Get Mystery Box with random crypto!

Online News Channel

Logo of telegram channel mtn812 — Online News Channel O
Logo of telegram channel mtn812 — Online News Channel
Channel address: @mtn812
Categories: News
Language: English
Subscribers: 3.20K
Description from channel

up to date news channel

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

1

1 stars

0


The latest Messages 6

2021-10-29 13:36:36 OICကသူ့အဖွဲ့ဝင်အာဆီယံ(၃)နိုင်ငံကတဆင့် ဘင်္ဂလီအရေးဖွတယ်။အမေရိကန်က တရုပ်ထိန်းချုပ်ရေးအတွက်မတည်မငြိမ်ဖြစ်နေအောင်ဖန်တီးဖို့ သူ့သြဇာခံအာဆီယံနိုင်ငံတွေကို ဖိအားပေးစည်းရုံးတယ်။

ချမ်းသာတဲ့ OICနဲ့အင်အားကြီးတဲ့အမေရိကန်ပူးပေါင်းပြီး အာဆီယံကတဆင့်မြန်မာကို ဒီမိုကရေစီမျက်နှာဖုံးတပ် ဖျက်ဆီးရေးဆိုတာ ထင်ရှားနေပါတယ်။

USတပ်တွေ၊UNတပ်တွေဝင်လာရင် ဒီမိုကရေစီရပြီလို့ထင်ပြီးမျှော်နေကြတဲ့ ပုဆိန်ရိုးတွေကလည်း အဆင်သင့်ရှိနေကြတော့ မြန်မာပြည်အစိတ်စိတ်အမွှာမွှာပြိုကွဲရေး၊အနာဂတ်အစ္စလမ်မစ်နိုင်ငံတည်ထောင်ရေးအတွက် ဘင်္ဂလီပြည်နယ်ရရှိရေး အတွက်အဓိကအတားအဆီးဖြစ်နေတဲ့ တပ်မတော်ကို နည်းမျိုးစုံသုံးဖြိုခွဲရေးကိုအင်တိုက် အားတိုက်လုပ်ဆောင်နေကြတာ ပဲ ဖြစ်ပါတယ်။

အမေရိကန်က ဒီမိုကရေစီလူ့အခွင့်အရေးအကြောင်းပြပြီးဝင်မွှေနှောက်ခဲ့တဲ့ အီရတ်၊လစ်ဗျား၊ဆီးရီယားနိုင်ငံက ပြည်သူတွေဒီကနေ့ ကြုံတွေ့နေကြရတဲ့ ဘေးဒုက္ခတွေနဲ့ သူတို့အလိုမရှိတော့တဲ့အခါ ဒီမိုကရေစီ လူ့အခွင့်အရေးက အရေးမကြီးတော့ဘဲအာဖဂန်ပြည်သူလူထုကို တာလီဘန်အကြမ်းဖက်အဖွဲ့လက်ထဲမှာပစ်ထားခဲ့တာ တွေကို မြန်မာပြည်သူလူထု က သင်ခန်းစာယူကြဖို့လိုပါတယ်။

NLDအစိုးရငါးနှစ်ကာလအတွင်း အင်တိုက်အားတိုက်ဖော်ဆောင်ခဲ့ကြတဲ့ ဘင်္ဂလီများနိုင်ငံသားရရေးဟာ လှေပြေးတုံးတက်ကျိုး သလို ဖြစ်သွားရတဲ့အတွက်ရတဲ့နည်းလမ်းနဲ့ဆက်ကြိုးစားလာတဲ့ OIC အစ္စလာမ်မိုက်ဇေးရှင်းအန္တရယ် ကိုလည်း အထူးသတိပြုကြရမယ့်အချိန်အခါဖြစ်ပါတယ်။
(မြန်မာမတက်တဲ့အာဆီယံအစည်း အဝေးမှာမလေးရှားဝန်ကြီးချုပ်ကမြန်မာပြည် ဘင်္ဂလီ အရေးကိုပြောကြားသွားခဲ့ပါတယ်)

OICနဲ့အမေရိကန်တို့ရဲ့ အာဆီယံကတဆင့်မြန်မာကိုပြဿနာရှာခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်လွတ် မြောက်ရေးလည်းမဟုတ်၊မြန်မာပြည်ဒီမိုကရေစီရရေးလည်း မဟုတ်ဘဲ လစ်ဗျားဆီးရီးယားလို ပြည် တွင်းစစ်မီး ကြီးနဲ့ တိုင်းပြည်အ စိတ်စိတ်အမွှာမွှာပြိုကွဲပျက်စီးရေးသာဖြစ်ပါတယ်။

credit : Sit Nyein
1.2K viewsMinn Thet Naing, 10:36
Open / Comment
2021-10-29 05:45:28 စစ်ကိုင်းတိုင်းအထက်ပိုင်းကို ခွေးပြေး-ဝက်ပြေးနဲ့ ပြေးလာခဲ့တဲ့ ရွှေဘို၊ရေဦး၊ဝက်လက်၊ယင်းမာပင်ဘက်က PDFသူပုန်လေးတွေ အပြေးသန်ချက်ကတော့ (၃)ရက်အတွင်း ကန့်ဘလူဘက်ရောက်လာတယ်၊
နေ့ရော/ညရော ပြေးရတာနော်...
ဘယ်သက်သာလိမ့်မလဲ?
သဖန်းဆိပ်ဆည်အနီးနားက ခိုလို့ကောင်းတဲ့နယ်လေ...

မနေ့က PDFသူပုန်လေးတွေ နယ်မြေသတင်းထောက်လှမ်းပြီး ကျွန်းလှဘက် ဆက်ပြေးတယ်။
ဒေသခံPDFတွေက လမ်းပြတာနော်..
ဘာမြေပုံမှ မဖတ်တတ်၊
ဖြတ်သန်းရာနယ်မြေတွေကို ငကြောင်ငကျားPDFလေးတွေက ဆရာကြီး အထာနဲ့ ရွာတွေမြို့တွေကို ရှောင်ပြီး
ချီတက်ကြတယ်။

ကျွန်းလှနယ်ထဲမှာ မီးပျောက်ရိက္ခာနဲ့ တောတွင်းပုံဖျက် အသင့်စောင့်ဆိုင်းနေရာယူထားတဲ့ မြန်မာ့တပ်မတော်ခြေမြန်တပ်ရင်းဟာ KILLING-GROUNDခေါ် သတ်ကွင်းထဲရောက်လာတာနဲ့ အရှင်အဖမ်းခံဖို့ ဝိုင်းထားလိုက်တယ်။
ထွက်ပြေး ပစ်ပြေးတဲ့ကောင်တွေ ဆယ်ဂဏန်းလောက်ကတော့ မတ်စေ့ ငုံသွားရတယ်လေ...

အရှင်ဖမ်းမိတဲ့ကောင်တွေကလည်း မနည်းဘူးဗျ!

ကောလင်း၊ပင်လည်ဘူးနားက ဝန်းသိုအထက် မိုင်းသုန်တောင်ကြောမှာ ပွဲအကြီးကြီး ထပ်က,ရဦးမှာပါ။
ထီးချိုင့် လေသာရွာတဝိုက်နဲ့ ကသာ မိုးတားခွင်စစ်သတင်းများစောင့်ပါ။
KIAပါနေတယ်၊ လူတစ်ရာမှာ မောင်းပြန်(၃၀)လက်လောက်ပါတယ်။
တစ်ထောင်ဆို အလက်(၃၀၀)ဘဲ စဉ်းစားနိုင်အောင်လို့ပါ။

လက်နက်ကြီးအနေနဲ့ လိုင်ဇာထုတ် ဆုံလည်40MMတွေတော့ ပါတယ်ဗျ၊
ခဲယမ်း အတော်နည်းပါးပါတယ်၊
တူမီးကိုင်တဲ့ကောင်တွေက ယမ်းတွေ၊ကက်သီးတွေ မိုးရွာချောင်းကူးချိန် ရေမစိုအောင် ပလတ်စတစ်နဲ့ သေချာ ထုတ်ထားကြရတာပါ။
ရိက္ခာလည်း သိပ်မသယ်နိုင်ဘူး၊

Local guerrillaခေါ် ဒေသပျောက်ကျားPDFလေးတွေက မြို့ရွာအလိုက် အလှူခံပြီး စားသောက်ရေးစီစဉ်နေရတာ..စိတ်ဓါတ်တွေ အတွဲလိုက် ကျနေကြပြီလေ....
(၄)ရက်ခရီးလေးကို ဒင်းတို့ ခံနိုင်ရည်မရှိလို့ ပင်လည်ဘူး၊လုံးတုံ၊တာမခံဘက်ကို ကချင်ပြည်နယ်ထဲ အသက်ပါလျှက် ဖြတ်သန်းနိုင်ပါ့မလား?
ထီးချိုင့်၊ကသာ၊မိုးတားကနေ ကောက်ကွေ့ချောင်းကူးပြီး ကချင်ပြည်နယ်ထဲ ဘယ်လိုဖြတ်သန်းကြမလဲ?
စိတ်ဓါတ်တွေ အကြီးအကျယ် ကျနေပြီ၊

အခုဗျင်းနေတာက အနော်ရထာစစ်ဆင်ရေးကြီးရဲ့လက်အောက်ခံတပ်တွေက ဗျင်းနေတာနော်..GZ,Pdfလေးတွေကို ဝေဟင်ခရီးက လေယာဉ်စီးပြီး Chopperတွေနဲ့ စစ်ကိုင်း၊ကချင်နယ်စပ်မှာ မင်းတို့ကို သမဖို့ အသင့်စောင့်နေတဲ့ အလောင်းမင်းတရား စစ်ဆင်ရေးကြီးလက်အောက်ခံခြေမြန်တပ်တွေက အမဲဖျက်ဖို့ အသင့်စောင့်နေလေရဲ့!

အဆိုတော်ခင်မောင်တိုးရဲ့ "ကြိုးကြာငှက်တို့ရဲ့မိုင်ထောင်ချီခရီးစဉ်"ကတော့ စပြီပေါ့ကွာ....
အများနည်းတူ သက်လုံမကောင်းရင်တော့ ချာတိတ်လေးတို့ရေ...ငှက်ဟာ ပျံရင်း သေသလို မင်းတို့ဟာလည်း ကချင်ပြည်နယ်ဘက် မရောက်ခင် တဖြုတ်ဖြုတ်ကြွေကုန်မှာ မြင်ယောင်ပါသေးတယ်ကွာ....။
1.3K viewsMinn Thet Naing, 02:45
Open / Comment
2021-10-29 05:45:20
1.2K viewsMinn Thet Naing, 02:45
Open / Comment
2021-10-27 08:44:21 တပ်ချုပ်ထံပေးစာ
မြန်မာနိုင်ငံအတွင်းလတ်တလောဖြစ်ပျက်နေသည့် အခြေအနေများကို နိုင်ငံအတွင်းရှိ အေးချမ်း စွာနေထိုင်လိုသောပြည်သူများ နှင့် မတရားစွပ်စွဲ၍သတ်ဖြတ်ခံခဲ့ရသောပြည်သူများ၏ မိသားစုဝင်များ အနေဖြင့်အပြောများနေကြသည့် စကားများအား နစက(အိမ်စောင့်အစိုးရ)၏ တပ်ချုပ်မှသိစေချင်ပါ တယ်………….
နစကအစိုးရ ၏ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ(၁)ရက်နေ့မှ အာဏာထိန်းလိုက်ပြီး(၉)လတာအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသားရေးသမားများ၊ တပ်မတော်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုး ပါတီနဲ့အခြားပါတီဝင်များ၊ CDM မလုပ်ပဲစည်းကမ်းလိုက်နာသည့်အစိုးရဝန်ထမ်းများ၊ အေးချမ်းစွာနေ လိုသည့်သာမာန်ပြည်သူများ နှင့် အခြားသောကြားနေပြည်သူများကို ဒလန်ဟုစွပ်စွဲချက်ဖြင့်နည်းလမ်း မျိုးစုံအကြမ်းဖက်သတ်ဖြတ်နေခဲ့တာ ထောင်ဂဏန်းပမာဏရှိနေပြီးဖြစ်ပါတယ်……
ထိုသို့ အသတ်အဖြတ်ခံ အကြမ်းဖက်ခံနေရချင်းမှာ တပ်တော်မှအာဏာထိန်းလိုက်လို့စစ်တပ်၏ လက်အောက်တွင်မနေလို၍လုပ်နေတာကများပါသည်၊ ထို့အတွက် ကြောင့် လက်ရှိနစကအစိုးရအပေါ် တွင်သာ တိုက်ရိုက်တာဝန်ရှိနေပါတယ်၊ ထို့အတွက်ကြောင့် နစကအစိုးရ(အိမ်စောင့်အစိုးရ)အနေဖြင့် တာဝန်ယူတာဝန်ခံရမည်ဖြစ်ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးချုပ်အနေဖြင့် (၉)တာကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအား မိန့်ခွန်းပြောကြားခဲ့သည့် အကြိမ်များစွာရှိပါသည်၊သို့သော်လည်းအဆို ပါမိန့်ခွန်းများတွင် တစ်နိုင်ငံလုံးမှာ အသတ်ခံခဲ့ရသော ပြည်သူများအတွက် ဝမ်းနည်းကြောင်းစကား တစ်ခွန်းတစ်ပါဒမျှထည့်သွင်းပြောဆိုခဲ့ခြင်းမရှိသလိုအသတ်ခံခဲ့ရပြီးကျန်ရစ်ခဲ့သည့်မိသားစုဝင်များထံသို့ လည်းမည်သည့်ထောက်ပံ့မှုမျိုး ကိုမျှ ပြုလုပ်ပေးခဲ့ခြင်းမရှိခဲ့ပါ……..
အမှန်မှာနစကနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့တာဝန်ယူ မှု တာဝန်ခံမှု ရှိစွာနဲ့ မိမိတို့ နစက တာဝန်ယူစဉ်အတော အတွင်း မိမိတို့ကြောင့် သေဆုံးသတ်ဖြတ်ခံခဲ့ရ သော ပြည်သူများအပေါ်တွင် မိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းကြောင်း ဆိုသည့်စကားလုံးလေးတစ် လုံးလောက်တော့ပြောသင့်သည်ဟု အကြံပြုလိုပါတယ်၊ ကျန်သည့်ထောက်ပံ့မှုများမလုပ်ပေးနိုင်ဘူး ဆိုရင်တောင် မိန့်ခွန်းပြောတဲ့အခါမျိုးမှာ မိမိတို့ကြောင့် အသတ်ခံခဲ့ရသည့် ပြည်သူများအပေါ်တွင် ကျန် ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်း စကားလုံးမျိုးကို ထည့်သွင်းပြောကြားစေလိုပါ တယ်၊ ပိုမို၍လုပ်ဆောင်ပေးနိုင်ပါက သေဆုံးမိသားစုများထံသို့ တိုက်ရိုက်မဟုတ်တောင် တာဝန်ရှိသူ လူကြီးများမှနေအဆင့်ဆင့်ကျန်ရစ်သူမိသားစုများထံသို့ ရောက်ရှိစေရန်ထောက်ပံ့ပေးခြင်းများကိုလုပ် ဆောင်ပေးသင့်ပါသည်။
နောက်တစ်ခုရှိပါသေးတယ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ တရားဉပဒေအရအရေး ယူခံထားရသော တိုင်းရင်းသားလက်နက်ကိုင်(EAO)အဖွဲ့တစ်ရာကျော်ခန့်ကိုလည်းကောင်း၊ နည်းလမ်း မျိုးစုံဖြင့်အကြမ်းဖက်ဆန္ဒပြသူ ထောင်ဂဏန်းခန့်ကို လည်းကောင်းလွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီးလွှတ် ပေးခဲ့ပါတယ်၊ ထိုသို့လွှတ်ပေးခဲ့သလို တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင် မတော်တဆပြစ်မှုကျူး လွန်ခဲ့ရသည့် တပ်မတော်သား အရာရှိ/စစ်သည် များကိုလည်း စီစစ်ပြီး လွှတ်ငြိမ်းချမ်းသာခွင့်ပေးကာ လွှတ်ပေးသင့်ပါသည်၊ တိုင်းရင်းသားလက်နက်ကိုင်များ နှင့် ဆန္ဒပြအကြမ်းဖက်သူများထက်ဆာလျှင် တိုင်းပြည်တာဝန်ကိုအသက်ပေးထမ်းဆောင်နေသည့် တပ်မတော်သားများက ပို၍တန်ဖိုးရှိပါသည်၊ထို့ အတွက်ကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် မတော်တဆပြစ်မှုကျူးလွန်ခဲ့သော တပ် မတော်သားများအပေါ်ပိုမို၍စောင့်ရှာက်ကြည့်ရှု့သင့်သလို၊မိမိတို့ကြောင့်သေဆုံးခဲ့ရသည့်ပြည်သူများ ကိုပို၍ အခွင့်အရေးပေးသင့်ပါသဖြင့် နစကအစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် မသိရှိပါကလည်း သိရှိပြီး အမြန်ဆုံးပြန်လည်ကြည့်ရှု့ပေးသင့်ပါကြောင်းအကြံပြု တင်ပြလိုပါတယ်။

ကျေးဇူးတင်ပါသည်။

https://www.facebook.com/100055377244068/posts/300965111759395/
1.5K viewsMinn Thet Naing, 05:44
Open / Comment
2021-10-19 09:33:39
ယူထားတဲ့မိန်းမက ငယ်ငယ်လေးဆိုတော့ အိမ်ပြန်ခွင့်ရတာ အတော်ပျော်မှာ။
634 viewsMinn Thet Naing, 06:33
Open / Comment
2021-10-18 06:07:39 NUGက နစကကို ဖြုတ်မချနိုင်ဘူး။
နစက က NUG(PDF)ကို အပြတ်ရှင်းနိုင်ရက်နဲ့ ဘာကြောင့်အချိန်ကြာအောင် ဆွဲနေရတာလဲ ဆိုတာပဲ မေးခွန်းထုတ်ဖို့ရှိတယ်။

အခုဖြစ်နေတဲ့ပြည်ပဖိအားတွေများလာတာဟာ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို မထိန်းနိုင်တဲ့အစိုးရတစ်ရပ်လို့ မြင်လာကြတဲ့အတွက် ပို ဖိလာတာ ဖြစ်ပါတယ်။

နစက အစိုးရရင်ဆိုင်နေရတဲ့ ပြဿနာ အားလုံးရဲ့အဖြေဟာ တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေး အပေါ်မှာ မူတည်နေပါတယ်။

အခု ၉လလောက်ကြာတဲ့အထိ နေ့စဉ်နဲ့အမျှ အပြစ်မဲ့ပြည်သူတွေ ပစ်သတ်ခံနေရတာကို ပြတ်ပြတ်သားသား မရှင်းနိုင်ဘဲ ဆက်မျောသွားနေတာနဲ့အမျှ ပြည်တွင်းပြည်ပ ယုံကြည်လေးစားခံရမှုလျော့ကျလာမှာ ဖြစ်ပါတယ်။

၈၈ နဝတ အာဏာသိမ်းတာက မင်းမဲ့တိုင်းပြည်ဖြစ်နေတာကို တစ်ပတ်အတွင်း တည်ငြိမ်အောင်ထိန်းနိုင်ခဲ့တာ လည်း ဒီတပ်မတော်ပဲ ဖြစ်သလို အခုလက်ရှိ ၉လလောက်ကြာတဲ့အထိ ဥပဒေမဲ့ပစ်သတ်ခံရမှုတွေ ကို မထိန်းနိုင်သေးတာလည်း ဒီတပ်မတော်ပဲဖြစ်တဲ့အတွက် နည်းလမ်းအသစ်ရှာစရာမလိုဘဲ ခေါင်းဆောင်တွေရဲ့ အဆုံးအဖြတ် အပေါ်မှာသာ မူတည်မယ်လို့ ထင်ပါတယ်။

တည်ငြိမ်အေးချမ်းရေးသည်ပထမ၊တည်ငြိမ်အေးချမ်းရေးသည်ဒုတိယ၊တည်ငြိမ်အေးချမ်းရေးသည်တတိယ လုပ်နိုင်မှသာ ပြဿနာအရင်းအမြစ်အားလုံး ကိုရှင်းနိုင်မှာဖြစ်တယ်ဆိုတာ သတိပြု ဖို့ လိုပါတယ်။
1.1K viewsMinn Thet Naing, 03:07
Open / Comment
2021-10-15 07:35:29
ဟင် ပိုပိုက ဘယ်သူတုန်း
2.1K viewsMinn Thet Naing, 04:35
Open / Comment
2021-10-14 14:54:53 နစကအစိုးရရဲ့​ပျော့​ပျောင်းစွာဆက်​ဆံမှုကို​ပျော့ညံ့မှုလို့မြင်​ပြီး​ပျော့ကွက်​အဖြစ်​ဖိအား​ပေးလာမှုကိုတန်​ပြန်​တုံ့ ပြန်​ရမယ့်​အချိန်​ရောက်​လာပြီဖြစ်​ပါတယ်​။​

အေစီယံအထူးကိုယ်​စားလှယ်​ထိုင်းနိုင်​ငံမှာ NUGနဲ့​တွေ့ဆုံခဲ့​ကြောင်းသတင်း ကိုမှန်​မမှန်​အတည်​ပြုပြီး သံတမန်​ကျင့်​ဝတ်​နဲ့မညီရင်​ပြတ်​ပြတ်​သားသားပြန်​နှိပ်​ကွပ်​ဖို့်လိုပါတယ်​။

ပြည်​တွင်း​ရေးကိုဝင်​မစွက်​ဖက်​ရ ဆိုတဲ့​အေစီယံမူကို​အေစီယံက​ဖောက်​ဖျက်​ရင်​အေစီယံက ထွက်​တဲ့အထိ တန်​ပြန်​တုံ့ပြန်​ဖို့သင့်​ပါတယ်​။

အချုပ်​အခြာအာဏာပိုင်​နိုင်​ငံတစ်​ခုကို​အေစီယံ လက်​အောက်​ခံနိုင်​ငံတစ်​ခုလို ဝင်​ချယ်​လှယ်​လာရင်​ခေါင်းငုံ့ခံ​နေမလား​အေစီယံက ထွက်​မလားဆိုတာ ပြတ်​ပြတ်​သားသား ဆုံးဖြတ်​ရဲဖို့လိုပါတယ်​။​

အေစီယံဘုံသ​ဘောတူညီချက်​ငါးရပ်​မှာ​ဒေါ်​အောင်​ဆန်းစုကြည်​နဲ့​တွေ့ဆုံ​ရေးမပါပါဘူး။​ဒေါ်​အောင်​ဆန်းစုကြည်​နဲ့​တွေ့ခွင့်​မပြုတဲ့အတွက်​အေစီယံဘုံသ​ဘောတူညီချက်​ကို​ဖောက်​ဖျက်​တယ်​ဆိုတဲ့ ဝါဒဖြန့်​မှု​တွေကို ထိထိမိမိပြန်​ရှင်းဖို့ လိုပါတယ်​။

အထူးသဖြင့်​အမှန်​တရားထက်​တစ်​ဖက်သတ်​လိုရာဝါဒဖြန့်​အသာစီးယူ​နေ​တဲ့ မီဒီယာတိုက်​ပွဲကို ယှဉ်​နိုင်​အောင်​ကြိုးစားအားထုတ်​ဖို့လိုအပ်​နေပါတယ်​။

#SittNyein
2.3K viewsMinn Thet Naing, 11:54
Open / Comment
2021-10-14 14:18:14 နိုင်ငံတော်သမ္မတဟောင်း၊NLDပါတီဒုတိယဥက္ကဋ္ဌ (၁)ဦးဝင်းမြင့် က "ဥပဒေအတိုင်းသာ လုပ်သင့်၊အာဏာမသိမ်းသင့် "လို့ တရားရုံးမှာ ပြောဆိုခဲ့ကြောင်းရှေ့နေကတဆင့်ပြောတဲ့ သတင်းတွေ့လိုက်ရပါတယ်။

အာဏာသိမ်းတဲ့နေ့ ကသူ့ဆီလာတာ ဗိုလ်ချုပ်ကြီးလား ဒုဗိုလ်ချုပ်ကြီးလားမသိဘူးလို့ ဆိုတဲ့အတွက် အရပ်သားသမ္မတစစ်သေနာပတိလုပ်ချင်သူက တပ်မတော်မှာလက်ချိုးရေတွက်လို့ရတဲ့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေဘယ်သူတွေလဲဆိုတာလောက်တောင် မသိဘူး ဆိုလို့ အံ့သြမိရပါတယ်။

ပါတီမှာစီအီးစီစာရင်းပါဝင်ရုံနဲ့ ပါတီကထုတ်တဲ့စာအပေါ်အရေးယူလို့မရဘူးလို့ ဆိုပြန်တဲ့အတွက် သူဟာ ပါတီမှာဒုတိယတာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ပါတီဒုဥက္ကဋ္ဌ ဆိုတာမေ့နေပုံရပြီး သာမန်စီအီးစီအဖွဲ့ဝင်တစ်ဦးလို့ခံယူထားပုံလည်းရပါတယ်။

တကယ်တော့ NLD အစိုးရ သာ ဥပဒေအတိုင်း လုပ်ခဲ့ရင် အာဏာသိမ်းတယ်လို့ ပြောနေကြတဲ့ အာဏာထိန်းစရာအကြောင်းမရှိတဲ့အတွက် အာဏာသိမ်း(ထိန်း)ခြင်းဟာ ဥပဒေအတိုင်း လုပ်သင့်တာတွေ မလုပ်ခဲ့တဲ့ NLD အစိုးရကြောင့်လို့သာ ပြောရမှာဖြစ်ပါတယ်။

NLD အစိုးရကာလငါးနှစ်အတွင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီတာတွေ၊ တည်ဆဲဥပဒေတွေကို လိုရင်သလိုဆွဲသုံးပြီး မလိုရင်မလိုသလို ပစ်ပယ်ထားခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။

ဒီိမိုကရေစီရဲ့အခြေခံဖြစ်တဲ့ လွတ်လပ်စွာဝေဖန်ပြောဆိုရေးသားခွင့် ဟာ NLDကိုထောက်ခံဝန်းရံသူတွေ အတွက်သာဖြစ်ခဲ့ပြီး အစိုးရကိုဝေဖန်ထောက်ပြသူတွေ ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခံခဲ့ရပါတယ်။

ဒီမိုကရေစီမိခင်ကြီးဦးဆောင်တယ်ဆိုတဲ့ NLD အစိုးရလက်ထက်မှာ နဝတအစိုးရထက်အနည်းငယ်သာသော်လည်း ဒီမိုကရေစီအကူးအပြောင်းပထမငါးနှစ်ကာလ စစ်တစ်ပိုင်းအစိုးရလို့ ဆိုကြတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်လောက် ဒီမိုကရေစီမရခဲ့ဘူးဆိုတာ လည်း ထင်ထင်ရှားရှားမြင်တွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။

#SittNyein
1.7K viewsMinn Thet Naing, 11:18
Open / Comment
2021-10-14 08:15:01
မန်း PDF
525 viewsMinn Thet Naing, 05:15
Open / Comment