Get Mystery Box with random crypto!

Myanmar Ebooks

Logo of telegram channel myanmarebooks — Myanmar Ebooks M
Logo of telegram channel myanmarebooks — Myanmar Ebooks
Channel address: @myanmarebooks
Categories: Telegram
Language: English
Subscribers: 1.30K

Ratings & Reviews

2.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

0

2 stars

0

1 stars

1


The latest Messages 2

2022-07-14 10:24:38 ကျနော်တို့ဘာသာကတော့ လိင်စိတ်ကွဲပြားသူကို အပြစ်လို့ မမြင်ဘူး။ ဖြစ်တတ်တဲ့ သဘာဝတခုအနေနဲ့ပဲ လက်ခံထားတယ်။ အရင်ဘဝက ဖြစ်ဖူးတဲ့ ကာမေသုကြောင့်ပေါ့။ ဒါပေမယ့် အဲဒါကိုလဲ ဒီဘဝမှာ လာအပြစ်တင်မနေဘူး။ peace ပဲ။ ဘဝကူးပြောင်းခြင်းမဟုတ် တရားများ အဆက်မပြတ်ဖြစ်ပျက်နေခြင်း။

ကိုယ်ကာမဂုဏ်နှစ်သက်ပုံနဲ့ သူကာမဂုဏ်နှစ်သက်ပုံ တရားကိုယ်က တူတူပဲ တဏှာပဲ။ ဘယ်သူမှပြုနေတာမဟုတ်ဘူး ဆုပ်ကပ်တက်ကပ်သဘောအရ မိစ္ဆာဓမ္မ ပေါ်သင့်တဲ့အချိန်ပေါ်တာ။

ပုဂ္ဂိုလ်သတ္တဝါ အစွဲမရှိတော့ရင် ဗုဒ္ဓဘာသာမှာ nothing personal ချည်းပဲ။

Htet Aung
228 views07:24
Open / Comment
2022-07-13 08:37:35
ရုရှားမှာ နာမည်ကြီးတဲ့ Арбат လမ်းဆိုတာ ရှိသတဲ့။ ဘာလို့နာမည်ကြီးသလဲဆိုတော့ အနုပညာသုခမ ပုံတူ လက်ရာတွေကို ၅ မိနစ်ခန့်အချိန်ပေးရုံနဲ့ ချွတ်စွပ်တူ ပန်းချီကားချပ်တွေကို အဲ့ဒီလမ်းမှာ ရလို့ပါပဲ။ ဒါ့အပြင် စွယ်စုံသော ဂီတသံစဉ်တွေကို ဒီလမ်း‌ လေးမှာပဲ လမ်းဘေးတီးဝိုင်းငယ်တွေ၊ တစ်ဦးချင်း ကျွမ်းကျင်မှု Skill တွေနဲ့ တီးမှုတ်ဖျော်ဖြေကြတယ်လို့ဆိုတယ်။


မနေ့က နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ပုံတူကို ပန်းချီဆွဲပြီး လက်ဆောင်ပေးခဲ့သူက အပြည်ပြည်ဆိုင်ရာ အာကာသ ISS စခန်းမှာ သူ့ရဲ့ကိုယ်ပိုင် ပန်းချီတွေကို ပြပွဲလုပ်ပြီး ကမ္ဘာ့ ဂင်းနစ် စံချိန်ရထားသူ ပန်းချီပညာရှင် အလက်ဇန္ဒား အလက်ဇန်းဒရိုဗစ် စီလော့ ပဲ ဖြစ်ပါတယ်။ သူ့ရဲ့‌အောင်မြင်ကျော်ကြားမှုအနေနဲ့ ရုရှားနိုင်ငံ ပညာရေးဝန်းကြီးဌာနရဲ့ ဆုံးဖြတ်ချက်နဲ့သဘာဝသိပ္ပံ ဆိုင်ရာ ကျောင်း အစ်လက်ထရောနစ် ဖတ်စာအုပ်တွေမှာ ၃ တန်း ၊ ၄ တန်းက‌ လေးတွေကို ထည့်သွင်းသင်ကြားပေးနေသလို Moscow State Academic Art Institute မှာလည်း ဒုတိယ ပါမောက္ခချုပ်တာဝန်ထမ်းဆောင်နေသူ တစ်ဦးလည်း ဖြစ်တယ်။


ဘာပဲဖြစ်ဖြစ် ဝန်ကြီးချုပ်ရဲ့ ဒီရုရှားခရီးစဉ်ဟာ အလက်ဇန္ဒားရဲ့ ပန်းချီကားကြောင့် အမှတ်တရ ဖြစ်နေမှာတော့ သေချာပါတယ်။

#ဖိုးစီ
145 views05:37
Open / Comment
2022-07-09 08:32:59 ကျွန်တော် အလုပ်ကပြန်လာတဲ့တစ်နေ့
လမ်းက ဓာတ်တိုင်မှာ စာရွက်အဟောင်းလေး တစ်ရွက်ကပ်ထားတာကိုတွေ့လို့
ဖတ်မိလိုက်တယ်။

မသေမသပ် လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။

"ကျွန်မ လမ်းသွားရင်း ငွေ ၅၀၀၀
ကျပျောက်သွားလို့ပါ။
တစ်ယောက်ယောက်များတွေ့ခဲ့ရင်
ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍
လာပေးစေလိုပါတယ်။

ကျွန်မက မျက်စိလည်းကောင်းကောင်း
မမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်း အဆင်မပြေလို့ပါ။

ကျွန်မကို ကူညီပြီး ပြန်ရှာပေးပါနော်" ဆိုပြီး အောက်နားမှာတော့ လိပ်စာတစ်ခု
ရေးထားတယ်။

ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့
စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။
အဲဒီလိပ်စာမှာ အဖွားအိုတစ်ယောက်
နေပါတယ်။အဖွားက မျက်စိမမြင်ရပါဘူး။အနားကိုကျွန်တော်ရောက်သွားမှ
အဖွားက "ဘယ်သူလဲ" လို့ မေးတယ်။

"ကျွန်တော် အဖွားကျပျောက်သွားတဲ့
ငွေ ၅၀၀၀ ကောက်ရထားလို့
လာပြန်ပေးတာပါ" လို့ ပြောလိုက်တယ်။

ကျွန်တော့်စကားကိုကြားတာနဲ့
အဖွားက မျက်ရည်ကျပါတယ်။

"မင်းနဲ့ဆိုရင် အဖွားကို ငွေ ၅၀၀၀
လာပေးတာ အယောက် ၄၀ကျော်သွားပြီ။ဓာတ်တိုင်မှာ စာကပ်ထားတာတွေ့လို့တဲ့..

အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူး
စာလည်း မရေးတတ်ပါဘူး။
အဲ့လိုရေးပေးမယ့် သားသမီးတွေလည်း
အနားမှာ မရှိပါဘူးကွယ်" တဲ့..

အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကို ငွေ ၅၀၀၀ ထည့်ပေးလိုက်ပါတယ်။

အဖွားက ပါးစပ်က တတွတ်တွတ်နဲ့
ဆုတွေအများကြီး ပေးတယ်။

ပြီးတော့ အဖွားက ကျွန်တော်မပြန်ခင်
ခုလို မှာလိုက်ပါသေးတယ်။

"သားပြန်သွားရင် အဲဒီဓာတ်တိုင်ပေါ်က
စာရွက်ကို စုတ်ဖြဲလိုက်ပါသားရယ်။
အဖွားမရေးတဲ့စာကြောင့် လူတွေကို
ဒုက္ခမရောက်စေချင်ဘူး"

ကျွန်တော် အဖွားဆီက ပြန်လာတော့
တစ်လမ်းလုံး စဉ်းစားလာမိတယ်။
ဒီစာကို ဘယ်သူကရေးပြီး ကပ်ခဲ့တာလဲ..
အရင်လူတွေကိုလည်း အဖွား ဒီလိုပဲ
ပြောခဲ့မှာ သေချာတယ်။
ဒါပေမယ့် ဘာလို့စာရွက်ကို မဖြဲခဲ့ကြတာလဲ။အဖွားကိုဒါနပြုဖို့ စဉ်းစားပြီးလုပ်သွားတဲ့သူရဲ့လုပ်ရပ်ကိုလည်း ကျေးဇူးတင်နေမိတယ်။

တဆက်တည်းမှာပဲ တခြားသူတွေကို
ကူညီဖို့ဆိုတာ နည်းလမ်းတွေအများကြီး
ရှိပါလား ဆိုတာကိုလည်း အသိတစ်ခု
ရလိုက်တယ်.စဉ်းစားတတ်ဖို့ပဲ လိုတာပါ

ဒီလိုနဲ့ ကိုယ်အတွေးနဲ့ကိုယ်
လမ်းလျှောက်နေလိုက်တာ လူတစ်ယောက်ရဲ့ခေါ်သံကြားမှ အတွေးစပြတ်သွားတယ်။

သူက ကျွန်တော့်ကို အခုလိုမေးတယ်။

"နောင်ကြီး ဒီလိပ်စာကိုသိလားဗျ။
ဒီလိပ်စာရှင်ရဲ့ငွေ ၅၀၀၀ ကိုကျွန်တော်
ကောက်ရထားလို့သွားပြန်ပေးချင်လို့ပါ"

(ဗန်းမော်သိန်းဖေ)
301 views05:32
Open / Comment
2022-07-04 11:50:29 မနက်က အပစ်ခံရတဲ့ အမျိုးသမီးနှစ်ဦးက

သူတို့ညီအမဟာ USDP ပါတီဝင်တွေဖြစ်ပြီး လှည်းတန်းမှာ ဆန္ဒပြချိန် လခရတွေကို ရေ၊ မုန့်စတာတွေ ကျွေးမွေးလှုဒါန်းလို့
ဒလန်လို့ သတ်မှတ်ခံရတာပါတဲ့

ဘာကြောင့် အခုမှ သတ်တာလဲဆိုရင်တော့
ဒီရက်ပိုင်းထဲမှာ လှည်းတန်း ပေ ၅၀ စျေးထဲမှာ ဆန္ဒပြတာတွေ အစပြုတာ လုပ်တာကြောင့် လခရတွေ ညဘက် ဝင်မွှေ ဝင်စစ်လို့ လခရ​တွေကို မလုပ်ရဲတာကြောင့်
ဒီလှည်းတန်းကို အားပြုနေရတဲ့
လက်နက်မဲ့ စျေးသည်ညီအမကိုပဲ
အလစ်အငိုက်မှာ လာ ပစ် ဿတ်တဲ့ သဘောပါ

စျေးသည်အချင်းချင်း လက်ထောက်ချတဲ့ပုံစံမျိုးပေါ့
235 views08:50
Open / Comment
2022-07-02 08:31:36
မန်ဘာ ၅ သိန်းနီးပါးရှိတဲ့
Myanmar Parenting ဆိုတဲ့ Facebook ဂရုက ကလေးတွေ ကျောင်းမတက်ဖို့ ဆရာတွေ ဆရာဝန်တွေ boycott ဖို့ဆိုတာတွေ လှုံ့ဆော်နေတာ။

ဂရုကိုင်ထားတဲ့ အက်ဒမင်နီပိတ်တွေ ခွင့်ပြုမှတင်ခွင့်ရတာ။ သူတို့က တင်ခွင့်ပေးနေတယ်။

ဒီအတိုင်းထားလည်း ကိစ္စမရှိဘေမယ့် နားယောင်တတ်တဲ့ ကလေးမိဘတွေမှာ ကလေးကျောင်းမပို့ရဲတာတွေ ဖြစ်နေကြတယ်။ အခုဆို ကလေးဆရာဝန်တွေကိုပါ နာမည်တပ်ပြီး boycott ခိုင်းနေကြတယ်။

အပြစ်ပေးဖို့ထိတော့ မလိုပါဘူး။ နောက်မလုပ်ဖို့တော့ သတိပေးသင့်တယ်။

ပုံထဲက အက်ဒမင်အကောင့်တွေ HNO ဆီမရောက်ခင် သားသမီးချင်းကိုယ်ချင်းစာပြီး လှုံ့ဆော်နေတာတွေ ရပ်ကြပါ။
လှုံ့ဆော်နေလည်း တပ်က ဘာမှမဖြစ်ဘူး။ နားယောင်မိတဲ့ မိဘနဲ့ ကလေးတွေဘဲ ထိခိုက်ကြမှာ။

https://www.facebook.com/groups/myanmarparenting/
341 views05:31
Open / Comment
2022-07-01 08:35:12
မယားပါသားတွေကျ အကြိမ်ကြိမ်ခေါ်နေတယ် ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေနဲ့

အကြမ်းဖက်သမားရန်ကြောက်လို့ တိုင်ချင်ရင် ဘယ်ဖုန်းဆက်ရမှန်းမသိ
ဆက်ဖို့ ဖုန်းနံပတ် အတိအကျမပေး
ဆက်လည်း အရေးမလုပ်

Pdf တွေရဲ့ သတင်းပေးပါ ခဏခဏ ကြေညာတယ်
ဆက်သွယ်ရမယ့် ဖုန်းနံပတ်မပါ
ဘယ်သတင်းပေးရမယ် မသိ
မယားပါသားတွေ ခေါ်တော့ကျ
အတိအကျ
517 views05:35
Open / Comment
2022-06-29 15:40:08
Pdf တွေ သူတိူ့သတ်ပြီး
စစ်တပ်က သတ်တယ်လို့ သတင်းလွှင့်နေတာကို ရွာခံ အသိက ရှင်းထားတာ

သူရှင်းတာက နမခ channel က ဖေဖေါ်ဝါရီ ၂၀ ရက်နေ့က တင်တာနဲ့ ထပ်တူကျတယ်
အဲဒါအဖြစ်မှန်ပဲ
424 views12:40
Open / Comment
2022-06-29 08:52:34
လိုင်းပေါ်က သတင်းလောက်ဖတ်ပြီး
စိတ်ထဲတွေးမိတယ်
ဒီပွဲ သေတာ ပဒက်တွေချည်းပဲ
သူတိုကိုက ပြောလာပြီဆိုတော့ သေချာတာပေါ့
Knu, kndo တယောက်မှ မပါဘူး
အရင်ပွဲတွေမှာဆို ကရင်တွေကျတာ ရှိတယ်
သေ့ဘောဘိုးတုန်းက ကျတာ ကရင်တွေများတယ်
ဒီပွဲ ကရင်သေတာ မမြင်မိသေး

ဗမာပဒပ်တွေကို ရှေ့တတ်ပြီး ချခိုင်းနေပုံပဲ
378 views05:52
Open / Comment
2022-06-28 07:40:07 ဦးသန်းရွှေက ဦးခင်ညွန့်ကို “ကိုခင်ညွန့်ရေ ခင်ဗျား ဝန်ကြီးချုပ်ရာထူးနဲ့ နိုင်ငံရေးကဏ္ဍ တာဝန်ယူပြီး ထောက်လှမ်းရေးကို တခြားလူလွှဲပေးလိုက်ဗျာ” ဆိုပြီးပြောပါတယ်။

သူမရှိရင် သူ့တပည့်တွေကို ဦးရွှေမန်းလို ဂေါင်တွေကကြိတ်မှာကို ဦးခင်ညွန့်က ကောင်းကောင်းကြီးသိပါတယ်။ ဒါကြောင့် တပည့်တွေကို သူရှိနေရင် ကာကွယ်နိုင်မှာပါဆိုပြီးတွက်ဆကာ ထောက်လှမ်းရေးအဖွဲ့ကိုလွှဲမပေးခဲ့ပဲ အတူခုန်ဆင်းခဲ့တာပါ။

ယခုပြောပြတဲ့အချက်တွေက ဦးခင်ညွန့်ရုံးက ကွန်ပြူတာတပ်ကြပ်ကြီး ပြောပြချက်များသာဖြစ်ပါတယ်။ ရာခိုင်နှုံးဘယ်လောက် မှန်မမှန်ကတော့ အကြောင်းသိသူတွေပဲ ဆုံးဖြတ်ကြပါတော့ဗျာ။

ဒါတွေကတော့ လူအများစု ဇဝေဇဝါဖြစ်နေဆဲ ပြဿနာကြီးအချို့ထဲက ကျနော်လေ့လာတွေ့ကြုံခဲ့သမျှကို ပြန်လည်မျှဝေလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ကိုရွှေမျိုးဝင်း
629 views04:40
Open / Comment
2022-06-28 07:39:26 ၁။ ဦးစောမောင်ဆီက အာဏာလုခဲ့ကြတာလား ?

၂။ ဦးခင်ညွန့်ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ကြီးကို ဖျက်သိမ်းခဲ့ရတဲ့အကြောင်းအရင်း
...........

ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ ပြည်သူတွေ ဇဝေဇဝါဖြစ်နေတဲ့ ပြဿနာကြီးတွေထဲက နှစ်ခုလောက်ကို သိသလောက် ပြောချင်လာပါတယ်။

ပထမတခုက ဦးစောမောင်ဆီက အာဏာလုခဲ့ကြတာလား (သို့မဟုတ်) အမှန်တကယ် ကျန်းမာရေးအခြေအနေကြောင့် အနားပေးခဲ့ရတာလား ဆိုတဲ့ ပြဿနာပါပဲ။

ဦးခင်ညွှန့်ရေးခဲ့တဲ့ စာအုပ်ထဲမှာ အမှန်တကယ် ကျန်းမာရေးချို့တဲ့ လာတဲ့အတွက် အနားပေးရကြောင်း ရေးသားထားပါတယ်။ အခြားသက်သေအဖြစ် ထပ်မံရှာဖွေကြည့်ရာမှ ဖော်ပြပါ link ထဲကအကြောင်း ထပ်တွေ့မိပါတယ်။

https://www.facebook.com/101818795906282/posts/105539162200912/

အရေးကြီးတဲ့အချက် ဦးစောမောင် ကျန်းမာရေးမကောင်းတော့တာ မှန်ကန်ကြောင်း၊ PSO ကိုတောင် အလာမခံတော့ပဲ ဒေါသတွေကြီးနေကြောင်း၊ စိတ်ဖိဆီးမှုကြောင့် ၁၉၉၂ သင်္ကြန်အပြီး ရုံးမတက်တော့ကြောင်း ပြောကြားပါတယ်။

အနားပေးလိုက်ပြီဆိုတဲ့ အမိန့်စာကို ဦးခင်ညွှန့်က သွားပေးကြောင်း နဲ့ စစ်ရုံးဝန်ထမ်းများကိုတော့ ဦးသန်းစိန်ကလာပြောကြောင်း ဖြေထားပါတယ်။ ဖြေကြားသူဟာ ဦးစောမောင်နဲ့အတူ နောက်ဆုံး ၃ နှစ်ကာလ အတူအနီးကပ်နေခဲ့တဲ့ သားသမီးကဲ့သို့ဖြစ်နေတဲ့ ရဲဘော်မို့ လိမ်ညာစကားပြောမှာ မဟုတ်ပါဘူး။ ဒါက ဒီနေ့ထိ ဇဝေဇဝါ ဖြစ်နေကြဆဲ ပဟေဠိတခုရဲ့ အဖြေပါပဲ။

........................
နောက်ထပ် ဇဝေဇဝါဖြစ်ခဲ့ကြရတာက ဦးခင်ညွှန့်ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ကြီးကို ဖျက်သိမ်းခဲ့ရတဲ့အကြောင်းပါပဲ။

ဒီပြဿနာရဲ့ အကြောင်းရင်းတွေကတော့ များစွာရှိကြမှာပါပဲ။ ဒီထဲကမှ ကျနော်သိထားခဲ့ရတဲ့ အကြောင်းအချို့ကို တင်ပြချင်ပါတယ်။ ဟုတ်မဟုတ်ဆိုတာကတော့ ကျနော့်မိတ်ဆွေအချို့ ပိုသိကြမှာပါပဲ။

အများသိထားသလို လက်စောင်းထက်လှတဲ့ ထောက်လှမ်းရေးရဲ့ အာဏာပါဝါများဟာ အင်မတန်ကြီးမားခဲ့ပါတယ်။ တပ်ဖွဲ့ဝင်အချို့ရဲ့ ဆက်ဆံရေးကြောင့် တပ်မတော်တပ်ရင်း တပ်ဖွဲ့အရာရှိတွေ မကျေမနပ်ဖြစ်လာကြပါတယ်။

တပ်တွင်းရာထူးနဲ့ မကိုက်ညီလောက်သော အလွန်အကျွံလုပ်ပိုင်ခွင့်များကြောင့် ထောက်လှမ်းရေးကို ကျန်တဲ့ တပ်ရင်းတပ်ဖွဲ့တွေ မျက်စေ့စပါးမွှေးစူးလာကြပါတယ်။

ဒါက အရေးကြီးတဲ့ အကြောင်းတချက်ပါပဲ။ နောက်ထပ်ဖြစ်ပွားရတဲ့ပြဿနာက အကြီးအကဲတပ်မှူးကြီးများရဲ့ ကိုယ်ကျိုးစီးပွားထိခိုက်စေမှုတွေ ဖြစ်လာပြီး အငြိုးအတေးတွေထားလာကြတာကလည်း အကြောင်းတခုပါပဲ။

ထင်ရှားတဲ့ ဥပမာတခုကတော့ သူရရွှေမန်းနဲ့ ထောက်လှမ်းရေး ငြိခဲ့ကြတဲ့အဖြစ်အပျက်ရှိပါတယ်။ သူရရွှေမန်းဟာ ထိုအချိန်က တပ်မတော်ရဲ့ နံပတ် ၃ နေရာမှာ ရှိတာပါ။

ချောင်းသာ ငွေဆောင်တို့မှာ အပမ်းဖြေကမ်းခြေတွေ ဖော်ဆောင်မယ်ဆိုတဲ့ စီမံကိန်းရေးဆွဲထားတုန်း ဦးရွှေမန်းရဲ့သားကုမ္ပဏီက အဲဒီဒေသကမြေတွေ လက်ဝါးကြီးအုပ်ပါရော။ သိမ်းတာတမျိုး အချိုအချောင်ဝယ်တာတမျိုး နေမှာပေါ့။ သတင်းက ကြိုရထားတာကိုး။

တကယ်တည်ဆောက်ခါနီး အဲဒီဒေသရဲ့မြေမှန်သမျှ သူရရွှေမန်းအုပ်စုက လက်ဝါးကြီးအုပ်ပြီးဖြစ်နေပါရော။ ထောက်လှမ်းရေးက လျှင်တော့ ဒေသခံတွေနဲ့ချိတ်ဆက်ပြီး ဒီလိုမတော်မတရားလုပ်ထားတာကို ဦးသန်းရွှေဆီ သတင်းပို့ကြတယ်။

ဦးသန်းရွှေကတော့ ရှင်းတယ်။ ဟေ့ကောင် အဲဒီမြေတွေပြန်ပေးလိုက် တိုင်းပြည်အတွက် အပမ်းဖြေကမ်းခြေလုပ်ရမှာလို့ ပြောလိုက်လို့ ပွဲပြီးသွားတယ်။

သူရရွှေမန်းအုပ်စုရဲ့ စိတ်ထဲမှာတော့ ပါးစပ်ဝက ထမင်းလုတ်မဟုတ်ဘူး လည်ချောင်းထဲက ထမင်းလုတ် ကော်ထုတ်ခံရသလို ဦးခင်ညွှန့်နဲ့ သူ့တပ်ဖွဲ့ကို ရန်ငြိုးထားပါတယ်။ ဒါကလည်း ကြီးမားတဲ့ အကြောင်းတရပ်ပါပဲ။

နောက်ထပ် အရေးကြီးဆုံးနဲ့ လတ်တလောဖြစ်ခဲ့ရတဲ့အကြောင်းအရင်းကလည်း စိတ်ဝင်စားစရာပါပဲ။ ကံအားလျှော်စွာ ကျနော်သိခဲ့ရတာပါ။ ပြောပြသူက ထောက်လှမ်းရေးက တပ်ကြပ်ကြီး ကိုသန်းစိုးတဲ့။ အသားဖြူဖြူ ပိန်ပိန်နဲ့ သဘောကောင်းတဲ့လူရိုးပါဗျာ။ တပ်ကြပ်ကြီးဆိုပေမယ့် ထောက်လှမ်းရေးရုံးမှာပဲ နေရတဲ့သူဆိုတော့ အကြံအဖန်မရှိရှာပါဘူး။

သူက ကွန်ပြူတာကိုင်ရပါတယ်။ ဦးခင်ညွှန့်နဲ့ နိုင်ငံခြားသားတွေစကားပြောရင် မြန်မာလိုပြောတာကို အင်္ဂလိပ်လို၊ အင်္ဂလိပ်လိုပြောတာကို မြန်မာလို တောက်လျှောက်ဘာသာပြန် စာစီရတဲ့အထိ ကျွမ်းကျင်ပါသတဲ့။

ဗိုလ်မြနဲ့ ဦးခင်ညွှန့်တွေ့တော့လည်း ကိုသန်းစိုးပါသတဲ့။ ဒါတွေက သူပြောတဲ့အတိုင်းပါပဲ။ ကျနော်က ဘာလို့ ထောက်လှမ်းရေးအဖျက်ခံရတာလဲ မေးကြည့်တော့ သူသိတာပြောပြပါတယ်။

ခရိုနီကြီးတဦးက တိုင်းမှူးတယောက်နဲ့ချိတ်ဆက်ပြီး ရွှေတွေကို မှောင်ခိုလုပ်ပါရော (ရွှေကို ပြည်ပရောင်းချခွင့် ပိတ်ပင်ထားပါတယ်)။ အဲဒါကို ထောက်လှမ်းရေးရဲ့ အရံတပ်ဖွဲ့ နယ်စပ်လုံခြုံရေးတပ်က ဖမ်းပြီး ထောက်လှမ်းရေးကို သတင်းပို့ပါတယ်။

ခရိုနီက လာဘ်ထိုးပြီး ပြဿနာကိုဖြေရှင်းပါတယ်။ အဲဒီလာဘ်ငွေယူပြီး ရွှေလည်းဖမ်းတော့ တိုင်းမှူးနဲ့ ပြဿနာတက်ပါတယ်။ တိုင်းမှူးက နယ်စပ်လုံခြုံရေးကို လာဘ်စားမှုနဲ့ တရားစွဲထောင်ချပါတယ်။ ထောက်လှမ်းက မခံပဲ တိုင်းမှူးတွေရဲ့ နောက်ကြောင်းအကုန် ပြလိုက်ကြဆိုပြီး ခိုင်းပါတယ်။

အဲဒီမှာပဲ တပ်တွင်းပြိုကွဲမှုဖြစ်နိုင်တယ်ဆိုပြီး တင်ပြကြရင်း ထောက်လှမ်းရေးကိုဖြိုခွဲဖို့ တပ်မှူးတွေ တိုက်တွန်းကြသတဲ့။
505 viewsedited  04:39
Open / Comment