ ။

ကျနော့်စိတ်ထဲ တန်ဖိုးမထားခဲ့တဲ့ ပေါများစွာ ရှိနေတဲ့ သဲဖြူဟာ သူ့နေရာနဲ့သူ အရေးပါနေတာ သတိထားမိလာပြန်ပါတယ် ။

နောက် မနှစ်က ကျနော် ဆယ်မိုင်ကမ်းခြေ နဲ့ ခရုကျွန်းကို ရောက်ခဲ့ပါတယ် ။ အင်မတန်သာယာပြီး ကျယ်ပြန့်တဲ့ သဲသောင်ခုံတွေ နဲ့ ကမ်းခြေတွေပဲ ဖြစ်ပါတယ် ။

စားသောက်ဆိုင် များစွာ တွေ့ရပေမယ့် ကိုဗစ်ကာလမို့ စည်ကားမှုတော့ မရှိပါဘူး ။ ထူးခြားတာက သဲသောင်ခုံတွေ လှပစွာ ရှိနေပေမယ့် ပင်လယ်ရေက နောက်ကျိနေတာ တွေ့ရပါတယ် ။

ကမ်းစပ်မှာက နှုံးတွေ နွံတွေ နဲ့ ဆိုတော့ ရေဆော့ဖို့ အဆင်မပြေတာ တွေ့ရပြန်ပါတယ် ။ ဒီတော့မှ သြော် ပင်လယ်ကမ်းစပ်ဆိုတာ ငါထင်သလို အမြဲတမ်း ဖြူဖွေးနေတဲ့ သဲသောင်တွေ နဲ့ ကြည်လင်နေတဲ့ ရေတွေချည်း တည်ရှိနေတာ မဟုတ်ပါလားလို့ အညာသားကျနော် သိလိုက်ရပါတယ် ။

မြန်မာပြည် မြေပုံကို ပြန်ကြည့်လိုက်ပါက မြေပြင် ဧရိယာ တဝက်နီးပါး ဟာ ပင်လယ်နဲ့ ထိစပ်နေတဲ့ ရှည်လျှားသော အဖိုးတန် ကမ်းရိုးတန်းဒေသဖြစ်ကြောင်း ထင်ရှားစွာ တွေ့မြင်ရပါမယ် ။

သို့သော် စီးပွားဖြစ် လည်ပတ်နိုင်ရန် အဆင်ပြေသော
(လမ်းပန်းဆက်သွယ်ရေး ၊ လုံခြုံရေး ၊ သဲသောင် နဲ့ ကြည်လင်သောကမ်းစပ်) အပန်းဖြေကမ်းခြေ ဘယ်လောက်များများ ရှိနေပြီလဲဆိုတာ စိတ်ဝင်စားစရာပါပဲ ။

ယခုလက်ရှိအချိန်ထိ အင်မတန် နည်းနေသေးတာ တွေ့ရပါတယ် ။ ဒါတွေက ကျနော်မြင်တွေ့ခဲ့ရတဲ့ အမြင်တွေပဲ ဖြစ်ပါတယ် ။

သို့သော် ခေတ်ကာလ ပြောင်းလာတာနဲ့ အမျှ ကျနော်တို့ ငယ်စဥ်က ပေါများစွာ မကုန်နိုင် မခမ်းနိုင် တည်ရှိခဲ့ပါသော ပြောင်းပြာချောင်း နဲ့ စွန်းလွန်းချောင်း ရှိ သဲဖြူများဟာ ဆောက်လုပ်ရေးလုပ်ငန်းသုံးစွဲမှုကြောင့် မယုံနိုင်ဖွယ် ကုန်ခမ်းသွားရချေပါပြီ ။

ရာသီသုံးပါးလုံး ရေမပြတ်ခဲ့တဲ့ ချောင်းကြီးတွေဟာ မိုးရာသီမှာ ရက်အနည်းငယ်သာ စီဆင်းနိုင်တော့တဲ့ မြောင်းသာသာဘဝ ရောက်သွားရပါပြီ ။

ဧရာဝတီဘေးမှာတော့ သဲသောင်တွေ ရှိနေဆဲပါပဲ ။ သူကတော့ တနှစ်ကို နှစ်ကြိမ် ပုံမှန် ရေကြီးမယ် အနယ်ချမယ် ၊ မြစ်ညှာက သဲတွေ သယ်လာမယ် ဆိုတဲ့ သံသရာလည်တဲ့ စက်ဝန်းရှိနေတာကိုး ။

မြစ် ချောင်း အင်းအိုင် နဲ့ ပင်လယ်ကမ်းစပ် ရှိ ဖြူဖွေးနေတဲ့ သဲတွေနဲ့ ပတ်သက်ပြီး သံဝေဂရမိတာကတော့......

၁ ။ အကာအကွယ်မရှိ ၊ ဖြည့်ဆီးမှု မရှိ ဖြစ်ခဲ့ရင် အတိတ်က မကုန်ခမ်းနိုင်ဖူးလို့ ယူဆခဲ့တဲ့ သဲထုကြီးလည်း ပြောင်းပြာချောင်း နဲ့ စွန်းလွန်းချောင်းလို့ ကုန်ခမ်းပျက်စီးသွားနိုင်ပါတယ် ။

၂ ။ ဧရာဝတီကတော့ သူ့ခွန် သူ့အား နဲ့ ရာသီစက်ဝန်းအတိုင်း အထက်မြစ်ညှာကနေ သဲဖြူတွေ အဆက်မပျက် ပို့ချပေးနိုင်လို့ ဥပတိရုပ် မပျက်နေနိုင်သေးကြောင်း သိရပါတယ် ။

၃ ။ ပင်လယ်ကမ်းစပ်ကြီး ဘာ်လောက်ကြီးမားရှည်လျှားနေပါစေ ဖြူဖွေးတဲ့သဲသောင် နဲ့ ကြည်လင်တဲ့ ကမ်းစပ် နည်းနည်းပဲ အသုံးချနိုင်သေးတာကြောင့် ထပ်မံရှာဖွေ မြှောက်စားပေးဖို့ လိုနေသေးကြောင်း သိရပါတယ် ။

မကုန်ခမ်းနိုင်ဖူးလို့ ယူဆခဲ့ဖူးတဲ့ သဲဖြူဖြူရဲ့ နေရာမှာ ကျနော်တို့ နိုင်ငံရဲ့သား​ကောင်း​​လေးတွေကို အစားထိုးကြည့်မိရင်ဖြင့်.........

ကိုရွှေမျိုးဝင်း
1.1K views09:51
Open / Comment