Get Mystery Box with random crypto!

Thurein

Logo of telegram channel komyowin — Thurein T
Logo of telegram channel komyowin — Thurein
Channel address: @komyowin
Categories: Telegram
Language: English
Subscribers: 4.34K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 86

2021-11-16 20:31:06 ကိုရွှေမျိုးဝင်း


https://t.me/komyowin/32



729 views17:31
Open / Comment
2021-11-16 20:31:06 တိုက်ရင်နိုင်မှ တောင်းရင်ပေးမှ
=====================


"ဘာများလည်း ကိုစိုး ''











"ဘာလို့လဲ ကွ ''

















"OK ''
650 views17:31
Open / Comment
2021-11-16 20:29:44 ကိုရွှေမျိုးဝင်း
(ကိုစိုးအတွက် တင်တာနော် မရလို့ မလှစကားပြောနေသူတွေ နဲ့ ကိုယ့်ဘာသာ ဘုရင်မ ထင်ပြီး ကျိတ်မှိတ်အားတင်းနေရသူတွေ လိပ်ပြာလုံ​​ကြပါစေ......ကိုယ့်ဘာသာ အိချောပိုလေး စိတ်ကူးယဥ်တာတောင် သနပ်ခါးတုံးတွေ ပလူပျံအောင် ပို့နေသူတွေ သိဖို့ )


တယ်လီဂရမ်လင့်နဲ့ကျွန်တော့အကောင့်လင့်ပါ
https://t.me/komyowin/32

https://www.facebook.com/profile.php?id=100058949323171

နိုင်ငံရေးသတင်းများကို Yutube မှာလည်းနားဆင်လို့ရပါပြီခင်ဗျာ
https://youtube.com/channel/UCG7fGVz_iyGtDnMsqyCABbw

တရားတော်များတင်ပေးနေတဲ့ကျွန်တော့ရဲ့ Yutube ချန်နယ်လေးပါ
https://youtube.com/channel/UCHViPE-KZM0WJOquswEL3iw
616 views17:29
Open / Comment
2021-11-16 20:29:44 တိုက်ရင်နိုင်မှ တောင်းရင်ပေးမှ
=====================

ကိုစိုးတယောက် ဒီနေ့တော့ မနက်အစောကြီး ပေါက်လာပြီး လက်ဖက်ရည်ဆိုင် ခေါ်ပါတယ် ။ စားသောက်ပြီးတာ နဲ့ ထုံးစံအတိုင်း လေကန်ပါတယ်......
"ငမျိုးရေ မနေ့က မင်းရေးတဲ့ သတင်းတွေက ဟုတ်ပါပြီ ငါ ဘဝင်မကျတာ ရှိသေးတယ် ကွ''

"ဘာများလည်း ကိုစိုး ''

"ထားဝယ် စီမံကိန်းတို့ ၊ ရုရှားက စစ်လက်နက်စက်ရုံ အကြီးစားတွေ တည်ဆောက်မယ်တို့ ဆိုတဲ့ ကိစ္စတွေက ပြည်တွင်းရေး မတည်ငြိမ်ပဲ ဖြစ်နိုင်ပါ့မလား ဟ အခုတောင် ဟိုလူ့သတ် ဒီနေရာ ဗုံးခွဲ လုပ်နေကြတာပဲ ''

"အဲလို လုပ်ငန်းကြီးတွေ လာဖို့ ရှိတဲ့ အတွက်ကို PDF တွေအတွက် မရဏစီမံကိန်း ဆွဲပြီးရောပေါ့ ဗျာ မပူပါနဲ့ ''

"ဒါဆို သံဃာတွေ အသတ်ခံနေရတာ အော်အုံးကွာ ''

"နိုင်ငံအနှံ့အပြား ရှိနေတဲ့ သံဃာတပါးခြင်းစီကို တပ်မတော်က ဘယ်လိုမှ မစောင့်ရှောက်နိုင်ဘူး ဗျ သို့သော် အားကိုးရမယ့် မာမာချာချာ အခြား အဖွဲ့အစည်းလည်းမရှိဘူး ဒီတော့ ကံဆိုးသူ သံဃာတွေ ခံရအုံးမှာပဲ မတတ်နိုင်ဘူး ''

"YMBA ကတော့ စာထုတ်တာတွေ့ရပြီ မဟန နဲ့ သာသနာရေး ဝန်ကြီးဌာနက ငြိမ်နေပါလား ''

"တနေ့က အဲဒီကိစ္စကို မဟနအဖွဲ့ဝင် မိုင်းသောက်ဆရာတော်ကြီးက စာထုတ်ပြန်ပေးဖို့ တောင်းဆိုတယ် ကျန် အနီ ကိုယ်တော်ကြီးတွေက မလှုပ်ဖူး ၊ နောက် သာသနာရေးဝန်ကြီးဌာန ညွှန်ချုပ် အသစ် နဲ့ လက်ထောက်ညွှန်ချုပ်တို့ကလည်း စာထုတ်ဖို့ စိတ်မကူးကြဘူး အားလုံး ပုလင်းတူဗူးဆို့ သံဃာတွေ သေကြေနေရတာကို နှုတ်ပိတ်နေကြဖို့ ဆုံးဖြတ်ထားကြတယ် ''

"ဟာ အတော်ဆိုးဆိုးပါလား ကွ နေပါအုံး စဥ်းစားမိတာတခု ရှိတယ် စာထုတ်လည်း မထူးပါဘူး ဆိုပြီးတွေးကြလို့လား မသိဖူး''

"ဘယ်ဟုတ်မလဲ ထူးတာပေါ့ PDF တွေ သံဃာတွေကို သတ်ဖြတ်နေတာကို သူတို့ စာထုတ်လိုက်ရင် ကမ္ဘာ့မီဒီယာတွေမှာ ပါသွားပြီး နာမည်ပိုပျက်မှာ စိုးရိမ်လို့ စာမထုတ်တာ ဗျ မဟန ရော သာသနာရေးဝန်ကြီးဌာနရော ဖရဲသီးတွေလို့ပဲ ယူဆရမှာပဲ ''

"PDF တွေ ဘယ်လောက်ထိဇောင်းထမယ် မှန်းထားလဲကွ ''

"မနေ့က ထန်းတပင်ဖြစ်စဥ်ကြည့်ပြီး မှန်းရရင် မကြာတော့ဘူး ဗျ''

"ဘာလို့လဲ ကွ ''

"နောက်က မြှောက်ပေးနေတဲ့ ဝက်မစားတွေ အတွက် ခိုင်းတိုင်း လုပ်နိုင်တဲ့ ကြေးစား မြန်မာ အမျိုးယုတ် PDF တွေ သိပ်မရှိတော့ဖူး ထောင်ကျတဲ့သူနဲ့ သေချင်းဆိုးနဲ့သေတဲ့သူတွေ များနေပြီ ဒါကြောင့် ဒီကောင်တွေ ကိုယ်တိုင် ထွက်လာပြီး လှုပ်ရှားနေရတဲ့ အဆင့် ဖြစ်နေပြီ ''

"အေးဒါဆို သံဃာတွေကို သတ်နေတဲ့ လက်သည်က ''

"အရိုးနဲ့စည်းရိုးထိုးကာကွယ်မယ် ကြွေးကြော်နေသူတွေ သိပါတယ်ဗျာ သို့သော် ဆက်ရေးနေရင် ရန်လုပ်ကြအုံးမယ် သွေးကွဲရုံထက် မပိုလို့ ကျနော် မရေးတော့ပါဘူးလေ ''

"အင်း ထားပါကွာ မင်း နစက ကိုတော့ ဒီသံဃာ ကိစ္စအတွက် တောင်းဆိုပေးသင့်တယ် ကွ ''

"တောင်းဆိုတဲ့နေရာမှာ လုပ်နိုင်တာ တောင်းဆိုမှ နှစ်ဖက်လုံးအတွက် ကောင်းတာဗျ လုံခြုံရေးတွေလည်း မချိမဆန့် ပင်ပန်းနေကြတာလေ ''

"အေး မင်းကို ရေးထားတဲ့ ပို့စ် ငါတွေ့လိုက်တယ် မင်း reply ပြန်ထားတဲ့ SS နဲ့ တွဲတင်ထားတာ သဘောကတော့ နာမည်ကြီးလို့ ဖင်ကောင်းမကျယ် နဲ့ ကျဆုံးလိမ့်မယ် တဲ့ ''

"ကိုစိုးရာ မျိုးဝင်းဘဝမှာ ခြိမ်းခြောက်တာတွေ ၊ မကျေမနပ်နဲ့ ဆဲနေတာတွေက များလှပါပြီ ဗျာ ဘာဆန်းတာ မှတ်လို့ ဗျာ နောက်ပြီး ကျနော်က နာမည်ကြီးအောင် ဘာတခုမှ ဖန်တီးပြီး လုပ်နေတာ မဟုတ်ပါဘူး ဗျာ စရေးကတည်းက ကျနော့် ပို့စ် တွေကို ကော်ပီတင်လည်း ခရက်ဒစ်တောင် မလိုပါဘူး တင်နိုင်ပါတယ်လို့ ကြုံတိုင်းပြောနေသူပါ ဗျာ ''

"အေးကွ မင်းက လူလုံးမပြတော့ မြေပြင်မှာ လက်တွေ့လုပ်ဖူးလား ဘာညာ နဲ့ ဝေဖန်နေတာလည်း တွေ့ရသကွ ''

"နာမည်ကြီးချင်ရင် အဲလို အလုပ်တွေမှာ ဝင်ရောမှာပေါ့ဗျာ တချိန်တုန်းက ရန်ကုန် ဗန္ဓုလပန်းခြံမှာ လုပ်တဲ့ပွဲဆို ကျနော် မရောက်တဲ့ပွဲ မရှိပါဘူး ဗျာ ကိုယ့်ဘာသာ ဘေးနားကနေပဲ ကြည့်နေမိတာပါပဲ နောက်ပြီး ကိုအောင်မင်းကြီးက တွေ့တိုင်း စကားဝိုင်းဝင်ဖို့ ဖိတ်ခေါ်နေတာပါ ကျနော်ကိုက နာမည်ကြီးဖို့ထက် လွတ်လပ်မှုကို ကြိုက်လွန်းလို့ လူလုံး မပြတာပါ''

"အေးဒါလည်း ကောင်းတာပဲ ကွ ဘာပဲပြောပြော မျိုးချစ်အတော်များများကတော့ မင်းပို့စ်တွေ ဖတ်ရရင် တော်ရုံအစာမကျေ ဖြစ်နေတာတွေ ဖြေသာပြီး စိတ်သက်သာရသွားပြတာ ပဲ ကွ ''

"ဒီလို ကြားရတာ ဝမ်းသာပါရဲ့ ဗျာ ''

"နေပါအုံး မင်းကို မေးမယ် မေးမယ် နဲ့ မေ့နေလို့ မင်း ပို့စ် နဲ့ တွဲတင်တဲ့ ဓာတ်ပုံတွေ ကာတွန်းတွေ ဘယ်လို ရှာသလဲကွ ''

"ဟဲ ဟဲ အထင်မကြီးစမ်းပါနဲ့ ဗျာ fb ပေါ်မှာ တင်နေတဲ့ အထဲက သဘောကျစရာ တွေ့တာနဲ့ save ထားပြီး ပို့စ်ရေးတဲ့ အကြောင်းအရာနဲ့ ပတ်သပ်ဆက်စပ်အောင် အညွှန်းလေး ကောက်တပ်လိုက်တာပါ ဗျာ မခက်လှပါဘူး ကိုစိုးရာ ''

"သြော် အေးပါကွာ ကဲ ပြန်ကြအုံးစို့ဟေ့ တောင်းဆိုစရာ ရှိရင်လည်း လက်မနှေးနဲ့ကွာ တောင်းဆိုပေးအုံး ''

"စိတ်ချပါဗျာ စစ်ဆိုတာ တိုက်ရင်နိုင်မှ လူဆိုတာ တောင်းရင်ပေးမှ အကျိုးရှိတာကိုးဗျ ပေးနိုင်လောက်တဲ့ တောင်းဆိုမှုဆိုရင် ကျနော်ရေးနေမှာပါ ''

"အေး ဒါဆိုရင် ဒီပို့စ်ကို ငါ နဲ့ ပတ်သက်တဲ့ ကာတွန်း / ဓာတ်ပုံ တင်ပြစမ်းကွာ မင်းပညာ ကြည့်ချင်လို့ ''

"OK ''
892 views17:29
Open / Comment
2021-10-26 18:48:04 .....မြန်မာနိုင်ငံအဓိကမြို့ကြီးများတွင်လျှပ်စစ်ကား/လျှပ်စစ်ရထား/မြေအောက်ရထားလမ်း...မြေအောက်ဥမင်လမ်းများဖော်ဆောင်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးမယ်လို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီးပွားရေးဒုဝန်ကြီးဦးအောင်သန်းကျော် ကြေညာနိုင်တာ အင်မတန် ဝမ်းသာစရာကောင်းတဲ့ နိုင်ငံရဲ့ အနာဂါတ်ပါပဲ ။

ကိုရွှေမျိုးဝင်း

( အောင်မြင်မှုဆိုတာ တခါတရံ အပေါ်ရံကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး )

U Myo Winn

​ကျေးဇူးတင်ပါတယ်ခင်ဗျာ


တရားတော်များတင်ပေးနေတဲ့ကျွန်တော့ရဲ့ Yutube ချန်နယ်လေးပါ
https://youtube.com/channel/UCHViPE-KZM0WJOquswEL3iw
1.9K views15:48
Open / Comment
2021-10-26 18:48:04 သုံးပွင့်ဆိုင် ဝိရောဓိ
==============

ဒီကနေ့ ကမ္ဘာ့အရေးအခင်း ရဲ့ အခင်းအကျင်းကို လေ့လာကြည့်ရင် မြန်မာ နဲ့ ဆက်စပ်နေတဲ့ ပြဿနာကိုလည်း ချိတ်ဆက်မိပါလိမ့်မယ် ။

အမေရိကန်ရဲ့ စူပါပါဝါ ကျဆုံးခန်းအတွက် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို ကျနော်တို့ ဖြေရှင်းနေရတာလို့ မြင်မိပါတယ် ။

အမေရိကန်ဟာ စီးပွားရေး နိမ့်ကျသွားပြီး တရုတ်နောက်ရောက်သွားတာကို ဒီလောက် မတုန်လှုပ်ပေမယ့် စစ်ရေးကဏ္ဍပါ တရုတ်နောက် ရောက်သွားတာကိုတော့ သူတို့ ဘယ်လိုမှ မခံစားနိုင်ပါဘူး ။

ပထမဆုံး ရုရှားက ထုတ်ပြလိုက်တဲ့ ကြားဖြတ်တိုက်မရတဲ့ အလျှင်နဲ့ စူပါဆောနစ် ဒုံးကို ရေငုပ်သဘော်ကနေ ပစ်ပြတော့ အမေရိကန် တုန်လှုပ်သွားရပါတယ် ။

နောက် တရုတ်ကပါ စူပါဆောနစ် ဒုံးကို အောင်မြင်စွာ ပစ်ပြလိုက်တော့ အမေရိကန်ရော ရုရှားပါ အံ့သြထိတ်လန့်သွားကြမှာ သေချာပါတယ် ။ ဒီထက်ဆိုးတာက တရုတ်ကနေ ယနေ့လက်ရှိ အကြီးဆုံး ဒုံးအင်ဂျင်ထက် လေးဆ ကြီးတဲ့ အင်ဂျင်ကို ထုတ်ပြပြီ အနာဂါတ် အတွက် အာကာသထဲထိ လွှတ်တင်မယ့် ဒုံးယာဥ်တွေကို ပြသလိုက်တာ ထိတ်လန့်စရာ ဖြစ်သွားပါတယ် ။

အမေရိကန်ဟာ ရည်ရွယ်ချက် ကြီးမားစွာနဲ့ တရုတ်ကို အနီးကပ်ထိမ်းနိုင်ဖို့ မြန်မာကို ချုပ်ကိုင်နိုင်ရန် နှစ်ရှည်လများ ကျွန်မွေး တပည့်မွေး ကျိုးစားထားရပါတယ် ။

ဦးသန်းရွှေရဲ့ ပါးနပ်မှုကြောင့် နှစ်များစွာ လှုပ်မရတဲ့ အမေရိကန် ကျွန် နိုင်ငံရေးသမားတွေဟာ ၂၀၁၂ ကစပြီး ဦးသိန်းစိန်ရဲ့ ဖြေလျော့မှုနဲ့အတူ လူးသာ လွန့်သာ ဖြစ်လာပါတယ် ။

၂၀၁၅ နောက်ပိုင်း အာဏာပိုင်ပိုင်ရပြီးနောက် ပြည်ဖျက်လုပ်ငန်းများကို စိတ်တိုင်းကျ ဆောင်ရွက်ခဲ့ကြပေမယ့် အမေရိကန်ရဲ့ ရည်မှန်းချက် မြန်မာပြည်မှာ စစ်စခန်းအခြေချရေးကတော့ လိမ္မာပါးနပ်စွာ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခြေ / ဥ အရ ဘယ်လိုမှ ခွင့်ပြုချက်မရခဲ့ပါဘူး ။

ဒီယုန်မြင်လို့ ဒီခြုံထွင်ခဲ့သူခြင်း အတူတူ ၂၀၀၈ မှာ တပ်မတော်ကို 25 % ထည့်ပြီး ပုဒ်မ ၄၃၆ နဲ့ ချုပ်ခဲ့တဲ့ ဘရွှေကြီးရဲ့ အကွက်မှာ အမေရိကန် နဲ့ ပြည်ဖျက် NLD တို့ ငယ်သံပါအောင် အော်နေယုံကလွဲပြီး စိတ်တိုင်းကျ ပြည်ဖျက်ခွင့် မရခဲ့ပြတာ ဘရွှေကြီးရဲ့ ဥာဏ်နဲ့ တိုင်းပြည်ရဲ့ ကံ ပါပဲ ။

ကလိမ်ကကျစ် နဲ့ မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ကြံခဲ့ပေမယ့် တပ်မတော်က အချိန်မှီ ဖမ်းထိမ်းခဲ့လို့ တိုင်းပြည် ငါးပါးမှောက်မယ့် အန္တရာယ်က လွတ်ကင်းခဲ့ပါတယ် ။

အဖျက်အမှောင့်တွေ တရစပ်လုပ်ပြီး အမေရိကန်တို့ တိုက်စစ်မြှင့်ခဲ့ပေမယ့် ကျောခြင်းကပ်ပြီး ရင်ဆိုင်နိုင်ခဲ့တဲ့ မြန်မာနဲ့ တရုတ်အပြင် ရုရှားတို့ကြောင့် တိုးမပေါက် ဖြစ်ခဲ့ရပါတယ် ။

မြန်မာကလည်း တသက်လုံးမှီခဲ့ရတဲ့ တရုတ်ရဲ့ မရိုးဖြောင့်မှုကို ကန်ထုတ်ဖို့ ကြိုးစားတဲ့ အနေနဲ့ ရုရှားနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံခဲ့ပါတယ် ။

အာဏာနယ်ပယ် ချဲ့ခြင်နေတဲ့ ရုရှားအတွက်လည်း ပစိဖိတ်သမုဒ္ဒရာ နဲ့ အိန္ဒိယသမုဒ္ဒရာ နှစ်စင်းရဲ့ အလယ်က ကမ်းရိုးတန်း မိုင် ၁၂၀၀ ပိုင်တဲ့ မြန်မာ့ရေပြင်ဟာ မက်မောဖွယ် အခွင့်အလန်းဖြစ်နေပါတယ် ။

နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့ရတဲ့ ဆရာ တပည့် ဆက်ဆံရေးလို့ ဆိုနိုင်မယ့် ရုရှား နဲ့ မြန်မာဟာ အချိန်တိုအတွင်း များစွာ ခိုင်မာ တိုးတက်လာခဲ့ပါတယ် ။

မြန်မာ့ဆိပ်ကမ်းတွေမှာ ရုရှားရေတပ် ရပ်နားခွင့်စာချုပ်ပေးလိုက်တော့ တရုတ်ကြီး အနည်းငယ် တင်းသွားရပါတယ် ။ မြန်မာတို့ခြေလှမ်းကို လူလည်တရုတ်တို့ အတော်နောက်ကျမှ သိလိုက်ရပါတယ် ။

ပိုဆိုးသွားတာက ရုရှားကနေ မြန်မာရဲ့ စီးပွားရေး နဲ့ ကာကွယ်ရေးအတွက် အလုံးစုံကူညီမယ်ဆိုတော့ တရုတ်တို့လည်း လွတ်တဲ့ငါး ကြီးနေသလို ဖြစ်ရပါပြီ ။

ဒီတော့ တရုတ်က နယ်စပ်ကို ကိုဗစ်အကြောင်းပြပြီးပိတ်တယ် ။ ငါဘာလဲ ဆိုတာ သိအောင် လုပ်ပြတဲ့သဘောပါပဲ ။

အမေရိကန်ကတော့ UN ၊ အာဆီယံ ၊ EU အဖက်ဖက်ကနေ လှည့်ပြီး ဖြိုနေသလောက် မာသထက် မာလာတဲ့ မြန်မာတပ်မတော်ကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်တဲ့အနေနဲ့ မြန်မာကို ဖမ်းဆီးခြင်း ဆိုတဲ့ ခေါင်းစဥ်နဲ့ စစ်ရေးလေ့ကျင့်ပြီး ခြိမ်းခြောက်ပြပါတယ် ။

တကယ်တန်းကျတော့ ဒီလုပ်ရပ်ဟာ ဗီယက်နမ်ကနေ စစ်ရှုံးပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးလာတာကို အရှက်ပြေ ရမ်ဘိုဇာတ်ကားရိုက်ပြီး စိတ်ကူးယဥ် အနိုင်တိုက်ပြတဲ့ အပေါစား ဇာတ်ကွက်ထက် မပိုပါဘူး ။

ဒီတော့ ကျနော်တို့ တိုင်းပြည်ဟာ ကမ္ဘာကြီးရဲ့ အဓိကကျတဲ့ အင်အားစု ဝန်ရိုးကြီး သုံးခု ဖြစ်တဲ့ အမေရိကန် ၊ ရုရှား နဲ့ တရုတ်တို့ရဲ့ ကြားထဲက ကစားကွင်းဖြစ်နေတာကို သတိထားဖို့ပါပဲ ။

ဝန်ရိုးသုံးချောင်းမှာ ကိုယ်အပေါ် အရိုးသားဆုံး ၊ နှောင်ကြိုးမဲ့ အကူညီဆုံး ၊ စစ်လက်နက် နည်းပညာ အဖွံ့ဆုံး ရုရှားနဲ့ အနီးကပ်ဆုံး အရင်းနှီးဆုံး မဟာမိတ် ဖွဲ့နိုင်ခဲ့တာ မြန်မာ့တပ်မတော်ရဲ့ မှန်ကန်သော ရပ်တည်ချက် ဖြစ်ပါတယ် ။

ယခု ရောက်နေသော ရုရှားရေတပ်ဒု ဦးစီးချုပ် နဲ့ အဖွဲ့ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုမဟာဗျု
ဟာစီမံကိန်းဟာနည်းပညာနဲ့ပို့ကုန်သွင်းကုန်အခွန်လွတ်ပို့ဆောင်ရေးများ အပါဝင်...
1.9K views15:48
Open / Comment
2021-10-26 17:39:15
1.5K views14:39
Open / Comment
2021-10-26 17:39:07 #အောက်တန်းစားတော်လှန်ရေး

ရေကျော်ဈေးတွင်ဟင်းသီးဟင်းရွက်
......


ပုဇွန်တောင်မြို့နယ်၊ ရေကျော်ဈေး
က သတင်းထုတ်ပြန်ပါတယ်။

#PeopleMedia

1.5K views14:39
Open / Comment
2021-10-26 17:38:36
1.2K views14:38
Open / Comment
2021-10-26 17:38:26 #အောက်တန်းစားတော်လှန်ရေး

ရေကျော်စျေးတွင်ဟင်းသီးဟင်းရွက်
ရောင်းချနေသည့်အမျိုးသမီးအား
သေနတ်ဖြင့် လုပ်ကြံ-တ်ဖြတ်ခဲ့ခြင်း
သည် YMBA အသင်းအား ထမင်း
ချိုင့်ပုံမှန်ပို့ပေးခြင်းကြောင့်ဖြစ်ဟုဆို
…………………………………......

နေပြည်တော်၊အောက်တိုဘာ-၂၆

ပုဇွန်တောင်မြို့နယ်၊ ရေကျော်စျေး
ထိပ်တွင် အောက်တိုဘာ၂၆ ရက်နေ့
ယနေ့ နံနက်၌ အသက် ၂၀ အရွယ်ရှိ
ဟင်းသီးဟင်းရွက်ရောင်းချနေသည့်
အမျိုးသမီးတစ်ဦးကို အမည်မသိ
သေနတ်သမား အမျိုးသားသုံးဦးမှ
လုပ်ကြံ -တ်ဖြတ်ခဲ့ပြီး ယင်းသို့ဆောင်
ရွက်ရခြင်းမှာ အဆိုပါ အမျိုးသမီး
သည် ဗုဒ္ဓဘာသာကလျာဏယုဝအ
သင်း YMBA အသင်းအား ထမင်း
ချိုင့်ပုံမှန်ပို့ပေးခြင်းကြောင့်ဖြစ်ကြောင်း
44st-UrbanGuerrillas(44st-UG)
က သတင်းထုတ်ပြန်ပါတယ်။

#PeopleMedia

တရားတော်များတင်ပေးနေတဲ့ကျွန်တော့ရဲ့ Yutube ချန်နယ်လေးပါ
https://youtube.com/channel/UCHViPE-KZM0WJOquswEL3iw
1.2K views14:38
Open / Comment