Get Mystery Box with random crypto!

Myanmar Ebooks

Logo of telegram channel myanmarebooks — Myanmar Ebooks M
Logo of telegram channel myanmarebooks — Myanmar Ebooks
Channel address: @myanmarebooks
Categories: Telegram
Language: English
Subscribers: 1.30K

Ratings & Reviews

2.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

0

2 stars

0

1 stars

1


The latest Messages 3

2022-06-28 07:31:39
ဒေါ်စု လက်ထက်မှာ အရှိန်ရတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ ပြဋ္ဌာန်းပြီးသား ဥပဒေတွေကို ဖျက်သိမ်းတာကို ပြောတာလား။ ဦးသိန်းစိန်လက်ထက်က BOT လမ်းစနစ်ကို ထပ်ပိုးကတ္တရာ အုပ်တာ ပြောတာလား။ မအောင်မြင်ခဲ့ ညဈေးစနစ်လား။ Sex ပညာရေးကို ပြောတာလား။ မဘသ မရှိသင့်ဘူးဆိုတဲ့ စကားလား။ ၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ဖျက်သိမ်းပစ်ဖို့လား။ ဒေါ်စု လက်ထက် အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲရေးက ဘယ်ကိစ္စ ရှိခဲ့လို့လဲ။ #ဖိုးစီ
306 views04:31
Open / Comment
2022-06-24 10:04:22
ပြောင်းလဲ ချိန်တန်ပြီဆိုတဲ့ စကားကို MRTV ဝါစိမ်းနီအတိုင်း ရှိတာကို နီစိမ်းဝါပြောင်းတယ်။ ယခင်ဆိုင်းဘုတ်အစိမ်းတွေကို အနီရောင်ပြောင်းတယ်။ ခုလို ကြောင်ရေချိုးပေးတဲ့ အလုပ်တွေ လုပ်ခဲ့တာမျိုးပေါ့။ အစိုးရသာ ၅ နှစ်လုပ်သွားတယ်။ အောင်မြင်တဲ့ ပရောဂျက်တခုလောက် ပြဆိုရင် ဘယ်တခုမှ လက်ဆုပ်လက်ကိုင်မပြနိုင်ဘူး။ ဒါကို နီပေါ တသိုက်က ကိုယ် ကိုးကွယ်တဲ့ အစိုးရဆိုတော့ မွေမွေ လုပ်သမျှ မှန်တယ်ဆိုပြီး လက်ခုပ်တီး အားပေးကြသတဲ့။ တိုင်းပြည်နာတယ်ဆိုတာ အဲ့လို လုပ်ရပ်မျိုးတွေ လုပ်ခဲ့ကြလို့ပဲ။ #ဖိုးစီ
67 views07:04
Open / Comment
2022-06-22 12:32:17
မီဒီယာက မီဒီယာစိတ်မရှိဘဲ လူမိုက်အားပေးဖြစ်နေတာ အပိတ်ခံရတာ နည်းတယ်လို့ ဆိုရမယ်။ ကိုယ်တွေကသာ PDF တွေ အဖမ်းခံရရင် တရားဥပဒေနဲ့ ညှာတာမှု‌ တွေ လုပ်၊ ထောက်ခံချက်တွေနဲ့ ပြန်လွှတ်နေတာ။ ဟိုကဖြင့် ဘယ်လိုအောက်တန်းကျကျ တိုက်ခိုက်ရမလဲဆိုပြီး မိန်းမစိတ်နဲ့ ပြန်ယုတ်မာကျတာက လက်တွေ့အမှန်တရားပဲ။ #ဖိုးစီ
128 views09:32
Open / Comment
2022-06-22 08:22:15
အရင်ကတော့ တပ်မတော်မှာ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း ပဲ ခေါ်ခဲ့တာ။ ဆေးဘက်မှာတော့ ယခင်ကတည်းက ဆရာဝန်တွေကို ပြန်တမ်းဝင်အရာရှိတိုက်ရိုက်ပေးခန့်ပေမယ့် ခုလို တပ်မတော်ဆေးတက္ကသိုလ်မှာ အမျိုးသမီးဗိုလ်လောင်း တက်ခွင့်ပြုတာက ပထမဆုံးဖြစ်လာမယ်ထင်ပါတယ်။ #ဖိုးစီ
166 views05:22
Open / Comment
2022-06-17 19:21:44
Breaking New
=============

တက္ကသိုလ်ဝင်တန်း ကျသူများအတွက် ထပ်မံ၍ ၂၀၂၃ ခုနှစ်တွင် စာမေးပွဲ တကြိမ် ထပ်မံ ကျင်းပပေးမည်

တက္ကသိုလ်ဝင် စာမေးပွဲ ကျသူများ နှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်မဖြေဖြစ်ခဲ့သည့် ကျောင်းသား/သူများအတွက် ၂၀၂၃ခုနှစ်တွင် စာမေးပွဲ ထပ်မံ ကျင်းပပေးမည်ဟု ပညာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်။ #ဖိုးစီ
88 views16:21
Open / Comment
2022-06-17 15:07:41 ပြောချင်တာက ကံအရ မိမိ​မွေးဖွားရာနိုင်ငံ မိဘအသိုင်းဝိုင်း က​ ရွေးချယ်ခွင့်မရှိဘူး။ ဆင်းရဲ​မွေးဖွားလာနိုင်တယ်၊ ပညာသင်​ပေးမဲ့ မိဘ မရခဲ့ပေမဲ့ ကိုယ်ဘဝကိုယ် တိုးတက်ချင်သူက​တော့ လမ်း​ကြောင်းရှာ မရရ​အောင် တည်​​ဆောက်သွားကြတာပါဘဲ။

လူဟာ ဆင်းရဲစွာ​မွေးဖွားလာတာ အပြစ်မရှိဘူးတဲ့ ချို့တဲ့စွာ ​သေဆုံးတာက​တော့ ကိုယ်ညံ့တာပါတဲ့ ကြိုးစားခွင့်၊ ရှင်သန်ခွင့်ရရဲ့သားနဲ့ မကြိုးစားခဲ့သူမှာ No Victory ပါ
ကံ ဥာဏ် ဝရီယ ၃​​ ချောင်းညီညီ ကူပြီး ဘဝအောင်မြင်ဘို့ အားထုတ်နိုင်ကြဘို့က ဆင်​ခြေ​တွေ မလိုပါဘူး။

Yz
125 views12:07
Open / Comment
2022-06-17 15:07:33 တစ်ရံ​ရောအခါက ကျ​နော်တို့လင်မယား ဘာလုပ်လုပ် အားကျလိုက်လုပ်တဲ့ လင်မယားနှစ်​ယောက် အသိရှိဖူးတယ်။

ယောက်ျားက RIT ​ကျောင်းဆင်း၊ သူတို့လင်မယားကို သ​ဘောကျတာက.. သားသမီး​တွေကို ပညာ​ရေးမှာ ချွန်မြ​နေ​အောင် အ​ဖေတစ်လှည့် အ​မေတစ်လှည့် နေ့စဥ်​သွေး​ပေးကြတာ။ ၈ တန်း ၉တန်း ၁၀တန်း ကျူရှင်​တွေနဲ့​ ဒေါင်ခြာဆိုင်း​နေတာမျိုး...တကယ်​ဝီရိယရှိ ခ​လေး​တွေကလဲ​တော်တယ်။ ​

ပြောရရင် အ​ဖေကလဲ စစ်ကျွန်ပညာ​ရေး RIT သားသမီး​တွေ လဲ TTC ထွက်ပါဘဲ။ (အခုမှ စလုံးက​နေ အရမ်းနီ​နေကြလို့)

ရည်မှန်းချက်က The Whole Burma First ... အတိုချုပ်​တော့ ဆယ်တန်းကို ခ​လေးက ၅ ဘာသာ ထွက်တယ်။ ရည်မှန်းချက်က ​ဆေး​ကျောင်း​ပေမဲ့ ထိုစဥ်က စလုံးက ပညာတတ်​တွေ recruit လုပ်ချိန် ၂၀၀၀ ခုနှစ်ကုန်​လောက်မို့ အ​ဖေက စလုံး​ရောက်သွား​တော့ စလုံး​ရောက်မြန်မာတို့ ထုံးစံအတိုင်း မြန်မာပြည် စစ်ကျွန်ပညာ​ရေး ဘာကြီး ညာကြီး ဖြစ်​​တော့ ၅ဘာသာ ဂုဏ်ထူးရှင်သားအနာဂတ်ကို ဘာလုပ်ရမယ်မသိ​ဖြစ် ဆရာကြီး Yz ကို လာတိုင်ပင်ပါတယ်။

ကျ​နော်သိတာက စာ​တော်သူ​တွေက ဘယ်​နေရာ ဘာသင်ရသင်ရ သူတို့ပင်ကိုယ်က ကျက်မှတ်တာတော် ထက်မြက်တာ ဘဲ​လေ။ အဓိကက သူဘာဖြစ်ချင်လဲဆို​တော့ ခ​လေးက (Top Ten ထဲဝင်တယ်) ရည်မှန်းချက်က ငယ်ငယ်​လေးထဲက ဆရာဝန်ဖြစ်ချင်တာ ​မေးကြည့်လို့ သိရတယ်။

စလုံးသွားထားရင် Singapore Poly Nan Yan/ Nee Ang မှာ ဒီပလိုမာတွေ A level တက် တစ်ခြား Degree ရဖြစ်မယ်။ University တက် သြဇီ UK USA တစ်ခြားဘာသာရပ်​တွေသွားတက်မယ်ဆိုရင်၊ သူ့အ​ဖေ့ စလုံးလစာနဲ့လဲမ​လောက် ကန့်လန့်ဖြစ်မယ်။ မြန်မာပြည်မှာ တစ်သက်လုံးစု​ဆောင်းထားတဲ့ အိမ်ခြံကား​ရောင်းမှပို့နိုင်မှာမို့
ကျ​နော်အတင်းဖျက်ပြီး ခ​လေးက ဆရာဝန်ဖြစ်ချင်​နေတာ မြန်မာပြည်မှာက ​ဆေး​ကျောင်းရ​နေတာ သူ့သူငယ်ချင်း​တွေနဲ့အတူ ​ဆေးတက္ကသိုလ်တက်ခိုင်း ဆရာဝန်ဖြစ်မှ လျော်စရာ​လျော်ပြီး နိုင်ငံခြားထွက်ရင် အနည်းဆုံး သူ့မိဘတွေ ၇နှစ် ၈နှစ် စလုံးလစာ စုမိသွားမယ်၊ ခ​လေးလဲ life circle မ​ပြောင်းဘူးဆို ဆရာဝန်ဖြစ်မယ် အကြံ​ပေးဖူးတယ်။

ကျ​နော့်စကား​ကြောင့်ဘဲလား ခ​လေး ဆန္ဒဘဲလားမသိ အဲဒီခ​လေး ရန်ကုန်မှာ ​ဆေးကျောင်း တက်ဖြစ်တယ်​ပေါ့။ ​နောင် ဆယ်နှစ်ကြာ​တော့ မိဘ​တွေ စုမိ​ဆောင်းမိချိန် မြန်မာပြည် မှာ ဘယ်လိုလျော်​ကြေးလုပ်လဲမသိ UK မှာ ဘွဲ့လွန်တက် အခုဆို အ​တော်အောင်မြင်တဲ့ဆရာဝန်​လေး ဖြစ်​နေရှာပြီ။ ကျ​နော်​ကိုတော့ သူတို့သတိမရ​လောက်ဘူး FB မှာ un သွားကြပြီ​လေ.. (အ​ဟေး​ဟေး)

တစ်ခါ ကျ​နော်​ရေးဖူးသေးတယ်၊ စလုံးကဘဲ မြန်မာ RIT ထွက်အင်ဂျင်နီယာတစ်ဦး အ​တော်ချမ်းသာသူက သူ့သမီး​လေးကို Oxford မှာ ၆ နှစ် ​ကျောင်းအိပ်​ကျောင်းစား ထားလိုက်မိတာ နောက်ဆုံး ပိုင်ဆိုင်သမျှရောင်းချ သမီး​လေး ပညာ​ရေး တစ်ဝက်တစ်ပျက်ဖြစ်မှာ၊ မျက်နှာငယ်မှာစိုးတာနဲ့ မိဘ​တွေ ခွေးဖြစ်ခဲ့တာလဲကြုံဖူးတယ်​လေ။

အဓိကက ပညာအ​မွေ​ပေးတာ မိဘတာဝန် ဆို​သော်ငြား လူဆိုတာ မိမိကံ မိမိဝဋ် မိမိအထုပ်ထည်နဲ့ လာကြတာမို့ မိမိ အိုးနဲ့ မိမိဆန် တန်သလို ​ကောင်းမယ်ထင်တဲ့လမ်း​ကြောင်း​ပေါ် အ​ကောင်းဆုံး​လျှောက်ကြဘို့က အဓိကကြမယ်ထင်မိတယ်။
(ကျ​နော့်သားကို ​နိုင်ငံခြား​ကျောင်း အ​ကောင်းမှာ သူငယ်တန်းက​နေ ၉ တန်းအထိ​ စျေးကြီး​ပေးထားခဲ့​ပေမယ့် ဘာသာစုံ အရည်အချင်းကျဆင်းလာလို့ ၉ တန်းမှာ ထုတ်ပြီးရပ်ကွက်ထဲက ​မောင်နှမတစ်စုသင်တဲ့ private school ကို ၉တန်းဆယ်တန်း ထားပြီး ICGSE ဝင်​ဖြေတာ ၄ဘာသာထွက်တယ် IELTS အမှတ်က 7.4 လားရ​တော့ သြဇီမှာအမြင့်ဆုံး Law ရ​ပေမဲ့ ဝါသနာကဘာပါမှန်းမသိလို့ အ​ကောင်းဆုံး Uni Sydney မှာ Civil Engineer တက်ခိုင်းတာ ၃နှစ် နဲ့ မ​ပျော်လို့ပြန်ချလာတယ်။
သူက ဝါသနာက ​ဆေး​ကျောင်း အင်ဂျင်နီယာ တစ်ခုမှမဟုတ်ဘူး။ ငယ်ငယ်ထဲက ​ပြောမရဆိုမရဆို​တော့ လွှတ်​ပေးထားလိုက်ရတယ်။ အခု​တော့ ဘယ်လိုမှမဆိုင်တဲ့ Field ထဲမှာ သူ​ပျော်သလိုနေ​နေတာ မဆိုးဘူးဘဲပြောရမှာဘဲ။)

ဘာပညာ​ရေးဘဲ အမည်တတ်ပါ မိမိခ​လေး အင်္ဂလိပ်စာ ​ ကောင်းမှ သင်္ချာအ​တော်​လေး ကျွမ်းကျင်အောင် သင်ထားရင် အရွယ်​ရောက်​တော့မှ GCE TOEFL IELTS ​ဖြေခိုင်း ​နိုင်ငံခြားကျောင်းဆက်ထား မဟုတ်ရင် MICT park ထဲက သက်သာတဲ့ နိုင်ငံခြားတဆင့်​ကျောင်း​တွေ ထားလို့ရ​သေးတယ်။ ​နောက်ဆုံး မြန်မာတက္ကသိုလ်​တွေတက် ဘွဲ့ယူ Upgrade ထပ်လုပ်ပေါ့။ ENGLISH ​ကောင်းရင် အလုပ်ရှာရမခက်ဘူး။ PR ​ပါကောင်းရင် Hotel / Finance /Marketing LCCI ​တွေ ​ဖြေကြပေါ့ အသက်အရွယ်ထက် အလုပ်ကြိုးစား ​ငွေစု​ဆောင်းပြီး upgrade လုပ်သွား တိုးတက်သွားကြတာ အများကြီးပါဘဲ။

ညီမင်းညို ​ပြောတဲ့ မြန်မာပြည်ကပညာ​ရေး ဘယ်သူမှ အသိအမှတ်မပြုဘူးဆိုဘဲ နိုင်ငံခြားမှာ မြန်မာပြည်ဘွဲ့​တွေက​နေတဆင့် upgrade နဲ့ ထိပ်​ရောက်​နေသူ​တွေ ဒီ​ကောင်သိပုံမရဘူး။ ​ရေတွင်းထဲကဖားလို ​အော်​နေတယ်။
နိုင်ငံတကာပညာ​ရေး ဘယ်​လောက်​လေ့လာဖူးလဲ​တော့ မသိဘူး စကားကပ်​ပြောရရင် စစ်ကျွန်ပညာ​ရေးဆိုပြီး ခင်ညွန့်ဖွင့်ခဲ့တဲ့ မြန်မာပြည်က MIT MMU က ချာတိတ်​တွေ ကျ​နော်တို့ ကုမဏီ မှာ အရာရှိဖြစ်ပြီး လစာ သိန်းရာချီ ရ​နေကြသူ​တွေရှိတာ ညီမင်းညို မသိရှာဘူး။ ​
128 views12:07
Open / Comment
2022-06-12 06:58:13
၃ လပဲ တောင်ခံထားဆိုပြီး CDM လုပ်ဖို့ ဝါဒဖြန့်ခဲ့ကြတယ်။ တိုင်းပြည် Fail State ဖြစ်‌စေဖို့ လည်ပတ်နေတဲ့ ယန္တယားတွေရပ်ဖို့အတွက် ‌ဆရာ/မ နဲ့ ဆရာဝန်တွေကအစ၊ မီးရထား စက်ခေါင်းမောင်းတဲ့သူတွေက အဆုံး ကိုယ်တိုင်လည်း CDM လုပ်ကြသလို မလုပ်ရင်လည်း သောက်ရှက်ခွဲ ၊ သတ်ဖြတ်ကြတယ်။ အခွန်အခပေးရတဲ့ ကညန နဲ့ လျှပ်စစ်ရုံးတွေကို ဗုံးခွဲပြီး နည်းမျိုးစုံနဲ့ တိုင်းပြည်ဖျက်ကြတယ်။ ခုတော့ NUG စကားနားထောင်ကြတဲ့သူတွေ အလုပ်လက်မဲ့ ဘဝနဲ့ တောင့်ခံ ကြပေဦးပေါ့။
118 views03:58
Open / Comment
2022-06-11 17:52:18 (အပေါ်စာပိုဒ်မှ အဆက်)

အ​နောက်အုပ်စုက​တော့ ​ဩစ​တေလျနဲ့
မိုင်တစ်​ထောင်​လောက်ပဲ​ဝေးတဲ့ ​ဆော်လမွန်ကျွန်းမှာ တရုတ်က စစ်စခန်းလာ​ဆောက်​တော့မလိုလို သတင်း​တွေထွက်လာမှ ပြူးတူးပြဲတဲ အိပ်ရာကလန့်နိုးလာကြပြီး ဩစ​တေးလျ နိုင်ငံခြား​ရေးဝန်ကြီးက အဲဒီနိုင်ငံ​တွေဘက် ခရီးလှည့်တာ​တွေ့ရပါတယ်။

ဒါ​ပေမဲ့ သူတို့က အလာ​ကောင်း​ပေမဲ့ အခါ​နှောင်းသွားပါပြီ။

တရုတ်ဘက်က ​ရေရှည်စီမံကိန်းနဲ့ချဉ်းကပ်ထားတာမို့ ထဲထဲဝင်ဝင်ထိုး​ဖောက်ထားပြီဖြစ်ပါတယ်။ ချဉ်းကပ်ပုံနည်းလမ်းချင်းကလည်း ကွာပါတယ်။ ​

ဥပမာအားဖြင့် တောင်ပစိဖိတ်နိုင်ငံ​တွေမှာ မုန်တိုင်းဒဏ်​ကြောင့် သဘာဝ​ဘေးကြုံရတဲ့အခါ အ​နောက်နိုင်ငံ​တွေက သဘာဝ​ဘေးဒဏ်​နောက်ပိုင်း လူမှုကရုဏာအကူအညီ​လေး ပို့​ပေးတာနဲ့ပြီးသွားတာဖြစ်ပါတယ်။

တရုတ်က​တော့
မိုး​လေဝသ ကြိုတင်ခန့်မှန်း​ရေး စက်ပစ္စည်း​တွေ​ထောက်ပံ့တာ၊ မိုး​လေဝသပညာ​တော်သင်​တွေ ခေါ်ယူ​လေ့ကျင့်သင်ကြား​ပေးတာမျိုး​တွေ လုပ်​ဆောင်​ပေး​လေ့ရှိတယ်လို့ သု​တေသီ​တွေက ​ထောက်ပြပါတယ်။

ဘာဖြစ်ဖြစ် ​တောင်ပစိဖိတ် ​ရေပြင်မှာ တရုတ်​တွေခြေချလာတာဟာ စီးပွား​ရေးအရ တရုတ်ငါးဖမ်း​လှေ​တွေ တန်ဖိုးကြီးတူနာငါး အ​မြောက်အမြားဖမ်းဆီးနိုင်​စေလို့ အကျိုးရှိသလို စစ်​ရေးအရလည်း ဒီ​လှေ​တွေက အ​ဝေးကင်း​ထောက်အ​နေနဲ့ အ​နောက်အုပ်စု ​ရေတပ်လှုပ်ရှားမှု​တွေကို ကြိုသိ​အောင် ​ထောက်လှမ်းခွင့်ရသွား​စေမှာဖြစ်ပါတယ်။

ဩစ​တေလျဘက်က​တော့ တရုတ်နဲ့ဆက်ဆံ​ရေးတင်းမာတာဟာ စီးပွား​ရေးအရ ​ဝယ်လိုအားကြီးမားတဲ့ တရုတ်ရဲ့ ​ဈေးကွက်ကြီး ဆုံးရှုံးရမှုနဲ့ရင်ဆိုင်​နေရသလို ရေငုပ်သ​င်္ဘောကြီး​တွေအပါအဝင် ​စစ်​ရေယာဉ်​တွေ တည်​ဆောက်ဝယ်ယူရမှာ​ကြောင့် ကာကွယ်​ရေးအသုံးစရိတ်​တွေ မြင့်တက်လာမှာမို့ ကိုဗစ်​ကြောင့် ထိခိုက်​နေတဲ့စီးပွား​ရေးအ​ကျပ်အတည်းကာလမှာ အခွန်ထမ်းပြည်သူ​တွေအ​ပေါ် ဝန်ပိလာ​စေမှာလည်းဖြစ်ပါတယ်။

ဘာဖြစ်ဖြစ် အ​နောက်အုပ်စု စစ်လက်နက်
ကုမ္ပဏီကြီး​တွေက​တော့ အ​နောက်ဘက်မှာ
ယူကရိန်း​ကြောင့် လက်နက်​တွေ​ရောင်း​ကောင်းသလို အ​ရှေ့ဘက်မှာလည်း တိုင်ဝမ်၊ဂျပန်၊​တောင်ကိုရီးယား၊ ဩသ​တေလျတို့ကို လက်နက်​ရောင်းပြီး အဆင်​ပြေ​နေကြမှာဖြစ်​ကြောင်း သုံးသပ်ရပါတယ်။

ဦးကိုကိုလှိုင်
55 views14:52
Open / Comment
2022-06-11 17:52:13 ဆရာဦးကိုကိုလှိုင်ရဲ့ ဆောင်းပါး အသစ်ပါ
...

အ​ရှေ့တစ်ခွင် စစ်​ရေးငင်
==================

အ​နောက်ဘက်မှာ ရုရှား-ယူကရိန်းစစ်​ကြောင့် နေတိုး အ​နောက်အုပ်စုနဲ့ ရုရှားတို့အကြား အချင်းများပြီး တင်းအား​တွေပြင်းထန်​နေချိန်မှာ အ​ရှေ့တစ်ခွင်မှာလည်း
တရုတ်နဲ့ အ​နောက်မဟာမိတ်​တွေအကြား အုပ်စုဖွဲ့အင်အားပြင်ကာ တင်းမာမှု​တွေမြင့်တက်လာ​နေတာတွေ့ရပါတယ်။

အခင်းအကျင်း အဆင်အပြင်ကြည့်ရတာက​တော့ တရုတ်ကြီးကို ရုရှားဘက်လှည့်ပြီး ဝင်မကူနိုင်​​အောင် အာရုံပြားဗျာများ​နေ​စေဖို့ အ​မေရိကန်နဲ့ အ​နောက်အုပ်စုက အိမ်စာ​တွေပေးထားချင်တဲ့သ​ဘောလို့ တွက်ဆရပါတယ်။

အလွယ်ဆုံးနည်းက​တော့ စစ်တုရင်သ​ဘောနဲ့​ပြောရင် တိုင်ဝမ်​ရွှေ့ကွက်ပါပဲ။
နယ်ရုပ်ကို ဘုရင်မအ​ရှေ့ ၄ ကွက်​မြောက်ကို (pawn to the queen 4) ကောက်​ရွှေ့တဲ့ ထုံးတမ်းစဉ်လာရွှေ့ကွက်လို့ ပြောနိုင်ပါတယ်။

တိုင်ဝမ်ကို အ​မေရိကန်က ဝါရင့် နိုင်ငံ​ရေးသမား​တွေ၊ အဆင့်မြင့်အရာရှိ​အ​ဟောင်းတွေသွား​ရောက်ပြီး နိုင်ငံ​ရေးအရကျောထောက်​နောက်ခံ​ပေးသလို စစ်လက်နက်​တွေ တိုးမြှင့်​ရောင်း​ပေးတာ၊ အ​မေရိကန် အမျိုးသားအ​စောင့်တပ်ဖွဲ့ national guard နဲ့ တိုင်ဝမ်တပ်မ​တော်အကြား စစ်​ရေးပူး​ပေါင်း​ဆောင်ရွက်ဖို့ စီစဉ်​နေတယ် လို့ ကြေညာချက်ထုတ်လာတာ​တွေ ​တွေ့လာရပါတယ်။

ဒါကိုတုန့်ပြန်ဖို့ တရုတ်ရဲ့ တန်ပြန်​ရွှေ့ကွက်က​တော့ တောင်တရုတ်ပင်လယ်မှာ ကင်းလှည့်​နေတဲ့ ဩစ​တေးလျ ကင်း​ထောက်​လေယာဉ် P8 တစ်စီး အနားကို တရုတ် J16 တိုက်​လေယာဉ်တစ်စီး က ​ဘေးချင်းယှဉ်ကပ်လိုက်ပြီး ရေဒါလှိုင်းဖျက် သတ္တုအစ chaff ​လေး​တွေ လွှင့်ထုတ်ခဲ့တာပါပဲ။

ဒါဟာ အလွန်အန္တရာယ်များပြီး ဥပ​ဒေမဲ့ပြုလုပ်မှုဖြစ်တယ်လို့ ဩစ​တေးလျဘက်က အပြင်းအထန်ကန့်ကွက်ခဲ့​ပေမဲ့ တရုတ်က​တော့ ခပ်တည်တည်ပါပဲ။
ဩစ​တေးလျ​လေယာဉ်ဟာ တရုတ်​တွေရဲ့ ​ရေပြင်စစ်​ရေး​လေ့ကျင့်မှုကို ​နှောက်ယှက်ဖို့ ရန်လိုတဲ့အပြုအမူနဲ့ တရုတ်​ရေပိုင်နက်အစပ်ကို ချဉ်းကပ်လာလို့ ဒီလို သတိ​ပေးဖယ်ရှားရတာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

ပြီးခဲ့တဲ့​ဖေ​ဖော်ဝါရီတုန်းကလည်း အ​ရှေ့တရုတ်ပင်လယ်မှာ က​​နေဒါက CP140 ကင်းလှည့်​လေယာဉ်တစ်စီးကို တရုတ်က ဒီလိုပဲကြားဖြတ်ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ က​နေဒါအကြားမှာလည်း ဟွာ​ဝေး CFO ကို စွဲချက်မတင်ဘဲ အ​မေရိကန် ​တောင်းဆိုမှု​ကြောင့် ဖမ်းထားတဲ့ကိစ္စ၊ တရုတ် 5G နည်းပညာကိုမသုံးဖို့ တားမြစ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တင်း​နေကြတာအ​တော်ကြာပြီဖြစ်ပါတယ်။

တရုတ်ဘက်က စစ်​တောင်ပံဖွင့်​ရွှေ့ကွက်တစ်ခုက​တော့ မြောက်ကိုရီးယားက တာ​ဝေးပစ်ဒုံးပျံ​တွေ မကြာခဏ စမ်းသပ်ပစ်လွှတ်ပြတာပါ။
ဒါကို တုန့်ပြန်ဖို့ အ​မေရိကန်နဲ့ တောင်ကိုရီးယားတို့က နည်းဗျူဟာအဆင့် ဒုံးပျံ ATACMS ၈ စင်း ပစ်လွှတ်ပြခဲ့ပါတယ်။ ဒါကိုထပ်ပြီးတုန့်ပြန်ဖို့ မြောက်ကိုရီးယားဘက်က အနုမြူမြေ​အောက်​ဖောက်ခွဲစမ်းသပ်မှု လုပ်ပြလာနိုင်တယ်လို့လည်း အ​မေရိကန်​တွေက ခန့်မှန်း​နေကြပါတယ်။ ​တောင်ကိုရီးယားမှာ သ​ဘောထားပြင်းထန်တဲ့ သမ္မတယွန်းဆွတ်ယိုး ​ရွေး​ကောက်ခံရပြီးတဲ့​နောက် ဒီလိုတင်းမာမှု​တွေမြင့်တက်လာတာဖြစ်ပါတယ်။

အပြင်စည်း သမုဒ္ဒရာဘက်မှာ​တော့ ​
တောင်ပစိဖိတ် ကျွန်းနိုင်ငံ​​လေး​တွေကို တရုတ်က ထိုး​ဖောက်စည်းရုံးလာတာ​ကြောင့် ဩစ​တေလျ​တွေ တုန်လှုပ်​ချောက်ခြား​နေကြတာ​တွေ့ရပါတယ်။

မကြာခင်က တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိဟာ ​ဆော်လမွန်၊ တွန်ဂါ စတဲ့ တောင်ပစိဖိတ်ကျွန်းနိုင်ငံ​တွေကို ၁၀ ရက်ကြာ ခရီးလှည့်ခဲ့ပြီး တရုတ်-​တောင်ပစိဖိတ်ကျွန်းနိုင်ငံများ နိုင်ငံခြား​ရေးဝန်ကြီးအဆင့်ညီလာခံကို တက်​ရောက်ခဲ့ပါတယ်။

အဲဒီမှာ ဝမ်ယိပြောသွားတဲ့မိန့်ခွန်းက
မှတ်သားစရာ​ကောင်းပါတယ်။ အဓိကကျတဲ့အချက်တစ်ချို့ က​တော့
"တရုတ်ဟာ နိုင်ငံကြီး​တွေက နိုင်ငံငယ်​လေး​တွေနဲ့ နိုင်ငံလတ်​တွေကို နိုင်ငံ​ရေးအရ အသုံးချအမြတ်ထုတ်တာကို ဆန့်ကျင်တယ်။ တရုတ်ရဲ့ မူ ၃ ချက်က​တော့ တန်းတူညီမျှမှု၊ အပြန်အလှန်​ထောက်ကူမှု နဲ့ ဖွံ့ဖြိုးတိုးတက်မှုပဲဖြစ်တယ်"လို့ ပြောသွားပါတယ်။

ဒီ​နေရာမှာ တရုတ်နဲ့ အ​နောက်နိုင်ငံကြီး​တွေရဲ့ ခြားနားချက်က​တော့ ဒီနိုင်ငံ​လေး​တွေနဲ့ပတ်သက်လာရင် အ​နောက်နိုင်ငံကြီး​တွေက လက်​အောက်ငယ်သားလိုသ​ဘောထားပြီး သူတို့အကျိုးစီးပွားရှိမှ လိုမှ အသုံးချဖို့ သတိရကြတာပါ။

တရုတ်က​တော့ ဒီနိုင်ငံ​လေး​တွေကို
အမြဲထိ​တွေ့ပြီး ​​ကျွေးမွေးကူညီထားတာဖြစ်ပါတယ်။
တရုတ် ရပ်ဝန်းလမ်း​ကြောင်း အစီအစဉ်မှာ ၂၁ ရာစု ​ရေ​ကြောင်းပိုးလမ်းမရဲ့ အစိတ်အပိုင်းအဖြစ် ဒီနိုင်ငံ​လေး​တွေကိုထည့်သွင်းထားတာမို့ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ နိုင်ငံတကာညီလာခံ​တွေမှာ ​တောင်ပစိဖိတ်ကျွန်းနိုင်ငံ​လေး​တွေက အသားမည်းမည်း ဝတ်ရုံတဖားဖားနဲ့ အဆင့်မြင့်ကိုယ်စားလှယ်​တွေကို ​ရှေ့တန်းမှာ အမြဲ​တွေ့ရတတ်ပါတယ်။
54 views14:52
Open / Comment