Get Mystery Box with random crypto!

Online News Channel

Logo of telegram channel mtn812 — Online News Channel O
Logo of telegram channel mtn812 — Online News Channel
Channel address: @mtn812
Categories: News
Language: English
Subscribers: 3.20K
Description from channel

up to date news channel

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

1

1 stars

0


The latest Messages 9

2021-09-27 15:48:29
DVB သတင်းဌာနကြီးရဲ့ ဖိုတိုရှော့စကေး
929 viewsMinn Thet Naing, 12:48
Open / Comment
2021-09-27 10:29:38
ပန်ဆယ်လိုက သိပ်လည်တာဗျ!

သူအမေရိကန်ကိုထွက်ပြေးတော့ သူ့ရဲ့ အမည်ခံယောကျာ်းကို မြန်မာပြည်မှာပဲ ထားခဲ့တယ်၊ တွေးမိတာလေးရှိလို့ အမေရိကန်လေဆိပ်မှာ ရိုက်ထားတဲ့ မူဗီကိုကြည့်တော့ သူ့ရဲ့အမည်ခံယောကျာ်း ပါလာတာကို မတွေ့ရဘူး....

ထားခဲ့ရတဲ့အကြောင်းကတော့ ရှင်းပါတယ်...

သူ့ရဲ့ အမည်ခံယောကျာ်းက မြန်မာပြည်မှာနေပြီး အလှူငွေလွှဲပြောင်း/လက်ခံ လုပ်ပေးဖို့ ထားခဲ့တယ်ပဲထင်တယ်!

ဒီတော့ ဒီငတိ ဘယ်နေရာမှာရှိနေသလဲဆိုတာတော့ နဲနဲပါးပါး စုံစမ်းလိုက်ရင်ထွက်လာမှာပါ...

ပန်ဆယ်လိုကို ချီးကျူးတာတစ်ခုတော့ရှိတယ်!

" နွားမွေးတာသိပ်ပိုင်တယ် "

ဦးပြည့်
1.1K viewsMinn Thet Naing, 07:29
Open / Comment
2021-09-27 08:06:08
ခေါကြီးကတော့ ဟာသပဲ သူကျတော့
လက်နက်ကိုင်မတိုက်ပဲ သူများတွေကို
ပြည်ပနေ မြှောက်ပေးပြီးတော့
ဒီကောင်မအဘူးနော်၊ အတဲ့သူတွေပဲ
သေကြရတာ။
1.2K viewsMinn Thet Naing, edited  05:06
Open / Comment
2021-09-25 06:34:12
နိုဗယ်ငြိမ်းရေးဆုရှင်အနေနဲ့ အကြမ်းဖက်မှုတွေကို အားမပေးသင့်။
845 viewsMinn Thet Naing, 03:34
Open / Comment
2021-09-25 03:12:18 *မေမြို့သူတစ်ဦး၏ရင်ဖွင့်စကားသံ*

စည်ပင်ကလား၊ဘာလားမသိတဲ့ဟာတွေကတမြို့လုံးကားနဲ့အပင်တွေပါတ်ခုတ်နေတာတွေ့နေရတယ်။

ချယ်ရီပင်တွေလည်းမျိုးတုန်းတော့မယ်
ခုတ်ပစ်ကြတာ ရက်ရက်စက်စက်။

ပြီးတော့ထင်းအဖြစ်ရောင်းစားကြရော
ကိုယ်က သစ်ပင်ခုတ်ရင်သိပ်မုန်းတယ်။

မီးကြိုးတွေမလွတ်လို့အန္တရာယ်ရှိလို့ဆို ခုတ်ပါ အခုဟာကအသားလွတ်။

တပ်ချုပ်လာတယ်တဲ့
တကယ်ဆိုရင်လိုအပ်ချက်တွေအများ
ကြီးရှိတာတွေ သိမသွားရှာဘူး။

ထုံးဖိုတွေ ထင်းကိုဘယ်လိုသုံးသလည်းထင်းအတွက်အဖိုးတန်သစ်တွေ တနေ့ကိုတန်ဆယ်ချီခုတ်ခံနေရတာတွေသိမသွားဘူး။

ပြောလည်းမပြောရဲဖူးလေ ထုံးတွင်းတွေထဲထည့်ဖုတ်ခံရမှာစိုးတယ်။

စနစ်တကျသွားရမဲ့နည်းတွေရှိပါတယ်
ဘက်ဂျက်မလိုပါဘူး၊စည်းကမ်းနဲ့အမြင်ဘဲလိုတယ်။

ပြင်ဦးလွင်ကို စံပြမြို့ကလေးအဖြစ်တည်ရ်ှိစေချင်ပါတယ်။

တစ်ယောက်တက်လာ အပင်ခုတ်လမ်းဖောက် မူလပုံစံတွေပျက်ပြီး နေတွေပူ
လမ်းဖောက်တော့မြေနီတွေဗလပွနဲ့ဖြစ်နေရော။

ကတ္တရာလမ်းတွေတိုးချဲ့စရာမလိုပါဘူး
မြို့ငယ်လေးရဲ့အတွင်းလမ်းလေးတွေ ကတ္တရာအိနေပြီး ဘေးတစ်ဖက်တစ်ချက်မှာသစ်ပင်တွေစိမ်းမှောင်နေစေချင်တာ။

အခုတော့ဘာမှန်းမသိ ရှုတ်ထွေးနေတဲ့မြို့ဖြစ်နေရော။

တပ်ချုပ်ပြောသွားတာတွေကလည်းရှေးစကားတွေပါ စကားဟောင်းတွေ
အတိုင်းပဲမို့ စိတ်ဓါတ်ကျမိပါတယ်။

မြို့ငယ်ကလေးအတွက်လုပ်ပိုင်ခွင့် ပြောပိုင်ခွင့်များရမယ်ဆိုရင်ပြောချင်ပါတယ်။

ပြင်ဦးလွင်မြို့ကလေးရဲ့ဗီဇအတိုင်း
လေးကိုပဲ ထိမ်းသိမ်းပြုပြင်ပေးကြပါလို့။

အပင်တွေခုတ်မြောင်းတွေမဖောက်ကြပါနဲ့

အရင်အဂ်လိပ်ခေတ်ကတည်းက စနစ်တကျဇိမ်ခံဖို့တည်တောက်ထားတဲ့မြို့ကလေးပါ။

အခုမှမြောင်းဖောက်လမ်းပြင်အပင်ခုတ်ပြနေရင်း အကုန်ရုပ်ပျက်နေပါပြီ
ရေမစီးတဲ့ စနစ်တကျမရှိတဲ့မြောင်းတွေ
မဖောက်​ကြပါနဲ့တော့။

ချယ်ရီလမ်းဆိုတာကိုယ်တို့ငယ်ငယ်ကလမ်းတဖက်တချက်မှာ ချယ်ရီတွေ ကိုင်းချင်း
ယှက်ဖြာနေတာ ကတ္တရာကုန်းလမ်းလေးကိုလမ်းလျောက်တက်သွားရင်များ
ခံစားချက်တွေကရေးဖွဲ့လို့မမှီဘဲ...။

အခုတော့ ငနဲသားတွေ တောသားတွေ
လက်စွမ်းပြတာချယ်ရီလမ်းမှာချယ်ရီပင်တွေမရှိတော့ဘူး..

လမ်းတွေကလည်းဘယ်စောင်းညာမတ်နဲ့စိတ်ပျက်စရာကောင်းချက်..

မြို့ခံတွေလည်းစည်းကမ်းပျက်နေပါပြီ

ယိုယွင်းမူ့တွေက နေရာတကာပဲဆိုပေမဲ့ကိုယ်တို့မြို့လေးကိုတော့သာယာစေချင်တာအမှန်ပါ ဟု မေမြို့သူတစ်ဦးက ဖေ့စ်ဘွတ်
လူမှုကွန်ယက်တွင် ရေးသားတင်ပြခဲ့သည်။
958 viewsMinn Thet Naing, 00:12
Open / Comment
2021-09-24 16:28:29
အခြေခံပညာဦးစီးဌာနက
ဆရာ/ဆရာမ ၂၉၀၇၃၇ ဦးအတွက်
တစ်ဦးလျှင် ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း
၈၇၂၂.၁၁၀ သန်း ခွင့်ပြု။

အခြေခံပညာဦးစီးဌာနက
၈၇၂၂.၁၁၀ သန်း ခွင့်ပြု။
677 viewsMinn Thet Naing, 13:28
Open / Comment
2021-09-24 03:05:08 သာမန်အားဖြင့် သတ်ဖြတ်ရလွယ်သူတွေကိုသူလျိုဒလန် ဆိုပြီး(ဟုတ်ဟုတ်မဟုတ်ဟုတ် သတ်ပြီးရင် ဒလန်ပဲ) ဆိုက္ကားဆရာ၊စျေးသည်၊ကလေးငယ်ကနေ သံဃာအထိ သတ်ဖြတ်နေခြင်းဟာ PDFတွေစိတ်ရူးထ သတ်နေကြတာလို့ ထင်ရပေမယ့် အုပ်ချုပ်ရေးပျက်ပြားနေပြီ၊အစိုးရက ပြည်သူလူထုအသက်အိုးအိမ်လုံခြုံမှုမကာကွယ်ပေးနိုင်တော့ဘူး လို့မြင်လာအောင် NUGရဲ့စနစ်တကျစီမံ မှု ဖြစ်ပါတယ်။

နေ့စဉ်နဲ့အမျှ ပေါ်ပေါက်နေတဲ့ လူသတ်မှုတွေဟာ တရားဥပဒေစိုးမိုးရေးပျက်ပြားနေမှုကိုပြနေတယ်လို့ သာမြင်လာကြမှာဖြစ်ပါတယ်။မြန်မြန်ဆန်ဆန်တည်ငြိမ်အေးချမ်းအောင် မထိန်းနိုင်တာနဲ့အမျှ ပြည်သူလူထုဟာ နေ့တထိတ်ထိတ်ညတထိတ်ထိတ်နဲ့ ကျီးလန့်စာစားဖြစ်နေကြရပြီး အချိန်ကြာလာတာနဲ့အမျှ အုပ်ချုပ်သူအစိုးရအပေါ် ငြိုငြင်လာကြမှာ ဖြစ်ပါတယ်။

ဟိန္ဒက (အင်္ဂုလိမာလ)ကိုမွေးတဲ့နေ့မှာ ကောသလဘုရင်နန်းတော်ထဲက ဓားလှံလက်နက်တွေ ဝင်းဝင်းတောက် အရောင်တွေ လက်လို့ဘုရင်က ပုဏ္ဏားကြီးကိုမေးတော့ ဟိန္ဒက ရဲ့ဖခင်ပုဏ္ဏကြီးက ဒီကလေးကြီးလာရင် တိုင်းသူပြည်သားတွေကိုသတ် ဖြတ်ပြီး တိုင်းပြည်လူထုတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လုပ်မှာဖြစ်ပါတယ်။ဒီကလေးကို ဖျောက်ဖျက်ပစ်ပါမယ် လို့ဖြေတယ်။ကောသလဘုရင်က ငါ့ထီးနန်းစည်းစိမ်ကို ထိခိုက်လာနိုင်သလားပြန်မေးတော့ ထီးနန်းကိုတော့အန္တရယ်ပြုနိုင်မယ့် အခြေအနေမရှိပါဘူး လို့ဖြေတဲ့အတွက် ငါ့ထီးနန်းအန္တရယ်မရှိရင် ရှင်သန်ခွင့်ပေးလိုက်ပါ ဆိုပြီးလူရာချီအသတ်ခံလာရချိန်ကျမှ ပြည်သူလူထုကမခံနိုင်တော့လို့ ဟစ်တိုင်ကနေ အော်ဟစ်တိုင်ကြားမှ ကောသလဘုရင်ကိုယ်တိုင် ဟိန္ဒကကို နှိမ်နှင်းဖို့ စစ်ထွက်ခဲ့ရတဲ့သာဓကရှိခဲ့ပါတယ်။

နစက အစိုးရအနေနဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေကို မနှိမ်နှင်းနိုင်စရာအကြောင်းမရှိဘဲနဲ့အကြမ်းဖက်လူသတ်မှုတွေကိုရက်ရက်စက်စက်ပြတ်ပြတ်သားသား မြန် မြန်ဆန်ဆန် မချေမှုန်းနိုင်ခြင်းဟာ နိုင်ငံတကာအမြင်မှာ အမြင်ကြည်လင်မှုရအောင်ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေတယ်လို့ပဲ အများစုက ယူဆကြပါတယ်။

အိမ်စောင့်အစိုးရဟာ ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရမဟုတ်သလိုကြာရှည် အာဏာရယူမယ့်အဖွဲ့လည်း မဟုတ်ဘဲ လိုအပ်ချက်အရ ခေတ္တခန အာဏာဝင်ထိန်း ပေးတဲ့အစိုးရသာဖြစ်တဲ့အတွက် နိုင်ငံတကာ အသိအမှတ်ပြု ခံရဖို့ထက် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်လုပ်ပြီးရွေးကောက်ပွဲအမြန်ပြန်လုပ်အာဏာအမြန်ပြန်လွှဲနိုင်ဖို့ကသာ ပိုအရေးကြီးပါတယ်။

"အသိအမှတ်မပြုဘူးသာပြောတယ်၊ဘယ်သံရုံးမှလည်းပြန်သွားတာ မတွေ့ရဘူး"လို့ နဝတ ဥက္ကဋ္ဌပြောခဲ့သလိုပဲ အသိအမှတ်ပြု/မပြု ပြောနေကြတာကို အာရုံစိုက်နေမယ့်အစား လက်တွေ့မြေပြင်မှာအာဏာသုံးရပ်ကို ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားနိုင်သူသာ တရားဝင်အစိုးရဖြစ်ပြီး အသိအမှတ်မပြုလည်းမဆက်ဆံလို့မရတဲ့အတွက် ပြည်ပက အမြင်ကြည်မကြည်ထက်ပြည်တွင်းလူထုရဲ့အမြင်ကြည်လင်မှုကပိုအရေးကြီးတာကို သတိပြုဖို့သင့်ပါတယ်။
#ThaungLwinHein
1.3K viewsMinn Thet Naing, edited  00:05
Open / Comment
2021-09-23 17:19:36 တန်ပြန်ပျောက်ကြားနှိမ်နှင်ရေးဆိုပြီး
ယူနီဖောင်းကြီးတွေ တကားကား ၊
စစ်ကားကြီးတွေ တဝီဝီနဲ့.. မြို့ထဲ ရှင်လောင်း
လှည့်သလို လုပ်နေလို့ ဘာထူးမှာလဲ

မြို့မြောက်ဖက်မှာ ကိုယ်က ရှိနေရင်
မြောက်ဖက်ကို ရှောင်ပြီး ၊ ကိုယ်မရှိတဲ့
တောင်ဖက်ပိုင်းမှာ လှုပ်ရှားသွားမှာပဲလေ ။

ယူနီဖောင်းကြီးနဲ့ဆို ကိုယ်ဘယ်နေရာမှာ
ရှိနေတယ်က.. ခလေးအစ ခွေးအဆုံး
သိနေမှာပဲ ၊ အရပ်ဝတ်နဲ့ဆို သူလား ကိုယ်လား
ဘယ်သူခွဲခြားနိုင်မလဲ..။ သာမန်လူတွေထဲ
သာမန်လူလို ဝတ်စားသွားလာရောနှော ပုံဖျက်
ထားမှ.. ကိုယ့်တပ်တည်ပျောက်ပြီး ၊ စိတ်ကြိုက်
ကစားနိုင်မှာပေါ့

ရှေ့မှာ... ဒလန်ဆိုပြီး ကိုယ်က သေနတ်နဲ့တေ့ပစ်
နေတုန်း..ဘယ်ကထွက်လာမှန်းမသိတဲ့ အရပ်ဝတ်နဲ့
သေနတ်သမားတစ်ယောက်က.. ကိုယ့်နောက်ကျော
မှာ ဘွားကနဲ ပေါ်လာပြီး ၊ နောက်စေ့တေ့ဖြုတ်
ခံရမှာကိုတော့... ကြောက်ကြတဲ့ ကောင်တွေချည်းပဲ။
အဲ့လို ပေါ်မလာလို့သာ.. လက်ရဲဇက်ရဲ စိမ်ပြေနပြေ
လုပ်နေကြတာ

စစ်နည်းဗျူဟာမှာတောင် ရှိတယ် ။

တင့်ကားကို ချေမှုန်းဖို့အကောင်းဆုံးလက်နက်က
တင့်ကားပဲ.. တဲ့ ။။။

#LinnThuPaing
736 viewsMinn Thet Naing, 14:19
Open / Comment
2021-09-23 07:53:02 နေပြည်တော်က မြသွဲ့သွဲ့ခိုင် ဦးခေါင်းကို ကျည်ဆံမှန်တဲ့ ဖြစ်စဉ်ကို ကြည့်ကတည်းက လုံခြုံရေးတွေပစ်တာ မဖြစ်နိုင်ဘူးလို့ ရေးခဲ့တော့ ဝိုင်းဆဲခဲ့ကြတယ်။
.
ဘာကြောင့်လည်းဆိုတော့ ၁ အချက်က လုံခြုံရေးတွေ ကိုင်တဲ့သေနတ်၊ ၂ အချက်က အကွာအဝေး၊ ၃ အချက်က ကျည်ဆံမှန်တဲ့ ဒေါင့်။ ပီးတော့ ကျည်ဆံဟာ ဆိုင်ကယ်ဦးထုတ်ကို ပေါက်ပီးမှ ခေါင်းထဲကိုရောက်တာ။
.
လုံခြုံရေးတွေကိုင်တဲ့ သေနတ်ကျည်ဆံအရ 9mm ဖြစ်တဲ့အတွက် အဲ့ဒိအကွာအဝေးမှာ ခေါင်းကိုမှန်အောင်ပစ်ဖို့ မဖြစ်နိုင်ဘူး။ အခု အုပ်ကြီးတွေ၊ ဒလန်ဆို စွတ်စွဲ သတ်နေတာမှာ သုံးတာလည်း 9mm ပဲ။
.
အဝေးကပစ်ရင် လူကိုထိဖို့ ခက်လို့ ကပ်ပစ်ကြရတယ်။ 9mm ကျည်ဆံတွေ သေနတ်တွေဟာ ပြည်မထဲကို ရောက်နေတာ ကြာခဲ့ပြီ။ NLD မဲဆွယ်ပွဲတစ်ခုမှ NLD ထောက်ခံတဲ့ မာမူတစ်ယောက် သေနတ်ကိုင်ရိုက်လို့ ပွ ခဲ့သေးတယ်။
.
အနားက ကပ်ပစ်တာ ခေါင်းထဲမှာ ကျည်ညပ်ရင် ဆရာဝန်တွေက သိရမယ်။ ဒါပေမယ့် ဖြစ်စဉ်ဖြစ်တုန်းက ဆရာဝန်တွေက လုံခြုံရေးတွေကို လက်လွှဲမပေးဘူး၊ ကိုမာဖြစ်နေတယ်ပြောပီး နောက်တော့ သေတယ်ဆို ဖြစ်သွားခဲ့တယ်။
.
မန်းလေးက ကြယ်စင်ဖြစ်စဉ်လည်း အတူတူပဲ။ အဲ့ဒိလောက် အကွာအဝေးမှာ 9mm က ခေါင်းကို မှန်ဖို့ဆိုတာ အတော့်ကို မဖြစ်နိုင်တဲ့အခြေအနေ။ MA မှန်တာဆိုလျင်လည်း စိန်ပန်းမှာဖြစ်သလို ခေါင်းက ပွင့်ထွက်မှာ။
.
နောက်တော့ CDM လှုပ်ရှားမှုတွေ စ လာတော့ သတိထား စောင့်ကြည့်ရင်းနဲ့ တစ်နေ့က ဘာသွားတွေ့လဲဆိုတော့ နပတ PDF အကြမ်းဖက်မှုတွေမှာ အဓိက ကျတဲ့ သူတစ်ယောက်က ခုတင် ၁ ထောင်က လက်ထောက် ဆာဂျင်ဖြစ်နေတယ်။
.
ဆိုတော့ မြသွဲ့သွဲ့ခိုင်ကေ့စ်ကို ပြန်သတိရတယ်။ ဒါတွေ ခုနေပြောလို့ ဘာထူးမှာလဲ လူတွေ အများကြီး သေထားတယ်ဆိုလျင်က ဒါဟာ မီးတောက်ဖြစ်အောင် အစ ပျိုးခဲ့တဲ့ မီးပွားဖြစ်လို့။
.
ပိးတော့ ဒီ Same Plot ပဲ ထိုင်းမှာ လုပ်လာတယ်။ ဆန္ဒပြတဲ့ ၂၀ ကျော် ကောင်မလေး၊ ခေါင်းကို သေနတ်ကျည်ဆံမှန်တယ် ဆေးရုံရောက်လာတယ်။ ဒါပေမယ့် ထိုင်းတွေက နိုင်ငံရေး ရေချိန်မြင့်တော့ အဲ့ဒါကို အကြောင်းပြ တိုင်းပြည်ကို အပျက်ဆီးခံပြီး ဆွဲ မချသွားဘူး။
.
တစ်ချို့ ဖြစ်စဉ် ဖြစ်ရပ်တွေဟာ လေ့လာပြီး သင်ခန်းစာယူဖို့ပဲ။ ခက်တာက မြန်မာလူမျိုးက Emotion များတော့ ၈၈ မှာကတည်းက လုံထိမ်းတွေ မုဒိမ်းကျင့်လို့ဆိုတဲ့ ပလော့နဲ့ ဆန္ဒပြမှုတွေကို လောင်စာမြှင့်ခဲ့တယ်။ အခုလည်းပဲ ဒီ Emotion ကိုပဲ အသုံးချနေကြတာကိုတွေ့ရတယ်။
#MMT
1.3K viewsMinn Thet Naing, edited  04:53
Open / Comment
2021-09-23 06:12:30
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား ထောက်ပံ့နေသည့် မန္တလေးမြို့က သင်းသင်းနွယ်အား ဖမ်းဆီးရမိပြီး သူမ၏ပိုင်ဆိုင်မှု
များအား ချိတ်ပိတ်သိမ်းဆည်းလိုက်
ကြောင်းသိရသည်။

ကြောင်းသိရသည်။
1.2K viewsMinn Thet Naing, 03:12
Open / Comment