Get Mystery Box with random crypto!

Online News Channel

Logo of telegram channel mtn812 — Online News Channel O
Logo of telegram channel mtn812 — Online News Channel
Channel address: @mtn812
Categories: News
Language: English
Subscribers: 3.20K
Description from channel

up to date news channel

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

1

1 stars

0


The latest Messages 5

2021-11-02 05:53:54 မဲမသမာမှု လုပ်ရပ်တွေကျူးလွန်ခဲ့ကြတဲ့ NLD အစိုးရကို မဲကိစ္စတွေဖြေရှင်းပေးဖို့ တပ်မတော်နဲ့ နိုင်ငံရေးပါတီအသီးသီးက အကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြပေမယ့် NLD အစိုးရဟာ မဲခိုးထားတာတွေကို ဖြေရှင်းမပေးတဲ့အပြင် လွှတ်တော်ကို ဇွတ်ခေါ်ပြီး အစိုးရသစ်ဖွဲ့ကာ အာဏာကို မသမာတဲ့နည်းနဲ့ ရယူဖို့ကြိုးစားခဲ့တာကြောင့် တပ်မတော်က မလွဲမရှောင်သာပဲ နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူခဲ့တာ (၉)လတိုင်တိုင်ရှိခဲ့ပါပြီ။

အာဏာထိန်းခဲ့ရတဲ့တပ်မတော်ဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းရင် (၆)လအတွင်း ရွေးကောက်ပွဲကျင်းပပေးမှာပါ၊ သို့ပေမယ့် NLD ပါတီဝင်များနဲ့ သူတို့ကို ထောက်ခံအားပေးသူတွေဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်ခဲ့ကြတာ ပြည်သူအများ သိရှိကြပြီးဖြစ်ပါတယ်။

NLD ပါတီဝင်တွေနဲ့ အပေါင်းအပါတို့ရဲ့လုပ်ရပ်ဟာ အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူလူထုကို များစွာထိခိုက်နစ်နာစေခဲ့ပါတယ်။

ပြည်သူအပေါ်ထားတဲ့ စေတနာမမှန်ဘူးလို့လည်း သုံးသပ်ရတာပေါ့၊ NLD ပါတီဝင်တွေနဲ့ အပေါင်းအပါတို့ဟာ တည်ဆဲ နစက အစိုးရပြုတ်ကျစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားမဝင်အဖွဲ့အစည်းတွေဖြစ်တဲ့ CRPH , NUG တို့ကိုဖွဲ့စည်းပြီး လူငယ်အများစုကို တောခိုစေကာ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတွေကို တက်ရောက်စေခဲ့ပါတယ်။

သက်တန်းဆင်းပြီးသည်နှင့် မြို့/ရွာ များမှာရှိတဲ့ စာသင်ကျောင်း၊ ရဲစခန်း၊ စက်ရုံ အလုပ်ရုံ၊ ဆေးရုံနှင့် ဌာနဆိုင်ရာ အဆောက်အဦးများကို ဗုံးခွဲခြင်း၊ မီးရှို့ခြင်း၊ ယင်းတို့နှင့်အမြင်မတူသည့် ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အဲ့ဒီလိုလုပ်ရပ်တွေလုပ်ခြင်းဖြင့် တည်ဆဲ အစိုးရ ​ြ့ုတ်ကျသွားမယ်လို့ သူတို့ဟာ မိုက်မဲစွာခံယူထားကြပါတယ်။

သို့ပေမယ့် တည်ဆဲ နစက အစိုးရ ပြုတ်ကျမသွားတဲ့အပြင် သက်တမ်း (၉)လအထိ ရောက်ရှိသွားပါပြီ။

သူတို့အတွက် ရလာဒ်ကောင်း တစ်ခုမှထွက်ပေါ်မလာပဲ ပြည်သူလူထုရဲ့ အကျိုးစီးပွားတွေသာ ထိခိုက်နစ်နာခဲ့တာကို တွေ့ရပါတယ်၊ ပြည်သူလူထု အကျိုးစီးပွားထိခိုက်လာပြီဆိုရင် အဲ့ဒီအဖွဲ့အစည်းတွေ မကြာခင်ကျဆုံးသွားတော့မှာပဲဖြစ်ပါတယ်။

နစက အစိုးရအနေနဲ့ကတော့ NLD အပေါင်းအပါတွေရဲ့ အကြမ်းဖက် အဖျက်လုပ်ရပ်တွေရှိနေတဲ့ကြားက ပြည်သူလူထုအတွက် လုပ်ဆောင်သင့်တာတွေ ကြိုးစားလုပ်ဆောင်နေတာတွေ့ရသလို အကြမ်းနှိန်နှင်းရေးကိုလည် ဆက်တိုက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

မနေ့က နစက ၉နှစ်ပြည့် မိန့်ခွန်းမှာ "ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်" လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်၊ အေးချမ်းစွာနေထိုင်လိုကြတဲ့ ပြည်သူများအနေနဲ့ စည်းလုံးညီညွတ်စွာ အကြမ်းဖက်နှိမ်နှင်းရေးတွေမှာ ပူးပေါင်းပါဝင်ကြမယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုတွေ အမြန်ဆုံး ရရရှိလာမှာပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ မိမိတို့ ပတ်ဝန်းကျင်မှာ အကြမ်းဖက်သမားလို့ ယူဆရသူတွေ ရှိနေတယ်ဆိုရင် သက်ဆိုင်ရာကို သတင်းပေးပို့ကြပါ၊ အကြမ်းဖက်သမားဆိုတာ တိုင်းပြည်ရဲ့ ဆူးညှောင့်အန္တရာယ်တွေလို့ သဘောထားပြီး အားပေးခြင်းမပြုပဲ ဝိုင်းဝန်းချေမှုန်းကြပါလို့ တိုက်တွန်းလိုက်ရပါသည်။
#MMT
1.1K viewsMinn Thet Naing, 02:53
Open / Comment
2021-11-01 18:21:13
(၁-၁၁-၂၀၂၁)
ဧရာဝတီတိုင်း၊ မအူပင်မြို့ ရွှေတောင်မှော်ကျေးရွာ
အမှတ်(၇)ရပ်ကွက်တွင် ယနေ့ည ၇ နာရီခွဲခန့်က ဆိုင်ကယ်မောင်းသူညီညီအောင် ၂၀နှစ် အဘ ဦးမောင်အေးနှင့်နောက်မှ စီးနင်းသူ စိုင်းဝဿန် အသက်၃၅ အဘ ဦးမာစတားတို့သည် ကျောင်းတက်ရောက်မည့် ကျောင်းသား/သူများအားထိခိုက်စေရန် ရည်ရွယ် ချက်ဖြင့် စာသင်ကျောင်းအား မိုင်းထောင်ရန်လာရောက်စဉ် ဆိုင်ကယ်အတွင်းမှ မိုင်းပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်တစ်စစီဖြစ်သွားကြောင်းသိရသည်။
363 viewsMinn Thet Naing, 15:21
Open / Comment
2021-11-01 18:02:39
vietnam miss show ပွဲတစ်ခုမှာ
မြန်မာနိုင်ငံအလံပုံ ဒီဇိုင်းထုတ်ထားတဲ့
ဝတ်စုံနဲ့ဝင်ပြိုင်ခဲ့တဲ့မော်ဒယ်လ်လေးတစ်
ယောက်ပါတဲ့...

ထူးခြားတာတစ်ခုက ဒီမော်ဒယ်လ်လေး
ဟာ မြန်မာလူမျိုး မဟုတ်သလို၊ မြန်မာ
နိုင်ငံသားလည်း မဟုတ်ပါဘူး။

ဗီယက်နမ်နိုင်ငံသူ၊ ဗီယက်ကောင်းလူမျိုး
ပါတဲ့...

ပိုပြီး လေးစားစရာကောင်းတာက ဒီ ဗီယက်
နမ်သူလေးဟာ အာဆီယံက မြန်မာကို ဝိုင်း
နှိပ်ကွပ်တဲ့အတွက် မြန်မာနိုင်ငံနဲ့အတူ ရပ်
တည်ကြောင်းပြသတဲ့ အနေနဲ့ မြန်မာနိုင်ငံ
အလံပုံ ဒီဇိုင်းထုတ်ထားတဲ့ ဝတ်စုံနဲ့ယှဉ်ပြိုင်
ခဲ့တာပါတဲ့...

ကျွန်တော်ကတော့
မြန်မာလူမျိုးတွေမှာ ဆိတ်သုဉ်းနေတဲ့ မျိုး
ချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို မြန်မာတွေကိုယ်
စား ဗီယက်နမ်သူလေးက မီးမောင်းထိုးပြ
သွားတယ်လို့ပဲ ယူဆပါတယ်။

မြန်မာတွေ ရှက်တတ်ရင် သေလို့တောင်ရပါတယ်။
423 viewsMinn Thet Naing, 15:02
Open / Comment
2021-11-01 15:56:56
စာသင်ကျောင်းကို မိုင်းသွားထောင်ရင်း ပေါက်ကွဲသွားပြီး အသေဆိုးနဲ့သေသွားရတဲ့ အကြမ်းဖက် PDF တစ်ဦး။
422 viewsMinn Thet Naing, 12:56
Open / Comment
2021-11-01 14:41:29
ခေါက်ဆွဲခြောက်ထုတ်နဲ့ ရေသန့်ဗူး
သုံးစွဲခဲ့ပြီး အိမ်ရှင်ပြည်သူအတွက်
စာတစ်စောင်နဲ့ ပိုက်ဆံ(၅၀၀၀)ထား
ပေးခဲ့တဲ့ တပ်မတော်သားတစ်ဦး။
568 viewsMinn Thet Naing, 11:41
Open / Comment
2021-11-01 08:53:01
ကုလသမဂ္ဂဆိုင်ရာအစ္စရေးသံအမတ်ကြီး ဂျီလတ်အာဒန်သည် အောက်တိုဘာလ ၂၉ ရက်နေ့ (သောကြာနေ့) ကကျင်းပသောအစည်းအဝေးတွင် အစ္စရေးနိုင်ငံပေါ်ပြစ်တင်ရှုတ်ချမှုသည် မျှတမှုမရှိကြောင်းပြောဆိုကာ ကုလ သမဂ္ဂလူ့အခွင့်အရေးကောင်စီကို ပြစ်တင်ဝေန်လိုက်ပြီးနောက် ကုသမဂ္ဂနှစ်ပတ်လည်အစီရင်ခံစာကို ဆွဲဖြဲလိုက် ကြောင်းသိရသည်။
752 viewsMinn Thet Naing, 05:53
Open / Comment
2021-11-01 04:28:41 ရုံးဝန်ထမ်း ရုံးတက်ချင်လို့ ဝန်ထမ်းလုပ်နေကြတာ၊ မတက်ချင်ရင် ထွက်စာတင်၊ ရုံးတက်တဲ့သူတွေကို မနှောက်ယှက်ရဘူး၊ ရုံးတက်ချင်တဲ့သူတွေ တက်နေကြမှာပဲ၊ အဲ့ဒါဒီမိုကရေစီ။

ကျောင်းသား ပညာသင်ဖို့ ကျောင်းတက်နေကြတာ၊ မတက်ချင်တဲ့သူတွေ ကျောင်းကနေထွက်သွားလို့ရတယ်၊ ကျောင်းတက်တဲ့သူတွေကို မနှောက်ယှက်ရဘူး၊ တက်ချင်တဲ့သူတွေ တက်နေကြမှာပဲ၊ အဲ့ဒါဒီမိုကရေစီ။

ဆရာဝန်တွေ၊ ဆရာ/ဆရာမတွေလည်း ထိုနည်း၄င်း နှစ်သက်ရာ ရွေးချယ်ခွင့်ရှိတယ်၊ အဲ့ဒါဒီမိုကရေစီ။

အကြမ်းဖက် NUG စုံလုံးမှိတ်ပြီး ထောက်ခံသူရှိသလို မကောင်းမှန်းသိလို့ ဆန့်ကျင်သူတွေလည်းရှိမှာပဲ၊ အကြမ်းဖက် NUG ကို ကိုယ့်ဘာသာ ထောက်ခံချင်ထောက်ခံ၊ မထောက်ခံတဲ့သူတွေကို မနှောက်ယှက်နဲ့၊ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်၊ အဲ့ဒါဒီမိုကရေစီ။

PDF တွေအနေနဲ့ ရိုင်းချင်သလောက်ရိုင်း၊ မယုတ်မာကြနဲ့ ယုတ်မာရင် လူမဟုတ်တော့ဘူး။

အကြမ်းဖက်အဖွဲ့များ အမြန်ဆုံး နိဂုံးချုပ်ပါစေ။
#MMT
241 viewsMinn Thet Naing, 01:28
Open / Comment
2021-11-01 04:08:40 ထန်တလန်ကေ့စ်မှာ မီဒီယာတိုက်ပွဲကို တစ်ဖက်က ဟန်ချက်ညီညီ လက်ဦးမှုယူပြီး တိုက်ကွက်ဖော်သွားတာ တွေ့ရတဲ့အခါ ဘင်တွေကို သတိရမိတယ်။ ဘင်တွေ လုပ်သွားတဲ့ လုပ်ကွက်တွေနဲ့ တစ်ပုံစံတည်းပဲ။
.
မီဒီယာစစ်ပွဲမှာ မြန်မာအစိုးရအဆက်ဆက် ရှုံးနိမ့်မှုကို အတိုင်းသားမြင်ရတယ်။ ပြင်ဆင်ထားခြင်းမရှိတာကို (သို့) ပြင်ဆင်ထားသော အင်အားစုတွေကို ထုတ်နှုတ်မသုံးနိုင်တာ တွေ့ရတယ်။
.
FB မှာ အပိတ်ခံရတောင် Twitter တို့ Telegram တို့မှာ သေခြာ Team ဖွဲ့ပြီး လူကြီးလူကောင်းဆန်ဆန် တုံ့ပြန်မှုတွေကို အချိန်နဲ့ တပြေးညီ မလုပ်နိုင်တဲ့အားနည်းချက်ကို တွေ့ရတယ်။
.
တနည်းအားဖြင့် Counter Social Media Response Team လုံးဝ မရှိသေးတဲ့သဘောဖြစ်နေတယ်။ ဒါဟာ ပြန်ကြားရေးတစ်ခုထဲနဲ့ မဆိုင်တော့ဘူး။ အနာဂါတ်မှာ ဖြစ်လာမယ့် မီဒီယာစစ်ပွဲအတွက် ပြင်ဆင်မှု တစ်စိတ် တစ်ဒေသပဲ။
.
သူတို့လှုပ်ရှားမှုကို လေ့လာခြင်းအားဖြင့် နိုင်ငံတကာ ထိပ်သီးအစည်းအဝေးတွေ ရှိတိုင်းမှာ မြန်မာအရေးကို ဟော့အစ်ရှုးဖြစ်အောင် ပြည်ပမီဒီယာတွေအားကို ယူပြီး ဟန်ချက်ညီညီနဲ့ လုပ်လာမှာတွေ တွေ့ရတယ်။
.
ကင်းမရွာ မီးလောင်မှုကေ့စ်မှာ ခံခဲ့ရတာ မမှတ်သေးဘူး ထန်တလန်မှာ ခံလိုက်ရတယ်။ ငပွကြီးတို့ တစ်သိုက်တောင် ကင်းမကေ့စ်မှာ ခံခဲ့ရတော့ ထန်တလန်ကိစ္စမှာ ငြိမ်ကြည့်နေတာပဲကြည့်။
.
အခုဆို တစ်ဖက်က သာလွန်အင်အားနဲ့ တစ်နေရာကို ဝင်ဆောင့် တိုက်ကွက်ဖော်ဖို့ ပြင်ဆင်နေတာ နေရာစုဖွဲ့မှုတွေ တွေ့နေရတယ်။ လူဦးရေ ၅၀၀ ကနေ ၁၀၀၀ အထိရှိတဲ့ သာလွန်အင်အား စုဖွဲ့မှုနဲ့ ဝင်ဆောင့်မှာ။
.
အဲ့ဒိနောက်မှာ မီဒီယာတွေကို သတင်းပေးပို့မှုတွေက ထပ်ခြပ်မကွာ ပါလာမှာပဲ။ မသေပဲတိုက်ပွဲနိုင်လျင် PDF သေသွားလျင် အပြစ်မဲ့ပြည်သူဆိုတဲ့ ဝါဒဖြန့်မှုနဲ့ နိုင်ငံတကာကို ထိုးဖောက်မှာပဲ။
.
ဘာရယ်မှတော့ သိပ်လည်း မရေးချင်ပါဘူး။ တစ်ဖက်ဖက်က မြန်မြန် အုပ်နိုင်စီးနိုင်ပြီး ဒီလို လိပ်ခဲတည်းလည်း အခြေအနေကြီး ငြိမ်းချမ်းစေချင်တာပါပဲ။ ဒါပေမယ့် ဘာသာ၊ သာသနာကို ဖျက်ဆီးမယ့်ဟာတွေတော့ မလိုချင်ဘူး။
.
တစ်ခြားလည်း ပြောစရာစကားရယ် မယ်မယ်ရရ မရှိတော့ဘူး။ ပိတ်ကားပေါ်သာပဲ ကြည့်ရတော့မယ့်သဘောဖြစ်နေပြီကိုး။
282 viewsMinn Thet Naing, 01:08
Open / Comment
2021-10-31 03:10:37 မနေ့က သောကြာနေ့ဆိုတော့ ထုံးစံအတိုင်း အလုပ်ရှုပ်နေတာနဲ့...
...
ဒီလောက် ပွထနေတဲ့ ထန်တလန် မီးလောင်မှု ကိစ္စကို စိတ်ဝင်စားပေမယ့် သေသေချာချာ မလေ့လာမိဘူး...
...
ဒီနေ့မှ အချိန်ရလို့ လေ့လာတော့...
...
စိတ်ဝင်စားစရာ အချက်တွေ တွေ့ရတယ်...
...
ထန်တလန် မီးလောင်မှုကို ပြည်တွင်းပြည်ပ အဖွဲ့အစည်း တော်တော်များများနဲ့ လူပုဂ္ဂိုလ်တွေ အချိတ်အဆက်ရှိရှိ လှုပ်ရှားသွားတာ တွေ့ရတယ်...
...
မီးလောင်မှု ဖြစ်ဖြစ်ချင်း နာရီ အနည်းငယ် အတွင်းမှာပဲ Follower ၄သိန်းနီးပါးရှိတဲ့ Asean Heritage & History Page ကနေ ပရဲ ထိုးထားတဲ့ ချင်းအဖွားကြီးပုံနဲ့ မီးလောင်နေတဲ့ ထန်တလန်မြို့ကို ကောင်းကင်က ကင်မရာ ကောင်းကောင်းနဲ့ resolution တော်တော်လေး ကောင်းအောင် ရိုက်ထားတဲ့ပုံနဲ့ တွဲပြီး ဖော်ပြပေးလိုက်တယ်...
...
အဲ့ပေ့ခ်ျကနေစပြီး ထန်တလန် အဖြစ်အပျက်ကို ပြည်တွင်းပြည်ပက လူတွေ သတိထားမိသွားတာပါပဲ...
...
တစ်ခု ထူးဆန်းတာက အဲ့ပေ့ခ်ျကနေ အာဆီယံ နိုင်ငံတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို ရံဖန်ရံခါ တင်ပေးနေပေမယ့် ပုံမှန်အားဖြင့် တစ်နေ့ကို နိုင်ငံ တစ်ခုနဲ့ ပတ်သတ်လို့ တစ်ပုံထက် ပိုတင်လေ့ မရှိသော်လည်း...
...
မနေ့ကတော့ အစောပိုင်းမှာ ပိတောက်နဲ့ ပတ်သတ်ပြီး အတိုင်ပင်ခံရဲ့ပုံနဲ့ တွဲပြီး ဖော်ပြပြီးရာမှ ထပ်တိုးအနေနဲ့ ချင်းအဖွားကြီးပုံကို အချိန်ကိုက် ထပ်မံ ဖော်ပြခဲ့သလို...
...
နစက ထိပ်သီးကို တက်ခွင့် မပေးခဲ့တဲ့ အာဆီယံ အစည်းအဝေး စတင်တဲ့ ၂၆ ရက်နေ့ကလည်း အဲ့ဒီပေ့ခ်ျကနေပဲ ကျင်းပနေတဲ့ 38 & 39 ASEAN SUMMITS ခေါင်းစဉ်တပ်ပြီး ၂၀၁၉ နိုဝင်ဘာလ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ၃၅ ကြိမ်မြောက် အာဆီယံ အစည်းအဝေးမှာ အတိုင်ပင်ခံ တက်ခဲ့တုန်းက ပုံကို ဖော်ပြပြီး ပွဲဆူအောင် လုပ်ခဲ့သေးတယ်...
...
ထန်တလန် အဖြစ်အပျက် စပြန့်ချိန်ဟာ အောက်တိုဘာလ ၃၀ရက်နေ့ ဒီနေ့မှာ အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပဖို့ရှိတဲ့ G20 အစည်းအဝေး မစခင် တစ်ရက်အလို မနေ့က ပုပ်ရဟန်းမင်းကြီးနဲ့ ဘိုင်ဒင်တို့ မတွေ့ခင် နာရီပိုင်း အလိုမှာ ဖြစ်ခဲ့တာလည်း တိုက်ဆိုင်မှုလို့ ပြောရမှာ ခက်ပါတယ်...
...
ဗာတီကန်စီးတီးလို့ ခေါ်တဲ့ ခရစ်ယာန် ဘာသာရေးရဲ့ အထွတ်အမြတ် ဦးစီးဦးဆောင် ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး အုပ်ချုပ်တဲ့ ကုန်းတွင်းပိတ် နိုင်ငံဟာ ရောမမြို့မှာ တည်ရှိပြီး...
...
အဲ့မြို့ကို ရောက်ရှိလာတဲ့ နိုင်ငံ့ခေါင်းဆောင်တိုင်းက ပုပ်ရဟန်းမင်းကြီးကို မပျက်မကွက် အရေးတယူ ဂါရဝပြု နှုတ်ဆက်ပြီး နိုင်ငံတကာ အရေး ကိစ္စတွေ ဆွေးနွေးကြတဲ့ ဓလေ့ထုံးစံလည်း ရှိပါတယ်...
...
ဒီနေ့မှာ စတင် ကျင်းပတဲ့ G20 အစည်းအဝေးပွဲကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်နှင့် ကမ္ဘာ့ထိပ်သီး နိုင်ငံ ၂၀ တက်ရောက်ပြီး အဖွဲ့ဝင်ထဲမှာ အာဆီယံက အင်ဒိုနီးရှား တစ်နိုင်ငံပဲ ပါပေမယ့်...
...
ဒီနှစ်မှာ ပြင်ပကနေ ဖိတ်ကြားခံရတဲ့ ၆ နိုင်ငံထဲ အာဆီယံထဲက စင်္ကာပူနဲ့ နစကကို အာဆီယံ အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်လိုက်တဲ့ ဘရူနိုင်းနိုင်ငံ ပါဝင်နေတာလည်း စိတ်ဝင်စားစရာပါပဲ...
...
သေချာတာက...
...
ခရစ်ယာန် အများစု နေထိုင်တဲ့ ထန်တလန်မြို့ ဖြစ်စဉ်ဟာ ဒီရက်ပိုင်း ဗာတီကန်စီးတီးကို ရောက်လာမယ့် နိုင်ငံခေါင်းဆောင်တွေနဲ့ ပုပ်ရဟန်းမင်းကြီးတို့အကြား ဆွေးနွေးစရာ ကိစ္စ တစ်ခု ဖြစ်သွားအောင် အချိန်ကိုက်လွန်း နေပါတယ်...
...
အထူးသဖြင့် လောလောဆယ် မြန်မာနဲ့ ပြဿနာတက်နေတဲ့ အာဆီယံ အဖွဲ့ဝင်ထဲက G20 အစည်းအဝေးကို တက်ရောက်မယ့် အင်ဒို ဘရူနိုင်း စင်္ကာပူတို့နဲ့တော့ သေချာပေါက် မြန်မာ့အရေး ပြောဖြစ်မှာ သေချာသလို...
...
G20 အစည်းအဝေးမှာလည်း မြန်မာ့အရေးကို အရင်က ထည့်သွင်း ဆွေးနွေးဖို့ အစီအစဉ် မရှိရင်တောင်မှ မနေ့က ပွသွားတဲ့ ကိစ္စကြောင့် ခေါင်းစဉ် တစ်ခု ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်...
...
နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိဆိုတဲ့ ဆိုရိုး အတိုင်း...
...
ထန်တလန် ဖြစ်စဉ်ဟာ ပြည်တွင်း အာရုံစိုက်မှုထက် နိုင်ငံတကာနှင့် လက်ရှိကျင်းပနေတဲ့ G20 ရယ် အဲ့ဒီ စည်းဝေးပွဲကို လာတက်မယ့် နိုင်ငံ့ခေါင်းဆောင်တွေကို အရေးဆိုနိုင်စွမ်းရှိတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အာရုံစိုက်မှုကို ရအောင်...
...
ပြည်တွင်းပြည်ပနှင့် တချို့ နိုင်ငံတကာ အဖွဲ့အစည်းတွေပါ စုပေါင်းပြီး ဟန်ချက်ညီညီ လှုပ်ရှားသွားတဲ့ ဖြစ်စဉ် တစ်ခုလို့ပဲ ကောက်ချက်ချမိပါတယ်...
...
အဲ့ဒီ လှုပ်ရှားမှုရဲ့ သက်ရောက်မှုကိုတော့ G20 အစည်းအဝေးက အရေးတယူ တုန့်ပြန်မှု ရှိမရှိနဲ့ တိုင်းတာရအောင် စောင့်ကြည့်ရုံသာ ရှိပါတော့တယ် ခင်ဗျာ...
.
.
ပို့စ်ဖျက်မှာစိုးလို့ ပြန်ကူးတင်ထားတာပါ။
.
Credit
954 viewsMinn Thet Naing, 00:10
Open / Comment
2021-10-30 16:29:30
တာဝန်သိစွာ ပူးပေါင်းကူညီခြင်းဖြင့်
ဒီပုံကို ဖြန့်ပေးကြပါ။
992 viewsMinn Thet Naing, 13:29
Open / Comment