Get Mystery Box with random crypto!

Myanmar Ebooks

Logo of telegram channel myanmarebooks — Myanmar Ebooks M
Logo of telegram channel myanmarebooks — Myanmar Ebooks
Channel address: @myanmarebooks
Categories: Telegram
Language: English
Subscribers: 1.30K

Ratings & Reviews

2.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

0

2 stars

0

1 stars

1


The latest Messages 7

2022-04-12 16:03:12
သတိ! ပုံနဲ့စာ ယှဉ်တွဲ မဖတ်ရ။ #ဖိုးစီ
205 views13:03
Open / Comment
2022-04-12 09:23:10 တလောဆီတုန်းက ကျနော့်ကို စစ်မှုထမ်းအရာရှိဟောင်းတဦးက ဖုန်းဆက်လာပါတယ်။ သူလက်ရှိနေတာကလည်း မြဝတီမို့ ကရင်ဖက်က စစ်ရေးကဏ္ဍကို ပြန်ပြောပြပါတယ်။

    မြန်မာ့တပ်မတော်ဟာ ယခင်ကာလများက တပ်ရင်းအဆင့် ရှေ့တန်းထွက် အင်အား ၅၀၀ ဝန်းကျင်နဲ့ ထွက်လေ့ရှိပါတယ်တဲ့။ ယနေ့ကာလမှာ ၁၀၀ ဝန်းကျင်နဲ့ပဲထွက်ကြရသတဲ့။ 
    အဲဒီမှာ လေကြောင်းပစ်ကူ၊ အမြှောက်ပစ်ကူတွေ ထိရောက်မြန်ဆန်လာတဲ့ အတွက် လူအင်အားက ပြဿနာသိပ်မရှိပေမယ့်...

အပြည့်အစုံဖတ်ရန်
https://telegra.ph/Army-04-11-2
393 views06:23
Open / Comment
2022-04-10 19:46:39 Preemptive က အမြဲ အားသာတယ်။ ဖြစ်ပြီးသွားတာတွေလည်း ပြီးသွားပြီ။ ရှေ့လျှောက် မပေါ့နဲ့ပေါ့။ တောထဲမှာ အခြေအနေမဟန်တော့ မြို့ပေါ်တက်လာတာ။

လက်ရှိဖြစ်ရပ်တွေကို စမ်းသပ်ခံရတယ်လို့ပဲ သဘောထားလိုက်ပါ။ ပေးဆပ်ရတာကြီးလေ... ကြီးကြီးမားမား ပြန်ယူရလေပဲ။ သိက္ခာဆိုတာရှိတယ်။ စိတ်ဓာတ်ဆိုတာရှိတယ်။ အရာအားလုံးထက် လက်ဦးမှုက အရေးကြီးတယ်။

ကြီးကြီးမားမားတစ်ခါလောက်ဖြစ်ပြီးရင် ပြတ်သားတဲ့အဖြေထွက်သင့်ပါပြီ။

ကျွန်တော်တို့ကတော့ တပ်မတော်ကို ဒီထက်ပို မဆုံးရှုံးစေချင်တော့ဘူး။ စကားကုန်ပြောမယ်ဗျာ။ တပ်မတော်ဆိုတာ နိုင်ငံရှိသရွေ့ တည်ရှိမယ့် အင်စတီကျူးရှင်း... ကိုယ့်လက်ထက်မှ သိက္ခာမကျစေနဲ့။

ထောက်ခံသူ အရပ်သားအင်အားစုကိုလည်း မလေးမစားမလုပ်နဲ့။ တကယ်တမ်း တပ်မတော်နဲ့ Power Sharing လုပ်လို့ရတဲ့အစိုးရကို သူတို့လိုလူတွေနဲ့မှ ဖွဲ့နိုင်တာ။ ကျန်တာက အတိုက်အခံလောက်ပဲ ရမှာ။ အသက်တွေကို တန်ဖိုးထားပါ။

အခုမှတော့ ရွေးစရာမကျန်တော့ဘူး။ ဒီနေ့ကို ဘယ်တော့မှ မမေ့နဲ့။ ကျဆုံးလေပြီးသော တပ်မတော်သားများနဲ့ အသက်စွန့်ခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူများအတွက် ဆုတောင်းပေးပါတယ်။
ဒါတွေဟာ အူသံပေးနေတဲ့ ဝံပုလွေတွေကြားက နိုင်ငံကို ကာကွယ်ရတဲ့ပွဲ...

နိုင်ငံတော်ကြီး နိုင်ရမယ်....

We will always remember this day. Good night everyone. Tomorrow will be a better day.
*
*
*Thant Nay Soe
465 views16:46
Open / Comment
2022-04-09 15:43:01
မြန်မာနီပေါတွေက နေရာရွေးပြီး -င်ခံရတာကြိုက်ကြတယ်။ ဥပမာ- ကလေးတွေ ကျောင်းတက်နေရင် နိုင်ငံတည်ငြိမ်နေတယ်လို့ နိုင်ငံတကာက ထင်မှာစိုးတော့ ဗုံးခွဲတယ်။ အုပ်ချုပ်ရေး ယန္တရားပျက်အောင် ဆိုင်ဆိုင်မဆိုင်ဆိုင် ရပ်ကျေးဥက္ကဋ္ဌတွေကို ဒလန်ခေါင်းစဉ်နဲ့ သတ်တယ်။ အဓိက က လူစည်ကားပြီး ပျော်ရွှင်နေတာကို မကြိုက်ဘူး။ ဒါကြောင့်လည်း ရန်ကုန်က ဘား တွေ ဗုံးခွဲခံရတာ။ သင်္ကြန်မှာ မင်းတို့ ရေမကစားရဘူးဆိုတဲ့ အခြောက်စိတ်တွေ ဝင်လာတာ။ယုတ်စွ အဆုံး ရွှေတိဂုံ ဘုရားကို သွားဖူးကြရင်တောင် လိပ်ပြာ မလုံဘူးလေ ၊ ဘာလေး ဆိုပြီး Social Media မှာ အချင်းချင်းပြန် ဘလိန်းကျတာ။ သို့သော်ပေါ့။ ခုလို တခြား ဘာသာခြားတွေ ရဲ့ နေ့ထူးနေ့မြတ်မှာ စည်စည်ကားကား ဖြစ်နေတာမျိုးကျ နီပေါထမိန်ခြုံသားများက မမြင်ချင်ယောင်ဆောင်နေပြန်ရော။ တကယ်ရီရတဲ့ ကွက်ကြားမိုး တော်လှန်ရေးကြီး။ #ဖိုးစီ
334 views12:43
Open / Comment
2022-04-08 09:58:42 ဗဟိုဘဏ်၏ နိုင်ငံခြားငွေ စည်းမျဉ်းသစ်ကြောင့် စက်သုံးဆီဈေး ကျပ် ၂၀၀ နီးပါး ရုတ်တရက်ကျဆင်း

ဧပြီလ ၃ ရက်နေ့ ရက်စွဲနဲ့ ဗဟိုဘဏ် ထုတ်ပြန်ခဲ့တဲ့ ၁၂ /၂၀၂၂ အမိန့်ကြော်ငြာစာပါ စည်းမျဉ်းအသစ်က စက်သုံးဆီဈေးကွက်ကို ရိုက်ခက်ခဲ့ပြီး နှစ်ရက်အတွင်း တစ်လီတာ ကျပ် ၂၀၀ ခန့် ဈေးပြုတ်ကျသွားပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်က ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း အမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၁၉၂၅ မှ ၂၁၆၅ ကျပ် ရှိခဲ့ပေမယ့် ယနေ့မှာတော့ ၁၇၃၀ ကျပ်မှ ၁၉၇၀ အတွင်းသာ ဖြစ်ပေါ်လျက်ရှိနေပါတယ်။

ဗဟိုဘဏ်ရဲ့ ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ရရှိတဲ့ ဝင်ငွေတွေကို မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရောင်းချပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်က ပို့ကုန်လုပ်ငန်းရှင်တွေအပေါ် သက်ရောက်မှုရှိခဲ့ပေမယ့် ကုန်ပစ္စည်းတင်သွင်းသူတွေအနေနဲ့တော့ အသက်ရှုချောင်စေခဲ့ပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ အရေးကြီးကုန်စည်အလိုက် ဘဏ်တွေထံက ကန်တစ်ဒေါ်လာကို ကျပ် ၁၈၅၀ ဖြင့် ဝယ်ယူနိုင်မှာဖြစ်တာကြောင့် နိုင်ငံခြားငွေ အလုံအလောက်သာ ရောင်းချပေးနိုင်လျှင် ဒေါ်လာဖြင့် ဝယ်ယူနေရတဲ့ စက်သုံးဆီအပါအဝင် စားသုံးဆီ၊ ဆေးဝါး၊ ဆောက်လုပ်ရေးသုံး၊ လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေ ကျဆင်းလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ပြည်ပပို့ကုန်အမယ်တွေရဲ့ FOB & CFR ဈေးနှုန်းတွေက ပြောင်းလဲမှုမရှိဘဲ နိုင်ငံခြားငွေလဲနှုန်းက ၁၀.၈ ရာခိုင်နှုန်း လျော့ကျသွားတာကြောင့် ကုန်ကြမ်းဝယ်ယူတဲ့အခါ တွက်ချေကိုက်အောင် ဝယ်ယူရမှာဖြစ်ပြီး အဆိုပါ ကုန်ပစ္စည်းတွေ ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်နိုင်တယ်လို့ သိရှိရပါတယ်။

ပြည်ပသို့ နိုင်ငံခြားငွေ အသုံးပြုပြီး သွင်းကုန်အတွက် ပေးချေခြင်း၊ ဝန်ဆောင်မှုနှင့် အခြားစရိတ်များအတွက် ပေးချေခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အမြတ်ဝေစုပေးပို့ခြင်းနှင့် ရင်းနှီးငွေပြန်လည်ပေးပို့ခြင်း၊ ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းခြင်း၊ ပြည်ပချေးငွေနှင့် အတိုးများ ပြန်လည်ပေးဆပ်ခြင်း၊ အသုံးစရိတ်တွေ လွှဲပို့ခြင်းများအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်ယူရမယ်ဆို့ ညွှန်ကြားထားပါတယ်။

ကော်မတီရဲ့ ခွင့်ပြုချက်ရမယ်ဆိုရင် AD လိုင်စင်ရ ဘဏ်တွေအနေနဲ့ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်ဖြင့် ရောင်းချပေးရမှာဖြစ်ပြီး ဝန်ဆောင်စရိတ်အဖြစ် AD ဘဏ်တွေကို တစ်ဒေါ်လာအတွက် ၃ ကျပ် ထပ်ဆောင်းပေးရမယ်လို့ သတ်မှတ်ထားပါတယ်။

BETV Business
604 views06:58
Open / Comment
2022-03-24 13:00:45 မနေ့က ဇေကမ္ဘာကိစ္စအပြီး စည်ပင်အုပ်စုပါ အတွဲလိုက် ပါသွားကြပါပြီ။

အမှန်က စည်ပင်မှာ တပ်အငြိမ်းစားတွေ အများစုပါပဲ။ ဒါပေမယ့် စားလိုက်ဝါးလိုက်ကြတာမြင်မကောင်းပါဘူး။ မြေယာဌာနရဲ့ ရစ်နည်းပေါင်းစုံနဲ့ ပြည်သူတွေကို ညစ်ပတ်ထစ်ငေါ့ငွေညှစ်နေကြတာ ကမ္ဘာဆွေးနေပါပြီ။

မယုံကြည်ဘူးဆိုရင် အမှုတွဲအရေအတွက် နဲ့ အမှုဖြစ်စဥ်ကာလကိုသာ ပြန်စစ်ဆေးကြည့် တယောက်မှပြေးမလွတ်ပါဘူး။ ဘယ်လောက်ညစ်ပတ်သလဲဆိုရင် တရားရုံးမှာ နှစ်များစွာအမှုရင်ဆိုင်ပြီး အနိုင်ရလာသူရဲ့မြေကို တိုင်းထွာပေးပါလို့ တောင်းခံနေတာတောင် တရားရုံးရဲ့အနိုင်ဒီဂရီပါနေလျှက်နဲ့ နှစ်ပေါင်းများစွာ ညစ်ပတ်ထားတဲ့ ဌာနဆိုတော့ တွက်သာကြည့်ပေတော့။

နောက်သတင်းတခုတွေ့ရတာက လောင်စာဆီနဲ့ ပြည်သူကိုဒုက္ခပေးနေတဲ့ တိုးနိုင်မန်း ခေါင်းဆောင်တဲ့ လောင်စာဆီအုပ်စုလည်း မီးလောင်နေပြီကြားတယ်။ အဲလိုကိုင်တွယ်တာ နစကရဲ့ အကောင်းဖက်ဦးတည်နေတဲ့ အရွေ့လို့ ယုံကြည်ပါတယ်။ အဖျားရှူးမသွားရင်ပေါ့လေ။ ရမ်းသမ်းချီးကျူးရမှာလည်း ခပ်ကြောက်ကြောက်ဖြစ်နေရတာဗျ။

ကဲ ကျနော်တို့လို ပြည်သူတွေကို နောက်ထပ်မလိမ့်တပတ်နဲ့ လည်ပင်းညစ်နေတဲ့အုပ်စုကတော့ ဘိလပ်မြေအုပ်စုပါပဲ။

တပ်ချုပ်ကြီးက ဘိလပ်မြေကို စက်ရုံတွေ ရှိနေပါလျှက် ပြည်ပကတင်သွင်းနေတာ မဟုတ်သေးဘူး။ ကွာလ်တီမှီအောင် အဆင့်မြှင့်ထုတ်ကြပါ။ စက်တွေအတွက်အရင်းအနှီးလိုရင် အစိုးရကချေးပေးမယ် ဆိုပြီး ညွှန်ကြားပါတယ်။

ဒီတော့ မြန်မာ့ဘိလပ်​မြေ ဝယ်​ရောင်း ခရိုနီလုပ်ငန်းအုပ်စုက ဘိလပ်မြေစက်ရုံတွေကို အဆင့်မမြှင့်ရသေးပဲ စက်ရုံသတ်မှတ်စျေးနဲ့ အားလုံး စာချုပ်ချုပ်ဆို ထိမ်းချုပ်လိုက်ကြပါတယ်။ ပြီးတော့ တပ်ချုပ်ကြီးမူဝါဒဆိုပြီး အာဏာပိုင်တွေနဲ့ပေါင်းပြီး ယိုးဒယားဘိလပ်မြေတွေ အဝင်မခံတော့ပါဘူး။

ဘိလပ်မြေစက်ရုံတွေဟာ အဆင့်မမြှင့်ပဲ မူလအရည်အသွေးခပ်ညံ့ညံ့ပဲ ဆက်လက်ထုတ်လုပ်နေပြီး ကျနော်သိဖူးတဲ့ စျေးနှုံး ၄၀၀၀ိ/ နဲ့ အဆိုပါအုပ်စုကို စက်ရုံဂိုဒေါင်မှာပဲ လွှဲပြောင်းပေးနေရပါတယ်။

အဲဒီကနေ တဆင့်ပြန်ရောင်းချိန်မှာ စက်ရုံရှိရာဒေသမှာပဲ ၉၀၀၀ိ / ၁၀၀၀၀ိ ဖြစ်နေပြီး ရန်ကုန်ဝန်းကျင်မှာ ၁၂၀၀၀ိ ဖြစ်နေရပါတယ်။

ယိုးဒယားထုတ် အကောင်းစား ဘိလပ်မြေ ၆၀၀၀ိ လောက်နဲ့ တင်သွင်းရောင်းချနိုင်ပါလျှက် မြန်မာထုတ် အညံ့စား ဘိလပ်​မြေ အစုတ်အပြတ်ကို ၁၂၀၀၀ိ ပေးဝယ်သုံးနေရတဲ့ တရားခံက အဆိုပါ ဘိလပ်မြေ လက်ဝါးကြီးအုပ် အုပ်စုကြီးကြောင့်ပါပဲ။

နောက်ကွယ်က လူတွေကတော့ ဆီအုပ်စုရဲ့ နောက်ခံဘက်ဂရောင်း ဦးရွှေမန်းတို့လိုပဲ သြဇာကြီးခဲ့တဲ့ လူကြီးတဦးပဲလို့ သတင်းရပါတယ်။ ဘာပဲပြောပြော ဦးပိုင်ရဲ့ ဘိလပ်​မြေစက်ရုံတွေကိုပါ စာချုပ်နဲ့ ဝယ်ထားတဲ့ ကုမ္ပဏီကိုစစ်ဆေးရင် ဘယ်သူဘယ်ဝါတွေ ဘယ်လိုပတ်သက်ပြီး ပြည်သူတွေရဲ့ နေရေးကိုအကြောင်းပြု ဂုတ်သွေးစုတ်နေသလဲဆိုတာ မလွှဲမသွေပေါ်လာပါလိမ့်မယ်။

တပ်ချုပ်ကြီးရဲ့ ရေရှည်မျှော်မြင်ပြီး လုပ်ဆောင်ဖို့ မိန့်ခွန်းပြောခဲ့တာကို မိမိအကျိုးအတွက် အသုံးချပြီး ကုန်သွယ်မှုပိုငွေပြရေးဆိုတဲ့ တစိတ်တပိုင်းသော မူဝါဒကို အကြောင်းပြပြီး စက်ရုံအဆင့်မြှင့်ရေး ပစ္စည်းကွာလ်တီမြှင့်တင်ရေးအတွက် မပြုလုပ်သေးပဲ လူလည်ကျကာ မလိမ့်တပတ်ပြု ဂုတ်သွေးစုတ်နေတဲ့ ဘိလပ်မြေအုပ်စုကိုလည်း နစက အနေနဲ့ သတိပြု ထိမ်းချုပ်ဖို့ လိုနေပါပြီ။

၂၀၀၈ နာဂစ်ကာလမှာ အဲသလိုပဲ အိမ်ဆောက်ပစ္စည်းတွေ အဆမတန်စျေးတင်ရောင်းခဲ့တဲ့ ကုန်မာဆိုင်အုပ်စုကို ဘရွှေကြီးကတော့ ရှင်းရှင်းပဲ အကုန်ဖမ်းထောင်ချပစ်လိုက်တယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ အခွန်လွှတ်ပေးပြီး စျေးမှန်နဲ့ရောင်းချစေခဲ့တယ်။ ဒါတွေက ပြည်သူတွေ တကယ်အကျိုးရှိစေခဲ့တဲ့ သမိုင်းမှန် လုပ်ရပ်မှန်များသာဖြစ်ပါတယ်။

ယခုလည်း နစကအနေနဲ့ အဲလို နမူနာကောင်း သမိုင်းကောင်း လမ်းကြောင်းကို အမြန်ဆုံးဖော်ထုတ် အကောင်အထည်ဖော်ဖို့ လိုအပ်နေပါပြီ။

ပြည်သူတွေ အမှန် မသေရုံစားနေကြရပြီး ငတ်နေပါပြီ နစကကြီးခင်ဗျား။
Myo Win
977 views10:00
Open / Comment
2022-03-21 10:35:54
မေမေ့လက်ထက်က ဆန္ဒပြမှုကို နှိမ်နင်းမှုအပေါ်နီပေါတွေရဲ့ ရှုမြင်သုံးသပ်ချက်တွေ။ #ဖိုးစီ
892 views07:35
Open / Comment
2022-03-20 13:33:18 ပြေတီဦး ပြောခဲ့ဖူးတဲ့
ရွှေတိဂုံဘုရားကအလှူငွေတွေကို
တပ်ကယူသုံးတော့မယ်ဆိုတာရဲ့
ပိုပြီး တိကျသေချာတဲ့ အဖြေက
၂၀၁၇ ခုနှစ်ကတည်းက ရှိနှင့်ခဲ့ပြီးသားဖြစ်တယ်။


နားလည်လွယ်အောင်ပြောရရင်
ဒေါ်စု ခေါင်းဆောင်ခဲ့တဲ့NLD အစိုးရဟာ
ရွှေတိဂုံဘုရားရဲ့ ပိုင်ဆိုင်မှု မြန်မာငွေ
ဘီလျံ ၆၀ ကျော်နဲ့ ဒေါ်လာ ၁၅ သန်းကို
မြန်မာ့စီးပွားရေးဘဏ်က
အတိုးမပေးနိုင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့၁၂ နှစ်စာ ငွေတိုက်စာချုပ်တွေနဲ့
၂၀၁၇ ကတည်းက လဲခဲ့ပြီးသားဖြစ်တယ်


ဒဲ့ပြောရရင် ....
အစိုးရအဖြစ် တာဝန်ယူခဲ့တဲ့ ၅ နှစ်မှာ
၂၀၁၇ ကတည်းက ဝန်ထမ်းတွေကို
ပေးနေတဲ့ လစာတွေ၊ ကိုဗစ်အတွက်
နိုင်ငံတော် ကနေ မတည်ပေးပါတယ်ဆိုတဲ့ ထည့်ဝင်ငွေတွေ အကုန်လုံးက
ရွှေတိဂုံဘုရားကရတဲ့ ‌အလှူငွေကို
ငွေတိုက်စာချုပ်အဖြစ်နဲ့ လဲပြီး
ကိုယ့်အစိုးရ ဂုဏ်တက်ရေးအတွက်
ချနင်းသုံးစွဲခဲ့တဲ့ ငွေကြေးတွေပဲ။



ကျုပ်အာဏာ ရရင်
ရွှေတိဂုံဘုရား အရည်ကျိုမယ်လို့ပြောခဲ့ဖူးတဲ့သခင်သန်းထွန်း တူမကလည်း
ဒီကိစ္စမှာ ဘာထူးလို့လဲ။
ဗုဒ္ဓဘာသာ အမည်ခံတွေကလည်း
တဆိတ်ရှိရင် ဘုရားကို လှူတာထက်
တော်လှန်ရေးကို လှူတာပိုကောင်းဦးမယ်လို့ ရွှေတိဂုံကို ရန်ရှာဖူးခဲ့ကြသေးတာပဲ။


ခုတော့ ....
သာဝန်လည်း မလုပ်အပ်တာလုပ်လို့
ထောင် ဒဏ် ပေးခံရသလို
ဒီမူဝါဒတွေနဲ့ လည်ပတ်ခဲ့တဲ့
အစိုးရအဖွဲ့ဝင်အသီးသီးတွေကလည်း
ပြစ်မှု ကိုယ်စီနဲ့။
အကျိုးပေးတွေ မြန်လွန်းတယ်။


#ဖိုးစီ
923 views10:33
Open / Comment
2022-03-20 13:33:12
ရွှေတိဂုံဘုရားကငွေတွေကို ဘယ်သူသုံးခဲ့တာလဲ
631 views10:33
Open / Comment
2022-03-19 10:31:58
ကိုယ်သတ်ခဲ့ကြတုန်းက ပျော်ပျော်ကြီး အောင်ပွဲခံခဲ့ကြတယ်မလား။ အဲ့တော့ ဖမ်းမိလို့ သေဒဏ်ချမှတ်ခံရရင်လည်း ပျော်ပျော်ကြီး ပဲ နေပေးကြပါ။ မျက်ရည်မချူကြပါနဲ့။ #ဖိုးစီ
675 views07:31
Open / Comment